နစက လွတ်ငြိမ်းချမ်းသာမှာ ကချင်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင် လွတ်မြောက်လာ၊ နိုင်/ကျဉ်း ၆၀၀ သာ ပါဝင်တဲ့အပေါ် ဝေဖန်မှုရှိ

ဇန်နဝါရီ ၄

နစကရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့အကျဥ်းသား ၆၀၀၀ နီးပါးထဲမှာ နိုင်ငံရေးအကျဥ်းသား ၆၀၀ သာလွတ်မြောက်ပါဝင်တယ်လို့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အဆိုပါ လွတ်ငြိမ်းခွင့်နဲ့လွှတ်ပေးလိုက်တဲ့နိုင်ငံရေးအကျဥ်းသားတွေထဲမှာ NLD အစိုးရလက်ထက် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်ပါဝင်ပြီး လွတ်မြောက်လာတယ်လို့သိရပါတယ်။

"ပြစ်မှုခုနှစ်ခုမှအပ ကျန်တဲ့ပြစ်မှုတွေကိုပြစ်ဒဏ်ရဲ့၆ပုံ၁ပုံလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။အကျဉ်းသား ၅၈၆၄ ဦးကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီထဲမှာတော့ ၅၀၅ နဲ့တရားစွဲခံခဲ့ရတဲ့ ၆၀၀ ဦးပါဝင်မယ်။နိုင်ငံခြားသား၁၈၀ လွတ်ငြိမ်းပေးခဲ့ပါတယ်။ထိုင်းနိုင်ငံသားများပါတယ်။ပြီးရင်တော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခက်အောင်လည်း လွတ်/ ငြိမ်းထဲမှာ ပါဝင်လာပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ကချင်ပြည်နယ်တရားလွှတ်တော်က ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေါက်တာခက်အောင် အပြင်လွတ်ငြိမ်းချမ်းသာခွင့်ထဲပါဝင်တဲ့နိုင်ငံရေးအကျဥ်းသားတွေကို ကျဥ်းထောင်အသီးသီးကနေ ပြန်လည်လွှတ်ပေးနေပြီလို့လည်း သိရပါတယ်။

"ဒီနေ့ပြန်လွတ်လာပြီ။ တခြားနိုင်ငံရေးအကျဥ်းသားတွေလည်းပြန်လွတ်စေချင်တယ်။ နောက်တချက်က တိုင်းပြည်ကပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံးဖြစ်စေချင်ပါတယ်။ တိုင်းပြည်မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေအားလုံးပါဝင်တဲ့ပြုပြင်ပြောင်းလဲမှု တရပ်ဖြစ်စေချင်တယ်။ ဘဝတူနိုင်ငံရေး အကျဥ်းသားတွေ အများကြီးရှိသေးတယ်။သူတို့လည်းအမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်။ နိုင်ငံရေး အကျဥ်းသား လွတ်တာနည်းဦးမယ်ထင်ပါတယ်။ အခုက၅၀၅ (က)တွေပဲလွှတ်တာလေ။ ထောင်ထဲကအကျဥ်းသားတွေကတော့ အမြန်ဆုံးပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး အမြန်ဆုံးလွတ်မြောက်ချင်ကြတယ်။ အကျဥ်းစံရတယ်ဆိုတာ ကောင်းတာမှမဟုတ်တာ။" လို့ ပေါင်းတည်ထောင်ကနေ ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာအကျဥ်းသားများကွန်ယက်PPNM ရဲ့စာရင်းအရတော့ လက်ရှိမှာလွတ်ငြိမ်းနဲ့ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဥ်းသား ၁၂၆ ယောက်သာရှိတယ် လို့သိရပါတယ်။

နိုင်ငံရေး အကျဥ်းသားတွေပြန်လွှတ်ပေးတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဥ်းသားများ ကွန်ယက်PPNM မှ ကိုသိုက်ထွန်းဦးက "၆၀၀ ဆိုတာအရမ်းနည်းတယ်လို့ပြောလို့ရပါတယ်။ဖမ်းဆီးထားတဲ့ ၂၀၀၀၀ ကျော်ထဲက ၆၀၀ ဆိုတာအရမ်းကိုနည်းလွန်းတဲ့ပမာဏဖြစ်ပါတယ်။ နိုင်ငံရေးအကျဥ်းသားအားလုံးပြန်လွှတ်ပေးဖို့တောင်းဆိုချင်တယ်။"လို့ ဝေဖန်ပြောဆိုပါတယ်။

လက်ရှိပြန်လွတ်လာပြီးအပြင်ရောက်နေတဲ့ နိုင်ငံရေးအကျဥ်းသူအကျဥ်းသား ၁၂၆ ယောက်ကတော့ ပြည်အကျဥ်းထောင်က ၁၁ ယောက်၊ပေါင်းတည်းအကျဥ်းထောင်က ၈ ယောက်၊ဒိုက်ဦးအကျဥ်းထောင်က ၅ ယောက် နဲ့ တောင်ငူအကျဥ်းထောင်က ၁၆ ယောက်ရှိတယ်လို့သိရပါတယ်။

မြင်းခြံအကျဥ်းထောင်မှ ၂၂ ယောက်၊ပခုက္ကူအကျဥ်းထောင်မှ ၁၅ ယောက်၊ရွှေဘိုထောင်မှ ၃၂ ယောက်၊ကလေးထောင်မှ ၄ ယောက်၊မိတ္တီခါထောင်မှ ၅ယောက်၊မအူပင်ထောင်မှ ၈ ယောက်ဖြစ်တယ်လို့သိရပါတယ်။

မန္တလေးတိုင်းအတွင်း နိုင်ငံရေးအကျဥ်းသားအပါအဝင် အကျဥ်းသားအကျဥ်းသူ လွတ်မြောက်မှုအနေနဲ့ ဆိုရင် အိုးဘိုထောင်က ၆၉၅ယောက်၊ မြင်းခြံထောင်က၃၆ယောက် ၊မိထ္တီလာထောင်က ၆၉ ယောက်၊ ရမည်းသင်းထောင်က ၉၉ ယောက်၊ ညောင်ဦး ၄၉ ယောက် ထောင်ပေါင်း ၅ထောင် စုစုပေါင်း ၉၄၈ ယောက်နဲ့ အလုပ်စခန်း ၇ ခုက ၁၉၃ ယောက် ရှိလို့ စုစုပေါင်း ၁၁၄၁ ယောက် မန္တလေးတိုင်းက လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။

နစကဟာ ဒီနေ့ကျရောက်တဲ့ ဇန်နဝါရီ ၄ ရက်၊၂၀၂၅ ခုနှစ် ၊ (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းခွင့်ပေးပြီး ပြစ်ဒဏ်အချို့အရ ထောင်ဒဏ်တသက် ကျခံနေရသူတွေကိုလည်း ထောင်ဒဏ် (၁၅) နှစ်ကို လျှော့ချပေးခဲ့တာဖြစ်ပါတယ်။

နစက အာဏာရယူပြီးနောက် လက်ရှိအချိန်ထိ အကျဥ်းသား ကိုးသောင်းေကျာ်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပြီးဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

လီဗာပူးလ်မှာ မိမိရဲ့နောက်ဆုံးနှစ်လို့ ဆာလက်ပြော

ဇန်နဝါရီ ၄

လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်ဟာ အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တာ တိုးတက်မှု မရှိတာကြောင့် အသင်းမှာ သူ့ရဲ့နောက်ဆုံးနှစ်လို့ ပြောသွားခဲ့ပါတယ်။

ဆာလက်က “ဒီရာသီက လီဗာပူးလ်အသင်းနဲ့ နောက်ဆုံးရာသီလားဆိုရင် ဟုတ်ပါတယ်။ စာချုပ်က နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပေမယ့် ဘာတိုးတက်မှုမှ မရှိပါဘူး။ တိုးတက်မှုနဲ့ ဝေးကွာနေတာကြောင့် စောင့်ကြည့်ရုံပဲ ရှိပါတော့တယ်။ ဒီရာသီမှာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ကျနော် အမှန်တကယ် ရယူချင် ပါတယ်”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းနဲ့ ဆာလက်တို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုရရှိဖို့ ဝေးကွာနေတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ဂိုး ၂၀ သွင်းယူထားတာပါ။

ဆာလက်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၆ လပဲ ကျန်ရှိတော့တဲ့အတွက် အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ အကြို စာချုပ်ချုပ်ဆိုလို့ရပြီ ဖြစ်ပါတယ်။

ဆာလက်ကို ရာသီအကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ဥရောပထိပ်သီး ကလပ်အချို့နဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်း တွေက စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

လီဗာပူးလ်အသင်းဟာ ဆာလက်အပြင် အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ နောက်ခံလူ အာနိုးလ်တို့ကိုလည်း စာချုပ် သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးပါဘူး။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အဓိက ကစားသမား ၃ ဦးစလုံးကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၆ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီ ၅ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဆာလက်ကို တွေ့ရစဉ်

#centtalnewsnaypyitaw

image
19 w - Translate

မိဘကို ပဲပြုတ်ရောင်းပြီး ရှာကျွေးနေတဲ့ သမီ:လေး " မေပုလဲဟန် " ကို (၁၀) သိန်းကျပ် လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် " တိုင်ရွန် "💜💜

သရုပ်ဆောင် " တိုင်ရွန် " မှ ယနေ့ ဇန်နဝါရီလ (၃) ရက်နေ့ မှာ ပဲပြုတ်ရောင်းပြီး မိဘကိုရှာကျွေးနေတဲ့ သမီးလေး " မေပုလဲဟန် " ကို (၁၀) သိန်းကျပ် နဲ့ စားစရာမုန့်များကို ပရဟိတ " ကိုထွန်းမင်း " နဲ့ အတူ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်များပဲ ဖြစ်ပါတယ် 🙏သာဓုပါ

#crd

image
19 w - Translate

2025...ပြက္ခဒိန်

လိုအပ်တဲ့ အချိန်ကြည့်လို့ရအောင် save လို့ရတယ်နော်

image
19 w - Translate

2025...ပြက္ခဒိန်

လိုအပ်တဲ့ အချိန်ကြည့်လို့ရအောင် save လို့ရတယ်နော်

image
19 w - Translate

2025...ပြက္ခဒိန်

လိုအပ်တဲ့ အချိန်ကြည့်လို့ရအောင် save လို့ရတယ်နော်

image
19 w - Translate

2025...ပြက္ခဒိန်

လိုအပ်တဲ့ အချိန်ကြည့်လို့ရအောင် save လို့ရတယ်နော်

image
19 w - Translate

2025...ပြက္ခဒိန်

လိုအပ်တဲ့ အချိန်ကြည့်လို့ရအောင် save လို့ရတယ်နော်

image
19 w - Translate

2025...ပြက္ခဒိန်

လိုအပ်တဲ့ အချိန်ကြည့်လို့ရအောင် save လို့ရတယ်နော်

image
19 w - Translate

2025...ပြက္ခဒိန်

လိုအပ်တဲ့ အချိန်ကြည့်လို့ရအောင် save လို့ရတယ်နော်

image