"လက်ကျန်လရောင်"ဖတ်တိုင်း
လေးမျက်နှာဘုရားကြီးရယ်
မြေနီလမ်းလေးတွေရယ်နဲ့
မင်းနန်သူရွာလေးရယ်က
ကိုယ့်ကိုလွမ်းစေတဲ့ အဓိကအကြောင်းတွေပဲ..🍀🌿
ပုဂံကိုလာပါ
လက်ကျန်လရာင်စာအုပ်ဖတ်ပါ
မင်းနန်သူကို အရောက်သွားပါ
လှပတဲ့မြို့ငယ်လေးရဲ့လွမ်းရတဲ့အရသာကို ခံစားပါ....😌

#မြန်မာ့အလှ

image

"လက်ကျန်လရောင်"ဖတ်တိုင်း
လေးမျက်နှာဘုရားကြီးရယ်
မြေနီလမ်းလေးတွေရယ်နဲ့
မင်းနန်သူရွာလေးရယ်က
ကိုယ့်ကိုလွမ်းစေတဲ့ အဓိကအကြောင်းတွေပဲ..🍀🌿
ပုဂံကိုလာပါ
လက်ကျန်လရာင်စာအုပ်ဖတ်ပါ
မင်းနန်သူကို အရောက်သွားပါ
လှပတဲ့မြို့ငယ်လေးရဲ့လွမ်းရတဲ့အရသာကို ခံစားပါ....😌

#မြန်မာ့အလှ

image
image
image
20 w - Translate

As anti-Immigration and Customs Enforcement protests continue in Los Angeles, dozens of federal agents were seen near Dodger Stadium on Thursday but were denied entry to the famed ballpark, according to the MLB team.
The Department of Homeland Security said the agents were Customs and Border Protection, not ICE officials.
Read more: https://abcnews.visitlink.me/2L6rvI

image
20 w - Translate

Zero Waste Living: သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရင်း စရိတ်ချွေတာခြင်း
မျက်မှောက်ခေတ်မှာ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဟာ ပိုပြီး သိသာထင်ရှားလာနေပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ သယံဇာတတွေ ကုန်ခမ်းလာမှု စတဲ့ ပြဿနာတွေက လူသားအားလုံးအတွက် စိုးရိမ်စရာပါ။ ဒီလို အခြေအနေတွေကြားထဲကနေ Zero Waste Living (စွန့်ပစ်ပစ္စည်း လုံးဝမရှိသော နေထိုင်မှုပုံစံ) ဆိုတဲ့ လူနေမှုပုံစံတစ်ရပ် ပေါ်ပေါက်လာပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက ကိုယ့်ရဲ့ နေ့စဉ်ဘဝ စရိတ်စကတွေကိုပါ သိသိသာသာ ချွေတာနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

Zero Waste Living ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင်တော့ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ထုတ်လုပ်တဲ့ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို တတ်နိုင်သမျှ လျှော့ချပြီး၊ နောက်ဆုံးမှာ ဘာအမှိုက်မှ မရှိသလောက် နည်းပါးသွားအောင် နေထိုင်တာကို ဆိုလိုပါတယ်။ ဒါဟာ တစ်ပြိုင်နက်တည်း ပြီးသွားနိုင်တဲ့ ကိစ္စမဟုတ်ဘဲ၊ ဖြည်းဖြည်းချင်း လေ့ကျင့်ယူရမယ့် ခရီးရှည်တစ်ခုပါ။ အမှိုက်လျှော့ချဖို့အတွက် အခြေခံအကျဆုံး နည်းလမ်း (၅) ခုကို "5 Rs" လို့ လူသိများပါတယ်။

Refuse (ငြင်းပယ်ပါ): မလိုအပ်တဲ့ ပစ္စည်းတွေ၊ အထူးသဖြင့် တစ်ခါသုံးပစ္စည်းတွေကို လက်မခံဘဲ ငြင်းပယ်ပါ။ ဥပမာ - ပလတ်စတစ်အိတ်၊ ကော်ဖီခွက်၊ ပလတ်စတစ်ရေဘူး စတာတွေ။ ကိုယ့်ပစ္စည်းကိုယ် ဆောင်သွားပြီး ဝယ်တာ၊ သုံးတာက အကောင်းဆုံးပါ။
Reduce (လျှော့ချပါ): ကိုယ့်ရဲ့ သုံးစွဲမှုပမာဏကို လျှော့ချပါ။ မလိုအပ်တာတွေ ဝယ်တာ၊ စုဆောင်းတာကို ရှောင်ပါ။ လိုအပ်တာကိုပဲ ဝယ်ယူသုံးစွဲပါ။
Reuse (ပြန်လည်အသုံးပြုပါ): ပစ္စည်းတွေကို တစ်ခါသုံးပြီး ပစ်မယ့်အစား ထပ်ခါတလဲလဲ ပြန်လည်အသုံးပြုပါ။ ဥပမာ - ရေဘူး၊ ကော်ဖီခွက်၊ ဈေးဝယ်အိတ်၊ ဖန်ပုလင်း စတာတွေ။
Recycle (ပြန်လည်အသုံးပြုနိုင်အောင် စီမံပါ): မဖြစ်မနေ စွန့်ပစ်ရတော့မယ့် ပစ္စည်းတွေကို ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းအမျိုးအစားအလိုက် ခွဲခြားပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ စနစ်တကျ စွန့်ပစ်ပါ။ (ဥပမာ - ပလတ်စတစ်၊ စက္ကူ၊ မှန်)
Rot (မြေဆွေးလုပ်ပါ): အစားအသောက် အကြွင်းအကျန်တွေ၊ သဘာဝပစ္စည်းတွေကို မြေဆွေးအဖြစ် ပြုလုပ်ပြီး စိုက်ပျိုးရေးအတွက် ပြန်လည်အသုံးပြုပါ။
ဒါဆိုရင်တော့ ပတ်ဝန်းကျင်ကို အထောက်အကူပြုနဲ့အပြင်ကိုယ့်အတွက်ပါ save ဖြစ်စေမှာမလို့ လုပ်ကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်နော်။

image

တရုတ်နိုင်ငံ ဒေသအများအပြားမှာ ရေကြီးရေလျှံမှု အနီရောင်သတိပေးချက် ထုတ်ပြန်
ပေကျင်း၊ ဇွန်-၂၀-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီး ရေလျှံမှုနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနီရောင်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဟီနန်၊ ဟူဘေး၊ ဟူနန်နဲ့ ကွေ့ကျိုးဒေသတွေမှာ သတိပေးချက်တွေ ထုတ်ပြန်ထားတာဖြစ်တယ်လို့ တရုတ်မိုးလေဝသဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေနဲ့ မကြာခဏဆိုသလို ရင်ဆို်ငနေရပါတယ်။
ဟူနန်ပြည်နယ်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် လီရှူးမြစ်ဟာ စိုးရိမ်ရေမှတ်ထက် နှစ်မီတာကျော်သွားပြီးနောက် မြစ်ရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
ချုံကင်းအနောက်တောင်ပိုင်းမှာလည်း ရေကြီးမှုကြောင့် လူနေတိုက်ခန်းတွေမှာ ရေဝင်ခဲ့ပြီး မော်တော်ယာဉ်အချို့ပါ ရေမျောပါခဲ့ကာ အချို့နေရာတွေမှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပြတ်တောက်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
နေ့စဉ်မိုးရေချိန် ၃၀၄ မီလီမီတာထိ ရွားသွန်းနေသည့် ပန်ရှူးခရိုင်မှာ လူ ၃၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ ၁၉ မီတာထိ မြင့်တက်လာတဲ့ ဒိုင်တန်မြစ်ဟာ ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာတယ်လို့ အာဏာပို်ငတွေက သတိပေးထားပါတယ်။
ချုံကင်းရှိ အခြားမြစ်တွေဟာလည်း မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီဖြစ်ပါတယ်။ ကွမ်တုံပြည်နယ်တောင်ပိုင်းမှာလည်း ရေကြီးရေလျှံမှုဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးလို့ ဆိုပါတယ်။
Ref:CNA
Photo:Reuters

image

စိန်ပန်းနီတွေပွင့်ရင်
တချိန်ကလှပခဲ့တယ်ဆိုတာ
ဧရာ၀တီ သက်သေရှိတယ်နော်
ပြီးတော့ စစ်ကိုင်းတံတားကြီးလည်း ရှိခဲ့ဖူးတယ်
ဒီနေရာလေးမှာပေါ့....💔

#မြန်မာ့အလှ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ သုံးနှစ်အတွင်း ကမ္ဘာ့အပူချိန်ကန့်သတ်ချက်ကို ကျော်လွန်လာနိုင်ကြောင်း သတိပေး
ကမ္ဘာပေါ်တွင် လက်ရှိကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအဆင့်အရ သုံးနှစ်အတွင်းကမ္ဘာ့ပျမ်းမျှအပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ကန့်သတ်ချက်ကိုကျော်လွန်ရန် အလားအလာများ ကြောင်း သိပ္ပံပညာရှင်များက ဇွန် ၁၈ ရက်တွင် သတိပေးလိုက်သည်။
နိုင်ငံပေါင်း ၂ဝဝ ကျော်သည် ယင်းကန့်သတ်ချက်အတိုင်း အပူချိန်ကိုထိန်းသိမ်းရန် ၂ဝ၁၅ ခုနှစ်က သဘောတူညီခဲ့ကြပြီး လက်ရှိနောက်ဆုံး အကဲဖြတ်ချက်တွင် ထိပ်တန်းသိပ္ပံပညာရှင် ၆ဝ ကျော်၏အထက်ပါသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် နိုင်ငံအများအပြားသည် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သုံးစွဲမှုများ စံချိန်တင်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်သည့်သစ်တောသစ်ပင် ပြုန်းတီးမှုများကလည်း ကမ္ဘာ့အပူချိန်ကို ပိုမိုတိုးစေခဲ့သည်။
အရာအားလုံးသည် လမ်းကြောင်းအမှားကိုဦးတည်နေကြောင်း လိဒ်တက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှုအနာဂတ်ဆိုင်ရာ ပါမောက္ခ ဖော်စတာကပြောသည်။ မကြုံစဖူးအပြောင်းအလဲအချို့ကို မြင်တွေ့နေရပြီး ကမ္ဘာ့အပူချိန်နှင့်ပင်လယ်ရေမျက်နှာပြင်သည်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်နေသည်ဟု သတိပေးထားသည်။
၂ဝ၂ဝ ပြည့်နှစ်အစောပိုင်းက သိပ္ပံပညာရှင်များ၏ တွက်ချက်မှုတွင် ကမ္ဘာ့အပူချိန်ကို စက်မှုခေတ်မတိုင်မီကာလ ကမ္ဘာ့အပူချိန်၏ အထက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်တွင် ထိန်းသိမ်းရန် လူသားတို့အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်တန်ချိန် ဘီလီယံ ၅ဝဝ သာထုတ်လွှတ်နိုင်ကြမည်ဟုဆိုထားပြီး ၂၀၂၅ ခုနှစ် အစောပိုင်း ခန့်မှန်းမှုတွင်မူ ထုတ်လွှတ်နိုင်သည့် ပမာဏတန်ချိန် ဘီလီယံ ၁၃၀ သာရှိတော့ကြောင်း ဖော်ပြထားသည်။
ဘီဘီစီ

image

MGM 2025 Preliminary night မှာ <br>အတောက်ပဆုံးဖြစ်နေတဲ့ <br>MGI 2023 1st runner up ? <br>Queen တစ်ယောက်ရဲ့အရှိန်အဝါက <br>တောက်ပမြဲ တောက်ပဆဲ ??

20 w - Translate

ကောင်းကင်ပင်လယ်ဓားပြအဖွဲရဲ့ဖမ်းဆီးခြင်းကိုခေါ်ဆောင်ခြင်းခံရတဲ့ ပီတာပန်လေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Pan (2015) မြန်မာစာတန်းထိုး

ငယ်ငယ်တုန်းက ကြည့်ခဲ့ကြဖူးတဲ့ Peter Pan ကာတွန်းကားလေးကို မှတ်မိကြသေးလားမသိဘူး? အခုတင်ပေးမယ့်ကားကတော့ အဲဒီကာတွန်းကားကို ရုပ်ရှင်အနေနဲ့ပြန်ရိုက်ကူးထားတာလေးပါ။

စူးစမ်းချင်စိတ်ရှိပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ အသက်၁၂နှစ်အရွယ် မိဘမဲ့လေး ပီတာဟာ တစ်နေ့မှာတော့ မိုးပေါ်ပျံနိုင်တဲ့ ပင်လယ်ဓားပြလှေကြီးတစ်စီးရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီး Neverland ဆိုတဲ့ပဉ္စလက်ဆန်တဲ့ကျွန်းကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီကျွန်းမှာ ပင်လယ်ဓားပြခေါင်းဆောင် ကြီးအတွက် Pixumလိုခေါ်တဲ့ကျောက်မျက်တွေရှာဖွေပေးရတဲ့ ကျောက်တူးသမားအဖြစ်ခိုင်းစေခံနေရရာက သူကိုယ်တိုင်မသိခဲ့တဲ့ သူ့ရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိလာပြီးသူ့ဘ၀အစစ်အမှန်ကို ရှာတွေ့ဖိုလမ်းစတွေပေါ်လာခဲ့ပါတော့တယ်။

အဲဒီကေန သူ့မိခင်အရင်းကိုရှာဖွေဖိုကြိုးစားရင်း ပီတာလေး ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ ပင်လယ်ဓားပြခေါင်းဆောင်ကြီးနဲ့ဘယ်လိုထိပ်တိုက်ရင်ဆိုင်မလဲဆိုတာတော့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/indiamovie4/71

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကမ္ဘောဒီးယားကြောင့် ထိုင်းတွင်အလုပ်သမား ပြတ်လပ်မှုပြဿနာ မဖြစ်ပေါ်နိုင်ဟုဆို
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးက မိမိတို့နိုင်ငံမှ ကမ္ဘောဒီးယားအလုပ်သမားများပြန်သွားခြင်းအတွက် နိုင်ငံတွင်းလုပ်ငန်းများ၌ မြန်မာနိုင်ငံမှ လုပ်သားအများအပြားရှိနေခြင်းကြောင့် အလုပ်သမား ပြတ်လပ်မှုပြဿနာမဖြစ်ပေါ်နိုင်ကြောင်း ဇွန် ၁၈ ရက် တွင် ပြောဆိုခဲ့သည်ဟု Khaosod သတင်းဌာနက ဇွန် ၁၉ ရက်တွင် ရေးသားဖော်ပြထားသည်။
မကြာသေးမီကာလကဖြစ်ပွားခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ နယ်စပ်ပြဿနာများ မြင့်တက်လာချိန်တွင် ထိုင်းနိုင်ငံ၌ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် မိခင်နိုင်ငံသို့ပြန်လာရန် ကမ္ဘောဒီးယား အထက် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
မိမိတို့နိုင်ငံတွင်း၌ အလုပ်လုပ်ကိုင်နေကြသည့် ကမ္ဘောဒီးယား လုပ်သားများ ထွက်ခွာသွားကြမည်ဆိုပါကလည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်စသည့် နိုင်ငံများမှ အလုပ်သမားများနှင့် အစားထိုးနိုင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားအများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသော်လည်း တရားဝင်ကမ္ဘောဒီးယားအလုပ်သမားမှာ ငါးသိန်းကျော်ရှိပြီး တရားမဝင် လာရောက်လုပ်ကိုင်နေသူ သုံးသိန်းခန့်အထိပင် ရှိနေကြောင်းသိရသည်။
ထိုင်းဝန်ကြီးချုပ် ပေတွန်တန်ကမူ ထိုင်းအစိုးရအနေဖြင့် နိုင်ငံခြားရွှေ့ပြောင်းလုပ်သားများကို မိမိတို့နိုင်ငံတွင်းမှ နှင်ထုတ်ရန် အ အစီအစဉ်မရှိကြောင်း၊ ထိုင်းနိုင်ငံသည် ဥပဒေနှင့်အညီ လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားလုပ်သားများကို ကောင်းမွန်သည့် ဝန်ဆောင်မှုများ၊ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်များ အပြည့်အဝပေးထားကြောင်း၊ သို့သော် အဆိုပါ လုပ်သားများကို မိခင်နိုင်ငံကပြန်ခေါ်မည်ဆိုပါကလည်း လုပ်သားများ၏ သဘောဆန္ဒသာဖြစ်ကြောင်း ဇွန် ၁၅ ရက်တွင် ပြောဆိုခဲ့သည်။
Source; Khaosod

image