"စကြာဝဠာရဲ့ ပထမဆုံး အိုင်ယွန်း ကို ပညာရှင်တွေပြန်လည်ဖန်တီးနိုင်ခဲ့ပြီ "
Helium Hydride Ion (HeH+) ကို စကြဝဠာကြီး စတင်ဖြစ်ပေါ်ပြီးနောက် ပထမဆုံး ပေါ်ပေါက်လာတဲ့ မော်လီကျူးအဖြစ် သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
အခုတော့ ဒီ မော်လီကျူး ကို ဓာတ်ခွဲခန်းထဲမှာ ပြန်လည်ဖန်တီးနိုင်ခဲ့ပါပြီ။သိပ္ပံပညာရှင်တွေဟာ စကြဝဠာရဲ့ အစောပိုင်း အခြေအနေတွေကို ပိုမိုနားလည်ဖို့အတွက် HeH+ အိုင်းယွန်းကို ဓာတ်ခွဲခန်းထဲမှာ အောင်မြင်စွာ ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံက Max Planck Institute for Nuclear Physics ရဲ့ သိပ္ပံပညာရှင်တွေဟာ Cryogenic Storage Ring (CSR) လို့ခေါ်တဲ့ အထူးပစ္စည်းကို အသုံးပြုပြီး နက်ရှိုင်းတဲ့ အာကာသထဲကလို အလွန်အေးပြီး လေဟာနယ်ဖြစ်တဲ့ အခြေအနေတွေကို တူညီအောင် ဆောင်ရွက်ခဲ့ပါတယ်။ဒီအခြေအနေကနေတဆင့် အခုလို စကြာဝဠာရဲ့ ပထမဆုံး မော်လီကျူးကို ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။
HeH+ Ion ဆိုတာ ဘာလဲ?
Helium Hydride Ion (HeH+) ဆိုတာ ဟီလီယမ် (He) အက်တမ်တစ်လုံးနဲ့ ဟိုက်ဒရိုဂျင် (H) အက်တမ်တစ်လုံးတို့ ပေါင်းစပ်ထားပြီး သူ့မှာ အီလက်ထရွန်တစ်လုံး လျော့နေတဲ့အတွက် အပေါင်းလျှပ်စစ်ဓာတ် (positive charge) ဆောင်နေတဲ့ အိုင်းယွန်း (ion) တစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ဓာတုဗေဒပုံသေနည်းကတော့ HeH+ ဖြစ်ပါတယ်။ ပရိုတွန် (proton) တစ်လုံးနဲ့ ပေါင်းစပ်ထားတဲ့ ဟီလီယမ်လို့လည်းတွက်နိုင်ပါတယ်။
Big Bang ဖြစ်ပြီး ပထမဆုံး စက္ကန့်ပိုင်းတွေအတွင်းမှာ စကြဝဠာဟာ အရမ်းပူပြီး အရမ်းသိပ်သည်းလွန်းတာကြောင့် မော်လီကျူးတွေ မတည်ရှိနိုင်သေးပါဘူး။
အဓိကအားဖြင့် ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ် နျူကလီးယပ်တွေ (nuclei) ပဲ ရှိနေခဲ့ပါတယ်။ နှစ်ပေါင်း ၃၈၀,၀၀၀ လောက် ကြာပြီးနောက်မှာတော့ စကြဝဠာရဲ့ အပူချိန်ဟာ ၄၀၀၀ Kလောက်အထိ အေးလာပါတယ်။
ဒီလို အပူချိန်ကျဆင်းလာတဲ့အခါမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ် အက်တမ်တွေဟာ လွတ်လပ်နေတဲ့ အီလက်ထရွန်တွေနဲ့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ မော်လီကျူးကတော့ HeH+ ပဲ ဖြစ်ပါတယ်။ ဒါက စကြဝဠာထဲမှာ Chemical reaction လို့ခေါ်တဲ့ ဓာတုဗေဒပေါင်းစပ်မှုတွေ စတင်ခဲ့ပြီဆိုတာကို ပြသတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ HeH+ တွေ ပေါ်လာပြီးနောက်မှာ ဒီမော်လီကျူးတွေဟာ ပတ်ဝန်းကျင်က ဟိုက်ဒရိုဂျင်အက်တမ်တွေနဲ့ ထပ်မံဓာတ်ပြုပြီး မော်လီကျူး ဟိုက်ဒရိုဂျင် (H2​) ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ H2​ မော်လီကျူးတွေကတော့ နောက်ပိုင်းမှာ ပထမဆုံး ကြယ်တွေ ဖြစ်လာဖို့အတွက် အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာပဲ ဂျာမနီက ပညာရှင်တွေက ဒီမော်လီကျုးကိုဓာတ်ခွဲခန်းထဲမှာပြန်လည်ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

image
1 y - Translate

Corpse Bride (2005)

IMDb – 7.3/10_Rotten – 84%

ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်…..

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလိုခေါ်တဲ့ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု…..

ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှတစ်ဦးတည်းသောသားလေး Victa…

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/3754

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

"ယူရေးနပ်စ် ဂြိုလ် ရဲ့ အရံလအသစ်ကို ထပ်မံ အတည်ပြုနိုင်ခဲ့ခြင်း"
Uranus ဂြိုလ်ဟာ နေအဖွဲ့အစည်းအတွင်းက ခုနှစ်လုံးမြောက် ဂြိုလ်တစ်ခုဖြစ်ပြီး ကမ္ဘာမှ မိုင်သန်းပေါင်း ၁၆၀၀ ကျော်အကွာအဝေးမှာတည်ရှိနေတဲ့ ဂြိုလ်ကြီးတစ်လုံးဖြစ်ပါတယ်။
ဒီလို အကွာအဝေး ပမာဏတွေကြောင့် ၁၉၇၇ ခုနှစ်တုန်းကနာဆာကနေ လွှတ်တင်ခဲ့တဲ့ Voyager 2 အာကာသယာဉ်ဟာ Uranus ကို ရောက်ဖို့ ၉ နှစ်ခွဲနီးပါး ကြာခဲ့ပါတယ်။
၁၉၈၆ ခုနှစ်မှာ မှ Uranus ဂြိုလ်အနားကို ရောက်ရှိပြီး ဒီဖြတ်သန်းမှုအတွင်းမှာပဲ Voyager 2 ဟာ Uranus နဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ၊ သိပ္ပံဆိုင်ရာ အချက်အလက်တွေ အများကြီးကို ပထမဆုံးအကြိမ်အဖြစ် ရရှိခဲ့ပါတယ်။
ဒီလေ့လာမှုကနေ လအသစ် ၁၀ လုံး၊ ringsတွေအပြင် သူ့ရဲ့ ထူးခြားတဲ့ သံလိုက်စက်ကွင်း (magnetic field)ရှိနေတာ စတာတွေကို တွေ့ရှိခဲ့ပါတယ်။
Voyager 2 အာကာသယာဉ် uranus ဂြိုလ်ကို ရောက်ရှိလေ့လာခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအကြား ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလ အတွင်းက နေအဖွဲ့ အစည်းတွင်းက ယူရေးနပ်စ် ဂြိုလ်ကြီးကို NASA ရဲ့ JWST တယ်လီစကုတ်သုံးပြီး လေ့လာမှုတွေ ထပ်မံလုပ်ခဲ့တဲ့အခါမှာ ယူရေးနပ်စ်ဂြိုလ်ရဲ့ ရှိနှင့်ပြီးသား အရံလတွေအပြင် နောက်ထပ် အရင်က မတွေ့ခဲ့ဖူးတဲ့ အရံလ အသစ်တစ်လုံးကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီတွေ့ရှိမှုကြောင့် Uranus ဂြိုဟ်မှာ သူ့ရဲ့ အရံ လပေါင်း ၂၉ လတိတိ ရှိသွားပါပြီဖြစ်ပါတယ်။James Webb Space Telescope ရဲ့ Near-Infrared Camera (NIRCam) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရိုက်ယူခဲ့တဲ့ ပုံတွေကနေ ဒီလကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။တစ်ပုံကို မိနစ်၄၀ ကြာ ရိုက်ကူးယူရမယ့် long exposure ဓာတ်ပုံပေါင်း ၁၀ ပုံခန့် ရိုက်ယူပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒီလအသစ်ရဲ့ အချင်းက (၆ မိုင်) လောက်ပဲ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလအသစ် က အရမ်းကို သေးငယ်ပြီး အလင်းရောင်မှိန်ဖျော့နေတဲ့အတွက် ၁၉၈၆ ခုနှစ်က Uranus ကို ဖြတ်ပျံသန်းခဲ့တဲ့ Voyager 2 အာကာသယာဉ်တောင် မတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
နောက်ပြီးတော့ သူဟာ uranus အတွင်းဘက် ဂြိုလ်ပတ်လမ်းနားမှာရှိနေတဲ့ အတွက် JWST လို အနီအောက်ရောင်ခြည် သုံးတဲ့ ကင်မရာနဲ့မှ ပဲ မြင်တွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလအသစ်ကိုတော့ S/2025 U1 လို့ လောလောဆယ် ယာယီအမည်ပေးထားပြီး၊ နောက်ပိုင်းမှာတော့ တခြား Uranus လတွေကို နာမည်ပေးခဲ့သလိုပဲ Shakespeare နဲ့ Alexander Pope ရဲ့ ဇာတ်ကောင်နာမည်တွေအတိုင်း တရားဝင်အမည် ပေးသွားမှာ ဖြစ်ပါတယ်။
ဒီ အရံ လအသစ်ဟာ Uranus ရဲ့ အလယ်ဗဟိုကနေ ၃၅,၀၀၀ မိုင်) အကွာမှာရှိပြီး တစ်ခြား အရံလတွေ ဖြစ်တဲ့ Ophelia နဲ့ Bianca လတွေရဲ့ ပတ်လမ်းကြောင်းနား ကနေ ယူရေးနပ်စ်ဂြိုလ်ကြီးကို လှည့်ပတ်နေတာဖြစ်ပါတယ်။

image

လက်ထဲမှာမရှိပေမယ့် စိတ်ထဲမှာအပြည့်ပဲ

image
1 y - Translate

Sorcery [2023] “မှော်အတတ်”

မှော်အတတ်ဆိုတာမျိုးက ရိုးရာမျိုးနွယ်တွေကနေ လက်ဆင့်ကမ်းဆင်းသက်လာတာများပြီး လက်ခံသူ ၊လက်မခံသူကွဲနေတတ်တာက အရင်တည်းက ရှိလာခဲ့တာပါ။

လက်မခံသူတစ်ဖက်ပိတ်အများစုက မှော်ဆိုတာ ရွံကြောက်စရာ၊နိမ့်ကျတဲ့အရာ၊ မယုံတမ်းလုပ်ကြံထားတာတွေလိုတွေးတတ်ကြတယ်။

လက်ခံကျင့်သုံးနေကြသူတွေအတွက်ကျ ရိုးရာကိုထိန်းသိမ်းရာလည်းရောက်မယ် သတ္တဝါတွေကိုလည်းအကူအညီပေးနိုင်ရာရောက်တယ် စတဲ့အကြောင်းတွေနဲ့ လက်ဆင့်ကမ်းယုံကြည်လာခဲ့ပါတယ်။

သိုပေမဲ့ ဆန့်ကျင်သူ ၊ လူနည်းစုကျင့်သုံးသူ ဆိုပြီးအုပ်စုနှစ်ခုကွဲပြီး ဆန့်ကျင်သူတိုဖက်ကအင်အားကြီးလာတော့ ကျင့်သုံးသူတိုကို မတရားဖိနှိပ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းကဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်တွေကိုမျက်မြင်ခံစားကြည့်လိုရအောင် ဒါရိုက်တာ Christopher Murray က ၁၉ရာစုဝန်းကျင် ချီလီနိုင်ငံက ဟွီလီချီဆိုတဲ့ လူမျိုးအကြောင်းအခြေခံရိုက်ပြပေးထားပါတယ် ၊

ဇာတ်ဆောင်က ဟွီလီချီလူမျိုး၊လူဖြူတွေရဲ့အစေခံမလေး ရိုဆ ဆိုတဲ့ ၁၃နှစ်သမီးလေးပါ ။

အဖေကမှော်အတတ်တွေလုပ်တယ်လိုစွပ်စွဲခံရပြီးသူ့ရှေ့တင်အရှင်လတ်လတ်ခွေးကိုက်သတ်ခံလိုက်ရတာပါ။

ဆိုတော့ အဖေ့အတွက်တရားမျှတမှုရအောင်ဘယ်လို လက်စားချေမလဲ ….

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB2/917

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
1 y - Translate

Spirit of Fear (2023)
----------------------

ဒီဇာတ်ကားကထွက်ဖူးသမျှကားတွေထဲမှာ တော်တော်ထူးဆန်းတဲ့
Horror ကားပဲဖြစ်ပါတယ်။A Quiet Place တိုလိုအသံတိတ်တိတ်နေရပြီး
စကားမပြောရတဲ့ဇာတ်ကားတွေတောင်မှ ဒီထက်ပိုပြောရပါသေးတယ်။
ဒီမှာကတော့စကားတွေပြောနေတာကို အာရုံစိုက်နေရတာထက် ဘယ်သူမှမရှိတဲ့
အိမ်တစ်အိမ်ထဲမှာ လက်မှာသွေးတွေစွန်းပြီး နိုးလာခဲ့တဲ့ လူတစ်ယောက်က
ဘာလိုသူအဲ့လို သွေးတွေစွန်းပြီးနိုးလာရတာလဲ။ အိမ်ထဲမှာရော ဘာလိုဘယ်သူမှ
မရှိတာလဲ။အပြင်ရော ဘာလိုသွားလိုမရတာလဲ။ခြောက်ခြားစရာ
အဖြစ်အပျက်တွေရော ဘာလိုဖြစ်နေရတာလဲ။အဲ့ဒီအိမ်ထဲမှာ သော့နဲ့ပိတ်ထားတဲ့
မီးခံသေတ္တာတစ်လုံးကရော ဘာလိုရှိနေရတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာကို
သူတစ်ယောက်တည်း အိမ်ထဲမှာလျှောက်သွားပြီးတော့ အဖြေရှာနေပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/MM_SUB2/915

image
1 y - Translate

နီနီလင်းအိမ် 🔥
အသွေးအမွေးနဲ့ Aura ကြီးက
တဟုန်းဟုန်းတောက်နေတဲ့ မီးစလိုပဲ 👑

image
1 y - Translate

နီနီလင်းအိမ် 🔥
အသွေးအမွေးနဲ့ Aura ကြီးက
တဟုန်းဟုန်းတောက်နေတဲ့ မီးစလိုပဲ 👑

image
1 y - Translate

နီနီလင်းအိမ် 🔥
အသွေးအမွေးနဲ့ Aura ကြီးက
တဟုန်းဟုန်းတောက်နေတဲ့ မီးစလိုပဲ 👑

image
1 y - Translate

နီနီလင်းအိမ် 🔥
အသွေးအမွေးနဲ့ Aura ကြီးက
တဟုန်းဟုန်းတောက်နေတဲ့ မီးစလိုပဲ 👑

image