ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒန့်သလွန်
'''ကြက်ရိုးဟင်းခါး"
ကြက်ရိုးကိုသန့်စင်အောင်ဆေးပီအိုးထဲထည့် ရေကိုလိုသလောက်ထည့်ပီတည်ပါရေဆူပီအမြုပ်တေတက်လာရင်ဆယ်ထုပ်ပါအမြုပ်တေကုန်ပီနူးလာရင် ကြက်သွန်ဖြူနဲ့ငရုပ်ကောင်းမှုန့်ထောင်းထားတာထည့်ကြက်သွန်နီကိုလေးစိတ်လှီးအဖတ်လေးတေရအောင်ခွါထည့် ဆား အချိုမှုန့်ပါရုံထည့်ပီ ၂မိနစ်လောက်ပြန်တည် အိုးချခါနီးကိုယ်စားချင်တဲ့အရွက်တေပစ်ထည့်အပေါ့အငန်မီးကာအိုးချလို့ရပါပီ
ဘူးသီးနဲ့ကြက်ခြေထောက် ကြက်ရိုးဟင်းချိုပါ
ကြက်ခြေထောက်/အရိုးတွေကို၁၀မိနှစ်လောက်ပြုတ်ပြီး
ရေအေးနဲ့သေချာပြန်ဆေးပြီးမှ အရသာမှုန့်ရယ်
ဂျင်းကြက်သွန်ဖြူညက်ညက်ထောင်းပြီး နူးအိအောင်တစ်ခါထပ်ပြီးပြုတ်ပါတယ် ပြီးမှ ဘူးသီးမထူမပါးလှီးထားတာတွေ ထည့်ပါတယ်
အရေနဲ့ အရသာ ကတော့ ကိုယ့်စိတ်ကြိုက်ထပ်ထည့်သွားပါ
ဆီလုံးဝမထည့်ပါဘူး
ကြာဇံထည့်လိုက
ဘူးသီးနဲ့အတူ ရောထည့်ပါ
ဇွန် ၂၇ ရက်၊ မနက်ပိုင်းအထိရရှိထားတဲ့ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းသတင်းများ အကျဥ်းချုပ်
June 27, 2025
ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းသတင်းတွေဟာနိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ သဘာဝဘေးဆိုင်ရာ အရေးကိစ္စတွေကို အဓိက ဦးတည်နေပါတယ်။
သတင်းအကျဥ်းချုပ်အနေနဲ့ –
၁။ ဥရောပ ခေါင်းဆောင်တွေဟာ စုပေါင်းကာကွယ်ရေးစနစ်ကို အားဖြည့်ဖို့ သဘောတူညီခဲ့ကြပြီး လက်နက်ထုတ်လုပ်ရေး၊ ပူးတွဲငွေကြေးသုံးစွဲမှုနဲ့ စံချိန်စံညွှန်းတွေ ပေါင်းစပ်ခြင်းဖြင့် စွမ်းဆောင်ရည်မြှင့်တင်ဖို့ ရည်ရွယ်ခဲ့ကြပြီး ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ် (EI က ရန်ပုံငွေထောက်ပံ့မည်ဖြစ်မှာဖြစ်သလို ၂၀၂၅ အောက်တိုဘာမှာ ဘဏ္ဍာရေး အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်မယ်လို့သိရပါတယ်။
၂။ ယူကရိန်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဥရောပကော်မရှင်က အသိအမှတ်ပြုခဲ့ပြီး နေတိုးအဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ရုရှားအပေါ် စီးပွားရေးဒဏ်ခတ်မှုကို ၁၇ ကြိမ်မြောက် အဖြစ်လုပ်ဆောင်ဖို့ ပြင်ဆင်နေဆဲဖြစ်တယ်လို့လည်း သိကပါတယ်။
၃။ အီရန် ခေါင်းဆောင် အယ်လီ ခါမနေးအီက အမေရိကန်ဗုံးကြဲမှုတွေကို “အရေးမပါသော ထိခိုက်မှု” အဖြစ် ငြင်းဆိုခဲ့ပြီး၊ အီရန်ပါလီမန်က UN နျူကလီးယားစောင့်ကြည့်ရေး အေဂျင်စီ (IAEA) နဲ့ ဆက်ဆံရေး ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုဆောင်ရွက်ပါက အီရန်ရဲ့ နျူကလီးယားအခြေအနေကို စောင့်ကြည့်ဖို့ ပိုမိုခက်ခဲမှာဖြစ်တယ်လို့ IAEA က ဆိုပါတယ်။
အီရန်နျူကလီးယာစက်ရုံတွေကိုဗုံးကြဲတိုက်ခိုက်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပက်တ် ဟက်စ်ဂက်က “သမိုင်းဝင် အောင်မြင်မှု” အဖြစ် သတ်မှတ်ပေမယ့် ထိခိုက်ပျက်စီးမှု အတိအကျကို သက်သေပြချက် မပေးနိုင်သေးဘူးလို့ နိုင်ငံတကာအသိုင်းအဝိုငကပြောပါတယ်။ အီရန်အစိုးရကတော့ စက်ရုံတွေထဲက ယူရေနီယမ်အများစုကို ဗုံးကြဲမခံရမီ ရွှေ့ပြောင်းထားပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
၄။ အိန္ဒိယစီးပွားရေး ကမ္ဘာ့ဦးဆောင်မှုဟာ ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းအရ၊ ၂၀၂၄–၂၀၂၅ မှာ ၆.၅%၊ ၂၀၂၅–၂၀၂၆ မှာ ၆.၄%၊ ၂၀၂၆–၂၀၂၇ မှာ ၆.၇% ကြီးထွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ အစိုးရရဲ့ အရင်းအနှီးအသုံးစရိတ်မြင့်မားမှုကြောင့်ဖြစ်ပေမယ့်လည်း ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အားနည်းနေဆဲဖြစ်ပါတယ်။
ဇူလိုင် ၉ ရက်မှာ အမေရိကန်က အိန္ဒိယအပေါ် ချမှတ်တဲ့ ကုန်သွယ်မှုအခွန်ဟာ ပြန်လည်သက်ရောက်မှာဖြစ်ပြီး ယခုအချိန်ထိ သဘောတူညီချက်မရရှိသေးသလို ကားအစိတ်အပိုင်း၊ သံမဏိနဲ့ လယ်ယာထွက်ကုန်တွေမှာ အကန့်အသတ်တွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
၅။ Xiaomi က Tesla ကို လျှပ်စစ်ကားဈေးကွက်မှာ စိန်ခေါ်မှုတွေရှိနေပါတယ်။
Xiaomi ရဲ့ YU7 SUV ကားကို တစ်စီး ယွမ် ၂၅၃,၀၀၀ (US$၃၅,၃၂၂) နဲ့ Tesla Model Y ထက် ၁၀,၀၀၀ ယွမ် သက်သာပြီး ကြိုတင်ရောင်းချမှုပြုလုပ်ခဲ့ရာ ၃ မိနစ်အတွင်း အစီး ၂၀၀,၀၀၀ ရောင်းချနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
တရုတ်ကားတွေရဲ့ စျေးကွက်ဖိအားပေးမှုက Tesla ရဲ့ ဥရောပမှာ ရောင်းအား ၅ လဆက်တိုက် ၂၈% ကျဆင်းမှုကို အဓိကဖြစ်စေတာလို့လည်းဆိုကြပါတယ်။
တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာရှိတဲ့ Shenhai Yihao ဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းကို ပြီးဆုံးအောင်တည်ဆောက်ခဲ့ပြီး နှစ်စဉ် ဓာတ်ငွေ့ထုတ်လုပ်နိုင်စွမ်း ၄.၅ ဘီလီယံ ကုဗမီတာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် AI ချစ်ပ်ထုတ်လုပ်သူ MetaX နဲ့ Moore Threads တို့ဟာ ရှန်ဟိုင်းစတော့အိတ်ချိန်းမှာ IPO လုပ်ဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြနေကြပါတယ်။
၆။ ဂရိမှာ မီးဘေးကြောင့် ရွှေ့ပြောင်းရေးတွေပြုလုပ်နေရတယ်လို့ သိရပါတယ်။
မီးဘေးအန္တရာယ်ကြောင့် အေသင်မြို့တောင်ဘက်က ကျေးရွာ ၅ ရွာကို ရပ်ရွာလူထုအားနဲ့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
၇။အိန္ဒိယမြောက်ပိုင်းမှာ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ လူ ၃ ဦးသေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေတယ်လို့သိရပါတယ်။
၈။ ပြင်သစ်သမ္မတ မက်ခရွန်က ဟေတီနိုင်ငံရဲ့ လွတ်လပ်ရေးအတွက် ပေးဆောင်ခဲ့ရတဲ့ ကြီးမားတဲ့တန်ဖိုးကို သုတေသနပြုဖို့ သဘောတူညီခဲ့ပေမယ့်လည်း လျော်ကြေးပေးရေးတောင်းဆိုမှုကိုတော့ ဖြေရှင်းနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။
၉။ မြောက်ကိုရီးယားဟာ ရုရှားရဲ့ Kursk ဒေသကိုစစ်ဖက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်သားတွေနဲ့ မိုင်းရှင်းရေးအဖွဲ့တွေကို ဇူလိုင် (ဒါမှမဟုတ်) ဩဂုတ်မှာ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
A Texas highway shut down after officers got into a standoff with an armed woman seen sitting in a lawn chair on one of the lanes, authorities said Thursday.
The woman was involved in a crash on the highway, according to the constable's office.
Emergency crews shut down the north and southbound lanes of the highway amid the response.
The incident ended peacefully after a crisis responders communicated with her.
Read more: https://abcnews.visitlink.me/YESRP_