32 ပတ် - ဘာသာပြန်ပါ။

ဒီအချိန်မှာ
ဘာမှ မဟုတ်တာလေးနဲ့ကအစ
ကိုယ်က ထိလွယ်ရှလွယ်နေတယ်ထင်တယ်
ဒီအရပ်မှာ
နေလို့ ပျော်မနေဘူးဆိုရင်
အရင်လို သည်းခံပြီး နေလို့
အဆင်မပြေနေတော့ဘူး
ပြေးထွက်ဖို့ပဲတွေးတယ် ။
စကားတွေပြောလို့မှ
အဆင်မပြေဘူးဆိုရင်
အရင်လို ငြင်းခုန်မနေချင်တော့ဘူး
တိတ်ဆိတ်လိုက်ဖို့ပဲ ရွေးတယ် ။
တစ်စုံတစ်ယောက်ရှိဖို့ လိုအပ်တယ်ဆိုပေမယ့်
အဲ့ဒီလူက
ကိုယ့်ကို နားမလည်ဘူးဆိုရင်
တစ်ယောက်တည်းနေလိုက်တာပဲ များတယ် ။
အများကြီး ရှင်းပြမနေချင်တော့ဘူး
ပြီးတော့ ...
စိတ်တွေက
နောက်ထပ် အဆင်မပြေမှုဆိုတာ
မကြုံချင်လောက်အောင်
ပင်ပန်းနေတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ် ။
ကိုယ်ဟာ ...
ပုံမှန်ထက်ပိုပြီး
လေဖြည့်ထားခံရတဲ့
မိုးပျံ ပူပေါင်းလေးတစ်လုံးလိုပါပဲ
အပ်တစ်ပေါက်စာ
ဒါမှမဟုတ်
တစ်ခုခု ထိမှန်လာတာနဲ့
ပေါက်ကွဲဖြစ်ဖို့ များတယ်
ဒါကြောင့်ပဲ ...
ဘယ်သူမှ ရှိမနေတဲ့အရပ်မှာ
တစ်ယောက်တည်း တိတ်ဆိတ်နေတာမျိုးက
ပိုပြီးတော့ အဆင်ပြေတယ်
အခုချိန်မှာလေ
ဘယ်သူ့ကိုမှ
ဘာအကြောင်းမှ မပြောချင်လောက်အောင်
စိတ်တွေက ပင်ပန်းလို့ ။

32 ပတ် - ဘာသာပြန်ပါ။

နေ့တိုင်း ဖုန်းတွေ မပြောပဲ
နေကြရအောင် ...
စာတွေ မပို့ပဲ
နေကြရအောင် တဲ့ ...
ဘာလို့လဲ မေးတဲ့အခါ
ဒီရက်တွေထဲ
စိတ်ကော လူကော ပင်ပန်းရတာမို့
ခဏလောက်ဖြစ်ဖြစ်
တစ်ယောက်တည်း နေချင်လို့ပါ တဲ့ ...
အချိန်ဘယ်လောက်ထိလဲလို့
မမေးဖြစ်ခဲ့ဘူး
ပြီးတော့ ကျွန်တော်ရှိနေခြင်းက
အနှောင့်အယှက်ဖြစ်လို့လားလို့လဲ
အထွန့်မတက်ခဲ့ဘူး
သူ ...
အဆင်ပြေသွားတဲ့အခါ
ကျွန်တော့်ကို ပြန်ဆက်သွယ်လာမှာဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ
ပြောသမျှကို လိုက်လုပ်ပေးခဲ့မိတာ ။
တစ်ယောက်တည်း နေချင်လို့ပါဆိုတဲ့
စကားနဲ့
တစ်သက်လုံး ချန်ထားခဲ့လိမ့်မယ်လို့တော့
ဘယ်ထင်ပါ့မလဲ ။
တဖြေးဖြေး နေနိုင်တဲ့အထိ
ပစ်ထားပြီးမှ
တစ်သက်လုံး ပစ်သွားဖို့
ရွေးခဲ့တယ် ထင်ပါတယ် ။

32 ပတ် - ဘာသာပြန်ပါ။

လူတစ်ယောက်ကို စိတ်ရော ကိုယ်ရော
ပေါင်းလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့
စိတ်ကို သေသေချာချာ သိရလေပဲ!!
တစ်ချို့အပြုံးတွေရဲ့နောက်မှာ
မနာလိုခြင်းတွေ ရှိတယ်။
တချို့စကားချိုချိုတွေရဲ့နောက်မှာ
ဟန်ဆောင်ဖုံးကွယ်ခြင်းတွေ ရှိတယ်။
တချို့အားကျတယ်ဆိုတဲ့ လူတွေ နောက်ကွယ်ကနေ
အတင်းပြောနေကြတာတွေရှိတယ်
တချို့အားပေးနေပါတယ် လို့ ပြောနေကြသူတွေ
နောက်ကွယ်ကနေ ဟားတိုက်နေကြတာတွေရှိတယ်
တချို့တွေ သိပ်ဟန်ဆောင်ကောင်းကြတယ်
တချို့အပြုံးတွေ သိပ်ကြောက်စရာကောင်းတယ်
တချို့ရိုးသားမှုတွေ မာယာရောထားတယ်
အသက်ကြီးလာလေလေ တစ့်နေ့ထက်တစ်နေ့
လူတွေအကြောင်း ပိုသိလာလေလေ

image
32 ပတ် - ဘာသာပြန်ပါ။

ကျီးကန်းနှင့် ရန်မဖြစ်ပါနဲ့။
မိမိအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ပါ။
သိန်းငှက်ပေါ် ကို တက်ပြီး
ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်၊၊

ကျီးကန်းတိုက်ခိုက် လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကို ပြန်မတိုက်ခိုက်ပါဘူး၊၊

သိန်းငှက်က သူ့ရဲ့အတောင်ပံကို ဖြန့်ပြီး
မြင့်သထက် မြင့်အောင်
အပေါ် သို့ ရောက်အောင် ထပ်ပြီး ပျံသန်းခဲ့ပါတယ်။

အမြင့်သို့ ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုပါတယ်။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ၊၊

ကိုယ့်ကို လာတိုက်ခိုက်သူတွေကို ပြန် မတိုက်ခိုက်ပါနဲ့၊၊
အမြင့်ဆုံးသာ တက်လှမ်းပါ၊၊
မယှဥ်နိုင်တဲ့ သူက သူ့ဟာသူ ပြုတ်ကျ ကျန်ပါလိမ့်မယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလေး
ကျီးကန်းနဲ့ တူတဲ့ လူတွေ များစွာ ရှိနေတာကိုလေး သတိရပြီး အကောင်းဆုံး အသက်ရှင်ပါ၊၊

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့ အရည်အချင်းရှိအောင် ခွန်အားရှိဖို့ပဲ လိုပါတယ်၊၊

image
32 ပတ် - ဘာသာပြန်ပါ။

ပိုက်ဆံတာရှာပါ
ပိုက်ဆံမရှိရင်လူမပြောနဲ့ ရင်ဘက်ထဲက
နှလုံးသားတောင် မျက်နာငယ်ရတယ်။

အမျိုးဘယ်လောက် ပေါပေါ ငွေမရှိရင်
တကောင်ကြွတ်ပဲ

မချစ်လို့ကြည့်တဲ့အကြည့်ထက် ငွေမရှိလို့
ကြည့်တဲ့အကြည့်က ပိုနာကျင်ရတယ်။

ငွေကသေရာမပါပေမဲ့ ရှင်ရာဘဝမှာတော့
လူရာဝင်တယ်။

image
32 ပတ် - ဘာသာပြန်ပါ။

"ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်

လူ့လောကမှာ မေတ္တာတရား
ဘယ်လောက်ကြီးမားကြီးမား
စေတနာဘယ်လောက်ထားထား

အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ

ဒီလိုမှမဟုတ်ရင် ရေနဲ့ဆီလိုပဲ
ရေကရေသပ်သပ်
ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ

မေ တ္တာ က မေ တ္တာ သပ်သပ်
ဗီဇက ဗီဇသပ်သပ်
ဘယ်လိုမှ ထပ်တူကျမနေရင်
မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
လက်ခံနိုင်မှာမဟုတ်ဘူး

ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
အမှန်တရားပါပဲ...

image
32 ပတ် - ဘာသာပြန်ပါ။

ရှမ်းပြည်တောင်ပိုင်း

image
32 ပတ် - ဘာသာပြန်ပါ။

ရှမ်းပြည်တောင်ပိုင်း

image
32 ပတ် - ဘာသာပြန်ပါ။

ရှမ်းပြည်တောင်ပိုင်း

image
32 ပတ် - ဘာသာပြန်ပါ။

ရှမ်းပြည်တောင်ပိုင်း

image