32 w - Translate

၃ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၄၀ ကျော်ရှိ

(ပြည်တွင်း) ဇူလိုင် ၄
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဧပြီလကနေ ဇွန်လအထိ ၃ လအတွင်း ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ပမာဏအမေရိကန်ဒေါ်လာသန်း ၄၀ ကျော် ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အစောပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၅ ခု ဝင်ရောက်ထားပြီး အဆိုပါလုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်‌ဒေါ်လာ ၄၀ ဒသမ ၈၅၄ သန်း ရှိပါတယ်။

၃ လအတွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခုနဲ့ ဝန်ဆောင်မှုလုပ်ငန်း ၁ ခုဝင်ရောက်ထားပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတွေက ဝင်‌ရောက်ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုရှိပြီး စင်ကာပူ၊ တရုတ်နဲ့ထိုင်းနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတာကို တွေ့ရပါတယ်။

ပြည်တွင်းစီးပွားရေးကဏ္ဍ ၁၂ ခု ရှိသည့်အနက် အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍတွေကတော့ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ ဖြစ်ပါတယ်။

image
32 w - Translate

” ပျော်နိုင်ဖို့ ငွေရှာနေတယ် ဆိုပေမယ့်
ငွေရှာရင်းပျော်စရာတွေ...
ပျောက်ပျောက်သွားသလို ခံစားရတယ် ”
လူတွေပြောပြောနေတဲ့
ဘဝရဲ့တိုက်ပွဲ ဆိုတာ ဒါလားဟင် ”အမေ”။

image
32 w - Translate

မြစ်ကြီးနားမြိုမြစ်ရေ ပြန်လည်မြင့်တက်လာနိုင်ချေရှိ

(မိုး/ဇလ) ဇူလိုင် ၄
မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် ပြန်လည်မြင့်တက်လာချေရှိနေတယ်လို့ ဇူလိုင်လ ၃ ရက်မှာ မြစ်ကြီးနားမြို့ မိုးလေဝသနှင့်ဇလဗေဒဌာနကနေ သိရပါတယ်။

ယင်းသည် ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးအနည်းငယ်မှ အသင့်တင့်ရွာသွန်းနေသလို ရံဖန်ရံခါ ဧရာဝတီ မြစ်ဆုံအထက်ပိုင်းတွင်လည်း နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် မြစ်ကြီးနားမြစ်ရေမှာ ကျဆင်း နေရာမှ အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းများ အကြိမ်ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃ ရက်ညနေပိုင်းအချိန်အထိ မြစ်ရေဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး တစ်ပေမှ တစ်ပေခွဲကျော် မြစ်ရေတက်နိုင်ကြောင်း သိရပါတယ်။

လက်ရှိမြစ်ကြီးနားမြို့ရဲ့ မြစ်ရေသည်စိုးရိမ်ရေအမှတ် ၁,၂၀၀ စင်တီမီတာ သို့ ရောက်ရှိရန် ၁၉ ပေခွဲခန့်အလိုမှာရောက်ရှိနေကြောင်း သိရပါတယ်။

မြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနှင့် ဧရာဝတီမြစ်အထက်ပိုင်းဒေသများမှာ တိမ်ဖြစ်ထွန်းမှု အားကောင်းလာနေသည်ကိုတွေ့ရပြီး၊ နောက်လာမည့် ရက်များတွင် မိုးရွာသွန်းမှု အသင့်တင့်ရှိလာနိုင်တယ်လို့ သိရပါတယ်။

image

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၀၁၅ ကျပ်
Octane 95 - ၃၀၇၅ ကျ​ပ်
Diesel - ၂၆၃၅ ကျပ်
Premium Diesel - ၃၂၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၁၀ ကျပ်(ဝယ်) ၄၄၉၀ကျပ်(ရောင်း)

👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၈၉၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး - ၇,၉၀၀,၀၀၀ ကျပ်
၁၅ ပဲရည်ပေါက်စျေး - ၇,၄၃၅,၀၀၀ ကျပ်

အခုအချိန်မှာ...
ဘာကိုယ် သတိရဆုံးလဲမေးရင်
ကမ္ဘာကြီးမှာ ရှင်သန်ရတာ
ဘယ်လောက်ထိပင်ပန်းကြောင်း မသိခဲ့တဲ့
တစ်ချိန်တုန်းက
ငယ်ဘဝတွေကိုယ် ပြန်သတိရတယ်..... ။

32 w - Translate - Youtube

Mortal Kombat ကမ္ဘာသစ်ကြီးတစ်ခု စတင်တည်ဆောက်ခြင်း (EP-1) (Mortal Kombat 1 PS5) (SMART On Live)

32 w - Translate - Youtube

လေယာဥ်ပျံကို ပစ်ချနေတဲ့ မောင် Airstyle 😂 | PUBG MOBILE

32 w - Translate - Youtube

Granger ကိုင်ပြီး early မှာအရမ်းနိမ့်နေရင် ဒီလိုသာဆော့💯😱