Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🌼All Natural Houttuynia Cordata Moisture Suncream
နာမည်ကြည့်ပြီး ပြောရရင်တော့ အသားအရေကို moisture အလုံအလောက်ပေးမဲ့ moisturizing sunscreen အမျိုးအစားပေါ့။ သူ့မှာ Spf 50+ နဲ့ PA++++ ပါတယ်။
Fully chemical sunscreen ဖြစ်တဲ့အလျောက် သူ့မှာ broad spectrum chemical UV filters တွေရယ် ဒီ series ရဲ့အသက်လို့ပြောရမယ့် heartleaf extract🌱 100,000ppm(% အားဖြင့် 10%)ပါတယ်။ တခြား ingredients တွေဆိုရင် hydration & moisture ပေးမဲ့ cetearyl alcohol, centella asiatica, tocopherol, ceramide NP နဲ့ sodium hyaluronate တို့ ထည့်ပေးထားတယ်။ သူက drying alcohol, fragrance & essential oil free ဖြစ်တယ်။
Nyi နောက်ပိုင်းစမ်းဖြစ်တဲ့ sunscreen တွေထဲမှာ ဒါလေးက texture ဆန်းတဲ့ထဲ ပါတယ်။ ဘူးထဲက ညှစ်ထုတ်လိုက်ရင်တော့ ပျစ်ပျစ်လေးထွက်လာပေမဲ့ မျက်နှာပေါ် blend လုပ်လိုက်ရင် soft cream လို အသာလေးအိပျော်ပြီး စိမ့်ဝင်သွားတယ်။ Effortlessly ကို စိမ့်ဝင်တာနော်, အချိန်လုံးဝမယူဘူး။ Silicone တချို့ပါလို့ လိမ်းရတာ silicony ဖြစ်တဲ့ ခံစားချက်မျိုးရတယ်, အရမ်းတော့မဟုတ်ဘူး။ Texture က အဝါဖျော့ရောင်လေး💛နဲ့ အနံ့ကတော့ အမွှေးနံ့ထည့်မထားတဲ့ skincare အနံ့မျိုးပဲ။
Moisture အသားပေး sunscreen ဆိုတော့ လုံလောက်တဲ့အစိုဓာတ်ကတော့ ပေးနိုင်တယ်။ Oily skin နဲ့ အသားသိပ်မခြောက်တတ်တဲ့သူဆိုရင် moisturizer တောင် ကျော်လိုက်လို့ဖြစ်တယ်👌 ဒီ sunscreen နဲ့ပတ်သက်ပြီး Nyi သဘောအကျဆုံးအပိုင်းကတော့ သူ့ရဲ့ finish ပဲ။ Moisturizing ဖြစ်ပေမဲ့ အဆီတွေရွှဲမနေဘူး, ညက်ညက်မှုန်မှုန်လေးနဲ့ ဘိုဆန်တယ်။ Semi-matte နဲ့ natural finish ကြားလောက်လို့ ပြောရမလားပဲ။ စျေးအရလဲ 2သောင်းစွန်းစွန်းပဲမလို့ စျေးသင့်တယ် ဆိုရမယ်။
အမှန်အတိုင်းပြောရရင် sunscreen အဆင့်ဆိုတာကြောင့်လဲ ပါမယ်, သတိမထားမိတာကြောင့်လဲ ပါမယ်, ဒီ sunscreen ကို calming effect ပေးနိုင်တယ်လို့တော့ Nyi အနေနဲ့ မခံစားမိဘူး။ ဒါပေမဲ့ တာဝန်ကြေတဲ့ very solid sunscreen တခုလို့တော့ ပြောရဲတယ်။ 📌All skin types including acne prone & sensitive skin တွေကအစ စိတ်ချသုံးလို့အဆင်ပြေတယ်။ စျေးနှုန်းသင့်တင့်ပြီး သုံးလို့ကောင်းတာမျိုး ရှာနေတဲ့သူတွေအတွက်လဲ ဒါလေးက ရွေးချယ်စရာကောင်းတခု ဖြစ်ပါလိမ့်မယ်။
#crd
#skincarereview
တစ်ကျပ်တန်ပေးပြီး
တစ်ထောင်တန် တန်တဲ့ ပစ္စည်းကို
လိုချင်လို့ မရပါဘူး။
စျေးဝယ်လို့ပဲ ဖြစ်စေ။
ဆက်ဆံရေးဘဲ ဖြစ်စေ။
ချစ်ခြင်း မေတ္တာပဲ ဖြစ်စေ။
ပေးရင် ပေးသလောက်နဲ့ ပြန်ရမှာပါ...
အပေါ်ယံပေးရင် အပေါ်ယံ တံဆိတ်ကိုပဲ ပြန်ရမယ်။ အစစ်အမှန်ပေးရင်အစစ်အမှန်လဲ တဖက်တနေရာကနေ ပြန်လာပါတယ်။
တခါတလေ ကိုယ်ပေးဆပ်
အနစ်နာခံသလောက် တန်ပြန်သက်ရောက်မူမရှိဘူးလို့ ခံစားရတဲ့အချိန်မှာ လူပေးမှားတာလဲ ဖြစ်နိုင်သလို အတိတ်က ယူခဲ့တဲ့ ဝဍ်ကြွေးကြောင့်လဲ ဖြစ်နိုင်ပါတယ်။
တကယ်တမ်း ပေးပြီဆိုကတည်းက
တိုက်ရိုက်ပြန်ရတာပဲ ဖြစ်ဖြစ်
သွယ်ဝိုက်နဲ့ပြန်ရတာပဲ ဖြစ်ဖြစ်
တစ်ကျပ်ပေးရင်
တကျပ်တန်အကျိုးပေးပြီး
တစ်ထောင်တန်ပေးရင် တစ်ထောင်ဖိုး
အကျိုးပေးမယ်ဆိုတဲ့ တန်ရာတန်ကြေးတော့
ရှိနေစမြဲပါပဲ။
ခရမ်းသီးစိုက်ပျိုးနည်း
နိဒါန်း
မြန်မာနိုင်ငံတွင် အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြန်မာနိုင်ငံတွင်ဆင်စွယ်ခရမ်းရှည်မျိုး (ခရမ်းရောင်၊ အစိမ်းရောင်) အလုံးမျိုး (ခရမ်း၊ အစိမ်း၊ အဖြူရောင်) လုံးရှည်မျိုး (ခရမ်းရောင်)ကိုစိုက်ပျိုးလေ့ရှိပါသည်။
ပျိုးထောင်ခြင်း
ကောင်းစွာဆွေးမြေ့သော နွားချေး၊ သစ်ရွက်ဆွေးများ အသုံးပြု၍ မျိုးစေ့များကို တစ်တန်းနှင့် တစ်တန်း လေးလက်မခန့်ခြားပြီး သုံးပေအကျယ်၊ ပေ ၃၀ အရှည်ဘောင်များ ပြုလုပ်ပျိုးထောင်နိုင်ပါသည်။ အပင်များ ကြပ်မနေစေရန် မလိုသောပျိုးပင်များကို နုတ်ပစ်ရမည်။ ညနေခင်းတွင် ရေပန်းခရားစိပ်ဖြင့် ရေဖျန်းပါ။
မျိုးစေ့နှုန်း
ခေါင်းကြီး၊ ထောပတ်၊ ညိုရှည်စသည်ဖြင့် ဒေသအလိုက် သင့်တော်သော မျိုးများကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။ တစ်ဧကမျိုးစေ့ ၃၀၀ ဂရမ်နှုန်း လိုအပ်သည်။
မြေပြုပြင်ခြင်း
မြေဆီသြဇာထက်သန်သော သဲနုန်းမြေတွင် ထယ်သုံးစပ်မှ လေးစပ်ထိုး၍ ထယ်ရေးညက်သည်အထိ ထွန်ပေးရပါမည်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ မှ ၆ ဒသမ ၅ အတွင်း ပိုမိုဖြစ်ထွန်းနိုင်ပြီး နုန်းမြေသည် အသင့်တော်ဆုံးဖြစ်သည်။
စိုက်ပျိုးခြင်း
ပျိုးပင်များ အရွက်ငါးရွက်ရရှိလျှင် စိုက်ခင်းသို့ ညနေခင်းတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ စိုက်ချိန်တွင် အစိုဓာတ်လုံ လောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင် နေပူဒဏ်မှ ကာကွယ်ရန် အရိပ်ပြုလုပ်ရမည်။ အပင်များကောင်းစွာ အမြစ်စွဲလျှင် အရိပ်များ ဖယ်ပေးနိုင်သည်။ ရွှေ့ပြောင်းစိုက်ရာတွင် ခရမ်းမျိုးအလိုက် တန်းကြား သုံးပေမှ လေးပေ၊ ပင်ကြား နှစ်ပေမှ သုံးပေထားပြီး စိုက်ပါ။
အပင်ပြုစုခြင်း
ခရမ်းပင်အိုများ အသီးအထွက် နည်းသွားသောအခါ အပင်များကို ထက်ဝက်ခန့်ထိ အကိုင်းများချိုင်ပေးပြီး သဘာဝမြေ ဆွေးထည့်ပေးခြင်းဖြင့် အပင်များ ပြန်လည်သီးပွင့်လာမည်။ ခရမ်းတွင် ကျရောက်တတ်သော ပိုးမွှားများမှာ ခေါင်ညွန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးများဖြစ်ပြီး ပင်လုံးပျံ့ပိုးသတ်ဆေးဖျန်းပြီး ကာကွယ်ပါ။
ဆွတ်ခူးခြင်း
အသီးဆွတ်ခူးရန်အချိန်သည် အသီး၏ ပုံသဏ္ဌာန်ပေါ် မူတည်ပါသည်။ လုံးဝိုင်းပုံနှင့် ဘဲဥပုံအသီးများကို ပန်းပွင့်ပြီး ၂၅ ရက်မှ ၃၀ ရက်ကြာလျှင် ဆွတ်ခူးနိုင်ပါသည်။ လုံးရှည်ပုံတွင် ပန်းပွင့်ပြီး ၃၀ ရက်ကြာလျှင် ခူးဆွတ်နိုင်ပြီး အသီးရှည်နှင့် အလွန်ရှည်သော အသီးပုံများတွင် ပန်းပွင့်ပြီး ၃၅ ရက်မှ ၄၀ ရက်ကြာလျှင် ခူးနိုင်ပါသည်။ အသီးရောင် တောက်ပနေသောအချိန်သည် စားသုံးရန်အနေတော်ဖြစ်ပြီး အရောင်မှိုင်းသွားပါက အသီးရင့်ပြီး စားသုံးရန် မကောင်းတော့ပါ။ အသီးများ ပုံမှန်ခူးပေးခြင်းဖြင့် အသီးထွက်နှုန်းကို မြင့်မားစေ နိုင်သည်။ တစ်ဧကပိဿာချိန် ၆,၀၀၀ မှ ၈,၀၀၀ အထိ ထွက်ရှိနိုင်ပါသည်။
- ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)
#crd
#greengarden