19 ပတ် - ဘာသာပြန်ပါ။ - Youtube

Eating chili challenge! | Funny Mukbang | TikTok Funny Video | Songsong and Ermao

19 ပတ် - ဘာသာပြန်ပါ။ - Youtube

ASMR Cooking & Eating: The ULTIMATE Compilation for Foodies

19 ပတ် - ဘာသာပြန်ပါ။ - Youtube

အလန်းတွေများပြီး အစားအသောက်လည်းစုံတဲ့ ကျားကွက်သစ်လမ်း - ဖိအားများမှ အဝေးသို့ခဏ 🤓

19 ပတ် - ဘာသာပြန်ပါ။ - Youtube

ပဲခူးမြို့အနီးက အင်းတကော် ဈေးလေးသို့ အလည်တစ်ခေါက်

19 ပတ် - ဘာသာပြန်ပါ။ - Youtube

mukbang | This fat sausage is too spicy! Songsong took 2 steps, but it didn't reduce the spiciness

19 ပတ် - ဘာသာပြန်ပါ။ - Youtube

mukbang | food recipes | Chilli Sauce | Chili Chicken | songsong and ermao | Collection 1

19 ပတ် - ဘာသာပြန်ပါ။ - Youtube

Ermao ate 10 cups of super spicy noodles in one breath! It's too awesome|mukbang |Songsong and ermao

19 ပတ် - ဘာသာပြန်ပါ။

Justice League မရှိသေးတဲ့ DC Universe အသစ်
၂၀၂၃ ဇန်နဝါရီမှာ DC Studios ရဲ့ တွဲဖက်အကြီးအကဲလည်းဖြစ်၊ Superman ရဲ့ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ James Gunn က DC Universe အသစ်ရဲ့ ပထမအဆင့်ဖြစ်တဲ့ “Gods and Monsters” လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်နဲ့ Show တွေရဲ့ စာရင်းကို ကြေညာခဲ့ပါတယ်။
ဒါပေမယ့် အဲဒီထဲမှာ Justice League အကြောင်း မိတ်ဆက်ထားတာမျိုး မပါဝင်ခဲ့ပါဘူး။
Entertainment Weekly နဲ့ အင်တာဗျုးမှာတော့ James Gunn က Justice League ထက်ပိုမိုက်တဲ့ Hero အဖွဲ့တစ်ခုအကြောင်းတော့ သူ့စိတ်ထဲ ရှိတယ်လို့ပြောဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ Justice League ကတော့ အခု Universe အသစ်မှာမပါဝင်သေးဘူးလို့ပြောလာပါတယ်။
လက်ရှိ Superman ရဲ့ Universe ထဲမှာတော့ Justice Gang ဆိုတဲ့ စူပါဟီးရိုးသုံးယောက်အဖွဲ့ပဲရှိပါဦးမယ်။ အဲဒီအဖွဲ့ကို နည်းပညာကုမ္ပဏီ LordTech ရဲ့ Maxwell Lord က ထောက်ပံ့ထားတာဖြစ်ပါတယ်။ အဖွဲ့ထဲမှာ Hawkgirl, Green Lantern Guy Gardner, Mister Terrific တို့ပါဝင်မှာဖြစ်ပါတယ်။
Justice Gang က လူတွေက Justice League က လူတွေလိုမဟုတ်ပဲ Rule မရှိတဲ့ကောင်တွေဖြစ်တယ်လို့ James Gunn ကပြောပါတယ်။
ပြီးတော့ အခုထွက်မယ့် Superman ရုပ်ရှင်ကလည်း လွန်ခဲ့တဲ့ နှစ် ၃၀၀ ထဲက metahumans တွေရဲ့ ဖြစ်တည်မှုကို လူသားတွေက သိရှိပြီးတဲ့ အချိန်မှာ ဇာတ်အိမ်တည်ထားမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superman ဂြိုလ်ကနေ ယာဥ်တစ်စီးနဲ့ လွတ်လာတာတွေ၊ အသက်ကြီးတော့ အလုပ်ဝင်တာတွေကိုမပြတော့ပဲ Superman နဲ့ Clark တို့ နှစ်ဦးကြားထဲက ဖြစ်တည်မှုတစ်ခုကိုပြသမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
ဒါ့အပြင် Superman မှာ Credit Scene တစ်ခုပါဝင်မှာဖြစ်ပြီး ဒီ Credit Scene က နောက်ဆက်တွဲ တစ်ကားလား၊ ရုပ်ရှင်အသစ်နဲ့လာမှာလားဆိုတာမျိုးလည်း ပါဝင်လာပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

ဒီရုပ်ရှင်လေးကတော့ ထွေထွေထူးထူးပြောပြစရာမလိုဘူးထင်ပါတယ်။တော်တော်များများကြည့်ဖူးမယ့် နီးကျား ကာတွန်းကားအကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ ထောင်ပေါင်းများစွာက ပုလဲလုံးတစ်လုံးမွေးဖွားလာပြီး သူလိုအပ်တဲ့ စွမ်းအင်တွေ စုပ်ယူ‌တဲ့အခါ မကောင်းတဲ့စွမ်းအင်တွေပါလာလို့ ပုလဲလုံးလေးက ဆိုးသွမ်းလာပါတယ်။ဒါကြောင့် သူတော်စင်က ပုလဲလုံးကို မိစ္ဆာပုလဲ နှင့် သူတော်စင်ပုလဲ ဆိုပြီး နှစ်ခုခွဲလိုက်ပါတယ်။ပြီးတော့ သူတော်စင် ပုလဲကို လူပြည်က ဖြောင့်မတ်တဲ့ စစ်သူကြီးတို့လင်မယားစီမှာ ကလေးတစ်ယောက်ဖြစ် မွေးဖွားစေပြီး မိစ္ဆာ ပုလဲကိုတော့ နောင်သုံးနှစ်နေရင် အလိုအလျောက် ဖျက်စီးခံရမယ့် ကျိန်စာနဲ့ ချုပ်လိုက်ပါတယ်။ခက်တာက ခိုင်းလိုက်တဲ့ တပည့်ကောင်းမှုနဲ့ သူတော်စင်ပုလဲက အခိုးခံလိုက်ရပြီး မိစ္ဆာပုလဲကိုလည်း စစ်သူကြီးရဲ့ မိန်းမ ဗိုက်ထဲကို သူတော်စင်ပုလဲ အစား မိစ္ဆာ ပုလဲ ထည့်ပေးမိလိုက်ပါတယ်။ဒါနဲ့ပဲ မီးမိစ္ဆာ နီကျား လေး မွေးဖွားလာပါတော့တယ်။နီကျားက မွေးကတည်းက လူတွေရဲ့ မိစ္ဆာဆိုတဲ့ အမြင်တွေကြောင့် အကုန်လုံးကို ရှောင်ဖယ်နေကြပြီး နီးကျားနဲ့ ကစားဖော်ဆိုတာလည်း သူ့အမေအပြင် မရှိပါဘူး။နောင်သုံးနှစ်နေပြန်ရင်လည်း မိစ္ဆာပုလဲကို အလိုအလျောက် ဖျက်ဆီးမယ့် ကျိန်စာက ရှိနေတော့ နီကျားတစ်ယောက် သတ်မှတ်ခံထားရပြီးသား ကံကြမ္မာကို အရှုံးမပေးလဲ ဘယ်လိုပြောင်းလဲဖို့ ကြိုးစားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ကာတွန်းကားလေးဆိုပေမယ့် အတုယူဖို့ကောင်းတဲ့ စကားတွေ ၊ မိဘမေတ္တာ ၊ သူငယ်ချင်းဆက်ဆံရေးတွေကို ကြည်နူးဖွယ် မြင်တွေ့ရမှာဖြစ်လို့ မကြည့်ရသေးတဲ့သူတွေအတွက် "Ne Zha(2019)" ကို တင်ဆက်ပေးလိုက်ပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

ဒီနေ့အတွက်ကတော့ Flipped လိုမျိူး ရုပ်ရှင်လေးတစ်ခုဖြစ်တဲ့ ထိုင်းအချစ်ရုပ်ရှင်လေးတစ်ခုကို ပြောပြပါမယ်။Imdb မှာလည်း 8.1 တောင်ရရှိထားပြီး ထိုင်းနိုင်ငံရဲ့ နေထိုင်မှုကလည်း မြန်မာနဲ့သိပ်မကွာတာမလို့ ကိုယ့်အိမ်ကိုယ့်ရာလို အငွေ့အသက်လေးရရှိစေမှာပါ။

ဇာတ်လမ်းကတော့ ပုံမှန်အချစ်ရုပ်ရှင်လေးတွေလိုမဟုတ်ဘဲ ငယ်ချစ်ဦးလို့ပဲပြောရမလား ဖြူစင်တဲ့ ငယ်ဘ၀ကတည်းက သဲယောဇဉ်ရှိနေကြတဲ့ ပုံစံလေးနဲ့ကြည့်ရှုရမှာပါ။ဂျေ့စ် ဆိုတဲ့ ကောင်လေး နှင့် နွဲနာ ဆိုတဲ့ကောင်မလေးက မွေးကတည်းက လပိုင်းလောက်ပဲခြားပြီးမွေးဖွားခဲ့ကြတဲ့ ကလေးနှစ်ယောက်ဖြစ်ပါတယ်။နှစ်ယောက်လုံးရဲ့ အိမ်ကလည်း ဆံပင်ညှပ်ဆိုင်တွေ ဖွင့်ထားကြပြီးတော့ သူတို့နှစ်အိမ်ရဲ့ ခြားမှာ မုန့်ဆိုင်တစ်ဆိုင်ပဲ ခြားပါတယ်။ငယ်ငယ်လေးကတည်းက ရွယ်တူသူငယ်ချင်းမရှိတဲ့ ဂျေ့စ်ကတော့ နွဲနာနဲ့ပဲ တစ်ပူတစ်တွဲဆော့ကြပါတယ်။ကျောင်းတက်ကြတော့လည်း ဂျေ့စ်မှာ နွဲနာ နှင့် သူ့မိန်းကလေးသူငယ်ချင်းတွေကလွဲရင် သူ့မှာ ယောကျာ်းလေးသူငယ်ချင်းမရှိပါဘူး။သူငယ်ချင်းမရှိတဲ့အကြောင်းအရင်းကတော့ သူကအိပ်ရာထနောက်ကျလို့ဖြစ်ပါတယ်။သူအိပ်ရာနောက်ကျတော့ ကျောင်းကားကသူစောင့်ရတာနဲ့ ကျောင်းကို အမြဲလိုလိုနောက်ကျတော့ သူတို့ရွယ်တူ ဂျက်တို့အဖွဲ့ကသူ့နဲ့သူငယ်ချင်းမလုပ်ကြတာဖြစ်ပါတယ်။နွဲနွာ နဲ့အတူဆော့တဲ့ ဂျေ့စ် ကတော့ မိန်းကလေးတွေ ဆော့နေကြ ကြိုးခုန်တာ ၊ ဟင်းချက်တာ တို့လိုဆော့ကြတော့ ဂျေ့စ်ကသိပ်မပျော်ပါဘူး။ဂျက်တို့ အဖွဲ့ကတော့ ယောကျာ်းလေးအဖွဲ့ဆိုတော့ သိတဲ့အတိုင်း ဘောလုံးကန် ၊ စက်ဘီးစီး ၊ ငါးဖမ်း တာမျိုးတွေဆော့ကြတော့ ဂျေ့စ်က ဂျက်တို့နဲ့ သွားဆော့ချင်နေပါတယ်။နွဲနာလေးကတော့ ဂျေ့စ်မပျော်မှန်းသိလို့ ဂျေ့စ်ဆိုချင်တဲ့ ဘောလုံးကန်တာတို့ကို မိန်းကလေးဖြစ်ပ်မယ့်လိုက်ဆော့ပေးပါတယ်။ဒါပေမယ့်လည်း ဂျက်တို့နဲ့ပဲဆော့ချင်နေတဲ့ ဂျေ့စ်ကတော့ ဂျက်တို့နဲ့ သွားဆော့ရဖို့အရေး ဂျေ့စ်တစ်ယောက် ဂျက်ခိုင်းတဲ့အတိုင်း နွဲနာတို့အဖွဲ့ ကြိုးခုန်ကြိုးကို ကပ်ကြေးနဲ့ဖြတ်လိုက်ရာကနေ နွဲနာလည်းစိတ်ဆိုးသွားပါတော့တယ်။အဲ့ဒီနေ့က စပြီး နွဲနာက ဂျေ့စ်ကို မခေါ်တော့ဘဲ ‌ဂျေ့စ်လည်း အမြဲတမ်းအတူတူပေါင်းခဲ့သူမရှိတော့ တစ်ခုခုဟစ်ဟာသွားသလို ခံစားသွားရပြီး အဖြူရောင်တွေကြားတွေ အခြားအ‌ရောင်တွေပါမသိမသာ‌ပါ၀င်လာပါတော့တယ်။နောက်တော့ နွဲနာတို့ မိသားစုအိမ်ပြောင်းသွားကြ‌တော့ နှစ်ယောက်သား ပိုလိုတောင်ဝေးကွာသွားကြပါတယ်။ဒီလိုနဲ့ အရွယ်တစ်ခု‌ရောက်သွားတော့ နွဲနာသတင်းတစ်ခုနဲ့အတူ ဂျေ့စ်လည်း သူ့အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ ဂျေ့စ် နှင့် နွဲနာတို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

ရုပ်ရှင်ကတော့ ရယ်ရခက် ငိုရခက်နဲ့ အဆုံးမှာလည်း စိတ်ထဲ တစ်နုတ်နုတ်ဖြစ်စေမှာပါ။ဒါကြောင့် ငယ်ချစ်ဦးကို မေ့မရလို့ဘဲ ဖြစ်ဖြစ် လူကြီးမင်း ငယ်ချစ်ဦးနှင့်လူကြီးမင်းတို့ရဲ့ အမှတ်တရလေးတွေလိုမျိုး ဇာတ်လမ်းလေးကြည့်ချင်တယ်ဆိုရင်တော့ "My Girl (2003)" က လူကြီးမင်းအတွက်ပါပဲ။

image