သမ္မတလုံခြုံရေးအဖွဲ့ရဲ့ တားဆီးမှုကြောင့် တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးရေး ဖျက်သိမ်းလိုက်ရ

ဆိုးလ်၊ ဒီဇင်ဘာ ၃

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးမယ့် အဖွဲ့နဲ့ သမ္မတလုံခြုံရေးအဖွဲ့၊ ထောက်ခံသူတွေအကြား ခြောက်နာရီကြာ အခြေအနေတွေ တင်းမာပြီးနောက် ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက ဖျက်သိမ်းလိုက်ပါတယ်။

ဖမ်းဆီးမှုဟာ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ဘူးလို့ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတအပေါ် စုံစမ်းစစ်ဆေးမှုတွေကို ဦးဆောင်နေတဲ့ အကျင့်ပျက်ချစားမှုစုံစမ်းစစ်ဆေးရေးရုံးက ပြောပါတယ်။ဒီကိစ္စကိုပြန်လည်သုံးသပ်ပြီးနောက် နောက်ထပ်အဆင့်တွေအတွက် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

သမ္မတယွန်းဆွတ်ခ်ယိုးလ်အနေနဲ့ တရားရေးလုပ်ငန်းစဉ်ကို ငြင်းဆိုတာဟာ အလွန်ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ဖမ်းဆီးမှုကို ဆိုင်းငံ့ကြောင်း ကြေညာချိန်မှာတော့ သမ္မတအိမ်ရှေ့မှာ ရက်အတန်ကြာ စခန်းချနေတဲ့ ထောက်ခံသူတွေက အောင်ပွဲခံခဲ့ကြပါတယ်။

မြေပြင်ရှိ အဖွဲ့တွေရဲ့ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေဟာ ယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့ကြိုးပမ်းမှု ရပ်စဲရတဲ့ နောက်ထပ်အကြောင်းရင်းဖြစ်တယ်လို့ အကျင့်ပျက်ချစားမှု စုံစမ်းရေးရုံးက ဆိုပါတယ်။ ဖမ်း၀ရမ်းဟာ ဇန်နဝါရီ ၆ ရက်ထိ သက်တမ်းရှိပေမယ့် ဖမ်း၀ရမ်းအသစ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို ဖမ်းဆီးဖို့ အင်အား ၂၀ ရှိအဖွဲ့နဲ့သွားရောက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အင်အား ၁၅၀ ထိ အားဖြည့်ခဲ့ရပြီး သမ္မတလုံခြုံရေးအဖွဲ့ရဲ့ ပိတ်ဆို့မှုကြောင့် နာရီအတန်ကြာ အဟန့်အတားဖြစ်ခဲ့ကာ နောက်ပိုင်းမှာဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ အာဏာအလွဲသုံးစားမှု အပါအဝင် စွဲချက်တွေကြောင့် စုံးစမ်းစစ်ဆေးဖို့ ဆင့်ခေါ်စာသုံးကြိမ်ကို လာရောက်ခြင်းမရှိတဲ့နောက် တရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref:BBC
Photo:AFP/Reuters

Credit - VOM News Agnecy

#သတင်းဟင်းလေးအိုးကြီး

image
19 w - Youtube

19 w - Translate

သူပြောသလိုပဲ 🤣

image
19 w - Translate

perfume bottle
5ml Travel Mini Refillable Perfume Atomizer Bottle အိတ်ဆောင်ရေမွှေးထည့်ပုလင်း
စျေးနုန်း ၈၀၀၀ကျပ်