ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Nova V462 Lupi ကို ဘယ်လိုရှာဖွေကြည့်ရှုနိုင်မလဲ?
မြန်မာနိုင်ငံကနေ Nova V462 Lupi ကို ကြည့်ရှုဖို့အတွက် Lupus (ဝံပုလွေ) ကြယ်တာရာစု ကို ရှာဖွေရမှာပါ။ ဒီ Nova ဟာ Lupus ကြယ်တာရာစုထဲက Eta Lupi ကြယ်ရဲ့ အနောက်တောင်ဘက်နား မှာ တည်ရှိပါတယ်။
ရန်ကုန် မြို့တွင်းလို light pollution များတဲ့ နေရာတွေကနေတော့ ဒီကြယ်ကို မြင်တွေ့ဖို့ နည်းနည်းခဲယဉ်းပါလိမ့်မယ်။
ညကောင်းကင်ကို ကြည့်ရှုမယ့်နေရာ ရောက်ရင် အနည်းဆုံး ၁၅-၂၀ မိနစ်ခန့် မျက်လုံးကို အမှောင်နဲ့ အသားကျအောင် ထားပါ။ ဖုန်း၊ တက်ဘလက်စတဲ့ အလင်းရောင်ရှိတဲ့ ပစ္စည်းတွေကို မကြည့်မိထားတာပိုကောင်းပါတယ်။
ဘယ်အချိန်ကြည့်ရမလဲ? ညသန်းခေါင်ကျော်၊ မိုးမလင်းခင်အချိန်တွေဟာ အမှောင်ဆုံးဖြစ်လို့ ကြည့်ရှုဖို့ ပိုသင့်တော်ပါတယ်။ လက်ရှိအချိန် (ဇွန်လ) မှာတော့ ဇွန်လကုန်လောက်အထိ မြင်ရနိုင်ပါသေးတယ်။
Nova ကို ရှာဖွေခြင်း
Lupus ကြယ်တာရာကို အရင်ရှာရပါမယ်။ Lupus ကြယ်တာရာစုဟာ ကောင်းကင်ယံ တောင်ဘက်ခြမ်း မှာရှိပြီး၊ ထင်ရှားတဲ့ Scorpius နဲ့ Centaurus ကြယ်တာရာစုတွေကြားမှာ တည်ရှိပါတယ်။
ညကောင်းကင် တောင်ဘက်ခြမ်းမှာ ကင်းမြီးကောက်ပုံစံရှိတဲ့ Scorpius ကို ရှာပါ။ သူ့ရဲ့ အလယ်ဗဟိုမှာ အနီရောင် တောက်ပတဲ့ Antares (အန်တာရိစ်) ကြယ်ကို တွေ့ရပါလိမ့်မယ်။
Lupus ကို ဆက်ရှာကြည့်ပါ။Scorpius ရဲ့ အနောက်ဘက် (ညာဘက်) နားကို ကြည့်ပါ။ အဲဒီနားမှာပဲ Lupus ကြယ်တာရာစုကို ကြယ်လေးငါးလုံးလောက် ပုံစံတစ်ခုနဲ့ တွေ့ရပါလိမ့်မယ်။
Eta Lupi ကြယ်ကို ရှာပါ: Lupus ကြယ်တာရာစုထဲမှာ အလယ်အလတ် တောက်ပတဲ့ Eta Lupi (အီတာ လူပီ) ဆိုတဲ့ ကြယ်ကို ရှာပါ။
အနောက်တောင်ဘက်သို့ ကြည့်ပါ: Nova V462 Lupi ဟာ Eta Lupi ကြယ်ရဲ့ အနောက်တောင်ဘက် (Southwest) နားမှာ တည်ရှိပါတယ်။ သေသေချာချာ စူးစမ်းရှာဖွေဖို့ လိုအပ်ပါတယ်။
STARTRACKER / STELLARIUM app သုံးပြီးတော့ရှာကြည့်မယ်ဆိုလည်းရပါတယ်။ကျွန်တော်ကတော့ app မသုံးပဲ အလွတ်ရှာကြည့်တတ်အောင်ပါရေးထားပါတယ်။
ဘာနဲ့ကြည့်ရမလဲ?
မျက်စိအမြင်အာရုံ အလွန်ကောင်းမွန်သူတွေအတွက်ဆို မှောင်မိုက်တဲ့နေရာတွေမှာ မျက်စိနဲ့ တိုက်ရိုက်မြင်နိုင်ပါတယ်။
မှန်ပြောင်း (Binoculars) သုံးပြီး ကြည့်မယ်ဆိုရင်တော့ ပိုပြီး ရှင်းလင်းစွာ မြင်တွေ့ရမှာဖြစ်ပြီး ရှာဖွေရတာလည်း ပိုလွယ်ကူပါလိမ့်မယ်။ တယ်လီစကုပ်အသေးစားတွေနဲ့လည်း ကြည့်ရှုနိုင်ပါတယ်
ကြယ်တာရာအသစ်တစ်ခုပေါ်ထွန်းလာခြင်း
ညမိုးကောင်းကင်ရဲ့ လှပထွန်းလင်းတဲ့ ကြယ်တာရာတွေရဲ့ အရေအတွက်ဟာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ဒီလိုများပြားတဲ့ ကြယ်တာရာဖြစ်စဉ်တွေကလည်း စကြဝဠာကြီးထဲမှာ အမြဲလိုလို ဖြစ်ပေါ်နေတတ်ပါတယ်။
အခုဆိုရင် Lupus (ဝံပုလွေ) ကြယ်တာရာစုအဖွဲ့ထဲမှာ Nova အသစ်တစ်လုံး ပေါ်ထွက်လာပြီ ဖြစ်ကြောင်း နက္ခတ္တသိပ္ပံပညာရှင်တွေက သတင်းထုတ်ပြန်လာပါတယ်။
ဒီကြယ်ဟာ အမြင့်ဆုံး တောက်ပမှုအထိ ရောက်ရှိနေပြီဖြစ်လို့ ကောင်းကင်ယံမှာရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေမှာလည်းဖြစ်ပါတယ်။
ဒီကြယ်အသစ်ဟာ Nova (နိုဗာ) အမျိုးအစား ကြယ်တစ်လုံး ဖြစ်ပါတယ်။
Nova ဆိုတာ "ကြယ်အသစ်" (new star) လို့ အဓိပ္ပာယ်ရတဲ့ လက်တင်စကားလုံးကနေ ဆင်းသက်လာတာပါ။
သမိုင်းကြောင်းအရ ညကောင်းကင်မှာ ရုတ်တရက် တောက်ပလာတဲ့ ကြယ်တစ်လုံးကို မြင်တွေ့ရတဲ့အခါ "ကြယ်အသစ်ပေါ်လာပြီ" လို့ ယူဆခဲ့ကြတာကြောင့် ဒီဖြစ်စဉ်ကို Nova လို့ နာမည်ပေးခဲ့တာပါ။လူသိများတဲ့ Supernova ဖြစ်စဉ်မဟုတ်ပါဘူး။
ဒါပေမဲ့ ခေတ်သစ်သိပ္ပံပညာအရ Nova ဟာ တကယ်တမ်း ကြယ်အသစ်တစ်လုံး အစကနေ မွေးဖွားလာတာ မဟုတ်ပါဘူး။ အဲဒီ့အစား Nova ဆိုတာကတော့ အရင်ကရှိပြီးသား ကြယ်နှစ်လုံးတွဲစနစ် (binary star system) တစ်ခုမှာ ဖြစ်ပေါ်တဲ့ ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ကို ပြောတာပါ။
အဓိကအားဖြင့် ကြယ်ဖြူပု (White Dwarf) တစ်လုံးနဲ့ သူ့ရဲ့အဖော်ဖြစ်တဲ့ သာမန်ကြယ်တစ်လုံး တို့ ပါဝင်တဲ့ စနစ်မှာ ဖြစ်ပေါ်တာပါ။ ဒီကြယ်ဖြူပုရဲ့ ဆွဲအားကြောင့် သူ့ရဲ့အနားကအဖော်ကြယ်ဆီကနေ
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေကို စုပ်ယူပြီး ကြယ်ဖြူပုရဲ့ မျက်နှာပြင်မှာ စုပုံလာတဲ့အခါ အပူချိန်နဲ့ ဖိအားတွေ မြင့်တက်လာပြီး နျူကလီးယား ပေါင်းစည်းမှု (thermonuclear fusion) ဖြစ်စဉ် ရုတ်တရက် ဖြစ်ပေါ်တာပါ။
ဒီပေါက်ကွဲမှုကြောင့် ကြယ်ဟာ ပုံမှန်ထက် ရုတ်တရက် အဆပေါင်း ထောင်ချီပြီး တောက်ပလာတာကို ကျွန်တော်တို့ Nova အဖြစ် မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ပုံမှန်ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်တဲ့ကြယ်အသစ်ပေါ်လာသလိုမျိုး မြင်ရမှာဖြစ်ပါတယ်။
အခု Nova အသစ်ကို V462 Lupi လို့ အမည်ပေးထားပါတယ်။
ဒီ Nova V462 Lupi ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ရက်နေ့ မှာ All-Sky Automated Survey for Supernovae (ASAS-SN) အဖွဲ့ကနေ Lupus ကြယ်တာရာစုထဲမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ (၁၇) ရက်နေ့ မှာတော့ သူ့ရဲ့ တောက်ပမှုဟာ အဆင့် ၆.၁ (magnitude 6.1) အထိကို ရောက်ရှိခဲ့ပါတယ်။ အဆင့် ၆.၁ ဆိုတာ မျက်စိအမြင်အာရုံ အလွန်ကောင်းမွန်တဲ့သူတွေအတွက်ဆို မျက်စိနဲ့တိုက်ရိုက်မြင်နိုင်ပြီး၊ တယ်လီစကုတ်နဲ့ကြည့်မယ်ဆိုရင်တော့ ပိုပြီး ရှင်းလင်းစွာ မြင်တွေ့နိုင်တဲ့ အနေအထားမျိုးပါ။
ဒီ Nova V462 Lupi ကို မြောက်ဘက် လတ္တီကျု (latitude) ၄၀ ဒီဂရီထက် ပိုမြင့်တဲ့ နေရာတွေကနေ မြင်ရဖို့ ခဲယဉ်းပါတယ်။
မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ တနိုင်ငံလုံးကနေ ဒီကြယ်အသစ်ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးဒေသကနေ မြောက်ဘက်အစွန်ဆုံးဒေသအထိ လတ္တီကျု အနေအထားဟာ ၄၀ ဒီဂရီရဲ့ အောက်မှာ ရှိနေတဲ့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကနေ ဒီကြယ်တာရာအသစ်ကို ကြည်လင်တဲ့ မိုးကောင်းကင်အခြေအနေအောက်မှာရှိတယ်ဆိုရင် မြင်တွေ့နိုင်မှာပါ။ ညဘက် ကောင်းကင်ယံကို ကြည့်ရှုပြီး ဒီကြယ်အသစ်ရဲ့ တောက်ပမှုကို ရှာဖွေကြည့်ဖို့ အခွင့်အရေးကောင်းလည်းဖြစ်ပါတယ်။
ဒီကြယ်အသစ် ကိုဘယ်လိုရှာမလည်းဆိုတာကို ပုံ (၂) မှာထည့်ပေးထားပါတယ်။
ဒီလိုကြယ်အသစ်တွေ ပေါ်ထွက်လာတာဟာ စကြဝဠာရဲ့ အလှတရားနဲ့ အစဉ်အမြဲ ပြောင်းလဲနေတဲ့ သဘောသဘာဝကို ပြသနေတာပါပဲ။ ညကောင်းကင်ရဲ့ လှပဆန်းကြယ်မှုတွေကို လေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင် V 462 lupi ကို လိုက်ရှာကြည့်တာဟာ ကောင်းကင်ကို လေ့လာကြည့်ရှုဖို့ အကောင်းဆုံးအချိန်တစ်ခု ဖြစ်ပါတယ်။

Summer Solstice သို့ မြောက်ကမ္ဘာခြမ်း နွေရာသီအစ
Summer solstuce (ဥတ္တရယဉ်စွန်းချိန် ) ဆိုတာဟာ နက္ခတ္တသိပ္ပံ ဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး နေ့တာအရှည်ဆုံးနဲ့ ညတာအတိုဆုံးရက် ဖြစ်ပေါ်ချိန်ကို သတ်မှတ်တာဖြစ်ပါတယ်။
ကမ္ဘာဟာ မိမိဝင်ရိုးပေါ်မှာ ၂၃.၅ ဒီဂရီ အစဉ်အမြဲ တိမ်းစောင်းပြီး ၂၄ နာရီလျှင် တစ်ပါတ်နှုန်းနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ အဲဒီလို တိမ်းစောင်းလျက်အတိုင်း နေကို ပျမ်းမျှ ၃၆၅ ရက်လျှင် တစ်ပါတ်နှုန်း လှည့်ပတ်နေပါသေးတယ်။ ထိုအခါမှာ ကမ္ဘာရဲ့ တိမ်းစောင်းနေမှုကြောင့် ကမ္ဘာ့နေရာများမှာ နေရောင်ခြည်ရရှိမှု ပုံစံ၊ အချိန်တို့ ကွာခြားခြင်းတွေ ဖြစ်လာပါတော့တယ်။ နေကို လှည့်ပတ်နေပြီး သူ့ရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ အနီးဆုံးကိုရောက်ရှိတဲ့နေ့ကို ယဉ်စွန်းချိန်လို့ ခေါ်ဆိုသတ်မှတ်ပါတယ်
ဇွန်ယဉ်စွန်းချိန် သို့မဟုတ် မြောက်ယဉ်စွန်းချိန် သို့မဟုတ် နွေယဉ်စွန်းချိန်ဟု ခေါ်တဲ့ ဥတ္တရယဉ်စွန်းချိန် (June Solstice) ဟာနှစ်စဉ် ဇွန်လ (၂၀) ရက်နှင့် (၂၂) ရက်နေ့အကြား ဖြစ်ပေါ်လေ့ရှိပြီး ဒီရက်တွေမှာ နေရောင်ခြည်ဟာ မြောက်အရပ်ကို အမြင့်ဆုံးတက်လာကာ မြောက်ယဉ်စွန်းတန်းသို့ တည့်မတ်စွာဖြင့် ကျရောက်ပါတယ်။ အာတိတ်စက်ဝိုင်း (မြောက်ဝင်ရိုးစွန်းဒေသ)တစ်ခုလုံးဟာ နေဘက်သို့ တိမ်းစောင်းနေပြီး ၂၄ နာရီပတ်လုံးနီးပါး နေ့ အချိန့်ဖြစ်လို့နေပါတယ်။ တကယ်တော့.. အီကွေတာ (၀ ဒီဂရီ) ကနေ မြောက်ဘက်ကို လတ္တီကျူ့ မြင့်တက်လာတိုင်း နေ့တာ (နေ့အချိန်) ပိုရှည်လာတာပါ။ မြောက်လတ္တီတွဒ် ၁၀ မှ ၃၀ အကြားရှိတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဇွန်လရောက်ပြီဆိုလျှင် နံနက် ၅:၃၀ လောက်မှာ နေထွက်ပြီး ညနေ ၆:၄၀ လောက်မှ နေဝင်တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ဟာ တစ်နှစ်မှာ နှစ်ကြိမ်ဖြစ်ပေါ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းမှာ တစ်ကြိမ်နဲ့ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ တစ်ကြိမ် ဖြစ်ပေါ်ပါတယ်။ ဇွန်လ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ဟာ ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသတွေအတွက် နေ့တာအရှည်ဆုံး ညတာအတိုဆုံး နေကြာချိန်ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းဒေသတွေအတွက် ပြောင်းပြန် နေ့တာအတိုဆုံးနဲ့ ညတာအရှည်ဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ခြမ်းမှာ နွေရာသီစတင်ဝင်ရောက်ချိန် ဖြစ်ပြီး တောင်ဘက်ခြမ်းမှာ ဆောင်းရာသီကာလ စတင်ချိန်ဖြစ်ပါတယ်။
Summer solstices ချိန်ကို ရှေးခေတ်ထဲက နိုင်ငံအလိုက် သူ့ယဉ်ကျေးမှုနဲ့ လိုက်ဖက်ညီစွာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံအပါအဝင် မြောက်ကမ္ဘာခြမ်းက နိုင်ငံတွေအတွက် ဟာ ဇွန်လ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီ ၁၂ မိနစ်မှာ ကျရောက်မှာဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ဟာ နေ့တာအရှည်ဆုံးနဲ့ ညတာအတိုဆုံးနေ့ ဖြစ်မှာပါ။ နောက်ရက်တွေမှာတော့ တဖြည်းဖြည်း နေ့တာပြန်တိုလာကာ Winter Solstice ခေါ် ဒက္ခိဏယဉ်စွန်းချိန်မှာ နေ့တာအတိုဆုံး ညတာအရှည်ဆုံးနေ့ကို တစ်ပတ်ပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။