38 ပတ် - ဘာသာပြန်ပါ။

ရဲယိုရွက် ငါးခူဟင်း
******************

ငါးခူ နဲ့ အလိုက်ဖက်ဆုံး အရွက်ကို
ပြောပါဆိုရင် ရဲယိုရွက်ပါနော်။

ကျမကတော့ ငါးခူဟင်းလေးချက်ရင် ရဲယိုရွက်လေး အုပ်ပြီးချက်စားဖြစ်တာများပါတယ်။

တကယ့်ကို ထမင်းမြိန်သောလေးမို့ ကျမနဲ့ အကြိုက်တူသူတွေအတွက် ငါးခူ ရဲယိုအုပ်ချက်နည်းလေး တင်ပေးလိုက်ပါတယ်နော်။

ဟင်းစချက်တော့မယ်ဆိုရင်
ငါးခူလေးကို စင်နေအောင်ဆေး၊တုံးပြီး
ငံပြာရည်, အရသာမှုန့်, နနွင်း များများလေးနဲ့နယ်ထားပါတယ်။ (ငါးခူ မညှီအောင် ဆေးနည်းကို အောက်မှာ ရေးပေးပါမယ်နော်။)

ကြက်သွန်ဖြူ,နီ, ငရုတ်သီးစိမ်းမှုန့်လေး ဆီသပ် ခရမ်းချဉ်သီးထည့် အစိမ်းနံ့ပျောက်ပြီး လိပ်သွားတဲ့ထိ လှိမ့်ပြီး သန့်စင်ထားတဲ့ငါးခူ နဲ့ ဂျင်းထောင်း ထည့်မွှေ၊ လုံးပြီး ရေနွေးပူထည့်ပါ။

စပ်စပ်လေးကြိုက်ရင် ငရုတ်သီးအစိမ်းတောင့်ပါ ထည့်ပါ။ ကျမတော့ ငရုတ်သီးစိမ်းကုန်နေလို့ မရှိလို့ မထည့်လိုက်ရဘူး။
အိုးချခါနီး ခပ်ကြီးကြီး လှီးဖြတ်ထားတဲ့
ရဲယိုရွက်လေးတွေ အုပ်၊ ခဏမွှေ အိုးချပြီး
စပါယ်ရှယ်ကြိတ်လို့ 😬 ရပါပြီရှင်။

ငါးခူဆေးနည်း
**************
ငါးခူအရွယ်သင့်သင့်ဆိုရင် ၃/၄စက္ကန့်ကြာ ရေနွေးပူ လောင်းထည့်ပြီးတာနဲ့ ရေးအေးနဲ့ ဆေးချလိုက်ပါတယ်။ သေးရင်တော့ ရေနွေးပူလောင်း ချက်ချင်း ရေအေးနဲ့ ဆေးချလိုက်တာပါ။

ပြီးရင် အကျိအချွဲတွေကို ဓါးလေးနဲ့ ခြစ်ချပြီး
ခေါင်းနဲ့ ဗိုက်ထဲက သွေးခဲ တွေကို အကုန်ဖြတ်တောက်ထုတ်ပါတယ်။ သွေးတွေ အကျိအချွဲတွေ ရှင်းလိုက်ပြီးရင် မိမိစိတ်ကြိုက်အရွယ် အတုံးလေးတွေ တုံးပြီး အချဉ်ဓါတ်ပျော့တဲ့ ရှာလကာရည်နဲ့ဆေးပါတယ်။ သေချာ နယ်ပြီး ဆေးချလိုက်ရင် ဖြူဖွေးသန့်စင်ညှီနံ့ကင်းတဲ့ ငါးခူလေး ရပါပြီရှင်🤗။

image
38 ပတ် - ဘာသာပြန်ပါ။ - Youtube

Searching Underwater For A $2K Gold Ring And $800 Watch (SHOCKED Owners!)

38 ပတ် - ဘာသာပြန်ပါ။

ည ...
သန်မာချင်ယောင်ဆောင်ထားရတဲ့
အပြုံးတွေဟာ
ညတွေကျတော့
မဲ့မဲ့လာရတာပါပဲ ။
တိတ်ဆိတ်လာလေလေ
ပြိုလဲ လာလေလေ
ညနက်လာလေလေ
အိပ်ရခက်လေလေပါပဲ ။
#စာတို

38 ပတ် - ဘာသာပြန်ပါ။

Retrograde တွေထဲမှာ အကြောက်ဆုံးက Mercury ပဲ
အဓိက ခံရမယ့်ကောင်တွေ🥴👇
Virgo ♍️,Gemini ♊️, Aquarius ♒️, Scorpio ♏️, Cancer ♋️, Taurus ♉️
July 18 - August 11 total 24ရက်ကြာမယ့် Retrograde ဖြစ်ပါတယ်။
July 10လောက်ထဲက Trailer ပြခံရမှာတော့သေချာသလောက်ပါပဲ🥲
Retrograde ဆိုတာကတော့အလွယ်ဆုံးပြောရရင် နောက်ပြန်လည်ခြင်းပေါ့ အရင်က အနာတွေ ဒဏ်ရာတွေ ခံစားချက်တွေ အစကနေအသစ်တိုင်းနင်ပြန်ခံစမ်းဆိုပြီး လာပေးတဲ့သဘောပေါ့။
ဘလောက်ပဲမေ့ထားထား ကိုယ်က အတိတ်ကိုခနပြန်ရောက်ပြီးအဲ့ထိ ခက်ခက်ခဲခဲဖျောက်ရတာတွေ အကုန်ပြန်ခံစားရတာ (ရှယ်ပေါ့)
တချို့တွေဆိုလက်ရှိ ရည်းစားနဲ့ပြတ် မကောင်းတဲ့ex တွေတပြုံကြီးရောက်လာ သောက်ဒုက္ခလာပေးတာမျိူးလဲခံရတတ်တာပေါ့။
လူမူရေး ပြသနာ၊အိမ်တွင်းရေးအရူပ်ရှင်းတွေတပုံကြီးဖြစ်တတ်ပြီး အကြောင်းမလှရင်ဆေးရုံပါရောက် သေကံမရောက်အသက်မပျောက်ပေါ့
ပေါ့။နေရင်းထိုင်ရင်းဒေါသတွေထွက်ပြီး စိတ်
မကြည်တာတွေကိုလဲခံစားရအုံးမှာပါ🥹

38 ပတ် - ဘာသာပြန်ပါ။ - Youtube

ကင်မရာတွေကနေ ဖမ်းယူနိုင်ခဲ့တဲ့ ထူးဆန်းတဲ့သတ္တဝါပုံရိပ်များ

38 ပတ် - ဘာသာပြန်ပါ။

ကိုယ့်လိုသာ ...
ချစ်တတ်ခဲ့ရင်ဆိုတဲ့
စိတ်ကူးလေးပဲ ရှိတာပါ
မင်းပုံစံကို
ပြောင်းလဲပေးနိုင်တဲ့
အင်အားလည်း မရှိတော့သလို
အရင်တုန်းကလို
ငါ့ကို ချစ်ရင်တော့ဆိုတဲ့
မျှော်လင့်ချက်လေးကလည်း
မသေချာတော့ပါဘူး ။
#စာရယ်ကဗျာရယ်

38 ပတ် - ဘာသာပြန်ပါ။

သူမကောင်းတာ သူ့သမိုင်းဖြစ်ပြီး
သူနဲ့တုပြီး
ကိုယ်ကပြန်မကောင်းပြလိုက်တော့
ကိုယ့်သမိုင်းပါ အကျည်းတန်သွားတာပေါ့။

သူရိုင်းတာ သူ့အပိုင်းဖြစ်ပြီး
သူနဲ့တုပြီး ကိုယ်ကပြန်ရိုင်းလိုက်တော့
ကိုယ်ကပါ အဆင့်မရှိတဲ့လူဖြစ်သွားတာပေါ့။

လောကမှာ မတူလို့ မတုသင့်တဲ့အရာတွေ
အများကြီးပဲ
ဥပက္ခာပြုသင့်တယ်ထင်ရင်
ဥပက္ခာပြုတတ်ရမယ်
လျစ်လျူရှု့သင့်တယ်ထင်ရင် လျစ်လျူရှု့နိုင်ရမယ်

အရည်အသွေးနိမ့်တဲ့
အရာတွေနဲ့
မပတ်သက်မိအောင်နေခြင်းဖြင့်
မိမိအဆင့်အတန်းကို မြှင့်တင်ပါ။

image

Wendy's ဆိုင်က ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်မှန်"

ခြောက်ခြားစရာ Facebook စျေးကွက်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ၃ ခု

ညဘက် တစ်ယောက်တည်း ရှိနေစဉ် ကြုံရတဲ့ ခြောက်ခြားစရာ ဖြစ်ရပ် ၄ ပုဒ်”