32 ပတ် - ဘာသာပြန်ပါ။

Black Rouge ထဲက Hot Colour MV 06
Sale price နဲ့ ရောက်ပါမယ် 🥰
Normal 4သောင်းကျော်ကို ခုဝယ်ရင် 19500k နဲ့
ရမယ်နော်
အရောင်လည်းလှ ဆိုးလို့လည်းကောင်းပြီး မပျက်လွယ်ဘဲ ကြာကြာခံပါတယ်
4သောင်းကျော်ကနေ ချတာပါရှင် တစ်နှစ်ကျော်အတွင်းရှယ်ဆိုးပစ်ရုံပဲ ဇွတ်တန်တယ်😭
Expired Date 5.9.2026

image
image
image
image
image
32 ပတ် - ဘာသာပြန်ပါ။

Samsung ဖုန်းကိုင်ရင် ဖွင့်ထားသင့်တဲ့ feature တွေ

တကယ်လို့ Galaxy ဖုန်းကိုင်ထားမယ် ၊ ဖုန်းက One UI 7 လည်း တင်ထားတယ်ဆိုရင် ဒီ security feature လေး on ထားဖို့ Samsung က တိုက်တွန်းထားပါတယ်။

Samsung အသစ်ထွက် OneUI 7 ဆော့ဖ်ဝဲလ်ထဲမှာ ဖုန်းအခိုးမခံရအောင် ကာကွယ်ပေးတဲ့ Theft Protection ဆိုတဲ့ feature တစ်ခု ပါလာပါတယ်။ Theft Protection က ဖုန်းအလုခံလိုက်ရတာ ၊ အခိုးခံလိုက်ရတာမျိုးအတွက် တော်တော်အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

ဒီ feaure က AI နဲ့ စက်ရဲ့ motion sensor တွေ သုံးပြီး ဖုန်းအခိုးခံရတာကို သိနိုင်ပါတယ်။ ဥပမာ ဖုန်းကို ရုတ်တရပ် လုပြေးသွားတယ်လို့ sensor က မှတ်ယူတာနဲ့ ဖုန်းကို Theft Detection Lock ချမှာပါ။ နောက်တစ်ခုက အချိန်တော်တော်ကြာအောင် ဖုန်းက offline ဖြစ်သွားရင်လည်း auto-lock ပိတ်ပေးနိုင်ပါတယ်။

ခိုးတဲ့သူက ဖုန်းကို ခြေရာခံမရအောင် Airplane mode တင်တာပဲဖြစ်ဖြစ် SIM card ထုတ်တာပဲ ဖြစ်ဖြစ် လုပ်ထားရင် ဖုန်းထဲက ဒေတာတွေ တခြားမရောက်အောင် Offline Device Lock ပွင့်သွားမှာပါ။ Theft Protection feature မှာ ဖုန်းအခိုးခံရတဲ့နောက် ဖုန်းကို အဝေးကနေ Remote Lock ချနိုင်တဲ့စနစ်လည်း ပါပါတယ်။

ဒီ features တွေက ဖွင့်ရတာ လွယ်ပါတယ်။ ဖုန်း Settings ထဲက Security and Privcy ထဲသွားပြီး Lost device protection ကနေ Theft protection ကို ဖွင့်ရုံပါပဲ။ ပိုစိတ်ချရအောင် security settings တွေ ပြောင်းရင် ပိုင်ရှင်ရဲ့ ဇီဝအတည်ပြုချက်ပေးခိုင်းတဲ့ Identity Check ပါ ဆက်ဖွင့်ဖို့ Samsung က အကြံပြုထားပါတယ်။

အခု features တွေက Samsung Galaxy S22/23/24/25 sereis တွေနဲ့ Galaxy Z Fold 5/Z Fold 6 နဲ့ Galaxy Z Flip 5/Z Flip 6 ဖုန်းတွေမှာ ရနေပါပြီ။ တခြား Galaxy ဖုန်းတွေလည်း မကြာခင် ရတော့မှာပါ။

image
32 ပတ် - ဘာသာပြန်ပါ။

ဒီဘဲက လူ၁၀ယောက်လောက်အရှောခံပြီးကျွန်းကိုသွားတာ၊ အစ်ကိုဘာလို့အဲ့လိုလုပ်တာလဲပဲမေးလိုက်ရတယ်၊ ဟိုကဘာမှပြန်မပြောသွားတဲ့အပြင် ကလေးကိုသူ့စီပို့ဖို့သတိရသွားလို့ အရောက်ပို့လိုက်တာ ကလေးတစ်ယောက်ပါအဖတ်တင်သွားတယ် 🥲
အားမရတဲ့အခန်းတွေထဲသူအဆိုးဆုံးပဲ ကျွန်းကိုဝင်စီးပြီးကယ်တော့မလား၊ အစ်ကိုကိုစိတ်နာပြီးကြိတ်တော့မလားမှတ်တာ ငါ့နှယ့် 🥲

image
32 ပတ် - ဘာသာပြန်ပါ။

open-source ပေးမယ့် Huawei ထုတ် programming language သစ်

Huawei က ကိုယ့်နည်းပညာနဲ့ကိုယ် ဘယ်သူ့မှ မှုစရာမလိုတဲ့အနေအထားကို သွားနေတာပါ။

Google service တွေ သုံးမရတော့ ကိုယ်ပိုင် HarmonyOS ပလက်ဖောင်းထုတ်ပြီး ကိုယ်ပိုင် ecosystem ထောင်တယ်။ အခု apps တွေ ရေးဖို့ ကိုယ်ပိုင် programming language ထုတ်တယ်။ ဒီ language ကို Cangjie လို့ ခေါ်ပါတယ်။

Cangjie ဆိုတဲ့ နာမည်ကတော့ တရုတ်အက္ခရာတွေ တီထွင်ခဲ့တယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ထူးရဲ့နာမည်ကို ယူထားတာပါ။ native AI စွမ်းရည်ပါပြီး security ကောင်းသလို app အမျိုးမျိုးနဲ့ ကိုက်အောင် ဒီဇိုင်းထုတ်ထားတာလို့ ဆိုပါတယ်။ မနှစ်က စပြီး မိတ်ဆက်ခဲ့တဲ့ Cangjie က လာမယ့် ဇူလိုင် ၃၀ မှာ developers တွေအတွက် open-source ထုတ်ပေးဖို့ ရှိပါတယ်။

third-party developers တွေက source code ကို ယူပြီး ကိုယ့်ဘာသာ ဒီဇိုင်းပြင် ၊ ချို့ယွင်းချက်တွေ ပြင်ပြီး ဒီ language ကို မွမ်းမံကြတော့မှာပါ။ Cangjie က HarmonyOS Next ပေါ်က apps တွေအတွက် အဓိက support ပေးဖို့ဆိုပေမယ့် Android နဲ့ iOS apps တွေကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

Huawei က အခု programming language အတွက် ၅ နှစ်နီးပါး development လုပ်ထားတာပါ။ iOS ရော Android အတွက်ပါ support ပေးထားတာ ဖြစ်လို့ Android developers တွေ သုံးနေတဲ့ နာမည်ကြီး Java နဲ့ iOS developer သုံး Swift တို့ကို ယှဉ်ဖိုက်ပါလိမ့်မယ်။ developer community မှာတော့ သီတင်းပတ်အနည်းငယ်အတွင်း trai application ၁ သောင်းကျော် ရနေပြီလို့လည်း ဆိုပါတယ်။

တရုတ်နာမည်ကြီးကုမ္ပဏီတွေကလည်း Cangjie သုံးပြီး မိုဘိုင်း app တွေ ထုတ်လာပါတယ်။ နာမည်ကြီး delivery ကုမ္ပဏီ Meituan ဆို ပစ္စည်းပို့တဲ့ riders တွေအတွက် app ကို Cangjie နဲ့ ရေးနေပါတယ်။ ဒီနှစ် တတိယသုံးလပတ်ထဲ HarmonyOS ပေါ်မှာ ဒီ app တင်မှာပါ။

Huawei ကတော့ mobile OS တင် မဟုတ်ဘဲ open-source ပေးတဲ့ programming language နဲ့ပါ ကိုယ်ပိုင် ecosystem အင်ပါယာကြီးကို အရှိန်ရရ သွားနေပြီလို့ ဆိုရမှာပါ။

image

ဒီဘဲက လူ၁၀ယောက်လောက်အရှောခံပြီးကျွန်းကိုသွားတာ၊ အစ်ကိုဘာလို့အဲ့လိုလုပ်တာလဲပဲမေးလိုက်ရတယ်၊ ဟိုကဘာမှပြန်မပြောသွားတဲ့အပြင် ကလေးကိုသူ့စီပို့ဖို့သတိရသွားလို့ အရောက်ပို့လိုက်တာ ကလေးတစ်ယောက်ပါအဖတ်တင်သွားတယ် 🥲
အားမရတဲ့အခန်းတွေထဲသူအဆိုးဆုံးပဲ ကျွန်းကိုဝင်စီးပြီးကယ်တော့မလား၊ အစ်ကိုကိုစိတ်နာပြီးကြိတ်တော့မလားမှတ်တာ ငါ့နှယ့် 🥲

image

တစ်နေ့မှာ ငါတို့ချစ်ရတဲ့ လူတွေဟာ
ငါတို့ဘေးကနေ ထွက်ခွာသွားကြမှာ
တချို့က ရုတ်တရက် ပျောက်ကွယ်သွားကြတယ်
တချို့က တဖြည်းဖြည်း တိတ်ဆိတ်ရင်း
ပျောက်ဆုံးသွားကြတယ် ။
အဲဒီလို အဆုံးသတ်မရောက်ဖို့
ဘယ်လိုနည်းနဲ့ တားပါစေ
အဲဒီတစ်နေ့ ရောက်လာမှာပါပဲ ။
ရုတ်တရက်တော့ သိပ်နာကျင်ရတာပေါ့ ။ တစ်ယောက်တည်းဖြစ်သွားတဲ့ ခံစားချက်မျိုး
ငါ ဒီလောက် ကောင်းပေးရဲ့သားနဲ့
စွန့်ပစ်ခံလိုက်ရသလိုမျိုး ။
ဒါပေမဲ့ လက်လွှတ်ပေးလိုက်ပါ
ငါတို့ဘဝထဲကနေရော ငါတို့စိတ်ထဲကနေပါ
ထွက်သွားခွင့်ပေးလိုက်ပါ
တကယ်နွေးထွေးပေးတဲ့သူ ရောက်လာဦးမှာပါ ။
တစ်ခါတလေကျ
ဒီလူကိုပဲ ချစ်လွန်း တွယ်တာလွန်းတာကြောင့်
ကျန်တဲ့ လူတွေကို
တံခါးပိတ်မိထားတာမျိုး ဖြစ်တတ်တယ် ။
တခြားလူတွေနဲ့ စပြီး စကားပြောရင်းနှီးပါ
သူ့ကြောင့် သေးငယ်ထားတဲ့
ကိုယ့်ကမ္ဘာလေးကို ဖွင့်လိုက်ရင်း
ပျော်ပျော်ရွှင်ရွှင်နဲ့ လူတချို့ထပ်ဝင်လာဖို့
ခွင့်ပြုလိုက်ပါ။
တိုတောင်းတဲ့ ဘဝလေးထဲမှာ
လူတချို့ကို အမြဲရှိဖို့
ငါတို့ ဘယ်လိုတတ်နိုင်ပါ့မလဲ
ထပ်ချစ်ပါ ထပ်ခင်တွယ်ပါ
ထပ်ပြီး လက်လွှတ်လိုက်ပါ ။
ဒီလူတစ်ယောက်တည်းအတွက် မရှင်သန်ပါနဲ့
တစ်ရက်ပဲ နာကျင်ခံစားလိုက်ပြီးရင်
Move on ။
ငါတို့ဖြစ်တည်မှုတွေကို
တကယ် ချစ်ပေးတဲ့သူတွေ ရဦးမှာပါ ။
သေချာပေါက် ပျော်ရွှင်ရဦးမှာ
အမှတ်တရတွေ ထပ်ဖန်တီးနိုင်ဦးမှာပါ ။
#lavenderpen #အညိုရောင်မေပလ်ရွက်လေးသို့

image

လူတစ်ယောက်ကို ကိုယ်ဖြစ်စေချင်သလို သူ မဖြစ် ၊ ကိုယ်နေစေချင်သလို သူ မနေတတ်လည်း နားလည်ပေးလိုက်ပါ။ နားလည်ပေးလိုက်ရင် သူလည်း ကိုယ့်ကြောင့် စိတ်မွန်းကျပ်တာ ၊ စိတ်ရှုပ်တာ ၊ စိတ်ပင်ပန်းဆင်းရဲတာ ၊ အနေအထိုင် အပြောအဆို ခက်တာမျိုးတွေ မဖြစ်တော့သလို ကိုယ်လည်း သူ့ကြောင့် စိတ်ရှုပ်တာ ၊ စိတ်ပင်ပန်းဆင်းရဲတာ ၊ စိတ်လေးနေတာမျိုးတွေ မဖြစ်တော့ပါဘူး ။ သူလည်း စိတ်သက်သာရာရသွားသလို ကိုယ်လည်း စိတ် သက်သာရာ ရပါတယ် ။ နားလည်ပေးတယ်ဆိုတာ ကိုယ်ချင်းစာပေးတာပါ ။ သူ့နေရာမှာ ကိုယ်စား ဝင်ခံစားပေးတာပါ ။ သူ့နေရာမှာ ကိုယ်သာဆိုရင် ကိုယ်လည်း သူလိုပဲ ဖြစ်တတ်ပါတယ်ဆိုတဲ့ စာနာစိတ်လေး ထားပေးပါ ။ သူ့အပေါ်မှာ သနားငဲ့ညှာပေးတာပါ ။ သူ့ရဲ့အားနည်းချက်ကို လက်ခံဖြည့်တွေးပေးတာပါ ။ လူတစ်ကိုယ် စိတ်တစ်မျိုး သူကမှ ကိုယ် မဟုတ်တာ ၊ သူ့အနေနဲ့ ကိုယ့်အလိုကျတော့ ဘယ်နေနိုင်ပါ့မလဲလို့ တွေးကာ ဆင်ခြင်သတိထား ဖြေသိမ့်နိုင်သွားတာပါ ။
#မောင်ဘုန်း (သပြု)

image
32 ပတ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
32 ပတ် - ဘာသာပြန်ပါ။

#knowledge #ဗဟုသုတ

image
32 ပတ် - ဘာသာပြန်ပါ။

သေသွားတဲ့ ကောင်မလေးပဲ လှတယ်ထင်နေတာ၊
ရေးထားတဲ့ အကြောင်းအရာတွေက ပိုလှနေတယ်..
~~~~~~~~~~~~

နောက်ဆုံးပို့ဆောင်ဖို့
လာကြိုသည့်သူနှင့်အတူ..

မိန်းကလေးတစ်ယောက်
သေဆုံးသွားသည်။

သူ ... ဒါကို သတိထားမိတဲ့အချိန်
သေမင်းဟုယူဆရသည့်
ဝတ်ရုံနက်ခြုံထားသောလူကြီးက
သူ့ဘေးရောက်နှင့်နေပြီ။

လက်ထဲမှာလည်း
တစ်ဖက်က သူကိုင်နေကျ
တူရွှင်းအရှည်ကြီးနှင့်။
နောက်တစ်ဖက်မှာ
လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။

သေမင်းက ...ထိုမိန်းကလေးကို
ပြောသည်၊
"လာ ... ကလေးမလေး သွားဖို့
အချိန်တန်ပြီ"

မိန်းကလေး -
"ဟင် ... မြန်လိုက်တာ ...
သမီးမှာ လုပ်စရာ အစီအစဉ်တွေ
အများကြီးကျန်သေးတယ်"

သေမင်း -
"တကယ်စိတ်မကောင်းပါဘူး။
အချိန်မရှိတော့လို့ပါ ..."

မိန်းကလေး -
"ဦးလက်ထဲက သေတ္တာထဲမှာ ...
ဘာတွေထည့်ထားတာလဲ?"

သေမင်း -
"မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ"

မိန်းကလေး -
"သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ?
ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊
ရွှေတွေ ငွေတွေကိုလား ..."

သေမင်း -
"အဲဒီဥစ္စာတွေက
မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး ...
အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား"

သေမင်း -
"မှတ်ဉာဏ်က ...အချိန်နဲ့ပဲဆိုင်တာ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ ပညာလား"

သေမင်း -
"ပညာက...ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား"

သေမင်း -
"မဟုတ်ဘူး... မိတ်ဆွေတွေက
မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့
ဧည့်သည်တွေ"

မိန်းကလေး -
"ဒါဆို သမီးရဲ့ ချစ်သူ လား"

သေမင်း -
"မဟုတ်ဘူး ... သူက
မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ"

မိန်းကလေး -
"ဒါဆို ကျိန်းသေပြီ၊
အထဲထဲမှာ သမီးရဲ့
ခန္ဓာကိုယ်ပဲဖြစ်ရမယ်"

သေမင်း -
"ဟင့်အင်း ...
ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ"

မိန်းကလေး -
"ဒါဆို နောက်ဆုံးဖြစ်တဲ့
သမီးရဲ့ဝိညဉ်လား"

သေမင်း -
"သနားစရာကောင်းတဲ့
မိန်းကလေးရယ် ...
မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ"

မိန်းကလေး မျက်နှာမှာ
အကြောက်တရားတွေနဲ့
ပြည့်လာနေခဲ့ပြီး
ဇောချွေးပြန်လာသည်။

သူ မစောင့်နိုင်တော့ဘဲ
သေမင်းလက်ထဲက သေတ္တာလေးက်ို
ဆွဲယူဖွင့်လိုက်သည်။

အထဲမှာ ဘာမှ မပါ၊
ဗလာနတ္တိဖြစ်နေသည်။

သူ တုန်လှုပ်သွားသည်။
မျက်ရည်အပြည့်နဲ့
သေမင်းကို မေးလိုက်သည်။

မိန်းကလေး -
"သမီး ဘယ်တုန်းကမှ ...
ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ
ဟုတ်သလား ..."

သေမင်း -
"ဟုတ်တယ် ...
မင်း ဘယ်တုန်းကမှ
ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး"

မိန်းကလေး -
"ဒါဆို ဘယ်အရာက ...
သမီးနဲ့ ဆိုင်ခဲ့သလဲ ..."

သေမင်း -
"မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊

မင်း အသက်ရှိစဉ်အခါက
မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
မင်းပိုင်ဆိုင်ခဲ့တယ်၊

လူဘဝဆိုတာ
မျက်တောင် တစ်ချက်ခတ်တိုင်းမှာ
ဖြစ်ပျက်သွားကြတာပဲလေ"တဲ့ ...။

မှတ်ချက် ။ ။
သေမင်းသည် သင်တို့ထင်ခဲ့သလို
ကြောက်မက်ဖွယ်ရာ
ကောင်းသောသူမဟုတ်ပါ၊
သင့်ရဲ့ နောက်ဆုံးခရီးကို
လိုက်လံပို့ဆောင်ဖို့
လာကြိုသည့် သူသာပင်။

သင့်ရဲ့ ...စက္ကန့်တိုင်း၊ မိနစ်တိုင်းကို
ကောင်းကောင်း တန်ဖိုးထားပါ။

အသက်ကို တန်ဖိုးထားပါ။
အသက်မှာ ပျော်ရွှင်ပါ။
အသက်ကို ရှင်သန်ပါ။

သေမင်းသေတ္တာထဲမှာ
ထည့်သွားနိုင်တဲ့ ...
ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။

Crd

image