32 w - Translate

#ပြည်တွင်းသတင်း
◼ပျောက်ဆုံးကျောင်းသူ ပြန်ရှာတွေ့ဟုဆိုခြင်းသည် သတင်းမှားသာဖြစ်၊ ရှာဖွေမှုရပ်တန့်သွားအောင် လုပ်ဆောင်ခြင်းသာဖြစ်ဟု မိခင်ဖြစ်သူပြော

ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင် ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ မိုးသောက်ပန်းဘော်ဒါဆောင်တွင် ပညာသင်ကြားနေရင်း မုန့်ထွက်ဝယ်ကာ ပျောက်ဆုံးခဲ့သည့် Grade 12 ကျောင်းသူ မဆုရတနာအောင်အား ပြန်လည်တွေ့ရှိသည်မှာ သတင်းအမှားဖြစ်ကြောင်း မိခင်ဖြစ်သူထံမှသိရသည်။

“သမီး ဆုရတနာအောင်ကိုမူဆယ်မှာတွေ့တယ်ဆိုတာ လုံး၀ မဟုတ်ရပါဘူး။ ဦးစိုင်းနောင်ဆိုတဲ့လူ သတင်းမှားဖြန့်ပြီး online ပေါ်က သမီး ဆုရတနာအောင်အားရှာနေတာတွေ ရပ်တန့်သွားအောင်လုပ်နေတာပါ။ သမီးလေးကို ခုထိပြန်မတွေ့သေးပါဘူး” ဟု မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးကပြောသည်။

မဆုရတနာအောင်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မိဘနှစ်ပါး၊ အစ်ကိုဖြစ်သူတို့နှင့်အတူ နေထိုင်သူဖြစ်ပြီး နှစ်ထပ်ကွမ်းလူရည်ချွန်ကျောင်းသူတစ်ဦးဖြစ်ကြောင်း၊ ယခုနှစ်မတ်လပိုင်းတွင် ပညာသင်ကြားရန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဘော်ဒါဆောင်တွင်အပ်နှံခဲ့ပြီး ဧပြီ ၂၄ ရက်တွင် မုန့်ထွက်ဝယ်မည်ဟုဆိုကာ ည ၈ နာရီအထိ ပြန်ရောက်လာခြင်းမရှိပဲ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူကဆိုသည်။

၎င်းပျောက်ဆုံးနေသည်မှာ ယနေ့ (ဇူလိုင် ၉ ရက်)တွင် ရက်ပေါင်း ၇၇ ရက်ရှိပြီဖြစ်ပြီး လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း၊ မဆုရတနာအောင်အားတွေ့ရှိလက်ခံထားပါက မိဘများထံအမြန်ဆုံးဆက်သွယ်ပေးရန်နှင့် အမှန်တကယ်တွေ့ရှိစောင့်ရှောက်ထားပါက သက်သေခိုင်မာစွာပြနိုင်လျှင် ငွေကျပ်သိန်း ၂၀၀ ပေးအပ်မည်ဖြစ်ကြောင်း ပျောက်ဆုံးသူ၏ မိခင်ဖြစ်သူကထပ်မံအသိပေးကြေညာထားသည်။

သတင်း - အင်ကြင်း
ဓာတ်ပုံ - ပျောက်ဆုံးနေသည့် Grade 12 ကျောင်းသူမဆုရတနာအောင်

image

#နိုင်ငံတကာသတင်း
◼ ထရန့်အခွန်များအား ရှောင်းရှားနိုင်ရန် စွမ်းအင် နှင့် ဂျုံ၊ပြောင်းဝယ်ယူရေး အင်ဒိုနီးရှားက အမေရိကန်နှင့် လက်မှတ်ထိုး

အမေရိကန်သမ္မတ‌ဒေါ်နယ်ထရန့်ထံမှ အဆိုးဆုံး အခွန်များကို ရှောင်ရှားနိုင်ရန် ဂျကာတာက ပြင်ဆင်ခြင်းအဖြစ် အမေရိကန် ကုန်ပစ္စည်းများကို တိုးမြှင့်ဝယ်ယူသွားရန် အင်ဒိုနီးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ နှင့် စိုက်ပျိုး ရေးကုမ္ပဏီများက သဘောတူညီချက်များ လက်မှတ်ရေးထိုးလိုက်ကြကြောင်း အင်ဒိုနီးရှားစီးပွားရေးဝန်ကြီးက အေအက်ဖ်ပီသတင်းဌာနအား ပြောကြားသည်။

ဝါရှင်တန်နှင့် ကုန်သွယ်ရေးကွာဟမှု ကျဉ်းမြောင်းစေရန် အမေရိကန်၏ စွမ်းအင်၊ စိုက်ပျိုးရေး နှင့် အခြားကုန်ပစ္စည်းများ ပိုမိုဝယ်ယူသွားမည်ဟု အရှေ့တောင်အာရှမှ အကြီးဆုံးစီးပွားရေး နိုင်ငံ အင်ဒိုနီးရှားက ကတိပြုထားပြီး ယခုသီတင်းပတ်စောစောပိုင်းမှာပင် အမေရိကန်ထံမှ ဂျုံများဝယ်ယူရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဩဂုတ် ၁ ရက်ရောက်ရှိချိန်၌ ၎င်းတို့နှင့် ကုန်သွယ်‌‌ရေး သဘောတူစာချုပ်သစ် မချုပ်ဆိုခဲ့ပါက အခြေခံ ၁၀ ရာခိုင်နှုန်းအခွန်အပြင် နောက်ထပ်အခွန် ၃၂ ရာခိုင်နှုန်း ထပ်မံ ချမှတ်သွားမည်ဟု ထရန့်က ဂျကာတာအား ခြိမ်းခြောက်ထားသည်။

အင်ဒိုနီးရှားအစိုးရရေနံကုမ္ပဏီ Pertamina က အမေရိကန် စွမ်းအင်လုပ်ငန်း ထုတ်ကုန်များ ပိုမို ဝယ်ယူသွားရေးအတွက် နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးလိုက်ကြောင်း ကုန် သွယ်ရေး ဆွေးနွေးပွဲ များအ တွက် ဝါရှင်တန်သို့ သွားရောက်ခဲ့သော စီးပွားရေးဝန်ကြီး အယ်လန်ဂါ ဟာတာတို က ပြောကြားသော်လည်း အသေးစိတ်ကို မပြောပေ။

အင်ဒိုနီးရှားစိုက်ပျိုးရေးကုမ္ပဏီ နှစ်ခုဖြစ်သည့် Sorini Agro Asia Corporindo နှင့် FKS Group တို့ကလည်း အမေရိကန်လယ်ယာထွက်ကုန်များ ဝယ်ယူမှုတိုးမြှင့်ရန် နားလည်မှုစာချွှန်လွှာများ ကို လက်မှတ်ထိုးခဲ့သည်။

ယင်း သဘောတူညီချက်များ၏ တန်ကြေးကို မစ္စတာဟာတာတိုက ဖွင့်ဟပြောကြားခြင်းမရှိသော်လည်း အမေရိကန်ကုန်ပစ္စည်းများအား ဝယ်ယူရန် အင်ဒိုနီးရှားကုမ္ပဏီများ က ကန်‌ဒေါ်လာ ၃၄ ဘီလီယံ သုံးစွဲရန် ပိုင်းဖြတ်ထားကြကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

ယမန်နေ့တွင် ဝါရှင်တန်၌ ပြုလုပ်ခဲ့သော‌ အစည်းအဝေးများ၌ အဆိုပါ သဘောတူညီချက်များရရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန်မြို့မှ အင်ဒိုနီးရှားသံရုံးက ပြောသည်။

ပြောင်းဝယ်ယူရေးအတွက် နာလည်မှုစာချွှန်လွှာ ရေးထိုးမှုအများအပြား ပါဝင်ခဲ့ကြောင်း အမေရိကန်အစားအသောက်လုပ်ငန်းကြီး Cargill က ထုတ်ပြန်ချက်တစ်ရပ်တွင် အတည်ပြုပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံနှင့် ကုန်သွယ်မှုတွင် ၂၀၂၄ ခုနှစ်က အမေရိကန်ဘက်၌ ကုန်သွယ်ရေးလိုငွေပြမှု ၁၇ ဒသမ ၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း နှင့် ၂၀၂၃ ခုနှစ် ကထက် ၅ ဒသမ ၂ ရာခိုင်နှုန်းပိုများလာကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး အချက်အလက်များက ပြသနေသည်။

သတင်း-ရဲမင်း
ကိုးကား- AFP

image
32 w - Translate

Steel Ball Run Anime မှာ JoJo Part 6 ကိုပြုလုပ်တဲ့ Staff တွေပြန်ပါလာပါမယ်တဲ့

image
32 w - Translate

CYBERPUNK EDGERUNNERS 2 တရားဝင်ကြေညာသွားခဲ့

image
32 w - Translate

Season 3 ကြေညာသွားတဲ့ The Apothecary Diaries Anime

Apothecary Diaries Manga ဖတ်ချင်သူတွေအတွက်: https://t.me/Manga_Heartfilia/335

image
32 w - Translate

Gintama: The Movie (201

🌸🌙ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌙🌸ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1912

image
32 w - Translate

ကိုရီးယားရုပ်သံဇာတ်လမ်းတွေကပဲ Ro တတ်တာမဟုတ်ပါဘူးနော် ကိုရီးယား animation လေးတွေကလဲ Ro တတ်ပါတယ်

The Satellite Girl And Milk Cow (2014)

ဇာတ်လမ်းဇာတ်အိမ် ထူးထူးဆန်းဆန်းလေးကိုမှ Comedy, Adventure နဲ့ Romance ပေါင်းစပ်ထားတဲ့ fiction animation မျိုးဆိုရင်ရော စိတ်ဝင်စားကြမလား
စိတ်ဝင်စားတယ်ဆိုရင်တော့ “The Satellite Girl and Milk Cow” က သင့်ကို သေချာပေါက် ကျေနပ်ပျော်ရွှင်မှု ပေးစွမ်းနိုင်မှာပါ

🌺🌙ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌙🌺ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1910

image
32 w - Translate

Snoopy Presents: Welcome Home, Franklin (2024)

IMDB: 7.3/10

နာမည်ကျော် ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ Peanuts ရဲ့အသစ်ထွက်လာတဲ့ Spin-off ဇာတ်လမ်းတိုလေးတင်ဆက်ပေးချင်ပါတယ်ဗျာ။Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန်
ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့ Peanutဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာစစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကိုရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklinလေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော…

🌺🌙ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌙🌺ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1904

image
32 w - Translate

မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့လူငယ်လေး Manolo (Diego Luna) ရဲ့ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။

The Book Of Life (2014)

ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီးဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့ကMaria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါအလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကိုMaria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက်Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။

💝🎁 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🎁💝ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1902

image
32 w - Translate

Belle: The Dragon and the Freckled Princess (2021)

IMDB (7.2/1

Anime ရုပ်ရှင်ကားကောင်းတွေကိုမျှော်လင့်နေတဲ့သူတွေအတွက် လတ်တလောပူပူနွေးနွေးထွက်ရှိထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့

ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး၊ ဒါပေမယ့် တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်

U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်

ဒီ App ကို စုဇုတစ်ယောက် အသုံးပြုကြည့်လိုက်တဲ့အခါမှာတော့ အခု ပရိတ်သတ်ကြီး ရင်ခုန်ခံစားရမယ့် ဟောဒီ BELLE ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်စတင်မွေးဖွားလာပါတော့တယ်

ဇာတ်လမ်းအရရော အန်နီမေးရှင်း၊ နောက်ခံတီးလုံး၊ ဇာတ်ဝင်တေးတွေရဲ့ ကောင်းမွန်မှုတွေကြောင့် ကြည့်ရှူသူတွေကို ကောင်းကောင်းကြီး ဆွဲခေါ်သွားနိုင်တယ်

💝🎁 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🎁💝ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1899

image