28 w - Translate

အချစ်ဦးကို မြေးရတဲ့ထိ မမေ့တဲ့ zodiac sign များ🤧🤦
Cancer ♋ - ဟုတ်ပါတယ်။ ဒီ list ရဲ့ထိပ်ဆုံးမှာ ရှိနေတာကတော့ ချွင်းချက်မရှိ ဂဏန်းတွေပါ။
ကျန်တာတွေကိုသာ ဂဏန်းမှတ်ညဏ်နဲ့ မမှတ်မိရင် မမှတ်မိမှာ 👀
အချစ်ဦးနဲ့ ပက်သက်ရင်တော့ ပထမဆုံးစအကြည့်ဆုံတဲ့ မျက်ဝန်းတွေ၊ first date ကဘယ်လို၊ ပထမဆုံးပြောတဲ့စကား၊ ph call တွေကစပြီး ‌နောက်ဆုံးဝေးသွားတဲ့အချိန် ဘယ်လို အသက်ရှုတယ်ကအစ မှတ်မိနေကြပါတယ်၊ သိမ်းဆည်းထားတတ်ကြပါတယ်🌚
စိတ်ခံစားချက်တွေနဲ့ ပက်သက်ရင် ငြိတွယ်တတ်ကြလို့ အချစ်ဦးကလည်း သေရာပါတက်တူးလိုပါပဲ
Pisces ♓ - ငါးတွေရဲ့ သုံးစက္ကန့်မှတ်ဉာဏ်က အချစ်ဦးအပေါ်မှာတော့ အလုပ်မလုပ်ခဲ့ပါဘူး🤧
ချစ်မိရင် လေးလေးနက်နက်ချစ်သွားတတ်ကြတာဖြစလို့ အချစ်ဦးက သူတို့အတွက် emotional DNA လိုပါပဲ
အတိတ်ကို ကြိတ်ကြိတ်တွေးပြီး အတိတ်က ပျော်စရာကို ဘေးနားလူငုတ်တုတ်ထားပြီး ကြိတ်လွမ်းတတ်ကြပါတယ် 🥲🥲
Scorpio ♏ - ကင်းမြီးကောက်တွေကလည်း အချစ်ဦးနဲ့ ပက်သက်ရင် အစွဲကြီးကြပါတယ်
လွမ်းကြောင်း သတိရကြောင်းတွေ ထုတ်ပြနေမှာမဟုတ်ဘဲ တစ်သက်လုံးသိမ်းဆည်းထားလိုက်ကြတော့မယ် ဆိုတာမျိုး လုပ်ကြတဲ့ လူတွေပါ🔒
သူတို့အတွက် အချစ်ဦးဆိုတာက စိတ်ချင်းဆက်သွယ်နေတတ်ကြတဲ့ ခံစားချက်မျိုး ရှိတဲ့ လူတွေဖြစ်လို့ နာကျင်စရာတွေရှိနေရင်တောင် သတိရတတ်ကြပါတယ်။
Virgo ♍ - ကိုပါဖက်တို့ကလည်း ဒီ list ထဲ နောက်ကျန်မနေခဲ့ပါဘူး။
အပေါ်က sign တွေလိုမျိုး တသသဖြစ်မနေပေမယ့် သူလည်းပဲ ကြုံရင် ပြန်ပြန်တွေးပြီးတော့ ဘာတွေများ အပြစ်ရှိခဲ့လိုလဲဆိုပြီး ပြန်ပြန်ဆန်းစစ်နေတတ်ကြပါတယ် 🤔
Move on နိုင်နေပြီဆိုပေမယ့် ဒီလိုမလုပ်ခဲ့ရင် အဆင်ပြေနိုင်လောက်မလား၊ ဟိုလိုဆိုရင် ဝေးမသွားလောက်ဖူးမလားဆိုပြီး ပြန်ပြန်တွေးနေတတ်ကြပါတယ် 😞😞
Capricorn ♑ - အမျိုးတူ အနွယ်တူ earthquake sign ဖြစ်တဲ့ ကပ်ပီတွေကလည်း အချစ်ဦးကို မမေ့တတ်ကြပါဘူး။
လက်တွေ့ဘဝကို ကောင်းကောင်းကျင်လည်နေတယ်၊ ကိုယ့်ဘဝနဲ့ကိုယ် ပျော်အောင် နေနေကြတယ်။
ဒါပေမယ့် အမှတ်တရတွေကိုတော့ လွှင့်မပြစ်ပဲ သိမ်းထားတတ်ကြပါတယ်။
ချိုချဉ်ခွံလေးကအစ ပေးခဲ့ဖူးတဲ့ ပန်းစည်းအဆုံး အကုန်သိမ်းထားတတ်ကြပါတယ် ☺️
တစ်သက်လုံး ထုတ်ပြတော့မှာမဟုတ်ပေမယ့် တိုက်ဆိုင်မှုတွေရှိလာရင် ရင်ထဲက လွမ်းတတ်ကြပါတယ် 💔

image
28 w - Translate

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်ပျက်စာရင်းသွင်း
ဇူလိုင် ၁ - ၂၀၂၅
SS (VOM)
၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ကာလအတွင်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်ပျက်စာရင်း (Black List) ထည့်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဇွန် ၃၀ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်အထိ စိစစ်ချက်တွေအရ ကုမ္ပဏီ စုစုပေါင်း ၁၉၇ ခုနဲ့ အဲဒီကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တာ ဖြစ်တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ကုမ္ပဏီတွေဟာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ပို့ကုန်လုပ်ငန်း‌တွေ လုပ်ဆောင်ထားပေမယ့် နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေစည်းမျဉ်း‌တွေကို လိုက်နာခြင်း မရှိဘဲ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို အမည်ပျက်စာရင်း ကြေညာမှုနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “ဒီအချိန်၊ ဒီကာလမှာက လုပ်ငန်းတွေ ဖြစ်ဖြစ်မြောက်မြောက် လည်ပတ်နိုင်ဖို့က ခက်တယ်။ အကုန်လုံးက ကျားကန်ပြီး ရုန်းကန်နေရတဲ့ အခြေအနေပေါ့။ Export လုပ်နိုင်ဖို့ ဆိုတာကလည်း နယ်စပ်လမ်းကြောင်းတွေ ကောင်းဖို့လိုတယ်။ ရေကြောင်းက သိပ်အလုပ်မဖြစ်ဘူး။ အဲဒီတော့ Export ပမာဏ လျော့ကျနေတာပေါ့။ ဒါကြောင့် သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေတွေ ပြန်ဝင်နိုင်ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” လို့ ပြောပါတယ်။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပို့ကုန်ရငွေတွေနဲ့ ပတ်သက်လို့ အာရှနိုင်ငံတွေကို တင်ပို့ပါက ပို့ကုန်တင်ပို့တဲ့ နေ့ကနေ ရက်ပေါင်း ၃၀ အတွင်း၊ အာရှနိုင်ငံတွေမှအပ တခြားနိုင်ငံတွေကို တင်ပို့ပါက ပို့ကုန်တင်ပို့တဲ့ နေ့ကနေ ရက်ပေါင်း ၆၀ အတွင်း ပို့ကုန်တင်ပို့သူရဲ့ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်စာရင်းထဲကို မပျက်မကွက် ထည့်သွင်းဖို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေမှာ ပြဋ္ဌာန်း သတ်မှတ်ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ပို့ကုန်ရငွေတွေ သတ်မှတ်ကာလအတွင်း ရရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး လုပ်ငန်းရှင်တွေကို ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့တာမှာ စာရင်း ရှင်းလင်းနိုင်ခြင်း မရှိတဲ့ ကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်း သတ်မှတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်သူတွေဟာ တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်တယ်လို့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ မှာ ပြဋ္ဌာန်းထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က “ကျွန်တော်တို့ဘက်ကလည်း ပို့ကုန်တွေ အရှုံးပေါ်တဲ့အချိန် ဆိုတာရှိတယ်။ ကုမ္ပဏီတွေရဲ့ ပို့ကုန်ရငွေတွေကို မတန်တဆ ငွေလဲနှုန်းနဲ့ မဖြစ်မနေ လဲခိုင်းတာကလည်း အဆင်မပြေဘူး။ သွင်းကုန်လိုင်စင် ပိတ်ထားပြီး ပြန်ချမပေးတာတွေကလည်း ပို့ကုန်ရငွေတွေ ပြည်တွင်းဘဏ်တွေထဲကို ထည့်ဖို့ ကုမ္ပဏီတွေအတွက် ခက်ခဲစေတယ်။ ပို့ကုန်လိုင်စင်ရှိရင် သွင်းကုန်လိုင်စင် ရမယ်ပြောပေမယ့် တကယ်တမ်းကျ မရဘူး။ ကိုယ်တွေဆီကလိုချင်ရင် သူတို့ဘက်ကလည်း ထိုက်သင့်တဲ့ လုပ်ဆောင်ချက်တွေ၊ အကျိုးခံစားခွင့်တွေ ပြန်ပေးဖို့ လိုတယ်” လို့ ပြောပါတယ်။
လက်ရှိ အမည်ပျက်စာရင်း သွင်းခံရတဲ့ ကုမ္ပဏီအများစုဟာ ကုန်သွယ်မှု လုပ်ငန်းတွေဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းတွေအပြင် ခရီးသွားလာရေးနဲ့ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ မော်တော်ယာဉ်၊ ဆေးသုတ်ပစ္စည်း၊ လယ်ယာထွက်ကုန်၊ ပို့ဆောင်ရေး၊ အထည်ချုပ်၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ သံမဏိ၊ သတ္တုတူးဖော်ရေးနဲ့ ရေကြောင်းပို့ဆောင်ရေး စတဲ့ လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိတဲ့ ကုမ္ပဏီ ၁၃၇ ခုကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့ပြီး အဆိုပါ ကုမ္ပဏီတွေထဲက ပို့ကုန်ရငွေစာရင်း ပြန်လည် ရှင်းလင်းလာတဲ့ ကုမ္ပဏီ ၅၉ ခုနဲ့ အဲဒီ ကုမ္ပဏီတွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းကလည်း ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့အထက် ပြန်လည် ဝင်ရောက်မှုမရှိတဲ့ တရုတ်ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
Photo - CJ

image

အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ကနေဒါ ဖျက်သိမ်း
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
အမေရိကန်နှင့် ကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှုကို တွန်းအားပေးရန် မူလသတ်မှတ်ထားသည် ဇွန်လ ၃၀ ရက်တွင် အသက်ဝင်မည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကို ဖျက်သိမ်းကြောင်း ကနေဒါဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အမေရိကန်သမ္မတ ထရမ့် တို့သည် ဇူလိုင်လ ၂၁ ရက်မတိုင်မီ သဘောတူညီချက်ရရှိရေး စေ့စပ်ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် နှစ်ဖက်သဘောတူခဲ့ ပြီးဖြစ်ကြောင်း ကနေဒါ ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

အမေရိကန်က ကနေဒါ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ကောက်ခံမည့်အစီအစဉ်ကို အစဉ်အမြဲဆန့်ကျင်ပြီး ဖိအားပေးတားဆီးရန် ကြိုးပမ်းလျက်ရှိသည်။ ကနေဒါဘဏ္ဍာရေးဝန်ကြီး Francois-Philippe Champagne က ဤအစီအစဉ်ကို ရွှေ့ဆိုင်းမည်မဟုတ်ကြောင်း တစ်ချိန်ကပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်အရ ကနေဒါအစိုးရသည် သိပ္ပံနည်းပညာကုမ္ပဏီများက အသုံးပြုသူများကို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပံ့ပိုးခြင်း သို့မဟုတ် အသုံးပြုသူများထံ အချက် အလက်များ ရောင်းချခြင်း ဝင်ငွေ၏ ၃ ရာခိုင်နှုန်းကို အခွန်အဖြစ်ကောက်ခံမည်ဖြစ်ပြီး ယင်းမှာ သက်ဆိုင်ရာကုမ္ပဏီများ၏ ၂၀၂၂ ခုနှစ် ဝင်ငွေအထိ ကျုံးဝင်မည်ဖြစ်သည်။

အမေရိကန်သိပ္ပံနည်းပညာကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ထုတ်ပြန်ရန် ကနေဒါက အခိုင်အမာဆောင်ရွက်နေခြင်းကြောင့် ကနေဒါနှင့် ကုန်သွယ်ရေးစေ့စပ် ဆွေးနွေးမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းရန် အမေရိကန်က ဆုံးဖြတ်လိုက်ကြောင်း ထရမ့် က ဇွန်လ ၂၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာခဲ့သည်။

image

တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့်အတူလက်တွဲ၍ ပါဝါဘက်ထရီ ဂေဟစနစ်စီမံကိန်းအား တွန်းအားပေးဖော်ဆောင် သွားလိုကြောင်း အင်ဒိုနီးရှားသမ္မတ ဆို
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
ပါဝါဘက်ထရီ ဂေဟစနစ်စီမံကိန်းသည် အင်ဒိုနီးရှားနိုင်ငံအား အရှေ့တောင်အာရှ၌ ပါဝါဘက်ထရီကို ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှုအထိ ကွင်းဆက်တစ်ခုလုံး တစ်သားတည်းထုတ်လုပ် နိုင်သည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်လာ စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့်အတူ အဆိုပါသမိုင်းမှတ်ကျောက်တိုင် အနက်အဓိပ္ပာယ်ရှိသည့် မဟာဗျူဟာစီမံကိန်းအား တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း အင်ဒိုနီးရှားနိုင်ငံသမ္မတ Prabowo Subianto က ဇွန်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ပါဝါဘက်ထရီ ဂေဟစနစ်စီမံကိန်းကို အင်ဒိုနီးရှားအစိုးရပိုင် သတ္တုတွင်းကုမ္ပဏီ PT Aneka Tambang (Antam)၊ အင်ဒိုနီးရှား ဘက်ထရီကော်ပိုရေးရှင်းနှင့် တရုတ်ကုမ္ပဏီ ဖြစ်သည့် Ningbo Contemporary Brunp Lygend ကုမ္ပဏီလီမိတက်တို့ အတူတကွရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြစ်ကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံဖြစ်သည်။

အဆိုပါစက်ရုံဇုန်သည် အင်ဒိုနီးရှားနိုင်ငံ၊ မြောက်မာလူကူပြည်နယ်၊ အရှေ့ ဟာမာဟီရာခရိုင်နှင့် အနောက်ဂျာဗားပြည်နယ်၊ ကာရာဝမ် တို့၌တည်ရှိသည်။

စီမံကိန်းတွင် နီကယ်သတ္တုတူးဖော်ခြင်း၊ အပူပေးသန့်စင်ခြင်း၊ အရည်ကျို၍ ခွဲထုတ်သန့်စင်ခြင်း၊ ဘက်ထရီ ကုန်ကြမ်းပစ္စည်း၊ ဘက်ထရီများ ပြန်လည်သိမ်းဆည်း ခြင်းနှင့် ဘက်ထရီထုတ်လုပ် ခြင်းစသည့် ဘက်ထရီထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက်တစ်ခုလုံး ပါဝင်သည်။

Prabowo Subianto က ထိုနေ့တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ကာရာဝမ် ကုန်ထုတ်လုပ်ငန်း မြို့သစ်၌ စီမံကိန်းအုတ်မြစ်ချအခမ်းအနားအား တက်ရောက်ခဲ့သည်။

နီကယ်အရင်းအမြစ်မှ လျှပ်စစ်မော်တော်ယာဉ် ဘက်ထရီများ ကုန်ချောထုတ်လုပ်မှုအထိ တိုးတက်လာသည့် ဖြစ်စဉ်အတွင်း စွမ်းအင်ကိုယ်ပိုင်ရပ်တည်မှုကို တွန်းအား ပေးလိုက်ရုံသာမက ၎င်း၏စီးပွားရေးအရ လွှမ်းမိုးမှုလည်း အလွန်သိသာထင်ရှားကြောင်း ၎င်းက အခမ်းအနား၌ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးတိုးတက်မှုရည်မှန်းချက် ၈ ရာခိုင်နှုန်းကို ဖော်ဆောင်ရန်အတွက် ကုန်ချောထုတ်လုပ်မှု လုပ်ငန်း ဖော်ဆောင်ခြင်းသည် အစဉ်တစိုက်တိုးမြှင့်လုပ်ဆောင်ရမည့် အရေးပါသည့်နည်းလမ်းဖြစ်ကြောင်း၊ နီကယ် အရင်းအမြစ်နှင့်ပတ်သက်သည့် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မှုသည် ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ် လာစေကာ အခြားသတ္တု ထုတ်ကုန်များ ကုန်ချောထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း တွန်းအားပေးကြောင်း Prabowo Subianto က ပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဝန်ကြီး Bahlil Lahadalia က အဆိုပါစီမံကိန်း၏ တစ်နှစ်တာထုတ်လုပ်နိုင်မှုစွမ်းရည်သည် လျှပ်စစ်ကားအစီးရေ ၃ သိန်း၏ ဘက်ထရီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅,၀၀၀ ဖန်တီးပေးနိုင်ကာ အစိုးရက တွန်းအားပေး ဖော်ဆောင် လျက်ရှိသော နိုင်ငံတော်၏ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာဦးတည်ချက်နှင့် ကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့သည်။

image

အလယ်ပိုင်းစင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ညှိနှိင်းချိတ်ဆက်မှု များစွာအရေးကြီးကြောင်း အာဒိုဂန် ဆို
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
တူကီယဲနိုင်ငံ၏ အလယ်ပိုင်းစင်္ကြံအစီအစဉ်နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေး ညှိနှိုင်းချိတ်ဆက်မှုသည် များစွာအရေးကြီးပြီး ပိုမိုဘေးကင်းလုံခြုံသော၊ ပိုမိုထိရောက်သောနည်းလမ်းဖြင့် အာရှတိုက်နှင့် ဥရောပတိုက်အား ချိတ်ဆက်ပေးရန်အတွက် အထောက်အကူပြုကြောင်း တူကီယဲနိုင်ငံသမ္မတ အာဒိုဂန် က မကြာသေး မီက ပြောကြားခဲ့သည်။

လက်ရှိတွင် တစ်ကမ္ဘာလုံး ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသည် ဆူးအက်တူးမြောင်းမှတစ်ဆင့် ဖြတ်သန်း သွားပါက ပုံမှန်အားဖြင့် ၃၅ ရက်ခန့်ကြာပြီး ဂွတ်ဟုပ်အငူမှ ဖြတ်သန်းသွားပါက ၄၅ ရက်ခန့်ကြာမည်ဖြစ်ကြောင်း၊ အလယ်ပိုင်းစင်္ကြံ၏ သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ပြီးပါက ပို့ဆောင်ရေးအချိန်ကို ခန့်မှန်းခြေ ၁၅ ရက် အတွင်းအထိ လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း အာဒိုဂန် က တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကမ္ဘာလုံးဆိုင်ရာ လမ်းပန်း ဆက်သွယ်ရေး အပြန်အလှန်ချိတ်ဆက်မှုဖိုရမ်အား တက်ရောက်စဉ် ပြောကြားခဲ့သည်။

အလယ်ပိုင်းစင်္ကြံကို ကက်စပီယံပင်လယ်ဖြတ်ကျော် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးစင်္ကြံ(TITR) ဟုလည်း ခေါ်ဆိုပြီး တရုတ်နိုင်ငံမှစတင်ကာ ကာဇက်စတန်နှင့် ကက်စပီယံပင်လယ်ရေပြင်ကို ဖြတ်ကျော်၍ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ သို့ရောက်ရှိပြီး တူကီယဲနှင့် အခြားဥရောပတိုက်နိုင်ငံများအထိ သွားရောက်နိုင်သည်။

အဆိုပါစင်္ကြံဖြင့် တရုတ် နိုင်ငံနှင့် ဥရောပတိုက်အကြား ကုန်းပြင်နှင့် ပင်လယ်သမုဒ္ဒရာ ပို့ဆောင်မှုကြာချိန်ကို များစွာလျှော့ချနိုင်သည်။ တရုတ်-တူကီယဲနှစ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် အလယ်ပိုင်းစင်္ကြံအစီအစဉ် ချိတ်ဆက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး အပြန်အလှန်ချိတ်ဆက် မှုဖိုရမ်ကို ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ် များက တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းပန်းဆက်သွယ်ရေးကွန်ရက်၊ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုထိရောက်မှုမြင့်မားစွာ ပေါင်းစပ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

image

တရုတ်-ဗီယက်နမ် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများ ပထမဆုံးအကြိမ် နယ်စပ်တွေ့ဆုံဆွေးနွေးပွဲ တရုတ်နိုင်ငံ၊ ကွမ်ရှီးတွင် ကျင်းပ
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
တရုတ်-ဗီယက်နမ် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၏ ပထမဆုံးအကြိမ် နယ်စပ်တွေ့ဆုံဆွေးနွေး ပွဲကို တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ၊ နန်နင်းမြို့၌ ကျင်းပခဲ့သည်။တရုတ်၊ ဗီယက်နမ် နှစ်နိုင်ငံ တရားစီရင်ရေးဌာနနှင့် သက်ဆိုင်ရာဌာနများ၊ ပြည်နယ်အချို့ရှိ တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ဥပဒေနယ်ပယ်မှ ကိုယ်စားလှယ် ၁၅၀ ဦးနီးပါး တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် သမ္မတ ရှီကျင့်ဖျင် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ခဲ့ခြင်း အောင်မြင်မှုရလဒ်နှင့် တရုတ်-ဗီယက်နမ် ပူးတွဲကြေညာချက်ကို နက်ရှိုင်းစွာလက်တွေ့ဖော်ဆောင်သော လက်တွေ့ ကျသည့် အစီအမံဖြစ်သလို တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးသော၊ တိကျသည့် လက်တွေ့ကျသော လုပ်ဆောင်မှု ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်-ဗီယက်နမ် တရားစီရင်ရေးဝန်ကြီးဌာနများက နယ်စပ်ဒေသ၊ နယ်စပ် ဒေသရှိ ဒေသခံများ၊ အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ကဏ္ဍစုံလင်သော ဖြေရှင်းရေးယန္တရားများ ထူထောင်ခြင်း၊ တရားဥပဒေဆိုင်ရာ ဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစွာ တိုးချဲ့ဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် တရားဥပဒေ စိုးမိုးရေး လူရည်ချွန်များ ပူးပေါင်းပျိုးထောင်ခြင်း စသည်တို့တွင် ကျယ်ပြန့်သော သဘော တူညီမှုများကို ရရှိခဲ့သည်။

တရုတ်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနဝန်ကြီး ဟဲ့ရုန် က တရုတ်-ဗီယက်နမ် တရားစီရင်ရေးဌာနများသည် အတူတကွကြိုးစားကာ တရားဥပဒေနှင့် တရားရေးစီရင်ရေးဆိုင်ရာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု၏ အရည်အသွေးနှင့် ထိရောက်မှုကို အဆက်မပြတ်မြှင့်တင်ရန်၊ အစိုးရ၌ဥပဒေရေးဆွဲခြင်း၊ တရားဥပဒေဝန်ဆောင်မှု၊ တရားစီရင်ရေး အကူအညီ၊ လူရည်ချွန်ပျိုးထောင်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု စသည့်နယ်ပယ်များတွင် နှီးနှောဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးအားကောင်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်-ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး တည်ငြိမ်ရှည်ကြာစွာ လျှောက်လှမ်းနိုင်ရန် အားဖြည့်ကူညီမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗီယက်နမ် တရားရေးဝန်ကြီးဌာနဝန်ကြီး Nguyen Hai Ninh က ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်း ချစ်ကြည်မှုရှိသော နယ်စပ်ဒေသတည်ဆောက်ရန်၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန်၊ မဟာဗျူဟာအနက်အဓိပ္ပာယ်ရှိသော ဗီယက်နမ်-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း အတူလက်တွဲတည်ဆောက်ရန်အတွက် အကျိုးဆောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဧည့်သည်တော်များက ရှေ့နေလုပ်ငန်း၊ ဖျန်ဖြေရေးလုပ်ငန်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ တရားစီရင်ရေး အကူအညီများ၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍ လူရည်ချွန်ပျိုးထောင်ရေးစသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ နှီးနှောဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများသည် နယ်စပ်တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းရေး၊ ဉာဏ်ရည်တုနှင့် ဥပဒေပညာပေး ခြင်းစသည့် အကြောင်းအရာများကို လေးလေးနက်နက် စူးစမ်းဆွေးနွေးပြီး နှစ်ဖက်၏ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရေးတွင် ပိုမိုများပြားသော လက်တွေ့ကျ သော အတွေ့အကြုံများနှင့် နမူနာကိစ္စရပ်များကို ပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု East China University ၏ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာနပါမောက္ခချုပ်ဖြစ်သူ ရှောင်းခိုင် က ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားစီရင်ရေးဌာနနှင့် ဗီယက်နမ်နိုင်ငံ၊ ကွမ်နင်ပြည်နယ်၊ Lang Son ပြည်နယ်၊ Cao Bang ပြည်နယ်၊ Ha Giang ပြည်နယ်ရှိ တရားစီရင်ရေးဌာန၊ ကွမ်ရှီး တိုင်းရင်းသား တက္ကသိုလ်နှင့် ဟနွိုင်းဥပဒေတက္ကသိုလ် စသည်တို့သည် တွေ့ဆုံဆွေးနွေးမှုအတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ သီးခြားစီလက်မှတ်ရေးထိုးခဲ့ကြသည်။

image

အစ္စရေး၏အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်ကို သံသယရှိဟု အီရန်တာဝန်ရှိသူ ပြောကြား
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
အစ္စရေး၏ မကြာမီက ဆောင်ရွက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ချက်ကို သံသယရှိကြောင်းနှင့် အီရန်ကို တိုက်ခိုက်လာပါက ပြန်လည်တွန်းလှန်တိုက်ခိုက်မည်ဟု အီရန်ထိပ်တန်း တပ်မှူးတစ်ဦးက တက်စ်မင် သတင်းအေဂျင်စီသို့ ပြောကြားသည်။

ဆော်ဒီကာကွယ်ရေးဝန်ကြီး ခါလစ်ဗင်ဆယ်လ်မန်နှင့် တွေ့ဆုံဆွေးနွေးရာ တွင် အီရန်တပ်မတော်စစ်ဦးစီးချုပ် အဗ္ဗဒိုလာဟင်မိုဆာဗီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

အီရန် အနေဖြင့် အစ္စရေး၏အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်ကို သံသယရှိကြောင်းနှင့် အီရန်အား ထပ်မံကျူးကျော် တိုက်ခိုက်လာပါက အပြည့်အဝတုံ့ပြန်တိုက်ခိုက်မည်ဟု ၎င်းက ပြောကြားသည်။

အီရန်က အမေရိကန်နှင့် နျူကလီးယားအရေးဆွေးနွေးနေစဉ် အရာရာထိန်းချုပ်ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်နှင့်အစ္စရေးတို့က အီရန် အပေါ် တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

အီရန်အား အမေရိကန်နှင့်အစ္စရေးတို့က တိုက်ခိုက်ခဲ့ခြင်းအတွက် ရှုတ်ချကြောင်းနှင့် ၎င်းပဋိပက္ခ ပြီးစီးရေး အတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ဆော်ဒီကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

အီရန်နှင့်ဆော်ဒီအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့်ဒေသတွင်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ရန် ဆွေးနွေးပွဲအတွင်း ခေါင်းဆောင်များက သဘောတူခဲ့သည်။

အီရန်နှင့်အမေရိကန်အကြား နျူကလီးယားအရေးဆွေးနွေးမည်ဟု အမေရိကန်သမ္မတထရမ့်၏ မကြာမီက ပြောကြားချက်သည် မှန်ကန်ခြင်းမရှိကြောင်း အီရန်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မဂျစ်တက်စ် ရာဗန်ချီက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

image

အစ္စရေးက ဂါဇာမြောက်ပိုင်းကို ပြင်းထန်သောဗုံးကြဲမှုများပြုလုပ်
*******************
(နိုင်ငံတကာ) ဇူလိုင် ၁
ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်းပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် အစ္စရေးတပ်မတော်ကအမိန့်ထုတ်ပြီးနောက် ဇွန်လ ၂၉ ရက်ညပိုင်းတွင် ယင်းဒေသကို ပြင်းထန်သောဗုံးကြဲမှုများ ပြုလုပ်ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက ဇွန်လ ၃၀ ရက် တွင်ပြောသည်။

လပေါင်း ၂၀ ကြာမြင့်နေပြီ ဖြစ်သည့် အစ္စရေး-ဟားမတ်ပဋိပက္ခကို အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းပြီးနောက် တစ်ရက်အကြာတွင် အစ္စရေးက ထိုကဲ့သို့ ပြင်းထန်သောဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိမ်ဖြူတော်သို့ ရောက်ရှိနေပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး၊ အီရန်အရေးနှင့်ဒေသတွင်း သံတမန်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန် ပြင်ဆင် နေသည်။

အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံများ မရပ်မနားကြားရကြောင်းနှင့် တုန်ခါမှုများသည် ငလျင်လှုပ်နေသကဲ့ သို့ဖြစ်ကြောင်း အသက် ၆၀ ခန့်ရှိသည့် ပါလက်စတိုင်းအမျိုးသားတစ်ဦးက ပြောသည်ဟု RTA သတင်းဌာန ဖော်ပြချက်အရ သိရသည်။

image
28 w - Translate

ပိုကုန်တင်ပိုခဲ့ပြီး ပိုကုန်ရငွေများပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၉၇ ခုအား အမည်မည်းစာရင်း ကြေညာခြင်း
*******************
(ပြည်တွင်း) ဇူလိုင် ၁
၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ပူးတွဲပါ ကုမ္ပဏီ ၁၉၇ ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ တို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီ နှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာတဲ့ အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျတဲ့ အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၃ဝ ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၆ဝ ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဠာန်းသတ်မှတ်ထားပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်” ဟု လည်းကောင်း ပြဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည် ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည် ထည့်သွင်းစေရေး အတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များ ပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်း ခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်း မရှိသည့်ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

image
28 w - Translate

မကွေးတိုင်းဒေသကြီးအတွင်း ရေပိုလွှမှ ရေကျော်နေသည့် တမံ ၄ ခုအထိ ရှိနေ
*******************
(ပြည်တွင်း) ဇူလိုင် ၁
မကွေးတိုင်းဒေသကြီးအတွင်းရှိ တမံ ၄ ခုတွင် ဇွန်လ ၃၀ ရက်မှာ ရေပိုလွှဲမှရေကျော်နေသည့် အခြေအနေရှိပြီး လက်ရှိတွင် တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ကြံခိုင်ကောင်းမွန်နေ တယ်လို့ တိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက အသိပေးထားပါတယ်။အဆိုပါရေပိုလွှဲမှ ရေကျော်နေတဲ့ တမံ ၄ ခုမှာ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံ၊ ပွင့်ဖြူ မြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင်တမံ၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံနှင့် ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင် တမံတို့ဖြစ်တယ်လို့ သိရပါတယ်။

အသိပေးချက်မှာ မကွေးတိုင်းအတွင်းရှိ ရေလှောင်တမံ၊ဆည်နှင့်ကန်များကို ဇယားပြစနစ်ဖြင့် ဖော်ပြထားပြီး၊ မုန်းချောင်းရေလှောင်တမံမှာ ၅၂၀ ဒသမ ၀ ပေကို ရေပြည့်မှတ်အဖြင့် သတ်မှတ်ထားကာ လက်ရှိတွင် ရေပိုလွှဲမှ ရေကျော် အမြင့် ၂ ဒသမ ၆ ပေ ရှိတယ်လို့ သိရပါတယ်။

အလားတူ ကြီးအုံကြီးဝ ရေလှောင်တမံမှာ ၃၄၀ ဒသမ ၀ ပေ ရေပြည့်မှတ် သတ်မှတ်ထားကာ ရေပိုလွှဲမှ ရေ ကျော် အမြင့် ၃ ဒသမ ၂ ပေ ၊ မန်းချောင်းရေလှောင်တမံမှာ ၆၂၅ ဒသမ ၀ ပေ ရေပြည့်မှတ် သတ်မှတ်ထားပြီး ရေပိုလွှဲမှ ရေကျော်အမြင့် ၁ ဒသမ ၄ ပေ နှင့် မြစ်သာရေလှောင်တမံမှာ ၁၀၁၀ ဒသမ ၀ ရေပြည့်မှတ် သတ်မှတ်ထားပြီး ရေပိုလွှဲမှ ရေကျော် အမြင့် ၁ ဒသမ ၂၀ ပေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း ဆည်၊ ကန်နှင့် တမံ စုစုပေါင်း ၅၇ ခု ရှိကာ လက်ရှိအချိန်အထိ ရေပိုလွှဲမှ ရေကျော်သည့် တမံ ၄ ခုသာရှိသေးကြောင်းအသိပေးချက်မှာ ဖော်ပြထားပါတယ်။

image