Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နယ်မြေချဲ့ထွင်ရန် မဖြစ်နိုင်သော မြို့
ဒီနေချင်စဖွယ်မြို့ကလေးဟာ အီရတ်နိုင်ငံမြောက်ပိုင်း Dohuk ခရိုင် ကာဒစ်စတန်ဒေသတွင် တည်ရှိသော "Amedi"အာမီဒီ လို့ခေါ်တဲ့ တောင်ပေါ်မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။
အမြင့် ၁၂၀၀ မီတာ (၃,၉၀၀ ပေ) ရှိသော ကျောက် တောင်ကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားသော ကြောင့် မြို့ပြအသွင်ကူးပြောင်းမှုအရ နယ်မြေချဲ့ထွင်ရန် မဖြစ်နိုင်သော ကမ္ဘာ့တစ်ခုတည်းသော မြို့အဖြစ်လဲ သတ်မှတ်ခြင်းခံထားရပါတယ်။
အာမီဒီ မြို့ဟာ ရှေးခေတ်ကတည်းက သမိုင်းဝင်ကျော် ကြားတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒေသထွက်ကျောက်တွေနဲ့ ဆောက်လုပ်ထားတဲ့ ကာဒစ်စတန်ရိုးရာ ပုံစံအဆောက် အဦးတွေကြောင့်လဲ အလွန်ထင်ရှားပါတယ်။
ဒီမြို့ကလေးဟာ ကမ္ဘာ့အမြင့်ဆုံး လူနေထိုင်ရာ မြို့တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်သလို သမိုင်းဝင်ယဉ်ကျေးမှု အဆောက်အအုံများ နှင့် သဘာဝအလှတရားများကြောင့် ခရီးသွားတွေ အထူးစိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
တိမ်ဖုံးပါလို့ လမသာ - မစန္ဒာ
" ကိုကိုရာ ကိုကို ဆရာဝန်ဖြစ်ပြီပဲ
ကျွန်တော့်ကို တစ်လှည့် ထမင်းမကျွေးနိုင်
ကျောင်းမထားနိုင်ဘူးလားဟင် "
ခြုံစရာစောင်မရှိတဲ့အိမ်ကလေး ၊ လျှပ်စစ်မီး
မရှိတဲ့ အိမ်ကလေး ၊ မိုးရွာရင် ဆောင်းစရာ ထီး
မရှိလို့ ကျောင်းမသွားရတဲ့ အိမ်ကလေးက ကိုကို နဲ့ ညီညီ ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ။
#မစန္ဒာ
မြစိမ်းပြာကမာရွတ် - နုနုရည်အင်းဝ
၁၉၉၃ ခုနှစ်ရဲ့ အမျိုးသားစာပေဆုကိုရရှိထားခဲ့တဲ့ ပြောဟန်အရေးအသားနဲ့ ဘဝသရုပ်ဖော်တွေ
ရေးရာမှာ နာမည်ကြီးလှတဲ့ ဆရာမနုနုရည်အင်းဝရဲ့ စာအုပ်ကလေးပါ ။
ကမာရွတ်မြို့နယ် မြစိမ်းပြာလမ်းထဲက ကန်ထရိုက် သုံးထပ်တိုက် တစ်လုံးမှာနေတဲ့ မိသားစု ငါးစုအကြောင်းကို အသေးစိတ်ရေးဖွဲ့ထားတဲ့
ဝတ္ထုရှည်ပါ ။
ခိုအိမ်ကလေးတွေလို တိုက်ခန်းလေးတွေမှာ
နေကြတဲ့ မိသားစုတွေရဲ့ ဘဝတွေနဲ့ ခံစားမှုအကြောင်း အစုံကို တပြိုင်တည်းပေးစွမ်းနိုင်တဲ့ စာအုပ်လေးပေါ့ ၊ တိုက်ခန်းတွေရဲ့ မီးလုံးဝါဝါလေး လင်းလာတာကအစ အသေးစိတ်ရေးဖွဲ့ထားလို့ ဇာတ်ကောင်တွေရဲ့ ဟန်ပန်လှုပ်ရှားမှုကို
သေသေချာချာ ပုံပေါ်လာပြီး ခံစားစေနိုင်ခဲ့တယ်။
ဦးသက်ဦး နဲ့ လတ်
အမြဲတမ်း စိတ်တိုနေတဲ့ ယောကျ်ားဖြစ်သူကို
ဦး လို့ ခေါ်ပြီး အလိုကျ ကျေနပ်အောင်လုပ်ပေး
နေတဲ့ လတ် ဆိုတဲ့ မိန်းကလေး တို့ စုံတွဲ ။
သူစိတ်ပျော်နေရင် သီချင်းတွေ အော်ဆိုတတ်တဲ့
ကြောင်တွေကို မုန်းတဲ့ ၊ ချတ်လစ် ချစ်လတ် ဆိုပြီး စကားပြောင်လေးတွေနဲ့ သူ့မိန်းမကို ခေါ်တတ်တဲ့
ဦးသက်ဦး ကြောင့်လည်း ပြုံးမိရသေးတယ် ။
အပျိုကြီး နှစ်ယောက်
လှည်းတန်းစျေးမှာ အထည်ဆိုင် ဖွင့်ထားတဲ့ အပျိုကြီး တူဝရီးနှစ်ယောက် ၊ ကြောင်တွေ
ဆယ်ကောင်လောက် မွေးထားတဲ့ သူတို့ အခန်းလေးဟာလည်း အံ့သြစရာ ၊ နတ်ပွဲတွေသွားကတဲ့
သူတို့ရဲ့ ယုံကြည်မှုတွေကိုလည်း မြင်ရအုံးမှာ ။
အညာကို လွမ်းတဲ့ ဦးဘတင်
သား မြေး ချွေးမ တွေနဲ့ အတူ ရန်ကုန်မှာ လာနေတဲ့ အညာသား အဘိုးကြီးတစ်ယောက် ၊ အညာကို လွမ်းနေပြီး ရှေးတုန်းက အကြောင်းတွေ
ပြန် ပြန်ပြောလို့ မြေးတွေ နှာခေါင်းရှုံ့ခံရသူပေါ့ ။
တိုက်ခန်းထဲမှာ နေပြီး မြေမနင်းသား ဘဝကို
စိတ်ကုန်နေတဲ့ အဘိုးကြီးတစ်ယောက် ။
ကိုပျော်ရွှင်ကြီး ကိုဝင်းအောင်
စာအုပ်တစ်အုပ်လုံးမှာ သဘောကျရတဲ့ ဇာတ်ကောင်ပေါ့ ၊ ဘဝအမောတွေကြားမှာ
ပျော် ပျော်နေတတ်တဲ့ သူ့ရဲ့ ဟန်ပုံ အပြောအဆိုတွေ ဖတ်ရင်း ပြုံးရတယ် ၊ ရယ်ရတယ် ။
သီချင်းတကြော်ကြော်ဆိုပြီး ဟင်းတွေ အထူးအဆန်းချက်တတ်တဲ့ ကျူရှင်ဆရာ ၊
အပူတွေကို အပျော်နဲ့ ဖုံးပြီး နေပျော်အောင်နေတဲ့ ဇာတ်ကောင်ကြောင့် ဖတ်ရင်း အပျော်တွေတောင်ကူးစက်လို့။
မြေပိုင်ရှင် သားအမိ
သုံးထပ်တိုက်ရဲ့ မြေကိုပိုင်တဲ့ အန်တီမေရီ ဆိုတဲ့
မြေပိုင်ရှင် ၊ သူ့ဆီမှာ ဆွံ့အနားမကြားဖြစ်နေတဲ့
ဆန်နီ ဆိုတဲ့ သားကလေးရှိတယ် ၊ တစ်တိုက်လုံးက သနားချစ်ကြပြီး ခိုင်းသမျှကို လုပ်ပေးတဲ့ ကလေးလေး ။ ဖုန်းတစ်လုံးအနားမှာနေပြီး ဖုန်းဆက်လာတဲ့ လူတွေအကြောင်းကို ဆေးလိပ်သောက်ရင်း
စပ်စုတတ်တဲ့ ဆန်နီ တို့အမေ ။
ဒီ မိသားစုတွေရဲ့ အကြောင်းကို မနက်လေးနာရီက စပြီး ညအိပ်ရာဝင်ချိန်အထိကို ရေးဖွဲ့ထားတာပါ ၊ ရန်ကုန်မြို့ရဲ့ ကိုယ်ပိုင်မြေ မရှိတဲ့ တိုက်ခန်းငှါးနေရတဲ့ ဘဝအောက်ကလူတွေ ၊ အပေါ်ယံဆောက်ထားတဲ့ ခိုင်ခံ့မှု မသေချာတဲ့ ကန်ထရိုက်တိုက်မှာ နေကြတဲ့ သူတို့ ရဲ့ ပူပန်မှုတွေ ။
တိုက်ခန်းနေလူတွေရဲ့ ရေဒုက္ခ လျှပ်စစ်မီးဒုက္ခ
မီးဘေး ဒုက္ခတွေ အစုံကိုလည်း သူတို့နဲ့အတူ
စိုးရိမ်စွာ မွန်းကြပ်စွာ ခံစားရအုံးမှာပါ ။
ဒီစာအုပ်ကို ဖတ်ပြီးတော့ မြို့ပြမှာ နေထိုင်ရတဲ့ အခြေခံ လူတန်းစားတွေ ရဲ့ ရုန်းကန်မှုတွေ ၊
မွန်းကြပ်မှုတွေ နဲ့ အပူတွေ ဘဝတွေကို မြင်တွေ့ ခံစားခဲ့ရတယ် ၊ ဇာတ်သိမ်းခန်းဟာ မထင်ထားလောက်အောင် ရက်စက်လှတာမို့ ဖတ်ရင်း မျက်ရည်ပါ ကျခဲ့ရတယ် ။
ခိုအိမ်လေးတွေထဲမှာ နေကြတဲ့ မိသားစုဘဝတွေကို မြင်တွေ့ ခံစားစေရမဲ့ စာအုပ်လေးပေါ့ ။
" မနက်ခင်း မိုးလင်းရင် ခိုကလေးများတို့ရယ် ..."
အီတလီလူမျိုးများမှာ
ရှေးရိုးအစဥ်အလာအရ
အယူအဆတစ်ခုရှိတယ် ။
လူ့လောကကမ္ဘာကြီးဟာ
ဆင်းရဲဒုက္ခတွေများလွန်းလို့
အဖေတစ်ယောက်ရှိရုံနဲ့
မလုံလောက်ဘဲ
အဖေနှစ်ယောက်ရှိမှ
ဖြစ်မှာဆိုတဲ့ အယူရှိကြတယ် ။
ဒါ့ကြောင့် သူတို့မှာ
" ဂေါ့ဖားသား " ရယ်လို့
မွေးစားအဖေ သဘောမျိုး
ထားရှိတတ်ကြတယ် ။
- တက္ကသိုလ်နေဝင်း