38 w - Translate

အခြားလူကို ပန်းပေးရင်
အရင်ဆုံး ကိုယ့်လက်မှာ ရနံ့တွေ ကျန်ရစ်သတဲ့...

ဒါဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။

•နိုင်းနိုင်းစနေ•

🦐 ချဉ်စပ် ဟင်းချို 🦐
*****************
၁- အသား
ကြက်သား, ပြည်ကြီးငါး, ပုစွန်

၂- ဟင်းသီး ဟင်းရွက်
ပန်းဂေါ်ဖီ, မုန်ညင်းဖြူထုပ်,မှို

၃- ဟင်းခပ် အမွှေးအကြိုင် ( ၆ ) မျိုး
ကြက်သွန်ဖြူထောင်း, ဂျင်းထောင်း
စပါးလင်, ရှောက်ရွက်
ရှမ်းနံနံ, နံနံပင်

၄- အရသာ
သကြား,အရသာမှုန့်,ငံပြာရည်
ငရုတ်သီးစိမ်း ( မညက်တညက် ထောင်းထားပါ )
သံပုရာသီး

၅- တုန်ရမ်းအနှစ်
( မထည့်လဲ ရပါသည် )

_________________________________________________

👉 ချက်ပါတော့မယ်
***************

အိုးထဲရေထည့်ပီး ဗွမ်းဗွမ်းဆူအောင်တည်ပီးနောက်
ဂျင်းထောင်း, ကြက်သွန်ဖြူထောင်း, ထုခွေထားတဲ့ စပါးလင်ထည့်ပါ။

၃ မိနစ်ခန့်ကြာသော်
အသားလွှာထားသော ကြက်သားထည့်ပါ။

၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပြည်ကြီးငါးထည့်ပါ။

၁ မိနစ်ခန့်ကြာသော်
သန့်စင်ထားသော ပုစွန်ထည့်ပါ။

၁ မိနစ်ခန့်ကြာသော်
အသီးအရွက်များ ထည့်လိုက်ပါ။

သကြား,အရသာမှုန့်,ငံပြာရည်
မညက်တညက် ထောင်းထားတဲ့ ငရုတ်သီးစိမ်း
ညှစ်ထားတဲ့ သံပုရာသီး တို့ဖြင့်
ချဉ် ငံ စပ် အရသာကို မိမိနှစ်သက်တဲ့အရသာ စပ်၍ ထည့်ပါ။

တုန်ရမ်းအနှစ် ကတော့ မထည့်လဲ သောက်လို့ ကောင်းပါတယ်။
ဝယ်ရတာ လွယ်ရင်တော့ထည့်ပါ။

အရွက်လေးများ နူးစပြုချိန်မှာ
ရှောက်ရွက်,နံနံပင်,ရှမ်းနံနံထည့်မွှေပီးရင်တော့
အရသာရှိလှတဲ့ ချဉ်စပ်ဟင်းချိုရပါပီ။

image
38 w - Translate

🦀 Cancer season မှာ ဘာတွေကြုံရနိုင်လည်း🔥
ဘယ် sign နေနေတော့ ဒီ July cancer ရာသီချိန်မှာ emotional နဲ့ ပက်သက်ပြီး ကြုံရမှာပါပဲ 🙄🥺
Aries ♎ - ဒီကာလမှာ အိမ် ဒါမှမဟုတ် မိဘတွေနဲ့ tension တွေ ကြုံရတတ်ပါတယ်🗣️
သည်းခံဖို့ လိုအပ်နေတာမျိုး စိတ်ရှည်ဖို့ လိုအပ်နေတာမျိုးတွေကိုလည်း ကြုံရမှာပါ🌚
Taurus ♉ - တောအရက်တွေကတော့ ကိုယ့်ရဲ့ အတိတ်က ပြဿနာတွေ၊ နာကျင်စရာတွေ ပြန်ပေါ်လာတာမျိုး ကြုံရတတ်ပါတယ်😥
ကိုယ့် စိတ်ပိုင်းဆိုင်ရာ နာကျင်တာတွေကို ဆွဲထုတ်မိတာမျိုးဖြစ်တတ်ပြီးတော့ ကိုယ့်ရဲ့ emotional boundaries တွေကို နားလည်လာတတ်ကြပါတယ်😓
Gemini ♊ - ဂျင်းမနိုင်းတွေ အနေနဲ့ကတော့ ကိုယ်ချစ်တဲ့လူတွေက ကိုယ့်ဆီကနေ ပိုပြီး emotional ပိုင်းအရ ဆက်သွယ်ဖို့ တောင့်တတာမျိုး ကြုံရနိုင်ပါတယ်🤕
စိတ်ပိုင်းဆိုင်ရာ လေးလံလာလို့ အနားရဖို့ လိုအပ်လာတာမျိုး balance လုပ်ဖို့ လိုအပ်လာတာမျိုး ကြုံရနိုင်ပါတယ် 🌱🌱
Cancer ♋ - ဂဏန်းရာသီမှာ ဂဏန်းတွေကတော့ အတိတ်က ဒဏ်ရာတွေ၊ trauma တွေကို heal ပြန်လုပ်နိုင်ပါလိမ့်မယ် 🍃🍃
ကိုယ့်အတွက်ကိုယ် ဘောင်ဝင်အောင်လုပ်ဖို့ လိုအပ်နေပြီလို့ အတွေးဝင်ပြီး အဲ့လိုလုပ်ဖို့ ကြိုးစားရနိုင်ပါတယ်။✨✨
Leo ♌ - ဂဏန်းရာသီထဲမှာ ခြင်္သေ့တွေကတော့ ကိုယ့်စိတ်ကို ပြန်မမြင်နိုင်တာမျိုးနဲ့ image ထက် need ကို ပိုမြင်လာတာမျိုး ကြုံရနိုင်ပါတယ် 😔
မိသားစုအရေးတွေနဲ့ ပက်သက်ပြီး ပိုပြီး အောက်ကျို့ဖို့လိုအပ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။👥
Virgo ♍ - ကိုပါဖက်တို့အနေနဲ့တော့ အရာရာကို over ဂရုစိုက်လွန်းလို့ ပင်ပန်းလာတာမျိုး၊ စိတ်ခံစားချက်နဲ့ ရှင်းရမှာကို logic ကျကျ ရှင်းဖို့ ကြိုးစားလို့ဘယ်လိုမှ ရှေ့ဆက်မရတာမျိုးတွေ ကြုံရတတ်ပါတယ် 😩
ကိုယ့်စိတ်ခံစားချက်အစစ်က ဘာလဲဆိုတာကို ဆန်းစစ်ဖော်ထုတ်ဖို့လည်း လိုအပ်လာပါလိမ့်မယ်😌
Libra ♎ - လစ်ဘရာတွေအနေနဲ့တော့ မိသားစုအတွက်ဖြစ်ဖြစ်၊ relationship အတွက်ဖြစ်ဖြစ် emotion ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချရတတ်ပါတယ်။💫
ကိုယ့်ကိုကိုယ်ရွေးမလား ၊ ဆက်ပြီး ဟန်ချက်ညီနေဖို့ပဲ ရွေးမလားဆိုတာမျိုးနဲ့ အဲ့တာနဲ့ပက်သက်ပြီး pressure တွေ ကြုံရနိုင်ပါတယ်။🌟🌟
Scorpio ♏ - Scorpio တွေအနေနဲ့တော့ ပြင်းထန်တဲ့ emotional ဇာတိတွေ ပေါ်ထွက်လာနိုင်ပါတယ်👀
မိသားစုလျှို့ဝှက်ချက်တွေ ရုတ်တရက် ပေါ်ပေါက်လာတာမျိုး ကြုံရနိုင်ပါတယ်👀
ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ချင်ပေမယ့် ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ လွန်ဆွဲရနိုင်ပါတယ် 😬
Sagittarius ♐ - Sagi တွေအနေနဲ့တော့ ကိုယ့်အတွက် အသားစီးမရတဲ့ emotional conversation တွေနဲ့ ကြုံရနိုင်ပါတယ်😞
အရမ်းလေးလံပင်ပန်းနေပေမယ့် လက်ရှိမှာပဲ နေဖို့ လိုအပ်နေတာမျိုး ကြုံရနိုင်ပြီး လွတ်လပ်တယ်ဆိုတာက သံယောဇဉ်ဖြတ်တာနဲ့ မပက်သက်ဖူးဆိုတာကို သင်ယူရနိုင်ပါတယ်🫣
Capricorn ♑ - ရည်မှန်းချက်နဲ့ emotional need တွေကြားထဲ လမ်းပျောက်တာမျိုး ဖြစ်တတ်ပါတယ်🔥
careerနဲ့ ကိုယ့်အိမ်ကြားထဲ လွန်ဆွဲရတာမျိုးလည်း ကြုံရတတ်ပါတယ်💤
Aquarius ♒ - အကွာတွေအနေနဲ့ကတော့ ကိုယ့်ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြဖို့ အခွင့်အရေးရပါလိမ့်မယ် 👊
စိတ်ခံစားချက်တွေကို ဖယ်ထုတ်ပြစ်တာနဲ့ inner peace မရနိုင်ဘူး၊ emotional belonging မရနိုင်ဘူးဆိုတာကို လက်တွေ့ကြုံလာရနိုင်ပါတယ် ⚡
Pisces ♓ - အနိမ့်အမြင့် အတက်အကျတွေအများကြီး ကြုံရနိုင်ပါတယ်☝️
Boundaries တွေ လိုအပ်တာမျိုး ၊ကိုယ့်ကို ဘယ်သူက care လုပ်ပေးတယ်၊ ဘယ်သူ့ကို ပြန်လုပ်ပေးနေတယ် ဒါမျိုးrole တွေမှာ ပိုတိတိကျကျရှိဖို့ လိုအပ်နေပါတယ် 💫💫
အနာဟောင်းတွေက အပြီးသတ်ပျောက်ကွယ်သွားဖို့ ပြန်ကြွလာတတ်ပါတယ် 💅

image

လက်ပံပွင့်အစပ်ချက်

လက်ပံပွင့်ကိုပြုတ်တို့ ချဥ်ရည်ဟင်းရောချက်ရတာရိုးလာပြီဆို
ဒီလိုချက်စားကြည့်ပါ စပ်စပ်လေးနဲ့ ရှူးရှဲပွင့်ထွက်
စားကောင်းစေမယ့် ဟင်းတစ်ခွက်ဖြစ်စေမှာပါ 👇🏻



👆🏻 နှိပ်ပြီး ချက်နည်းအသေးစိတ်ကြည့်ရှုပါရန် ✨

ဂေါ်ရခါးညွှန့်ချဥ်စပ်ကြော်

ချက်ချင်းကြော်ပြီး ထမင်းနဲ့ ပူပူနွေးနွေးလေး
တွဲဖက်စားလိုက်လို့ကတော့ ဘာပြောကောင်းမလဲ
ချက်နည်းက အခက်ကြီးလည်းမဟုတ်
ဝယ်ရလွယ်တဲ့ပစ္စည်းတွေနဲ့ဘဲချက်ထားလို့
အိမ်ရှင်မတို့ အဲ့လိုလေးကြော်စားကြည့်ကြပါလို့ 😋👇🏻



👆🏻 နှိပ်ပြီး ချက်နည်းအသေးစိတ်ကြည့်ရှုပါရန် ✨

ကြက်ဉငရုတ်သီးစိမ်းဆော့

ကြက်ဉ(သို့)ဘဲဉကိုပြုတ်ပါ နှစ်ခြမ်းခွဲထား ငရုတ်သီးစိမ်းကြက်သွန်ဖြူနံနံပင်အမြစ်(သို့)အပင် သကြား ဟင်းခပ်မူန့်နဲနဲတို့ကိုထောင်း ညက်ရင် ငံပြာရည် သံပုရာရည်ထည့်မွှေ ကြက်ဉပြတ်သို့လောင်းချ ရပါပြီရှင်

image

တစ်မျိုးထဲနဲ့စားမြိန်စေမယ့် ဇရစ်ရိုးအစပ်ချက်

ဇရစ်ရိုးကို ကြော်တာအပြင်ဘယ်လိုချက်စားလို့ရသေးလဲဆိုတော့
ပုဇွန်ခြောက်အရသာချိုချို ငရုတ်သီးပူပူ နဲ့ အရည်စပ်စပ်လေး
အဲ့လိုလေး ချက်စားကြည့်ကြပါနော် 👇🏻



👆🏻 နှိပ်ပြီး ချက်နည်းအသေးစိတ်ကြည့်ရှုပါရန်

38 w - Translate

________________________________________
ကျောင်းပိတ်ရက်မှာ အကျိုးရှိရှိ အချိန်ဖြုန်းနည်း
ကျောင်းပိတ်ရက်တွေဆိုတာ ကျောင်းသားဘဝရဲ့ အပျော်ဆုံးအချိန်တွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ ဒီအချိန်တွေကို အပန်းဖြေရုံသက်သက်မဟုတ်ဘဲ ကိုယ့်အတွက် အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာကလည်း အရေးကြီးပါတယ်။ ပိတ်ရက်တွေကို စနစ်တကျစီမံခန့်ခွဲနိုင်ရင် ကိုယ့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်နိုင်သလို၊ ပျော်ရွှင်မှုနဲ့ အပန်းဖြေမှုကိုလည်း အပြည့်အဝရရှိနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ ဝါသနာပါရာအလုပ်တွေကို ဖော်ထုတ်လုပ်ဆောင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကျောင်းတက်နေချိန်မှာ အချိန်မပေးနိုင်တဲ့ ပန်းချီဆွဲတာ၊ ဂီတတူရိယာတီးတာ၊ စာရေးတာ၊ ဓာတ်ပုံရိုက်တာ စတဲ့ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လေ့လာလိုက်စားခြင်းဖြင့် စိတ်ကျေနပ်မှုကို ရရှိစေပါတယ်။ ဒါ့အပြင် ကိုယ်မသိသေးတဲ့ အတတ်ပညာအသစ်တွေဖြစ်တဲ့ ဘာသာစကားအသစ်တစ်ခု သင်ယူတာ၊ ကွန်ပျူတာပရိုဂရမ်မင်း ဒါမှမဟုတ် Web Design လိုမျိုး နည်းပညာရပ်တွေကို လေ့လာတာ စတဲ့ သင်တန်းတိုလေးတွေ တက်ရောက်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အသိပညာ ဗဟုသုတကို တိုးပွားစေပြီး အနာဂတ်အတွက် အထောက်အကူဖြစ်စေပါတယ်။
ဒုတိယအနေနဲ့ စာအုပ်များများဖတ်ခြင်း ကလည်း အကျိုးရှိတဲ့အရာတစ်ခုပါ။ ပိတ်ရက်မှာ ကိုယ်စိတ်ဝင်စားတဲ့ စာအုပ်တွေ၊ ဝတ္ထုတွေအပြင် ဗဟုသုတပေးတဲ့ စာအုပ်တွေကိုပါ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်တွေ ပွင့်လင်းလာစေပြီး စာဖတ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ အပြင်ထွက်ခရီးသွားခြင်းကလည်း ဗဟုသုတတွေပေးနိုင်တဲ့ အရာပါပဲ။ သမိုင်းဝင်နေရာတွေ၊ သဘာဝအလှတရားတွေရှိတဲ့ နေရာတွေကို လည်ပတ်ခြင်းဖြင့် စိတ်အပန်းဖြေနိုင်သလို၊ ပတ်ဝန်းကျင်အသစ်တွေကို လေ့လာခွင့်ရပြီး အတွေ့အကြုံသစ်တွေလည်း ရရှိစေပါတယ်။
နောက်ဆုံးအနေနဲ့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြုန်းခြင်း ကလည်း မေ့မထားသင့်တဲ့အရာပါ။ ကျောင်းတက်နေချိန်မှာ အချိန်နည်းပါးတဲ့အတွက် ပိတ်ရက်မှာ မိသားစုနဲ့အတူ အချိန်ပေးပြီး ပျော်ရွှင်စရာတွေ ဖန်တီးနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ ကစားခုန်စားလုပ်တာ၊ အားကစားလုပ်တာ စတာတွေကလည်း စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အားလပ်ချိန်မှာ အိမ်မှုကိစ္စတွေ ကူညီတာ ဒါမှမဟုတ် ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာမျိုးကလည်း ကိုယ့်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးနိုင်ပြီး လူမှုဆက်ဆံရေးကိုပါ တိုးတက်စေပါတယ်။
ဒီလိုမျိုး ကျောင်းပိတ်ရက်တွေကို စနစ်တကျ စီစဉ်ပြီး အကျိုးရှိရှိ အသုံးချမယ်ဆိုရင် ပိတ်ရက်တွေ ကုန်ဆုံးသွားတဲ့အခါ နောင်တရစရာမရှိဘဲ စိတ်ကျေနပ်မှုအပြည့်အဝ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

image
38 w - Translate - Youtube

ရွှေကြာ အလင်းရောင် ဖွေးဖွေး

38 w - Translate - Youtube

ဇ - ကျော်ရဲအောင် ၊ ရန်အောင် ၊ ထွန်းထွန်း ၊ စိုးမြတ်သူဇာ စိုးပြည့်သဇင်