19 ပတ် - ဘာသာပြန်ပါ။

AI တွေရဲ့ လက်ရှိ အန္တရာယ်

မနေ့က နာမည်ကြီးတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ ဖွင့်ပြခဲ့တဲ့ AI Animated Movie လေးတစ်ခုကို ကြည့်ပြီး အတွေးပေါက်သွားတာ တစ်ခုရှိတယ်။

အဲ့တာက မြန်မာနိုင်ငံမှာ 2D ရော 3D ရော Animated လုပ်ပေးတဲ့သူတွေ ဒီလောက်များတာ ဘာလို့များ AI ကို Generated လုပ်ခိုင်းရတာလည်းဆိုပြီး စဥ်းစားမိသွားတာပါ။

အနုပညာအသိုင်းအဝိုင်းက ဒီလောက်ကြီးတာ AI နဲ့ ချနေပြီဆိုတော့ တွေးကြည့်မိရသလောက်ဆိုရင် AI ကို မြန်မာ့ရုပ်ရှင်လောကမှာ ရှယ်သုံးလာမယ်ဆိုရင် Production ဖိုးတွေ၊ ဇာတ်ညွန်းဖိုးတွေ၊ ပညာရှင်တွေ အနာဂတ်မှာ ကြောင်ပျောက်တော့မယ် ကိန်းလို့တော့ မြင်မိပါတယ်။ ဒါကလည်း အတွေးတစ်ခုပါပဲ။

ဒါပေမယ့် တစ်ခုကောင်းတာက ဘယ်နေရာကကြည့်ကြည့် နိမ့်ကျနေတဲ့ မြန်မာ့ရုပ်ရှင်အနေနဲ့ AI ကိုသာ အကျိုးရှိတဲ့ နေရာမှာ အသုံးချရင်တော့ Si-Fi တို့ Action တို့လို ရုပ်ရှင်တွေ ကောင်းကောင်းတော့ထွက်လာမှာပါ။ ဒါပေမယ့် မကောင်းတဲ့ ဘက်ကကြည့်ရင် အနုပညာဆိုတဲ့ ခံစားချက်ကြီးတစ်ခု မပါလာတော့တဲ့ ဇာတ်ကားတွေဖြစ်လာမှာပေါ့။

မြန်မာ့ရုပ်ရှင်အနေနဲ့တော့မသိဘူး လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း Hollywood မှာ AI တွေကိုသုံးလာတဲ့ Studio တွေကို ဆန္ဒပြလာတာတွေတောင်ရှိနေပါတယ်။

နောက်ပြီး တနေ့ကတက်လာတဲ့ Video တစ်ခုမှာ ကလေးတွေရဲ့ မျက်နှာကိုသုံးပြီး အပြာကားတွေမှာ AI နဲ့ပြုပြင်ထားတဲ့ Video ပေါင်းများစွာရှိနေပြီဖြစ်တဲ့ အကြောင်း Podcast တစ်ခုမှာ ပြောထားတာတွေလည်းတွေ့လိုက်ရပါတယ်။

နောက်ပြီး နိုင်ငံတကား စစ်ရေး အခြေနေတွေကို AI တွေနဲ့ Video တွေဖန်တီးထားတာတွေ၊ ကိုယ်မကြိုက်တဲ့သူရှိရင် AI နဲ့ ဖော်ချွတ်လုပ်ပြီး Channel တွေမှာရောင်းစားတာတွေ၊ စသဖြင့်တော့ AI နဲ့ ပတ်သက်တဲ့ အန္တရာယ်တွေ နေ့တိုင်းလိုလို ကြားနေရတယ်ပေါ့။ ဒါမျိုးတွေက တော်တော်လေးကို ကြောက်ဖို့ကောင်းပါတယ်။

နောက်ပြီး တရုတ်က လက်ရှိလုပ်နေတဲ့ စက်ရုပ်တွေကိုကြည့်ပြီး terminator ထဲကလိုများ မကြာခင် ဖြစ်လာတော့မလားဆိုပြီး တွေးမိတာလေးလည်းရှိတာပေါ့။

ကောင်းတဲ့ ဘက်ကကြည့်ရင်တော့ AI က ဆေးဘက်ဆိုင်ရာတွေမှာ အားကိုးလို့ရတာတွေ၊ မသိတာတွေ မေးပြီး Assistant တစ်ယောက်လို ထားလို့ရတာတွေ၊ စသဖြင့် ကောင်းတဲ့ အရာတွေအများကြီးကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

ဆိုတော့ AI က လက်ရှိမှာ နျူကလီးယားဗုံးတစ်ခုလိုဖြစ်နေပါတယ်။ ကောင်းတဲ့သူရဲ့လက်ထဲရောက်ရင် ကောင်းကောင်းသုံးမယ်၊ မကောင်းတဲ့သူရဲ့ လက်ထဲကို ရောက်ရင် မကောင်းတာတွေဖြစ်မယ်ပေါ့။

ဒါပေမယ့် မကြာခင် ကာလအတွင်းမှာတော့ AI ကြောင့် ရုပ်ရှင်ဇာတ်ကားကောင်းတွေ Studio အကြီးကြီးတွေနဲ့ အနုပညာရှင်တွေ ဆုံးရှုံးရမယ့်ကိန်းတစ်ခု ဆိုက်ရောက်လာမယ်လို့ မြင်မိပါတယ်။

အနုပညာဆိုတဲ့ လူတွေဖန်တီးတဲ့ အနုပညာတွေပျောက်ကွယ်သွားတော့မယ့် အချိန်ပေါ့။

image
19 ပတ် - ဘာသာပြန်ပါ။

ဒီနေ့ဟာ TV series သမိုင်းမှာ Epic Battle တွေကို မြင်ခဲ့ရတဲ့ Game of thrones ရဲ့ Battle of the Bastards ပြသခဲ့တာ ၉ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

Dave Bautista က Road House 2 မှာ ပါဝင်မယ်
Dave Bautista ဟာ Guy Ritchie ရဲ့ Road House 2 ဇာတ်ကားရဲ့ သရုပ်ဆောင်အဖွဲ့ထဲ ပါဝင်လိုက်ပြီး၊ Jake Gyllenhaal ကတော့ Dalton အဖြစ် ပြန်လည်ပါဝင်မယ်လို့ Nexus Point News က ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းကို Will Beall က ရေးထားပြီး၊ ဒီဇာတ်ကားကို စက်တင်ဘာလမှာ ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။
ဒီဇာတ်ကားမှာ Bautista က အရင်က တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ခဲ့တဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ Bautista ရဲ့ ဇာတ်ကောင်ဟာ Jake Gyllenhaal လိုပဲ တိုက်ခိုက်ရေးသမားအဖြစ်ကနေ အနားယူလိုက်တဲ့သူလို ပါဝင်လာမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဇာတ်ကောင်အသစ်တွေအများကြီး ထည့်မယ်လို့ သိရပြီး မူလဇာတ်ကားက သရုပ်ဆောင်အများစုလည်း ပြန်လည်ပါဝင်မယ်လို့သိရပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

Marvel Studios ကနေ ၂၀၂၈ ခုနှစ်အတွက် နာမည်မဖော်ထားတဲ့ ရုပ်ရှင်လေးကားထွက်မယ်လို့ သိရပါတယ်။
ပရိသတ်တွေကတော့ ဒီရုပ်ရှင်တွေဟာ X-Men ဒါမှမဟုတ် Blade ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။
Variety ရဲ့ ဖော်ပြချက်အရ၊ ဒီနာမည်မဖော်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားကို ဒီဇင်ဘာ ၁၅ ရက်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ဘယ်ရက်တွေမှာ ဘယ်ရုပ်ရှင်တွေ ရုံတင်မယ်ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။
ဒါပေမယ့် Shang-Chi 2၊ Black Panther 3၊ Armor Wars၊ နဲ့ X-Men တွေဟာ တရားဝင် ရိုက်ကူးဖို့ ပြင်ဆင်နေပြီး၊ Spider-Man: Brand New Day နဲ့ Avengers: Secret Wars လို ရုံတင်ရက် သတ်မှတ်ထားတဲ့ ဇာတ်ကားတွေလည်း ထွက်လာဖို့ရှိပါတယ်။
၂၀၂၄ အောက်တိုဘာတုန်းကကြေငြာခဲ့တဲ့ Blade က ၂၀၂၅ နိုဝင်ဘာ ၇ ရက်နေ့မှာ ရုံတင်ရက်ဖယ်ရှားခံရပြီး အကန့်အသတ်မဲ့ ရွှေ့ဆိုင်းခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် Blade ဇာတ်ကောင်ကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်ချိန်ချိန်မှာ သူပြန်ပေါ်လာမယ်လို့ မျှော်လင့်နေကြတုန်းပါပဲ။

image
19 ပတ် - ဘာသာပြန်ပါ။

ကဲ ... The Batman 2 Script အပ်ပြီ။
Matt Reeves ဟာ တနဂ်လာနေ့မှာ James Gunn ကို The Batman 2 ရဲ့ Script ကို နောက်ဆုံးထားပြီး အပ်တော့မှာဖြစ်ပါတယ်။ ရိုက်ကူးမှုကတော့ ၂၀၂၆ ဇန်နဝါရီမှာ စတင်မှာဖြစ်ပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

အရင်ဆုံး ဒီဇာတ်ကားက Sony Spider-Verse အထာနဲ့မို့လို့ တော်တော်လေးမိုက်သွားတယ်လို့ပြောရပါမယ်။
ဇာတ်လမ်းကတော့ ကိုရီးယားမှာ ဝိညာဉ်တွေကို စုပ်ယူတဲ့ မကောင်းဆိုးဝါးဘုရင် Gwi-Ma ရန်ကို ကာကွယ်ပေးတဲ့ တေးသမားသုံးဖော်ဟာ မျိုးဆက်တိုင်း မကောင်းဆိုးဝါးတွေကို လူ့ပြည်မတက်လာအောင် Honmoon လို့ခေါ်တဲ့ အကာကွယ်တစ်ခုနဲ့ ကာကွယ်ပေးခဲ့ပါတယ်။
ဒီအကာအကွယ်ကို နောက်ဆုံး Generation ဖြစ်တဲ့ Huntrix ဆိုတဲ့ K-pop အဖွဲ့သုံးယောက်ကို လက်ဆင့်ကမ်းပြီး ကာကွယ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် မကောင်းဆိုးဝါးဘုရင် Gwi-Ma က လူ့ပြည်ကို ယောင်္ကျားလေး Kpop Group ဖြစ်တဲ့ Saja Boys ဆိုတဲ့ မကောင်းဆိုးဝါးတွေကို လွတ်ပြီး Huntrix နဲ့ပြိုင်ခိုင်းတာကို ကြည့်ရမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
နောက်ပြီး ဒီဇာတ်ကားမှာ BTS နဲ့ BLACKPINK တို့ကို ပွဲတည်ထားသလို လုပ်ထားတာတွေလည်းပါပါတယ်။ ဥပမာ Fan Meeting တွေ၊ Idol ပြိုင်ပွဲတွေ တော်တော်လေးကို လက်တွေ့က Fan တွေ Ship သလို တွေပါထည့်ထားပါတယ်။ (ကျွန်တော့်အမြင်တစ်ခုထဲပါ)
ဒါပေမယ့် နောက်ဆုံးအခန်းမှာပြသွားတာကတော့ ဒီဇာတ်ကားကို Twice က ပါဝင်အားဖြည့်ထားတာပါပဲ။ ဒါပေမယ့် သီချင်းအသွားအလာတွေနဲ့ ဇာတ်ကောင် တည်ဆောက်ထားပုံတွေကတော့ Blackpink နဲ့ တော်တော်လေးတူတယ်လို့ ခံစားရပါတယ်။
နောက်ပြီး သီချင်းတွေကလည်း တော်တော်လေး နားထောင်ကောင်းတာတွေ တွေ့ရတယ်။ အထူးသဖြင့် မကောင်းဆိုးဝါး Boy Band အနေနဲ့ ရောက်လာတဲ့ Saja Boys ရဲ့ Soda Pop သီချင်းက တော်တော်လေး နားထောင်ကောင်းတာပါ။
ကျန်တာတွေကတော့ ဇာတ်လမ်း Tempo ကို အဆုံးထိ ဆွဲခေါ်သွားနိုင်သလို မကောင်းဆိုးဝါးတွေကို သီချင်းနဲ့ တိုက်ထုတ်တာတွေကြည့်ရတာက တော်တော်လေးမိုက်တယ်လို့ ခံစားခဲ့ရပါတယ်။
အားနည်းချက်အနေနဲ့ကတော့ ဇာတ်လမ်းက နောက်ဆုံးအပိုင်းမှာ လူဆိုးက လူကောင်းဖြစ်မှာမျိုးတွေ ကြိုသိရတာတော့ နည်းနည်းတော့ သိပ်မကောင်းဘူးပေါ့။
Rating အနေနဲ့ကတော့ 8/10 လောက်ရထားတယ်ဆိုတော့ မဆိုးဘူးလို့တော့ပြောလို့ရပါတယ်။ အချိန်ပေးပြီး ကြည့်သင့်တယ်လို့ မြင်မိတဲ့ Animation တစ်ကားပါပဲ။

image
19 ပတ် - ဘာသာပြန်ပါ။

Zendaya က SPIDER-MAN: BRAND NEW DAY မှာ MJ အဖြစ် ပြန်လာမှာပါ၊
ဒါပေမယ့် သူ့ရဲ့အခန်းကဏ္ဍ ဒီဇာတ်ကားမှာ သိပ်ပြီး အရေးမကြီးတဲ့ အခန်းက ပါရမှာပါ။

image
19 ပတ် - ဘာသာပြန်ပါ။ - Youtube

မင်းမရှိလဲ ဖွားထွေးရှိရင် တစ်နပ်စာ ဖြစ်တယ် 😋 - မြန်မာ့ ထမင်းတစ်နပ်

19 ပတ် - ဘာသာပြန်ပါ။

Christopher Nolan ရဲ့ ‘INTERSTELLAR’ (၂၀၁၄) ရုပ်ရှင်မှာ သိပ္ပံနည်းကျ တိကျစွာ ဖန်တီးထားတဲ့ Black Hole ကို တစ်ဖရိန်ချင်းစီအတွက် နာရီ ၁၀၀ နီးပါး အချိန်ယူပြီး ဖန်တီးခဲ့ရပါတယ်။ ဆိုလိုတာက ဗီဒီယိုတစ်စက္ကန့်အတွက် Render လုပ်ဖို့ ရက်ပေါင်း ၁၀၀ နီးပါး အချိန်ယူပြီး ဖန်တီးခဲ့ရတာမျိုးဖြစ်ပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

အခုတော့ ငါဟာ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် သေမင်း ဖြစ်လာခဲ့ပြီ !
Oppenheimer 2023| Director Christopher Nolan

image