နောက်ကျောကြွက်သားအတွက် ဒါတွေဆော့

#လက်မောင်းရှေ့ကြွက်သားကို ပုဆိုးသုံးပြီးဆော့ကြည့်ခြင်း

သားကြီူ ဒီတစ်ကျော့ပါပဲကွာ

Lets go မျှော်မှန်းတဲ့အရာတွေအတါကစိတ်ဓာတ်ကိုပြင်ဆင်ထားဖို့လိုပါတယ်

Here’s my abs routine, kings and queens ❤️

20 w - Translate

Dark Harvest (2023)

ဟောလိုးဝင်းညတိုင်း တစ်ရွာလုံးက ရအောင်လိုက်သတ်ရမဲ့မကောင်းဆိုးရွား အကြောင်း ဟော်ရာဇာတ်လမ်းပါပဲ။
ဒီဟောရာရုပ်ရှင်အသစ်က ပဟေဠိဆန်ဆန်နဲ့ကြောက်စရာကောင်းအောင် ရိုက်ပြထားတာပါ။
ဟော်ရာကြည့်နေကျသူတွေဆို နည်းနည်းခန့်မှန်းမိနိုင်ပေမဲ့ဘာဖြစ်မလဲ ဆက်ကြည့်ချင်စိတ်နဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်းရွာကလေးတစ်ခုမှာ ဓလေ့တစ်ခုရှိတယ်။ဟောလိုးဝင်းညတိုင်း ပြောင်းခင်းထဲကနေမကောင်းဆိုးရွားတစ်ကောင်ထလာပြီး ရွာထဲကဘုရားကျောင်းထဲကို သန်းခေါင်မတိုင်ခင် ရအောင်ဝင်တယ်။အဲဒီမကောင်းဆိုးရွား ဝင်နိုင်သွားပြီဆိုရင် တစ်ရွာလုံးမုန်တိုင်းတွေကျ သီးနှံတွေ ပျက်စီးပြီးတစ်နှစ်လုံး ဒုက္ခရောက်ကြတယ်လို့ အယူရှိပါတယ်။ဒါကြောင့် ဟောလိုးဝင်းရောက်တိုင်း ရွာရဲ့ ၁၈ ပြည့်ကောင်လေးတွေအကုန်အဲဒီမကောင်းဆိုးရွားကို သန်းခေါင်မတိုင်ခင် လိုက်ရှာသတ်ကြရပါတယ်။အဲဒီကောင်လေးတွေထဲက မကောင်းဆိုးရွားကို သတ်နိုင်လိုက်တဲ့ ကောင်လေးဟာရွာကနေ မြို့တက်ဖို့ ငွေအလုံအလောက်နဲ့ ကာဒီလက်ကားအသစ်တစ်စီးတဲ့အပြင်၊ကောင်လေးရဲ့မိဘတွေကိုလည်း အိမ်အကြီးကြီးအသစ်တစ်လုံး ဆုချလေ့ရှိတာမို့ယောကျာ်းလေးတွေ အပြိုင်အဆိုင် အမဲလိုက်ကြတဲ့ပွဲပါပဲ။အခုရောက်လာတော့မဲ့ ဟောလိုးဝင်းမှာလည်းအဲဒီလို အမဲလိုက်ဖို့ ပြင်ဆင်နေကြတဲ့ထဲက ကောင်လေးတစ်ယောက်ကတော့အဲဒီညကြီးရဲ့ ကြောက်စရာအမှန်တရားတစ်ခုကို သိလိုက်ရတဲ့အခါ…

image

Miss Grand International 2024 ရေချယ်သာ မလာရင် Miss Grand International 2023 1sr runner up အလှမယ် the one only နီနီ့ကို Crown ? လွှဲခိုင်းမယ်ဆိုတော့ နီနီက MGM မှာ Crown ၂ ခါ လွှဲပေးရမယ့်အလှမယ် ဖြစ်လာမ

တရုတ်အရှေ့မြောက်ပိုင်း စားသောက်ဆိုင်မီးလောင်မှု ၂၂ ယောက်သေဆုံး
ပေကျင်း၊ ဧပြီ-၃၀-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်ရှိ စားသောက်ဆိုင်တဆိုင် မီးလောင်မှုကြောင့် လူ ၂၂ ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
စားသောက်ဆိုင်ဟာ နှစ်ထပ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းချိန်မှာ လေပြင်းတွေတိုက်ခတ်မှုကြောင့် လျင်မြန်စွာကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူဖို့ တရုတ်သမ္မတ ရှီကျင်းပင်က အမိန့်ပေးထားပါတယ်။ မကြာခင်မှာ မေလရုံးပိတ်ရက်ကာလကို ရောက်ရှိတော့မှာကြောင့် အများပြည်သူဘေးကင်းလုံးခြုံရေး အရေးကြီးတယ်လို့ ဆိုပါတယ်။
အဆောက်အအုံနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ဘေးကင်းလုံခြုံမှု လျော့ရဲမှုတွေကြောင့် တရုတ်နိုင်ငံမှာ လူအသေအပျောက်များတဲ့ မီးလောင်မှုတွေ မကြာသေးမီကာလတွေအတွင်း မြင့်တက်လာပါတယ်။ ယခုလအတွင်း နိုင်ငံမြောက်ပိုင်း ဟီဘေးပြည်နယ် ဘိုးဘွားရိပ်သာမီးလောင်မှုကြောင့် လူ ၂၀ သေဆုံးခဲ့သည်။
ဇန်နဝါရီလအတွင်းကလည်း ပေကျင်းအနောက်မြောက်ပိုင်း စျေးတခုမီးလောင်မှုကြောင့် လူရှစ်ယောက်သေဆုံးပြီး ၁၅ ယောက်ဒဏ်ရာရခဲ့ပါတယ်။ ဒီမတိုင်ခင်တလအလိုက နိုင်ငံအရှေ့ပိုင်း ရောင်ချန်းမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မီးလောင်မှုကြောင့် လူကိုးယောက်သေဆုံးခဲ့ပါတယ်။
Ref:CNA
Photo: Reuters

image
20 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဧပြီ - ၃၀ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၃၀၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၅၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၅၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၁၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၈၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၂၀ ကျပ်
ဝယ်ဈေး - ၄၃၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၀၀ ကျပ်
ဝယ်ဈေး - ၃၃၅၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၃၀ ကျပ်
ဝယ်ဈေး - ၄၉၃၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၁၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၀၈ ကျပ်
ဝယ်ဈေး - ၅၉၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၁.၀၉ ကျပ်
ဝယ်ဈေး - ၃၀.၄၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၉၂ ကျပ်
ဝယ်ဈေး - ၅၀.၉၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၀ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၂၀ ကျပ်
ဝယ်ဈေး - ၅၈၀၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၃၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၁ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၀၄ ကျပ်
ဝယ်ဈေး - ၁၁၈၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

Predator: Badlands ရဲ့ ဇာတ်လမ်းက ဘာဇာတ်လမ်းဖြစ်မလဲ !
Predator: Badlands ရုပ်ရှင်ကတော့ Predator ရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့ ၈ ကားမြောက် ရုပ်ရှင်ဖြစ်ပါတယ်။ နောက်ပြီး ဒီဇာတ်ကားက ဒါရိုက်တာ Dan Trachtenberg ရိုက်တဲ့ တတိယမြောက် Predator ရုပ်ရှင်ဖြစ်ပြီး သူက ၂၀၂၂ မှာ Prey ကို ရိုက်ခဲ့သလို၊ မကြာခင်ထွက်မယ့် Killer of Killers ဆိုတဲ့ Animated ရုပ်ရှင်ကိုလည်း ရိုက်ထားပါတယ်။ ဒီ Badlands မှာ အဓိကဇာတ်ကောင်တွေအနေနဲ့ Elle Fanning သရုပ်ဆောင်တဲ့ Thia နဲ့ Dimitrius Schuster-Koloamatangi ကတော့ Predator နေရာက သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းမှာ သူတို့နှစ်ယောက်က မထင်မှတ်ဘဲပေါင်းမိပြီး သူတို့ထက် အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ရမယ့် စွန့်စားခန်းတစ်ခုအကြောင်းကိုရိုက်ပြမှာဖြစ်ပါတယ်။
Trailer ထဲမှာတော့ Elle Fanning ရဲ့ ဇာတ်ကောင် Thia က Weyland-Yutani ရဲ့ (Android) စက်ရုပ်လူသားပုံစံပြသွားပါတယ်။ ဒါကို Trailer ထဲမှာ သူ့မျက်လုံးတွေအဖြူပုံစံပြောင်းတော့ စက်ရုပ်လိုမျိုး ဖြစ်သွားတာမျိုးလို့ ယူဆလို့ရပါတယ်။ ဒါက Predator နဲ့ Alien ရုပ်ရှင်တွဲတွေရဲ့ ဆက်နွယ်မှုလို့ ထင်မိပါတယ်။ ဒီဆက်နွယ်မှုက ၂၀၀၄ မှာ Alien vs. Predator နဲ့ ၂၀၀၇ မှာ Aliens vs. Predator: Requiem ကားတွေနဲ့ စတင်ခဲ့တာပါ။ ဒါပေမယ့် ဒီရုပ်ရှင်မှာ Alien နဲ့ Predator တို့ ဘယ်လို ဆက်နွယ်မှုရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။
နောက်ပြီး ဇာတ်လမ်းရဲ့ အဓိက နေရာက ဘယ်မှာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ Predator တွေရဲ့ မွေးရပ်ဂြိုဟ်မှာ ဖြစ်နိုင်တယ်လို့ ထင်ရပါတယ်။ ဒီဂြိုဟ်ကို အရင် Predator ရုပ်ရှင်တွေမှာလည်း အသေးစိတ် သိပ်မပြဖူးပါဘူး။
[
အခုအချိန်အထိတော့ Predator: Badlands အကြောင်းအသေးစိတ်မသိရသေးပါဘူး။ ဒါပေမယ့် နောက်ထပ် Trailer ထွက်လာမယ်ဆိုရင်တော့ ပိုစိတ်ဝင်စားဖို့ကောင်းလာဦးမှာ အသေအချာပါပဲ။ နောက်ပြီး Predator နဲ့ နောက်ထက် Universe အကြီးကြီးလုပ်လာနိုင်မယ့် ပုံစံတွေလည်း ပြသွားခဲ့ပါတယ်။
ဇာတ်လမ်းထဲမှာ လူနည်းနည်းပဲပါပေမယ့် ကြီးမားတဲ့ပုံစံတွေချပြသွားမယ်လို့တော့မျှော်လင့်မိပါတယ်။

image