32 ပတ် - ဘာသာပြန်ပါ။

မိဘတွေ မပျောက်ကွယ်ခင်
____________________

မိဘဆိုတာ

ဘာမှမလုပ်နိုင်
မကိုင်နိုင်
မလှုပ်နိုင်
မလှုပ်ရှားနိုင်တော့ရင်တောင်မှ

အိမ်ဦးခန်းမှာ
ငုတ်တုတ်လေး ရှိနေရုံနဲ့
အိမ် ကို
ကျက်သရေ ရှိစေသလို

သား သမီးတွေကိုလဲ
စိတ်လုံခြုံမှု ပေးစွမ်းနိုင်လောက်အောင်
အစွမ်းရှိသူတွေပါ။

ဒီလို တန်ဖိုးကြီးတဲ့သူတွေကို
ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန်
တန်ဖိုးထားရကောင်းမှန်း မသိပေမဲ့

ပျောက်ကွယ်သွားတော့မှ
အစားထိုးလို့ မရမှန်း
သား သမီးတွေ အနေနဲ့
နားလည်သွားကြပါတယ်။

ဒါကြောင့်
မိတ်ဆွေလဲ
တန်ဖိုးကြီးတဲ့ မိဘတွေ
ကိုယ့်ရဲ့ဘေးမှာ ရှိနေတုန်း
တန်ဖိုးထား
ဂရုစိုက်နိုင်ပါစေ

မေတ္တာဖြင့်
#credit

32 ပတ် - ဘာသာပြန်ပါ။

လူတွေကို ခွင့်လွှတ်လို့ရပါတယ်....
ဒါပေမဲ့ ကိုယ့်ကို ဘယ်လို
ပြုမူ ဆက်ဆံခဲ့သလဲ
ဆိုတာကိုတော့ မမေ့ပစ်ပါနဲ့။

ဘာကြောင့်လဲဆိုတော့
လူတစ်ချို့ဟာ
အခွင့်ရေးသမားတွေမို့လို့ပါ။

ဆရာတစ်ယောက် ပြောဖူးသလိုပဲ။
လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ဆိုတာက
တစ်ဖက်သူက သူ့အမှားကို
အမှားလို့ သိမှ ခွင့်လွှတ်လို့ရတာ။

မှားလို့ မှားမှန်းမသိတဲ့သူ
ကိုယ့်လုပ်ရပ်ကိုယ်
နောင်တမရတဲ့လူမျိုးကိုကျ
ခွင့်လွှတ်ရတယ်မခေါ်ဘူး။
ကျောခိုင်းရတာ...။

တစ်စုံတစ်ယောက်ကို
ခွင့်လွှတ်လိုက်ခြင်းဟာ
မိမိကိုယ်မိမိ လွတ်မြောက်စေတဲ့
တစ်ခုတည်းသော နည်းလမ်းပဲ။

အဲ့ဒါကြောင့် ခွင့်လွှတ်တတ်တဲ့စိတ်က
ဘဝနေထိုင်မှုအတွက် အရေးကြီးတာ။

တကယ်သူ့အမှားသူသိတဲ့ လူကို
ခွင့်လွှတ်ရတာက ခွင့်လွှတ်ဖို့ ထိုက်တန်တယ်။

ပြောချင်တာက ကိုယ့်အမှားကို
သူများအမှား ပြန်လုပ်ပြီး
မှားလို့ မှားမှန်းမသိတဲ့ လူမျိုးတွေနဲ့
ကြုံတဲ့အခါ တစ်ဖက်သတ်
ခွင့်လွှတ်လိုက်ရတာမျိုး ရှိတယ်။

ခံပြင်းစရာကောင်းပေမဲ့ ခွင့်လွှတ်လိုက်
ခွင့်လွှတ်လိုက်ဆိုတာထက် ကျောခိုင်းလိုက်။

သူများရှို့တဲ့မီးကြောင့်
ကိုယ်မလောင်ရဖို့ အရေးကြီးတယ်။
မှားတာ မှန်တာတွေ ပြိုင်မငြင်းနေနဲ့။
စိတ်အကြည် ဓာတ်ပျက်ရတယ်။

လောကကြီးမှာ ပြိုင်ပြီးငြင်းဖို့
မတန်တဲ့လူတွေ အများကြီးပဲ။
ဒါကြောင့် ခွင့်လွှတ်ပါ။
မမေ့ပစ်နဲ့။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါတယ်

32 ပတ် - ဘာသာပြန်ပါ။

ဖုန်းခေါ်ရင် အားရဲ့လား
စကားပြောလို့ရရဲ့လား မေး...
ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး...
သူများအခန်းထဲဝင်လာမယ်ဆိုရင်
ခွင့်တောင်းပြီးမှဝင် ...
သီချင်းနားထောင်ရင်
ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ
နားထောင် ... Earphone သုံး ...
တစ်ဖက်လူစကားပြောနေရင်
ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ
ကိုယ်ပြောချင်တာကို စပြော ...
Library လိုနေရာမျိုးမှာ
ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...
ကျေးဇူးတင်စရာရှိရင်
မတုံ့မဆိုင်း ချက်ချင်းတင် ...
အမှားလုပ်ထားရင်
ချက်ချင်း ပြန်တောင်းပန် ...
ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ...
ရှေ့ခုံကို မကန်နဲ့ ...
ခုံတန်းရှည်မှာ
ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...
လူကြားထဲ
စတိုင်ကျသလိုလိုနှင့်
ဆေးလိပ်တွေ ထထမဖွာနှင့်
second smoker တွေဘဝကို
ကိုယ်ချင်းစာပါ...
ကိုယ်မလုပ်ပဲရောဂါခံရအောင်...
ဖြစ်သင့်မဖြစ်သင့်တွေး..
စားသောက်နေတဲ့လူတွေရှိတဲ့
ဆိုင်မှန်သမျှ တဝေါ့ ဝေါ့ တထွီထွီ
သလိပ်မဟပ်နှင့်...နှပ်မညှစ်နှင့်...
နီတိထဲမှာ ဒါတွေပါတယ်..
ဒင်းတို့က ခေတ်နဲ့အညီ
အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...
အထာကျတယ်ဆိုတာ
သူများကို စိတ်အနှောက်အယှက်မပေးပဲ
နေထိုင်တတ်တာကို ခေါ်တယ် ...
ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...
သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ
သင့်ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းပဲ ...။

လေးစားစွာဖြင့် ~ ☕
#ℂ?????_

#ဘဝအတွက်စာပေ
#ဘဝပေးတဲ့သင်ခန်းစာ
#အသိပညာရရှိဖို့ရည်ရွယ်ပါသည်
#တန်ဖိုးရှိအောင်နေရမှာကကိုယ့်တာဝန်ဖြစ်တယ်?

32 ပတ် - ဘာသာပြန်ပါ။ - Youtube



The Running Man Trailer #1

32 ပတ် - ဘာသာပြန်ပါ။ - Youtube

The Fantastic Four: First Steps | Final Trailer |

32 ပတ် - ဘာသာပြန်ပါ။ - Youtube

Experiment! How Does An Owl Fly So Silently? | Super Powered Owls | BBC

32 ပတ် - ဘာသာပြန်ပါ။ - Youtube

Kung Fu Mantis Vs Jumping Spider | Life Story | BBC

32 ပတ် - ဘာသာပြန်ပါ။ - Youtube

The Most Venomous Snakes in the World | Modern Dinosaurs

32 ပတ် - ဘာသာပြန်ပါ။ - Youtube

THE DEEP OCEAN | 8K TV ULTRA HD / Full Documentary

32 ပတ် - ဘာသာပြန်ပါ။

❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞
မြန်မာသဣရာဇ် ၁၃၈6 ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် လူပုဂ္ဂိုလ်သူတော်ကောင်းအပေါင်း ကောင်းမှု ကုသိုလ်တရားဘာဝနာများ ပွားများကာ ကိုယ်ရောစိတ်ရော န အေးချမ်းပြီး ကျန်းမာကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

image