ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပိုးစေးနှဲ(Mealybug)နှိမ်နှင်းနည်း
********************************
အလှသစ်ပင်၊ပန်းပင်၊သီးပင်စားပင်များတွင်တစ်ခါတစ်ရံတွေ့ရသော Mealybug ခေါ် ပိုးစေးနှဲသည် အပင်စိုက်သူများအတွက်အရမ်းဒုက္ခတွေ့ရသောဖျက်ပိုးတစ်မျိုးဖြစ်သည်။ထိုပိုးကျရောက်လျှင်သီးနှံပင်တွင် အသီးမအောင်အသီးမတင်ဖြစ်ခြင်း၊ ပန်းပင်ဖြစ်လျှင် အပွင့်မတင်စေဘဲအပင်အားချိနဲ့လာပာ ပုတ်ရိသေဆုံးတာမျိုးဖြစ်ရပါတယ်။
သစ်ခွပန်းပင်၊နှင်းဆီ၊စံပယ်၊ဇွန်၊မြတ်
လေး၊ succulent ပင်များတွင်လည်းအရွက်အောက်ခြေအပင်စည်ထိပ်တို့တွင်အမြဲတွေ့ရလေ့ရှိပါသည်။
သင်္ဘောပင်၊မာလကာပင်၊သံပုရာ၊သရက်ပင်၊ ပဲတောင့်ရှည်၊ပဲပုစွန်စသောသီးနှံပင်များတွင်အမြဲလိုလိုတွေ့ရပါသည်။
အာ့ပိုးဖြူဖြူလေးတွေမြင်ရင် ကြည့်ကောင်း ကောင်းနဲ့ ထိုင်ပြီးအလှကြည့်မနေကြပါနဲ့။ အမြန်ဖယ်ရှားရှင်းလင်းပါ။
အာ့ပိုးအမြစ်အုံကိုတွယ်ပြီဆို အပင်အားယုတ်ချိနဲ့လာပါလိမ့်မယ်။ ပင်စည်အရွက်တွေကိုတွယ်ပြီဆို ဝါပြီး ကြွေကျ အပင်ပါသေနိုင်နိုင်ပါတယ်နော်
အာ့ပိုးလေးတွေလာပြီဆိုပုရွက်ဆိတ်တွေပါ တစ်ပါတည်းလိုက်ပါလာပါလိမ့်မယ် *****
ဂရုစိုက်စစ်ဆေးကြည့်ရှုပါ။ ဘယ်လိုနှိမ်နှင်းရမလည်း? ဟုတ် ပြောပြပေးပါမယ်နော်***********
(1) အရက်ပျံ တစ်ဖုံးစာ + ပန်းကန်ဆေးဆပ်ပြာဆီ တစ်ဖုံး + စားသုံသည့်ဆီတစ်ဖုံး + ရေတစ်လီတရောစပ်ပြီး တစ်ပင်လုံးအနှံ့ဖြန်းပေးပါ
(2) Dettol ဆေးရည်လက်ဖက်စားဇွန်း တစ်ဇွန်း + ပန်းကန်ဆေးဆပ်ပြာရည် တစ်ဇွန်း + ရေတစ်လီတာရောစပ်ပြီး ဖြန်းပေးပါ
(3) ဗီနီကာတစ်ဖုံး + ဂျင်းထောင်းအရည်ညှစ် တစ်ဖုံးစာ+ရေတစ်လီတာရောစပ်ပြီးဖြန်းပေးပါ
(4) အင်ဖာနိုဆေး လက်ဖက်စားဇွန်း လေးပုံတစ်ပုံ + ရေတစ်လီတာရောစပ် ပြီးဖြန်းပေးပါ ( ဆေးရည်မဖြန်းမီအပင်ကို ရေဖြင့်အရင်ဖြန်းပေးပြီးမှဆေးရည်ရောစပ်ထားတာကိုဖြန်းပေးရပါမည် )
ဆေးရည်ဖြန်းပြီးနောက်ရက်တွင် ဆပ်ပြာရည်တစ်ဖုံး + ရေတစ်လီတာရောစပ်ပြီး ထပ်မံဖြန်းပေးရပါမည်
အထက်ပါနည်းများထဲမှ မိမိတို့ထံမှာလွယ်လင့်တကူရှိသောပစ္စည်းများဖြင့်လုပ်ဆောင်ရန်လွယ်သောနည်းကိုရွေးချယ်ကာ ပိုးစေးနှဲရန်မှကာကွယ်နိုင်ကြပါစေ။
Crd To Original Uploade
ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေ
အင်လန်းတိုင်ပန် ( Inland Taipan) မြွေကို ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီမြွေ တစ်ချက်ကိုက်လိုက်ရင် ထွက်လာတဲ့ အဆိပ်ပမာဏဟာ အနည်းဆုံး အရွယ်ရောက်ပြီးသူ ၁၀၀ လောက်ကို သေဆုံးစေနိုင်ခြေ ရှိပြီး ကုသမှုမလုပ်ရင် မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြား သေဆုံးစေနိုင်တယ်လို့ Reptile Knowledge ကဏ္ဍမှာ ဖော်ပြထားပါတယ်။
အင်လန်းတိုင်ပန်မြွေရဲ့ အဆိပ်ထဲမှာ neurotoxins ၊ hemotoxins နဲ့ myotoxins တွေ ပါဝင်ပြီး အာရုံကြောစနစ်၊ သွေးကြောနဲ့ ကြွက်သားတွေကို ဆက်တိုက် တိုက်ခိုက်ဖျက်ဆီးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်လန်းတိုင်ပန်မြွေဟာ လူကြောက်တတ်ပြီး သြစတြေးလျနိုင်ငံအလယ်ပိုင်း ဝေးလံခေါင်သီတဲ့ဒေသတွေမှာပဲ တွေ့ရလေ့ရှိပါတယ်။ သူ့ကို မထိဘဲနဲ့လည်း ကိုက်လေ့မရှိပါဘူး။
အင်လန်းတိုင်ပန်မြွေက အဆိပ်ပြင်းလွန်းပေမဲ့ ဒီမြွေ အကိုက်ခံရလို့ သေဆုံးသူတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေနဲ့ ထိတွေ့မှု မရှိသလောက် နည်းသလို မြွေကိုက်ခံရသူတွေကိုလည်း အချိန်မီ မြွေဆိပ်ဖြေဆေး ထိုးပေးနိုင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။