Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံမီးလောင်မှုဖြစ်ပွား
***************
(မှုခင်း) ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် ယမန်နေ့ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဖန်ချက်ဝန်ဦးမြူးလမ်း၊ အကွက်အမှတ် (၂၃၀)ရှိ Nisho အထည်ချုပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွား၍ ရွှေလင်ဗန်းမီးသတ်စခန်းမှ မီးသတ်ယာဥ် ၄ စီး၊ ရေသည်ယာဥ် ၁ စီးနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး ည ၉ နာရီ ၈ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရသည်။
ည ၉ နာရီ ၉၄ မိနစ်အချိန်၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နျူလက်နက်ဖျက်သိမ်းရေး ကမ္ဘာ့နိုင်ငံများစည်းလုံးရန် ဂျပန်တိုက်တွန်း
နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ကမ္ဘာ့နိုင်ငံများ စည်းလုံးညီညွတ်မှုရှိရန် နယူးယောက်ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီ ၂၈ ရက်က ပြုလုပ်သောအစည်းအဝေး၌ ဂျပန်နိုင်ငံက တိုက်တွန်းလိုက်သည်။
နျူကလီးယားလက်နက် မပြန့်ပွားရေးသဘောတူစာချုပ်နှင့် ပတ်သက်ပြီး ၂ဝ၂၆ ခုနှစ်အတွက်ကြိုတင်သုံးသပ်မှုဆိုင်ရာ ညီလာခံအတွက် ပြင်ဆင်ရေးကော်မတီအစည်းအဝေးတွင် ယင်းသို့တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
လျင်မြန်ပြီးပေါ်ပေါ်တင်တင် တည်ဆောက်လာသော နျူကလီးယားစွမ်းရည်များနှင့် မြောက်ကိုရီးယား၏ ဒုံးကျည်အစီအစဉ်များကဲ့သို့သော လုပ်ဆောင်ချက်များသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးတို့ကို တန်ပြန်ခြိမ်းခြောက်နေသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် စာချုပ်ဝင်နိုင်ငံများ အပါအဝင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးမူဘောင်များသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းကဆိုသည်။ လာမည့်နှစ်ညီလာခံတွင် တွေ့ဆုံဆွေးနွေးမှုများနှင့် ပူး ပေါင်းဆောင်ရွက်မှုအပြင် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ရန် တိုက်တွန်းထားသည်။
နျူကလီးယားလက်နက် ကင်းစင်သည့်ကမ္ဘာဖြစ်လာရန် တောင်းဆိုမှုများသည် ယခင်ကထက် ပိုမိုကျယ်လောင်လာကြောင်း ဂျပန်အဏုမြူဗုံးဒဏ်မှ အသက်ရှင်ကျန်ရစ်သူများကို ကိုယ်စားပြုသည့်နီဟွန်ဟီဒန်ကျိုအဖွဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံရခြင်း ကို ရည်ညွှန်းပြီး ၎င်းကပြောသည်။
အင်န်အိတ်ချ်ကေ
စိတ်မဆို:တတ်ဘူး စိတ်ကု"န်တတ်တယ်
သည်းခံတိုင်း ဘောင်ကျော်မလာနဲ့
ငါအကျွမ်း ကျင်ဆုံးပညာရပ်က
"တိတ်ဆိတ်ခြင်းအနုပညာပဲ"
#စာတို