ဒီပုံဟာ ကင်မရာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံ မဟုတ်ပါ ပန်းချီဆရာ Keegan Hall က နာရီပေါင်း
250 ကြာ ရေးဆွဲထားတဲ့ ခဲပန်းချီတစ်ချပ်ဖြစ်ပါတယ်
#knowledge

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီပုံဟာ ကင်မရာနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံ မဟုတ်ပါ ပန်းချီဆရာ Keegan Hall က နာရီပေါင်း
250 ကြာ ရေးဆွဲထားတဲ့ ခဲပန်းချီတစ်ချပ်ဖြစ်ပါတယ်
#knowledge
Cranston Academy: Monster Zone(202
ဉာဏ်ကောင်းတဲ့ ချာတိတ်လေးတစ်ယောက်ဖြစ်တဲ့ “ဒန်နီ”က မမျှော်လင့်ဘဲနဲ့
ဉာဏ်ကြီးရှင်တွေစုဝေးနေတဲ့ ခရန်စတန်သိပ္ပံကျောင်းကိုတက်ဖို ပညာသင်ဆုရခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့ဆရာ ပါမောက္ခစတန်ကတော့ ဒန်နီ့ရဲ့တီထွင်မှုတွေကို အထင်မကြီးဘဲ အမြဲနှိမ်ချဆက်ဆံလေ့ရှိတယ်။
ဒန်နီတစ်ယောက် မခံချင်စိတ်နဲ့ ပရောဂျက်အကြီးကြီးလုပ်ပြဖို နည်းလမ်းရှာတေ
ာ့ လွန်ခဲ့ဆယ်နှစ်လောက်က ရုတ်တရက်ပျက်စီးသွားလို ပိတ်ထားခဲ့ရတဲ့ အဏုမြူဓာတ်ပေါင်းဖိုကို သွားတွေ့ပါတယ်။
ပျက်စီးနေတဲ့ ဓာတ်ပေါင်းဖိုကို အသစ်ပြန်မွမ်းမံဖို ကြိုးစားရင်းကနေ ကြောက်ဖိုကောင်းလှတဲ့
မွန်းစတားသတ္တဝါမျိုးစုံ နေထိုင်တဲ့ နေရာတစ်ခုရဲ့ ဝင်ပေါက်ကို မတော်တဆ ဖွင့်မိသွားတဲ့အခါမှာတော့…..
.ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ရှူစားလိုက်ကြပါဦး..
ဇာတ်ကားလင့်
https://t.me/c/2186686827/276
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
1979 မှာ Jupiter ဂြိုလ်အနားကနေ voyager 1 ဂြိုလ်တုက ဖြတ်သွားရတော့ လမ်းကြုံ ဓာတ်ပုံရိုက်ပြီး ကမ္ဘာကိုပြန်ပို့နိုင်ခဲ့တယ် ။
ဒီကရတဲ့ ဓာတ်ပုံတွေထဲက Jupiter ဂြိုလ်ရဲ့ အရံလ Europa ကို ရိုက်ထားတဲ့ ပုံတွေ မှာထူးခြားတာတစ်ခုတွေ့တယ်။ ပုံမှန် ဂြိုလ်တွေရဲ့မျက်နှာပြင်မှာ ဂြိုလ်သိမ် တွေဝင်တိုက်တဲ့ ဒါဏ်တွေ ခံရလို့ ကျောက်ပေါက်မာတွေရှိနေတယ် ၊ အင်္ဂါဂြိုလ်၊ လတို့ မှာလိုမျိုးပေါ့ ။
ဒါမယ့် ၁၉၇၉ ကရခဲ့တဲ့ ပုံတွေမှာ အဲ့လိုမျိုးမရှိနေဘူး ဂြိုလ်က ချောမွေ့နေတော့ တစ်ခုခုထူးဆန်းနေတာ ပဲဆိုပြီးနောက်ထပ်လေ့လာရေးတွေဆက်လုပ်တယ်။ အဲ့မှာ ထပ်ရလာတဲ့ data တွေကြောင့် Europa မှာရေရှိနိုင်လောက်တယ်ဆိုတာကို သိလာရတယ်။ ဒါမယ့် ပိုသေချာရအောင် Europa အနားမှာ ဂြိုလ်တုတစ်လုံးထားပြီး လေ့လာလို့ရနေအောင် ဒီeuropa clipper mission ကို စတာ။ ရေရှိနေတဲ့အပြင် Europa ရဲ့ ရေအောက်မျက်နှာပြင်မှာ ကမ္ဘာ မှာလိုမျိုး Thermal မီးတောင်တွေ ရှိနိုင်လောက်တာကို ပါတွေ့ပြီး ဒီမီးတောင်တွေမှာ သက်ရှိရှင်သန်နေလောက်တာကိုပါ တွေးမိလာကြတယ်။
ပုံမှန် Jupiter ဂြိုလ်ရဲ့ဗဟို မှာ hydrogen တွေအများကြီးစုနေတယ်။ဒီမှာ အရမ်းများတဲ့ pressure နဲ့ temperature တွေကြောင့် ဒီက hydrogen ပုံစံ က gaseous ပုံစံမဟုတ်တော့ပဲ metallic liquid ပုံစံဖြစ်နေတယ်။အဲ့တာအပြင် Jupiter ကိုယ်တိုင်က အရမ်းများတဲ့ အရှိန်နဲ့လည်နေတာ ဆိုတော့ ဒီကနေ magnetic လှိုင်းတွေထွက်တယ်။ ကမ္ဘာမှာတစ်နှစ်လောက်ထွက်တဲ့ radiation ထက် အဆ ၂၀၀၀၀ လောက်များတယ်။
ဒီလို လှိုင်းတွေကြောင့် အနားမှာ ဖြတ်သွားတဲ့ electronic ပစ္စည်းမှန်သမျှ ကကြာကြာထားဖို့မလွယ်ပဲ ပျက်ဖို့လွယ်တယ်။ Voyager 1 ဖြတ်သွားတုန်းကလည်း ဒီလှိုင်းတွေကြောင့် တစ်ချို့ ကိရိယာတွေ အလုပ်မလုပ်တော့ပဲ ရပ်သွားတယ်။ဒီလှိုင်းတွေက Europa တို့ IO တို့လို Jupiter ရဲ့ အရံလတွေပေါ်မှာကို သက်ရောက်နေပြီး ဒီဂြိုလ်တွေမှာလည်း electronic chip တွေ ကြာကြာမခံဘူး။
အဲ့တော့ Europa အရံလအနားမှာ ဂြိုလ်တုတစ်လုံးကို အကြာကြီးထားပြီးလေ့လာရေးလုပ်ဖို့က မလွယ်ဘူးပေါ့ ကြာကြာရှိတာနဲ့ ဒီmagnetic လှိုင်းဒါဏ်တွေကြောင့် အထဲ က circuit တွေ အကုန်ပျက်ကုန်မှာပဲ ။
ဒီတော့ အခု Europa clipper mission မှာ အဲ့ပြဿနာကို ဖြေရှင်းဖို့ ဂြိုလ်အနားမှာ တစ်ချိန်လုံးပတ်ပြီးရှိနေတာထက် ဂြိုလ် အနားကို ခဏခဏ ဖြတ်ပျံမယ့်နည်းကို သုံးဖို့ရွေးထားတယ်။ ဂြိုလ်အနားက ဖြတ်ပျံမယ် ပြီးရင် အဲ့အချိန်အတွင်းမှာ ရသမျှ data ဖမ်း အကုန်ယူ ပြီး ဂြိုလ်အနားက အဝေးကိုမြန်မြန်ပြန်ထွက်ပြေး ပြီးကမ္ဘာကို data တွေပြန်ပို့မယ့် plan ပြင်ထားတယ်။
Europa mission က သိပ်မကြာလေးခင်ကမှ စတယ်ဆိုပေမယ့် ရလာမယ့် data တွေက လာမယ့် ၂၀၃၁ ကျ မှ ကမ္ဘာ ကိုစရောက်လာဖို့ရှိတယ် ။
ဒီကရတဲ့ Data တွေအပေါ်အခြေခံပြီး Europa မှာ ရေရှိမရှိ သက်ရှိတွေ အသက်ရှင်နေနိုင်မလားဆိုတာ ဆုံးဖြတ်လာနိုင်မယ်ပေါ့ ။
၂၀၂၂ ကလည်း ESA ( Europe space agency ) ကနေ ဘေးက အရံ လတစ်ခုကို mission လွှတ်ထားသေးတယ် ။ Europa clipper လည်း မရှေးမနှောင်းလောက်မှာရောက်ပြီး အတူတူလေ့လာရေးတွေလုပ်ကြမှာပါ။
Red Shoes and the Seven Dwarfs (202
IMDb Rating 6.2/10 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် . . .
အရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းကနေတစ်မူကွဲထွက်နေတဲ့ ကာတွန်းကားကောင်းလေးတစ်ကားလိုပြောလိုရပါတယ်။
ဒီကားထဲမှာ ပါလေရာသူရဲကောင်း မင်းသားမာလင်နဲ့သူ့အပေါင်းအပါ၆ယောက်က ပါးစပ်သရမ်းတော့ စုန်းမတစ်ယောက်ရဲ့
ကျိန်စာမိပြီး လူပုတိုလေး၇ယောက်ဖြစ်နေပါတယ်။ သူတိုကျိန်စာကနေလွတ်ဖိုအတွက် ကမ္ဘာပေါ်ကအလှဆုံးသောမိန်းကလေး
ကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျတော့ တစ်မျိုး သူက ဘုတ်အီးမလေး သန်မာတယ် ချစ်ဖိုကောင်းတယ်။ သူ့မိထွေးကစုန်းမ
သူ့အဖေကလည်း သူ့မိထွေးစုန်းမမှန်းသိတော့ စနိုးဝိုက်လေးကိုဘေးကင်းရာပိုထားတယ်။ သူကိုယ်တိုင်လည်းပျောက်သွားတယ်။
စနိုးဝိုက်လေးက သူ့အဖေကိုရှာဖို သူ့မိထွေးဆီအသွား သူ့မိထွေးရဲ့ ထာဝရလှပစေမယ့် မှော်ဖိနပ်လေးကိုစီးမိပြီး တအားလှသွားရော
သူစုန်းမလက်ကနေထွက်ပြေးရင်း သူ့အဖေမှာခဲ့တဲ့ သူရဲကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအချော်ချော်လေးတွေနဲ့ အဆုံးထိ
ကြည့်ချင်အောင်ဆွဲဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာမြောက် animation ကားကောင်းလေးဖြစ်ပါတယ်။ အသံနောက်ခံတွေ
ကတော့ မင်းသား မာလင်နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်နေရာမှာကတော့ ကော်ရီးတွေရဲ့
အချစ်တော်အကိတ်မလေး Chloë Grace Moretz ဖြစ်ပါတယ်။
ဇာတ်ကားလင့်
https://t.me/c/2186686827/168
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ဒါကတော့ Mars ဂြိုလ်ပေါ်မှာ လေ့လာရေးတာဝန်တွေထမ်းဆောင်နေတဲ့ Curiosity ယာဥ်ငယ်လေးပါ။ ယာဥ်ငယ်ဆိုပေမယ့် သူက အပြင်မှာ ကားတစ်စီးစာ အရွယ်ရှိပါတယ်။
သူ့အရင်မှာ Mars ဂြိုလ်ကို လွှတ်ဖူးတဲ့ Sojourner , Spirit , Opportunity လို့ခေါ်တဲ့ rover သုံးစီးရှိဖူးပါတယ်။သူကတော့ လေးစီးမြောက်ဖြစ်ပါတယ်။
၂၀၁၁ တုန်းက NASA က လွှင့်တင်ခဲ့တာဖြစ်ပြီးတော့ စဆောက်တုန်းကနှစ်နှစ်သက်တမ်းအတွက်ပဲဆောက်ခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိကို ၁၅နှစ်လောက် စူးစမ်းလေ့လာရေး mission တွေဆောင်ရွက်နိုင်နေဆဲပါ။အင်္ဂါဂြိုလ်ပေါ်မှာ အရင်ကရေတွေရှိခဲ့ဖူးတယ်ဆိုတာ သူ့ဆီကရတဲ့ မြေပြင်ဓာတ်ပုံတွေ ဒေတာတွေကြောင့်သိရပါတယ်။ကမ္ဘာနဲ့သူနဲ့ က တစ်နေ့ကို 8min လောက် connection အမြဲရှိပါတယ်။
Mars ဂြိုလ်ပေါ်ရောက်တဲ့ august လ6နေ့ ၂၀၁၂ ကို သူ့မွေးနေ့လို့သတ်မှတ်ထားပြီး အဲ့နေ့ရောက်တိုင်း သူတစ်ယောက်တည်း Happy birthday သီချင်းညည်းလေ့ရှိပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာတော့ သက်တမ်းပိုရှည်အောင် NASA က ဒီ function ကိုပိတ်လိုက်ပါတယ်။အသံကတော့ဒီမှာသွားနားထောင်လို့ရပါတယ်။
https://m.soundcloud.com/nasa/....happy-birthday-from-
အခုတော့ ၂၀၂၁ မှာ Perseverance လို့ခေါ်တဲ့ နောက်ထပ်စူးစမ်းလေ့လာရေးယာဥ်တစ်စီးထပ်ရောက်ရှိ သွားပြီမို့ အင်္ဂါဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းမဖြစ်နေတော့ပါဘူး ။တစ်ခုရှိတာက သူတို့နှစ်စီးက Mars ရဲ့ ဟိုဘက်ခြမ်းဒီဘက်ခြမ်းမှာပါ။ပုံကလည်းသူကိုယ်သူ selfie ပြန်ဆွဲထားတာပါပဲ။
The Haunted Drum (2007)
ငယ်ငယ်က တော်တော်နာမည်ကြီးခဲ့တဲ့ The Haunted Drum ဆိုတဲ့ ထိုင်းသရဲကားလေးကို လည်တင်ဆက်ပေးချင်ပါတယ်။
အရမ်းစည်းကမ်းတင်းကြပ်ပြီး အဖွဲ့သားတွေကို အလိုမလိုက်တတ်တဲ့ ဆိုင်းဆရာကြီး Doung ရဲ့
ဆိုင်းဝိုင်းမှာ ပညာသင်ဖို့အတွက် ဂီတမှာ ပါရမီပါတဲ့ Ping ဆိုတဲ့ကောင်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။
အဲဒီဆိုင်းဝိုင်းမှာ အဖွဲ့သားအားလုံး အဖွဲ့အပေါ် သစ္စာမဖောက်ပါဘူးဆိုတဲ့ ကတိတစ်ခုကို သစ္စာဆိုရပြီးတော့
သစ္စာဖောက်ဖျက်မိရင် ဆိုင်းဝိုင်းအိမ်မှာရှိတဲ့ ဗုံကိုစောင့်ကြပ်တဲ့ သရဲက အပြစ်ပေးတတ်တယ်ဆိုပြီး တီးတိုးကောလဟာလတွေလည်း ရှိပါတယ်။
အဲဒီသရဲက ဆိုင်းဝိုင်းကို စောင့်ရှောက်ပေးထားတယ်ဆိုတဲ့သတင်းကြောင့်
အဲဒီဗုံကို လိုချင်နေတဲ့ တခြားဆိုင်းဝိုင်းပိုင်ရှင် Muam က ဆိုင်းဝိုင်းကလူတွေကို သူ့ဘက်ပါအောင်လုပ်ပြီး
ဗုံကိုရယူဖို့ နည်းလမ်းမျိုးစုံ သုံးလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။
ပြီးတော့ ဆိုင်းဝိုင်းအိမ်ကို ရောက်လာတဲ့ Ping ရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကိုလည်း ဇာတ်လမ်မှာကြည့်လိုက်ပါ
#crd