Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုပ်ရှင်မြိုတော် တည်ဆောက်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်
*******************
(ပြည်တွင်း) ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအနီး ရုပ်ရှင်မြို့တော်တည်ဆောက်ရန်အတွက် စိတ်ပါဝင်စားသူများကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖိတ်ခေါ်ထားပါတယ်။
ရုပ်ရှင်မြို့တော်တည်ဆောက်ရန်အတွက် မြေဧက ၂၀၀ လုပ်ပိုင်ခွင့်ရရှိထားပြီးဖြစ်ကြောင်း၊ အဆိုပါမြေနေရာ မှာ ရုပ်ရှင်မြို့တော်စီမံကိန်း Master Plan အရ အပိုင်းလိုက်လုပ်ငန်း ဖော်ဆောင် မည်ဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များအနေနဲ့ စိတ်ဝင် စားမှုဖော်ပြလွှာ(EOI Form)ကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ဝယ်ယူနိုင်ပြီး ဇူလိုင်လ ၁၁ ရက် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းနိုင်ကြောင်း အသိပေးထားပါတယ်။
အသေးစိတ်သိရှိလိုပါက အမှတ်(၁၆)၊ ဝင်္ကဘာလမ်း၊ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လာရောက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖော်ပြထားပါတယ်။
စစ်ကိုင်းနဲ့ကရင်ပြည်နယ်မှာ အီလက်ထရောနစ်မဲပေးစက်နဲ့လက်တွေ့စမ်းသပ်မဲပေး
*******************
(ပြည်တွင်း) ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့မှာ ဇွန်လ ၃၀ ရက်က အီလက်ထရော နစ်မဲပေးစက် MEVM နဲ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး MEVM စက်ပိုင်း ဆိုင်ရာနှင့် မဲပေးစက်အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ကရင်ပြည်နယ်က ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာကဝန်ထမ်းများ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က အသိပေးထားကြောင်း သိရသည်။