1 နှစ် - ဘာသာပြန်ပါ။

ON THIS DAY: In 2017, Americans witnessed their first full-blown coast-to-coast solar eclipse since World War I, with eclipse-watchers gathering along a path of totality extending 2,600 miles across the continent. https://abcnews.visitlink.me/BjXQ6M

image
1 နှစ် - ဘာသာပြန်ပါ။

ON THIS DAY: In 2017, Americans witnessed their first full-blown coast-to-coast solar eclipse since World War I, with eclipse-watchers gathering along a path of totality extending 2,600 miles across the continent. https://abcnews.visitlink.me/BjXQ6M

image

ဂါဇာမြို့တော်ကို အလုံးစုံသိမ်းပိုက်ဖို့ အစ္စရေးရဲ့ မြေပြင်ထိုးစစ်သစ် စတင်
တဲလ်အဗစ်၊ ဩဂုတ်-၂၁-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာမြို့တော်ကို အလုံးစုံ သိမ်းပိုက်ဖို့ မြေပြင်ထိုးစစ် ကနဦးအဆင့်တွေကို စတင်လိုက်ပြီလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ထိုးစစ်အတွက် တပ်ဖွဲ့ဝင်တွေဟာ ဇိုင်တွန်နဲ့ ဂျာဘာလီယာ‌ဒေသတွေမှာ စတင်တပ်ဖြန့်နေပြီလို အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရးကက်ဖ်က အတည်ပြုခဲ့ပြီး ယခုသီတင်းပတ်နှောင်းပိုင်းမှာ လုံခြုံရေးဝန်ကြီးအဖွဲ့ထံ တင်ပြသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူကလည်း ဆိုပါတယ်။
စစ်ဆင်ရေးအတွက် စက်တင်ဘာလဆန်းမှာ စစ်မှုထမ်း ခြောက်သောင်းခန့်ကို ဆင့်ခေါ်ထားပါတယ်။ အပြစ်မဲ့အရပ်သားတွေကို ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲ ဆက်လက်ဆင်နွှဲဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အစ္စရေးက ဟန့်တားနေတယ်လို့ ဟားမတ်စ်က စွပ်စွဲထားပါတယ်။
အစ္စရေးရဲ့ သိမ်းပိုက်ရေးအစီအစဉ်အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေချိန်မှာ ဂါဇာမြို့တော်ရှိ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး ဂါဇာတောင်ပိုင်းရှိ ခိုလှုံရေးစခန်းတွေကို သွားရောက်ကြဖို့ရှိနေပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်နဲ့ အစ္စရေးရဲ့ မဟာမိတ် အများအပြားက ဒီအစီအစဉ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နှစ်ဖက်စလုံးအတွက် ကောင်းကျိုးမရှိဘဲ ဒေသတခုလုံးကို အမြဲတမ်းစစ်ပွဲသံသရာထဲသို့ ကျရောက်သွားစေမယ့် အန္တရာယ်သာ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
နိုင်ငံတကာ ကြက်ခြေနီကော်မတီ ကလည်း ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၂ ဒသမ ၁ သန်းအတွက် ဆိုးရွားနေပြီဖြစ်တဲ့ လူသားချင်းစာနာမှုအခြေအနေဟာ ကပ်ဘေးတခုလို ဆိုးရွားသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ လက အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ လွတ်မြောက်ရေး သဘောတူညီချက်ကို ဟားမတ်စ်နဲ့ သွယ်ဝိုက် ဆွေးနွေးပြီးနောက် ဂါဇာကမ်းမြောင်တခုလုံးကို သိမ်းပိုက်ဖို ပအစ္စရေးအစိုးရက ကြေညာခဲ့တာဖြစ်ပါတယ်။

image

လာမယ့်နှစ် ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ် ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းကျော်ထိ တိုးမြှင့်ဖို့စီစဉ်
တိုင်ပေ၊ ဩဂုတ်-၂၁-၂၀၂၅
မျိုးဆက်(VOM)
ထိုင်ဝမ်ဟာ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ဖို့ စီစဉ်နေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကျွန်းအတွက် ကိုယ်ပိုင်ကာကွယ်ရေးမှာ ပိုမိုရင်းနှီးမြုပ်နှံဖို့ အမေရိကန်ကလည်း တွန်းအားပေးနေပါတယ်။
ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုတယ်လို့ ဆိုထားပြီး လိုအပ်ရင် စစ်ရေးအင်အားသုံးမယ်လို့ ဆိုထားတဲ့ တရုတ်နိုင်ငံရဲ့ ဖိအားတွေကြောင့် ထိုင်ဝမ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စစ်လက်နက်ပစ္စည်းတွေနဲ့ လက်နက်များဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မယ့် အစီအစဉ်ဟာ ကျွန်းရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ မိမိတို့ရဲ့ သန္နိဋ္ဌာန်နဲ့ ထိုင်ဝမ်ပြည်သူတွေအတွက် ဖြစ်ကြောင် ဝန်ကြီးချုပ် ချိုဂျန်တိုင်က ပြောပါတယ်။ အဆိုပြုထားသည့် အသုံးစရိတ်ကို အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော် စတင်အသက်မဝင်မီ အတည်ပြုဖို့ လိုအပ်ပါတယ်။
ထိုင်ဝမ်အစိုးရအနေနဲ့ လာမယ့်နှစ်မှာ ကာကွယ်ရေးအသုံးစရိတ်အတွက် ထိုင်ဝမ်ဒေါ်လာ ၉၄၉.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁.၁ ဘီလီယံ) သို့မဟုတ် ဂျီဒီပီရဲ့ ၃.၂၃ ရာခိုင်နှုန်းကို လျာထားကြောင်း ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ကမ်းခြေစောင့်တပ်ဖွဲ့အတွက် ဘတ်ဂျက်အပါအဝင် နေတိုးရဲ့ စံနမူနာနဲ့ စံနှုန်းတွေကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ်ကို တွက်ချက်ထားပါတယ်" ဟုလို့ သူက ပြောပါတယ်။
ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရတော့ ထိုင်ဝမ်ကျွန်းအပါအဝင် ကမ္ဘာတဝန်းရှိ အစိုးရတွေအနေနဲ့ ကိုယ်ပိုင် လုံခြုံရေးအတွက် ဘက်ဂျက်ပိုမိုသုံးစွံရန် ဖိအားပေးနေပြီး ထိုင်ဝမ် သမ္မတ လိုင်ချင်းတီကတော့ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းကျော် သုံးစွဲသွားမယ်လို့ ကတိပြုထားပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

◾စာရေးဆရာနောင်ကျော် ကွယ်လွန်၊ ဩဂုတ် ၂၃ ရက်ရေဝေးတွင်သင်္ဂြိုဟ်မည်
စာရေးဆရာနောင်ကျော် (ခ) ဦးဌေးသိန်းသည် ယနေ့(ဩဂုတ် ၂၁ ရက်) နံနက် ၅ နာရီတွင် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ နေအိမ်၌ကွယ်လွန်သွားကြောင်း စာပေအသိုင်းအဝိုင်းထံမှသိရသည်။
ကွယ်လွန်ချိန်တွင် အသက်(၆၈) နှစ်ရှိပြီဖြစ်ပြီး ၎င်းတွင်ရောဂါကြီးကြီးမားမားမရှိကြောင်း ကာတွန်းဝင်းအောင်ကပြောသည်။
"သူမှာရောဂါကြီးကြီးမာမာတော့မရှိပါဘူး။ နှလုံးရောဂါရှိမယ်လိုတော့ထင်တယ်။ အခုဆုံးတာ သူအိပ်ရာမှာအိပ်နေတာ။ မနက်ကသူ့ သူငယ်ချင်းတစ်ဦးက လဖက်ရည်ဆိုင်သွားဖို့နှိုးတော့မှ ခုတင်ပေါ်ကအောက်ကျနေပြီး ကွယ်လွန်သွားကြောင်းသိရတာပါ" ဟု ကာတွန်းဝင်းအောင်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
စာရေးဆရာနောင်ကျော်၏ဈာပနအခမ်းအနားကို ဩဂုတ် ၂၃ ရက်၊ မွန်းလွဲ ၃ နာရီတွင် ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
စာရေးဆရာနောင်ကျော် (ခ) ဦးဌေးသိန်းသည် ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ဆက်သွယ်သည်ဟု ဆိုကာ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံခဲ့ရသည်။
အကျဉ်းထောင်မှလွတ်မြောက်လာပြီးနောက် စာရေးသားခြင်းဖြင့်ဘဝရပ်တည်ခဲ့ပြီး တက္ကသိုလ်ကိုမြတ်နိုးစွာလွမ်းပြန်တော့၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဝှက်ဖဲ၊ စာရေးသမားတစ်ယောက်ရဲ့ဘဝအိမ်၊ ချိုးကူသံလေးကိုမလွမ်းဘူးလားအမေ၊ နှလုံးသားမှာနှင်းများလာရိုက်ခတ်၊ တောင်ပံခတ်သံတွေရဲ့အတွေးရသများ စသည့်စာအုပ်များအပြင် ၀တ္ထုတိုများစွာလည်းရေးသားခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလထုတ် စတိုင်သစ်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ကျွန်တော်နှင့်အလှူခံများ ရသစာတမ်းဖြင့်လည်း ရွှေအမြုတေစာပေဆုရရှိခဲ့သည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ- Naung Kyaw
#ပြည်တွင်းသတင်း

image
1 နှစ် - ဘာသာပြန်ပါ။

◼ မြန်မာ၌လှုပ်ခတ်ခဲ့သောငလျင်ဘန်ကောက်မြို့တွင်လည်းခံစားခဲ့ရ၊ လူတချို့အထိတ်တလန့်ထွက်ပြေး
မြန်မာနိုင်ငံတွင်ယနေ့နံနက်ပိုင်းကလှုပ်ခတ်ခဲ့သောမြေငလျင်အားထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်ရှိတချို့နေရာများတွင်လည်းသိရှိခံစားခဲ့ရပြီးလုပ်ငန်းများမှတာဝန်ရှိသူနှင့်အလုပ်သမားများအဆောက်အဦအတွင်းမှအထိတ်တလန့်ထွက်ပြေးခဲ့ကြကြောင်းထိုင်းသတင်းဌာန Khaosod ကဖော်ပြသည်။
ထိုင်းမိုးလေဝသဌာန၏မြေငလျင်စောင့်ကြည့်ရေးဌာန၏အဆိုအရအဆိုပါင လျင်သည်တာ့ခ်ပြည်နယ်၊မဲဆောက်ခရိုင်မှအနောက်တောင်ဘက် ၂၁၁ ကီ လိုမီတာအကွာရှိမြန်မာနိုင်ငံတောင်ပိုင်းကမ်းလွန်မြေအောက်အနက် ၁၀ ကီ လိုမီတာတွင် ပြင်းအား မဂ္ဂနီကျု ၅ဒသမ၄ဖြင့်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါငလျင်ကြောင့်ထိုင်းနိုင်ငံနေရာအများအပြား၌အထိတ်တလန့်ဖြစ်ခဲ့ကြပြီး ထိုင်း အလုပ် သမား ဝန်ကြီးဌာနတည်ရှိရာ ဒင်ဒန်ခရိုင်အပါအဝင်တချို့နေရာများမှ အဆောက်အဦအတွင်း တုန်ခါမှုကို ခံစား ခဲ့ရပြီး လူအများအပြားကို အရေးပေါ်ထွက်ခွာစေခဲ့ရသည်။
​
ထို့အတူဒေသစံတော်ချိန်နံနက် ၉ နာရီ ၅၈ မိနစ်ခန့်တွင် ဝါဒါနာခရိုင်၊ ခလောင်တိုအီနူအာခရိုင်ခွဲ၌လည်း ၁၀ စက္ကန့်အကြာအနည်းငယ်တုန်ခါခြင်းကိုခံစားခဲ့ရပြီးရတ်ချာထဝီခရိုင်၊ဖက်ချာဘူရီခရိုင်ခွဲရှိဘန်ထပ်ထောင်လမ်းပေါ်မှရုံးအ ဆောက်ဦတစ်ခုယိမ်းခါနေကြောင်းလူတစ်ဦးကသတင်းပေးသည်။
မွမ်သာဘူရီခရိုင်၊ဘန်ကရာဆိုခရိုင်ခွဲ၊ခဲရိုင် ဧရိယာမှကိုးလွှာရှိအထပ်မြင့်အ ဆောက်အအုံတစ်ခုလည်း ယိမ်းခါခဲ့ပြီး မူးဝေမှုများခံစားခဲ့ရသည်ဟုဆိုသည်။
ဘန်ကောက်မြို့ရှိ ဘန်ရက် ခရိုင်၊ စီလွန် ခရိုင်ခွဲတွင်လည်း လူအများ မူးဝေမှုခံစားခဲ့ရပြီး အဆောက်အဦနှင့် အရာဝတ္ထုများ လှုပ်ခါသွားသော်လည်းအချိန် မကြာမြင့်ခဲ့ပေ။
ထို့ပြင်ဘန်ကောက်မြို့၊ ဖရာထိုင်းခရိုင် ဆမ်ဆန်နိုင် ခရိုင်ခွဲရှိ အထပ်မြင့် အဆောက်အအုံတစ်ခု၏ ၁၁လွှာ တွင်ယိမ်းခါမှုကို ခံစားခဲ့ရပြီး မီးဆိုင်းများ လှုပ်ယမ်းနေသည်ဟုဆိုသည်။
ဘန်ကောက်မြို့၊ ခလောင်တိုအီခရိုင်ရှိ ကွန်ဒိုတစ်ခု၏ ၁၂ လွှာတွင်ရှိသော ရေလှောင်ကန်အတွင်းရှိ ရေများ လည်းအနည်းငယ် လှိုင်းထနေခဲ့ကြောင်းသိရသည်။
ထို့အတူဘန်ကောက်မြို့၊ ခလောင်ဆန်ခရိုင်ရှိ ကွန်ဒိုတစ်ခု၏ ၁၈ ထပ်တွင် အဆောက်အဦမှပွတ်တိုက်ရွေလျားသံကြားရပြီး မီးဖိုခန်းမီးအိမ်များလှုပ်ယမ်းနေခဲ့သည်။
ဘန်ကောက်မြို့၊ ရတ်ချာထဝီခရိုင်၊ သောင်ဖရာထိုင်းခရိုင်ခွဲတွင် လူအများအပြား အထိတ်တလန့်ဖြစ်ခြင်း၊ မူးဝေခြင်းတို့ကို ခံစားခဲ့ရပြီး မျက်နှာကျက်မီးဆိုင်းများလှုပ်ခါသွားခဲ့ကြောင်းသိရသည်။
သတင်း-လင်းခေတ်
ကိုးကား- Khaosod English
#နိုင်ငံတကာသတင်း

image

ငိုမ ဟူးမန်း လန့်သွားတာပဲ??

literally me _

? အမေ ဆိုသည်မှာ <br>သားသမီးစားနေတာကြည့်ပြီး <br>ပီတိနဲ့ ဗိုက်ပြည့်နေတတ်တဲ့ သူတွေပါ။

ဂနေ့ရှ် ကျသုရ်ထီး ခေါ် ဂနေ့ရှ်ဘုရားရှင် ပွင့်တော်မူသောနေ့မြတ်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ‌၂၇ ရက် ဗုဒ္ဓဟူးနေ့ဟာ ဂနေ့ရှ်ဘုရားရှင် ပွင့်တော်မူသော နေ့မြတ်မင်္ဂလာဖြစ်သည်။
ဂနေ့ရှ်ဘုရားပွင့်တော်မူသောနေ့ကို ၁၀ ရက်တိတိ ဂနေ့ရှ်ဥထ်ဆဗ်အဖြစ် ကျင်းပပူဇော်ကြသည်။
ကျသုရ်ထီး သိထိသည် ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီ ၅၄ မိနစ်မှစတင်ပြီး ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၄ မိနစ်အထိဖြစ်သည်။
ဗီဏယက်(ခ်) ‌ခေါ် ဂနေ့ရှ်ဘုရားမြတ်ဟာ ဟိန္ဒူဘာသာရှိ ဘုရားရှင်များတွင် ပထမဆုံး ရှိခိုးပူဇော်ရသော ဘုရားဖြစ်သည်။
ဂနေ့ရှ်ဟူသော နာမတော်၏ အဓိပ္ပာယ်ကား လူခပ်သိမ်း၏ ကိုးကွယ်ရာဖြစ်ပြီး ဗီဏယက်(ခ်) နာမတော် အဓိပ္ပာယ်ကား အခက်အခဲဒုက္ခများအား ဖယ်ရှားသူဖြစ်သည်။
ဘုရားမြတ်ဟာ မိမိ၏ ဘ၀ အခက်အခဲ ဒုက္ခအပေါင်းကို ဖယ်ရှား၍ အောင်မြင်မှု သုခ ချမ်းသာကို ပေးသနားနိုင်သော လွတ်မြောက်မှုကို ပေးနိုင်သော ဘုရားမြတ်ဖြစ်သည်။
ကိစ္စရပ်ခပ်သိမ်းကို အောင်မြင်စေသော ဘုရားမြတ်သည်ကား ဂနေ့ရှ်ဂျီးပင်ဖြစ်သည်။
ကျသုရ်ထီးနေ့မြတ်တွင် ကေလာ့ရှ်တောင်မြတ်မှာ ပါရ်ဗသီးမယ်တော်ပြုလုပ်သော စန္ဒကူးနှင့် နနွင်းအရုပ်ကလေးကနေ မဟာဂဏပသီးရဲ့ အလိုတော်အရ ဂနေ့ရှ်ဘုရားမြတ် ပွင့်တော်မူခဲ့ပါတယ်။
* ထိုနေ့မှာ လုံး၀ လကို မကြည့်ရပါ။
လကြည့်ခဲ့လျှင် သူတစ်ပါးစွပ်စွဲပြောဆိုတာ ခံရတတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် တစ်ချိန်က လနတ်မင်းကနေ ဂနေ့ရှ်ဂျီးကို ဂနေ့ရှ်ဂျီးရဲ့ ကြီးမားတဲ့ ၀မ်းဗိုက်နဲ့ ဆင်ဦးခေါင်းရှိတဲ့ အပေါ် လောင်ပြောင်ရယ်မောခဲ့တဲ့အတွက် ဂနေ့ရှ်ဘုရားရှင်ကနေ ကျသုရ်ထီးနေ့မြတ်မှာ လနတ်မင်း ကျန္ဒြဒေ့ဗ်ကို ကြည့်မိရင် သူတစ်ပါး စွပ်စွဲတာခံရပါစေဆိုတဲ့ ကျိန်စာရှိတဲ့အတွက်ဖြစ်ပါတယ်။
နေ့လယ် ဂနေ့ရှ်ပူဂျား အချိန်မြတ်။
နံနက် ၁၀ နာရီ ၅၂ မိနစ်မှ နေ့လယ် ၁ နာရီ ၂၂ မိနစ်။
ကြာချိန် - ၂ နာရီ ၃၀ မိနစ်။
ဂနေ့ရှ် ကျသုရ်ထီး ဥသ်ဆဗ် ပွဲတော်ကို ၁၀ ရက်တိတိကျင်းပပြီး နောက်ဆုံး စက်တင်ဘာလ ၆ ရက် ကြာသပတေးနေ့တွင် ဂနေ့ရှ် ဗီဆာဂျန်း ရေမျှောပူဇော်ရပါမည်။
- ဥပုသ်စောင့်တည်ပုံ
ဂနေ့ရှ်ပူဂျားပြုလုပ်ပြီး နေ့လယ်တွင် ကောက်ပဲ အနှံရှောင်ပြီး အသီးအနှံ၊ နွားနို့၊ မြေပဲ၊ သာကူ၊ ငှက်ပျောပေါင်း၊ ပိန်းဥ၊ ကန်စွန်းဥ၊ ပီလောပီနံ၊ သစ်သီးဖျော်ရည်၊ သစ်သီး အစရှိသော ဧကာဒရှီး ပ်ရဆားဒ်ဖြင့် ဥပုသ်စောင့်တည်နိုင်သည်။
ထိုနေ့တွင် ဂနေ့ရှ်ဘုရားမြတ်အား နှလုံးသွင်းကာ ကထာနားထောင်ခြင်းပြုလုပ်သင့်သည်။
"ဥုမ် ဂံန် ဂဏပသယေ နမဟ်" ဟူသော မန္တြအား ရွတ်ဖတ်သင့်ပါသည်။
ဂနေ့ရှ်ဘုရားရှင်အား မိုဒက်ခ်၊ လဒူးရ်၊ နို့ထွက်ကုန်များ၊ မြေဇာပင်စသည်တို့ကို ကပ်လှူနိုင်ပါသည်။ သူလ်ဆီး ပင်စိမ်းလုံး၀ မကပ်ရပါ။
ကျန်းမာရေးအရ ဥပုသ်မနိုင်ရင် ညဘက် လထွက်ပြီးတဲ့ အချိန်မှာ ထမင်း ရိုတီ စားလို့ရပါသည်။
ဥပုသ်နိုင်လျှင်တော့ အနှံတွေ မစားပါနှင့်။

image