ရန်ကုန်ရဲ့ အထင်ကရ “ ၁၉ လမ်း “ ကိုရောက်တဲ့အခါ…
#ဘယ်ဆိုင်တွေထိုင်ဖြစ်ကြလဲ …. ?
#၁၉လမ်းဆိုတာ..
bar ထိုင်ရတာ ကြိုက်တဲ့ လူကြီး လူငယ်တွေရဲ့ အသဲနှလုံး ဖြစ်ပြီး
၁၉ လမ်း တိုက်ကြားလမ်းလေးထဲက လမ်းဘေးမှာ ခုံလေးတွေချထားပြီး သီချင်းသံတွေနဲ့ ဘန်ကောက်က ခေါက်ဆန်လမ်းလို ဆိုင်တွေ ပြည့်နေတဲ့ လမ်းလေးကြားလေးပါ ။
🟥 ~ ၁၉ လမ်းမှာ
ကျနော်တို့ရဲ့ တစ်နေ့တာ ပင်ပန်းထားသမျှကို
ဘော်ဒါတွေနဲ့ night out ထွက်ပြီး …
- စိတ်ညစ်စရာတွေ
- အသဲကွဲတာတွေ
- အလုပ်အကြောင်းတွေ ခံစားချက်တွေ ရင်ဖွင့်ခဲ့ကြတဲ့နေရာ တစ်ခုပါ ။
သူငယ်ချင်းတို့ ၁၉ လမ်းကို နောက်ဆုံးဘယ်အချိန်က ထိုင်ဖြစ်ခဲကြတာလဲဆိုတာ မသိပေမယ့် ၁၉ လမ်းကတော့ အရင်အတိုင်း လူစည်ကားနေဆဲပါ ။
🥰ဒီ Post လေးကတော့
၁၉ လမ်းက နာမည်ကြီး ဆိုင်တွေကို စုစည်းတင်ပြထားတာဖြစ်ပြီး -
( ၁၉ လမ်းဆိုင်တာ ဆိုင်အမျိုးမျိုး Vibe အမျိုးမျိုးမို့
၁၉ လမ်းရောက်ရင် ဘယ်ဆိုင်တွေ ထိုင်ဖြစ်ကြလဲ ဘယ်ဆိုင်ကို အကြိုက်ဆုံးလဲ ဆိုတာ 📩 comment မှာ လာရေးသွားကြပါဦး နော် )
#foodinyangon 🩷
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )
