Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဝေလငါးအသွင်ပြောင်းပြီး လူ့ဘုံအကြောင်းပိုပြီးစူးစမ်းရှာဖွေတဲ့မိန်းကလေး💖
➪➪➪➪➪➪➪➪➪➪➪➪➪➪
လူဘုံအပြင် တခြား မုန်တိုင်း ရာသီဥတုတွေကို ထိန်းချုပ်နိုင်သော သတ္တဝါများရှိတဲ့ကမ္ဘာတစ်ခုရှိခဲ့တယ်... အဲ့ဒီကမ္ဘာက မိန်းကလေးဟာ အစွမ်းနဲ့ဝေလငါးအသွင်ပြောင်းလိုက်ပြီး လူ့ဘုံကိုစူးစမ်းလေ့လာဖိုလာခဲ့ပါတယ် ..မထင်မှတ်ထားတဲ့အတားအဆီးတွေ ကြုံတွေ့ရဲ့ ကောင်လေးတစ်ယောက်က သူမကိုကယ်တင်လိုက်တယ်.. အဲ့ဒီကောင်လေး အသက်ပြန်ရှင်ဖိုအတွက် အရေးကြီးတဲ့အချိန်မှ သုံးရသော မှော်စွမ်းအားကိုသုံးလိုက်ရသောအခါ..
😍ကြည့်ရန်နှိပ်ပါ👇
t.me/zatcarmmsub/31
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
‘LAST TRAIN TO NEW YORK’ ဟာ Train to Busan ရဲ့ Remake မဟုတ်ပါဘူး။
‘LAST TRAIN TO NEW YORK’ ဟာ Train to Busan Universe ထဲမှာပဲရှိတဲ့နောက်ဆက်တွဲဇာတ်ကားလို့ ဒါရိုက်တာ James Wan က ပြောပါတယ်။
ဖန်တီးမှုအရ ဒါဟာ Train to Busan ရဲ့ ကမ္ဘာထဲမှာ ဖြစ်ပျက်နေတာပါ… ဒီဇာတ်ကားကိုတော့ တစ်နေ့နေ့မှာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောပါတယ်။
The Addams Family 2 (2021)
ဒီတစ်ခါတော့ Animation ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ The Addams Family ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီ Animation ဟာ အပိုင်း (၁) တုန်းကလည်း လူကြိုက်များခဲ့ပြီး အခုထွက်ရှိတာကတော့ သူ့ရဲ့အဆက် အပိုင်း (၂) ဖြစ်ပါတယ်။ အရင်ကားမှာတုန်းက အက်ဒမ်မိသားစုရဲ့ ထူးဆန်းတဲ့ နေထိုင်ပုံတွေ၊ ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်မှုတွေ၊ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကို ဟာသနှောပြီးတင်ဆက်ခဲ့သလိုမျိုးပဲ။ ယခု နံပါတ် 2 မှာကတော့ မိသားစုအချင်းချင်း စည်းလုံးမှုပိုမိုရရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခရီးအတူတူထွက်ကြတဲ့အကြောင်းကို လွဲချော်မှုတွေ၊ ရယ်စရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Addam Family Animation ဟာ ထူးဆန်းတဲ့ရေးဆွဲဟန်ကြောင့် Animation တွေထဲမှာ အမြင်တစ်မျိုးတစ်မျိုးဆန်းသစ်ပြီး Hotel Transylvania လို Type မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါလိမ့်မယ်
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/147
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
ဝင်ငွေရလဒ်ကောင်းရရှိနေတဲ့ Brad Pitt ရဲ့ F1 ရုပ်ရှင်
ဇွန် ၂၉၊ ၂၀၂၅။
ဒါရိုက်တာ Joseph Kosinski ရဲ့ ဖော်မြူလာဝမ်းရုပ်ရှင်ဖြစ်တဲ့ "F1" ဟာ ပြေးလမ်းပေါ် စပြေးနေပါပြီ။ Warner Bros ကနေ ဖြန့်ချိပေးပြီး Apple Original ထုတ်လုပ်ရေးရုပ်ရှင်ဟာ ကြာသပတေးည ပြသမှုမှာတင် အံ့ဩဖွယ်ကောင်းလောက်တဲ့ ဝင်ငွေ ကန်ဒေါ်လာ ၁၀ သန်း ရရှိခဲ့ပြီး ယခုရက်သတ္တပတ်အကုန်မှာတင် ကန်ဒေါ်လာ ၆၀ သန်း အထိရရှိဖို့ ဖြစ်နိုင်ခြေရှိကြောင်း ညွှန်းဆိုနေပါတယ်။
ဒီပမာဏဟာ Apple ရဲ့ ရုံတင်ရုပ်ရှင်တွေထဲမှာ ဝင်ငွေရလဒ် အကြီးဆုံး ပမာဏဖြစ်မယ့် အလားအလာရှိပြီး ပရိတ်သတ်တွေဟာ ပြိုင်ကားရုပ်ရှင်တွေကို စိတ်ဝင်စားသေးလားဆိုတဲ့ မေးခွန်းတွေကို ဖြေသွားနိုင်မယ့် အချက်ဖြစ်ပါတယ်။
Apple ရဲ့ အင်အားကြီး ငွေကြေးပံ့ပိုးမှုနဲ့အတူ "Top Gun: Maverick" ဒါရိုက်တာ Joseph Kosinski နဲ့ Brad Pitt တို့ ပူးပေါင်းဖန်တီးထားတဲ့ "F1" ဟာ စျေးကြီးတဲ့ အနှုန်းအထားတစ်ခုဖြစ်ပြီး Apple ဟာ F1 နဲ့ပတ်သက်ပြီး ကန်ဒေါ်လာ ၂၅၀-၃၀၀ သန်းအထိ အကုန်အကျခံထားကြောင်း သိရပါတယ်။
ဥရောပ အခြေစိုက် F1 ပြိုင်ပွဲကို အခြေခံထားတဲ့ F1 ရုပ်ရှင်မှာ Brad Pitt က အနားယူသွားတဲ့ ပြိုင်ကားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး Damson Idris က နောက်ဆုံးပေါ် အံ့ဖွယ်ပြိုင်ကားသမားအဖြစ် ပါဝင်ထားတာဖြစ်ပြီး ဒီရုပ်ရှင်မှာ ပရိတ်သတ်တွေ တကယ်လိုချင်နေတဲ့ အရာတွေပါဝင်နေပါတယ်။ ဒါကလဲ F1 မှာ တကယ့်ကားတွေ၊ တကယ့်အန္တရာယ်များတဲ့ လှုပ်ရှားမှုတွေပါဝင်ထားပြီး စူပါဟီးရိုးတွေရဲ့ ပျင်းရိမှုတွေ မပါဝင်တဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ "Napoleon"၊ "Killers of the Flower Moon" စတဲ့ ဆုတွေအတွက် ရည်ရွယ်ထားတဲ့ ရုပ်ရှင်တွေကို ငွေကြေးအင်အားနဲ့ ပံ့ပိုးခဲ့တဲ့ Apple အတွက် "F1" ဟာ ပထမဆုံး စီးပွားရေးအောင်မြင်မှု ဖြစ်လာနိုင်ပါတယ်။
Oppenheimer မှာ လိုအပ်တဲ့အချက်တွေ မပါခဲ့ဘူးဆိုတဲ့ ဝေဖန်မှုတွေရှိနေ
ဇွန် ၂၉၊ ၂၀၂၅။
“Oppenheimer” ရုပ်ရှင်မှာ ဒါရိုက်တာ Christopher Nolan က ဂျပန်လူမျိုးတွေအပေါ် ဒီဗုံးရဲ့အကျိုးသက်ရောက်မှုတွေကို တိုက်ရိုက်မပြခဲ့တဲ့အကြောင်း သိထားပြီးဖြစ်မှာပါ။ ဒီရွေးချယ်မှုက နာမည်ကျော်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Spike Lee အပါအဝင် လူအချို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ Spike Lee ကတော့ Nolan အနေနဲ့ ဂျပန်လူမျိုးတွေအပေါ် ဗုံးရဲ့အကျိုးဆက်တွေကို ပြသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်
အဲဒီလိုဝေဖန်တဲ့အထဲမှာ ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ James Cameron လည်း အပါအဝင်ဖြစ်ပြီး Deadline နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာလည်း James Cameron က Oppenheimer အပေါ် Nolan ရဲ့ချဉ်းကပ်မှုကို ဝေဖန်ခဲ့ပါတယ်။
လက်ရှိမှာ ဟီရိုရှီးမားအကြောင်း ကိုယ်ပိုင်ရုပ်ရှင်တစ်ကားကို ဖန်တီးနေတဲ့ James Cameron က “Oppenheimer” ရဲ့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး အဓိကဇာတ်လိုက်ရဲ့အမြင်ထဲကနေပဲ ကန့်သတ်ထားတဲ့ရွေးချယ်မှုဟာ မှားယွင်းတဲ့ခြေလှမ်းဖြစ်ပြီး ဗုံးရဲ့လက်တွေ့ကမ္ဘာပေါ်က အကျိုးဆက်တွေရဲ့ အပြည့်အဝအလေးချိန်ကို ရှောင်ရှားလိုက်တာလို့ ဆိုပါတယ်။
“ဟုတ်ပါတယ်၊ သူရှောင်သွားတဲ့အရာက စိတ်ဝင်စားစရာပါပဲ။ ကျွန်တော်က ရုပ်ရှင်ဖန်တီးမှုကို ကြိုက်နှစ်သက်ပေမယ့် ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ ရှောင်ဖယ်မှုတစ်ခုလို့ ခံစားမိပါတယ်။ ဘာလို့လဲဆိုတော့ Oppenheimer က အကျိုးသက်ရောက်မှုတွေကို မသိဘူးဆိုတာ မဟုတ်ဘူးလေ။ ဇာတ်ကားထဲမှာ သူ့ကို မီးလောင်နေတဲ့အလောင်းတွေကို တွေ့ရတဲ့ အခန်းတိုတစ်ခုပဲရှိပါတယ်။ တခြားရုပ်ရှင်ဖန်တီးသူရဲ့ ဇာတ်ကားကို ဝေဖန်ချင်တာမဟုတ်ပေမယ့် ဒီတစ်ခုကလွဲရင် သူ့ကို ဘယ်လိုစိတ်လှုပ်ရှားစေတယ်ဆိုတာကိုပဲ ဆက်ပြထားတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါဟာ အကြောင်းအရာကို ရှောင်နေတယ်လို့ ခံစားမိပါတယ်။ Studio ဒါမှမဟုတ် Chris က ဒါကို မကိုင်ချင်တဲ့ အထိမခံနိုင်တဲ့ကိစ္စလို့ ထင်မှတ်လို့လားဆိုတာ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီအထိမခံနိုင်တဲ့ကိစ္စကို တိုက်ရိုက်ဖြေရှင်းချင်ပါတယ်” လို့ Cameron က ပြောပါတယ်။
Nolan ဘက်ကတော့ “Oppenheimer” မှာ ဂျပန်လူမျိုးတွေအပေါ် ဗုံးရဲ့အကြမ်းဖက်မှုတွေကို တိုက်ရိုက်မပြခဲ့တဲ့ သူ့ရဲ့ဖန်တီးမှုဆိုင်ရာ ရွေးချယ်မှုကို အမြဲတမ်းရပ်တည်ခဲ့ပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ ဇာတ်လမ်းကို Oppenheimer ရဲ့ ကိုယ်ပိုင်အမြင်နဲ့ပဲ ပြောပြထားတာဖြစ်ပြီး အဲဒါကို လွှဲဖယ်ရင် ဇာတ်ကားရဲ့ စိတ်ခံစားမှုနဲ့ ဇာတ်လမ်းတည်ဆောက်မှု တည်ငြိမ်မှုကို ပျက်စီးစေမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဇာတ်ကားရဲ့ နောက်ပိုင်းမှာ တစ်ခြားဘယ်လိုရုပ်ပုံမဆို ပိုပြောနိုင်တဲ့ ထိတ်လန့်စရာအခန်းတစ်ခုရှိပါတယ်။ Cillian Murphy သရုပ်ဆောင်ထားတဲ့ Oppenheimer က ဆလိုက်ပရိုဂျက်တာရှေ့မှာ ထိုင်နေပြီး ဗုံးဖြစ်ပြီးနောက်ပိုင်း ဖျက်ဆီးခံရတဲ့ပုံရိပ်တွေကို ကြည့်ဖို့တောင် မခံနိုင်အောင် ဖြစ်နေပါတယ်။ သူ့ရဲ့တုံ့ပြန်မှုက တိတ်ဆိတ်ပြီး တုန်လှုပ်ချောက်ချားနေတဲ့အတွက် စိတ်ထိခိုက်စရာကောင်းပါတယ်။
Nolan က “Oppenheimer” မှာ အပြင်ပန်းအဆင်တွေကို စိတ်မဝင်စားခဲ့ပါဘူး။ ဒါဟာ စိတ်ထဲက ပူဆွေးမှု၊ အပြစ်ရှိမှုနဲ့ ဗုံးဖန်တီးမှုနဲ့အတူလိုက်ပါလာတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ပျက်စီးမှုတွေအကြောင်း ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဒါကို ဂုဏ်ပြုတဲ့အခန်းတစ်ခုတောင် မရှိပါဘူး။
လက်ရှိမှာတော့ James Cameron ဟာ “Ghosts of Hiroshima” ဆိုတဲ့ Hiroshima တိုက်ခိုက်မှုရဲ့ အသက်ရှင်ကျန်ရစ်သူ Tsutomo Yamaguchi ရဲ့ အတွေ့အကြုံအပေါ်မူတည်ထားတဲ့ ဗုံးရဲ့အကျိုးဆက်တွေကို ပြသမယ့်ရုပ်ရှင်ကိုဖန်တီးနေပါတယ်။
The Corpse Washer (2024)
လီလာတိုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်၊လီလာကတော့ ဒီအလုပ်ကိုရွံရှာမုန်းတီးနေပြီး
သူ့အမေကလွဲပြီးအဲ့ဒီအလုပ်ကိုလုပ်မဲ့လူကမရှိပဲ သူ့အမေမရှိတော့ရင် ဒီအလုပ်ကို သူပဲဆက်ပြီးလုပ်ကိုင်သွားရတော့မှာကိုတွေးပြီးစိတ်ပူပန်နေခဲ့တာပေါ့။
စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲ သေဆုံးသွားတ မြိုထဲကလူရဲ့ပစ္စည်းတစ်ခုကို မီးမရှိဘဲသိမ်းထားခဲ့မိတယ်၊ ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီးအလောင်းပြင်ဖိုတာဝန်က သူမလက်ထဲရောက်လာချိန်မှာ
ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုန်း။
😍ကြည့်ရန်နှိပ်ပါ👇
t.me/zatcarmovie1/133
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
Waktu Maghrib (2023)
ဆယ်မန် အဒီ နဲ့ အာရူတိုတဲ့သူငယ်ချင်းသုံးယောက်နေတဲ့ရွာလေးမှာပေါ့။ အာရူက စာတော်တဲ့ကျောင်းသူဖြစ်ပေမယ့် ဆယ်မန်နဲ့အဒီကတော့ ကျောင်းနောက်ကျလိုဆရာမဆူတာအမြဲခံရတယ်တစ်နေ့ညဘက်ကြီးဆယ်မန်နဲ့အဒီစကားပြောရင်း ဆရာမသေသွားရင်ကောင်းမယ်လို ပြောလိုက်တဲ့စကားကဆုတောင်းသလိုဖြစ်သွားပြီး
မကောင်းဆိုးဝါးဝိဥာဥ်ကရွာထဲဝင်မွှေပါတော့တယ်။လူတွေကိုလိုက်ပူးကလေးတွေကိုလိုက်သတ်နေတဲ့ဝိဥာဉ်ကိုသူတိုဘယ်လိုပြန်ခုခံမလဲဒီကားထဲမှာကြည့်ရမှာပါ။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/MM_SUB2/562
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl