ချဲလ်ဆီးအတွက်တော့ ကစားသမားအသစ်တွေ ခြေစွမ်းပြကြပြီး လျှပ်စစ်တိုက်စစ် လျှပ်စစ်မိုးကြိုးတွေ ထုတ်သုံးသွားတဲ့ ပွဲပါ
တကယ့်တရားခံက အဖွင့်ဂိုးသွင်းတဲ့ ပါကွေတာပဲ
ဂိုးသွင်းပြီး အောင်ပွဲခံနည်း ၁၀ ခု လုပ်ပြနေတော့ ကမ္ဘာ့ချန်ပီယံ ချဲလ်ဆီးက တင်းပြီးတော့ အကုန်ထုတ်ကန်လိုက်တော့တာပဲ
ဂျာအိုပတ်ဒရိုကလည်း ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးနိုင်ပြီးတော့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာရသွားတဲ့ ပါးမားအစားဝင်ပြီး ပွဲထွက်ခွင့်ရတဲ့ အက်စတာဗိုရဲ့ ဘောလုံးဆွဲယူပြီး ဖန်တီးပေးမှုကလည်း အတော်လေးကောင်းလှပါတယ်
ဒီလက်က ဂိုးသာမသွင်းတာ Hold Up play ကောင်းကောင်း ကစားပြသွားခဲ့ပါတယ်
ချဲလ်ဆီးကတော့ ကော်နာကြီးကနေပဲ ၃ ဂိုးသွင်းပြသွားတာ (အရင်ရာသီကနေ တော်တော်တိုးတက်လာတဲ့ အချက်ပဲ ဖြစ်ပါတယ်)
ဆန်းချက်ကတော့ တော်တော်ကို ညံ့လိုက်တာဗျာ
CWC မှာ လက်စွမ်းခဏပြပြီး ဘုတ်အဖွဲ့ကို ဂိုးသမားအသစ်မခေါ်ဖို့ ဂျင်းထည့်လိုက်ပြီး အခုတော့ သူ့လက်စွမ်းအမှန်တွေ ပြန်ပြနေပါပြီ
ဘယ်ဘက်အခြမ်းကို ကန်သွင်းတဲ့အလုံးကို ညာဘက်လက်နဲ့ ပုတ်ဖို့ ကြိုးစားခဲ့တဲ့ ဆန်းချက်တို့ရဲ့ ဂိုးလမ်းကြောင်း တွက်ဆပုံတွေက တလွှဲတွေပါ
ကွင်းလယ်အတွဲနှစ်ယောက်လုံးဖြစ်တဲ့ ကိုင်စီဒိုကော အန်ဇိုကော ဂိုးသွင်းနိုင်တာ ချဲလ်ဆီးအတွက် အတော်လေး အားတက်စရာဖြစ်စေခဲ့ပါပြီ။

image

တုံ့ပြန်ပြောဆိုမှုဆိုတာ လုပ်ရတယ်တဲ့။
မလုပ်ဘဲနဲ့ ငုံ့ခံနေလို့ ရှိရင် သူတို့စွပ်စွဲမှုတွေက မှန်သလို အဓိပ္ပာယ်ရောက်တတ်တယ်။
ဒါကြောင့်မို့လို့ မမှန်ဘူးဆိုတာ တုံ့ပြန်ပြောရမယ်၊ငုံ့ခံမနေရဘူး။
နေရာတကာတိုင်း၊ဆဲရင်တော့ ငုံ့ခံလိုက်ပေါ့။
ဆဲတာကျတော့ ပြန်မဆဲနဲ့။
ပြန်ဆဲရင်လည်း သူဆဲသလို ဆဲရမှာ ဖြစ်နေတယ်။
ဒီတော့ ကိုယ့်ကို စွပ်စွဲလာပြီဆိုလို့ရှိရင် တုံ့ပြန်ပြောရမယ်တဲ့၊ဖြေရှင်းရမယ်။
မြတ်စွာဘုရားက နောင်မှာလည်း ဒီအတိုင်းပဲ ဟောတယ်။
ဗြဟ္မဇာလသုတ္တန်မှာ မြတ်စွာဘုရားက အဘူတံ အဘူတတော နိ ေဗ္ဗဌေတဗ္ဗံ မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဖြေရှင်းရမယ်တဲ့။
စွပ်စွဲလာလို့ရှိရင် ကျင့်စဉ် တစ်ခုကို မြတ်စွာဘုရားဟောထားတာ မှတ်သားပြီးတော့ လိုက်နာဖို့ အင်မတန်မှ ကောင်းတယ်။
“ငါ့ကိုဖြစ်စေ,ငါ့ရဲ့တရားဓမ္မနဲ့ဖြစ်စေ,သံဃာတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်စေ အတင်းအဖျင်း ပြောလာမယ်ဆိုလို့ရှိရင် သင်တို့ စိတ်မဆိုးကြနဲ့တဲ့၊စိတ်ဆိုးနေလို့ အကျိုးမရှိဘူး”တဲ့ ၊
စိတ်ဆိုးနေလို့ရှိရင် အကောင်းအဆိုးဆိုတာ ခွဲခြား သိနိုင်စွမ်း မရှိဘူး။
ဟုတ်တယ် စိတ်ဆိုးနေလို့ရှိရင် အကောင်းအဆိုး အကြောင်း အကျိုး ဘယ်သိမလဲ။
ဒေါသရဲ့လွှမ်းမိုးမှု ခံနေရလို့ရှိရင် အကောင်းအဆိုး အကြောင်းအကျိုး မသိဘူး။
ဒါကြောင့်မို့ စိတ်မဆိုးကြနဲ့တဲ့။
"စိတ်ဆိုးရင် ကိုယ့်စိတ်ကို လွှမ်းမိုးခံထားရပြီးတော့ အကြောင်းအကျိုး အကောင်းအဆိုးကို သိမှာ မဟုတ်ဘူးတဲ့။
ဒါကြောင့်မို့ စိတ်မဆိုးဘဲနဲ့ မမှန်ရင် မမှန်တဲ့အကြောင်း ဖြေရှင်း ချက်ပေးရမယ်လို့ မြတ်စွာဘုရားက ဒီလိုဆုံးမထားတာ ရှိတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်(ပထမတွဲ)မှ ကောက်နှုတ်ရေးသားတင်ပြပါသည်။

image

Yoga Kurunta သို့မဟုတ် Rope Yoga လေ့ကျင့်ခြင်း၏ ရရှိသောအကျိုးကျေးဇူးများ

1. ကိုယ်ဟန်အနေအထား ချိန်ညှိပေးခြင်း-
မှန်ကန်သော ကိုယ်ဟန်အနေအထားဖြစ်စေရန် ကူညီပေးပါသည်။

2. ထောက်ကူပေးမှုနှင့် တည်ငြိမ်မှု-
စတင်လေ့ကျင့်နေသူများနှင့် ကိုယ်နေဟန်ထားပျော့ပျောင်းရန်အခက်အခဲရှိသူများကို ပျော့ပျောင်းလာစေရန် အထောက်အကူပေးခြင်း။

3. အကြောများပိုမိုဆွဲဆန့်နိုင်စေခြင်း
ပိုမိုပျော့ပြောင်းလာစေရန် အကြောများဆွဲဆန့် ရာတွင် ထောက်ကူပေးခြင်း။

4. ကြံ့ခိုင်မှု
အထူးသဖြင့် လက်မောင်းနှင့် ခြေထောက်များရှိ ကြွက်သားများကြံ့ခိုင်လာစေခြင်း။

5. စွမ်းဆောင်နိုင်မှု
ဒဏ်ရာရရှိသူများအနေနှင့်ပင် စိန်ခေါ်မှုများသော yoga posture များလေ့ကျင့်လာနိုင်ခြင်း။

6. ကျောရိုးပေါ်ရှိ ဖိအားများ
ကျောရိုးပေါ်ရှိ ဖိအားများကို သက်သာစေပြီး ခါးနာခြင်းကို သက်သာနိုင်စေခြင်း။

7. ခန္ဓာကိုယ်အသိအမြင်
ဟန်ချက်ညီမှုနှင့် ပေါင်းစပ်မှုကို ပိုမိုကောင်းမွန်စေခြင်း။

8. ကုထုံးအသုံးပြုမှုများ
ဒဏ်ရာပြန်လည်ကောင်းမွန်ရေးနှင့် နာတာရှည်ရောဂါအခြေအနေများတွင် လေ့ကျင့်အသုံးပြုနိုင်ခြင်း။

9. Inversion Poses များကိုအထောက်အကူပေးခြင်း
ခန္ဓာကိုယ်ကိုပြောင်းပြန်လှန်ပြီး yoga pose များလေ့ကျင့်ရသောအခါ ပိုမိုဘေးကင်းပြီး ပိုမိုလွယ်ကူစေရန် အထောက်အကူပေးခြင်း။

10. စိတ်အာရုံ
-အာရုံစူးစိုက်မှုနှင့် သတိပဋ္ဌာန်ကို တိုးမြှင့်စေခြင်း။ စသည့်အကျိုးကျေးဇူးများပင်ဖြစ်ပါသည်။

image

✨ “Counting တွေကို ဘေးခေါက်ထားလိုက်ပါ” ✨

ယောဂ Asana တွေ လေ့ကျင့်တဲ့ အခါ ပို့စ် တစ်ခုချင်းစီတိုင်းမှာ လေ့ကျင့်သူကို ………….

~မိမိ ခန္ဓာကိုယ်ရဲ့ Alignment မည်သို့ ဖြစ်နေလဲ

~ ခန္ဓာကိုယ် ရဲ့ မည်သည့် အစိတ်အပိုင်းလေး တွေ အသုံးပြုနေလဲ

~ ပို့စ် တစ်ခုကို ထိန်း ထားတဲ့ အချိန်မှာ စိတ်နေသဘောထားလေး မည်သို့ ရှိနေလဲ

~ အသက်ရှူနှုန်းလေး မည်သို့ ဖြစ်နေလဲ ဆိုတာ ဆန်းစစ်ကြည့်ခိုင်းတဲ့ အခါ တစ်မိနစ် တိုင်း တစ်စက္ကန့် တိုင်းမှာ သိစိတ်လေးတွေ နိုးကြားစေပါတယ် …🧘‍♀️

~ ယောဂ လေ့ကျင့်တဲ့ အခါ Counting တွေ ဟာ အရေးမကြီးပါဘူး

~ပို့စ်တစ်ခုကို ကိုယ်ဟာ ဘယ်လိုစိတ်နေသဘောထားနဲ့ ကြိုးစားအားထုတ်နိုင်သလဲ ဆိုတာ အရေးကြီးတဲ့ point လေး တစ်ခုပဲ ဖြစ်ပါတယ် 🧘‍♀️

~ယောဂလေ့ကျင့်ရင်း ငြိမ်းချမ်းကြပါစေ 🙏

#yogawithphue
#mandalay

image

ကိုယ်ကြိုက်သလို ပုံဖော်လို့ရတယ်🥰

မြင်လို့ရတယ်😍 ဒါလွတ်လပ် ခွင့်ဘဲ🥰

🥰ဘာလို့ လဲဆိုတော့ လူဖန်တီးတဲ့အရာတွေမို့🥰

Credit

image

ကိုယ်ကြိုက်သလို ပုံဖော်လို့ရတယ်🥰

မြင်လို့ရတယ်😍 ဒါလွတ်လပ် ခွင့်ဘဲ🥰

🥰ဘာလို့ လဲဆိုတော့ လူဖန်တီးတဲ့အရာတွေမို့🥰

Credit

image

ကိုယ်ကြိုက်သလို ပုံဖော်လို့ရတယ်🥰

မြင်လို့ရတယ်😍 ဒါလွတ်လပ် ခွင့်ဘဲ🥰

🥰ဘာလို့ လဲဆိုတော့ လူဖန်တီးတဲ့အရာတွေမို့🥰

Credit

image

ကိုယ်ကြိုက်သလို ပုံဖော်လို့ရတယ်🥰

မြင်လို့ရတယ်😍 ဒါလွတ်လပ် ခွင့်ဘဲ🥰

🥰ဘာလို့ လဲဆိုတော့ လူဖန်တီးတဲ့အရာတွေမို့🥰

Credit

image

ကိုယ်ကြိုက်သလို ပုံဖော်လို့ရတယ်🥰

မြင်လို့ရတယ်😍 ဒါလွတ်လပ် ခွင့်ဘဲ🥰

🥰ဘာလို့ လဲဆိုတော့ လူဖန်တီးတဲ့အရာတွေမို့🥰

Credit

image
image
image
image

“ရှုခင်းသာသည့် နံကိုင်းတောင်နှင့် ရှင်ပင်နံကိုင်းဘုရား”အပိုင်း (၅)

စောင်းတန်းအဆင်း၏ အရှေ့ဘက်၌ ရှင်ပင်နံကိုင်းစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းပြီး ဘုရားစေတီအသစ်များ တည်ထားခဲ့သူ သက်တော်ရှည် ဇမ္ဗူ့မင်္ဂလာဆရာတော်ကြီးဗိမာန်တော်ရှိသည်။ ဆရာတော်ကြီးဗိမာန်ကို ဆရာတော်ဦးရာဇာနန္ဒက ၁၃၈၁ ခုနှစ်တွင် တည်ထားပြီး အတွင်း၌ ဆရာတော်ကြီး၏ ပုံတူကြေးရုပ်တုကိုလည်း ထည့်သွင်းပူဇော်ထားသည်။ ဤကြေးရုပ်တုမှာလည်း ကြေးသွန်းပညာရှင် ဦးဝင်းမောင်၏ လက်ရာပင်ဖြစ်သည်။
ဆရာတော်ကြီးဗိမာန်ဘေး၌ ၁၃၅၀ ပြည့်နှစ်က တင်လှူခဲ့သော ထီးတော်ဟောင်းကို တွေ့ရသည်။ ၁၃၈၄ ခုနှစ်က ထီးတော်အသစ် တင်လှူရာတွင် ဤထီးတော်ကို အောက်သို့ချပြီး ပြသထားခြင်းဖြစ်သည်။
စေတီတော်အရှေ့ဘက်၌ အာရုံခံဂန္ဓကုဋိတိုက်ရှိပြီး အတွင်း၌ ရုပ်ပွားတော်တစ်ဆူရှိသည်။
တောင်တက်ကားလမ်းမှ တက်လာလျှင် ဘုရားမရောက်မီ နောက်ဆုံးအကွေ့ထိပ်၌ မဟာမြတ်မုနိဟု ကမ္ပည်းထိုးထားသော ဂန္ဓကုဋိတိုက်ကြီးနှင့် ရုပ်ပွားတော်ရှိသည်။ (မဟာမုနိမဟုတ် မဟာမြတ်မုနိဟုသာ ရေးထားသည်။) ဤမဟာမြတ်မုနိ ဂန္ဓကုဋိတိုက်နှင့် ရုပ်ပွားတော်ကို မန္တလေးမှ မဟာမုနိဘုရားကြီး၏ ပုံစံအတိုင်း ဆရာတော်ကြီးက တည်ထားခြင်းဖြစ်သည်။ မဟာမြတ်မုနိ၏ အနောက်ဘက်နှင့် မြောက်ဘက်ရင်ပြင်တော် ပတ်လမ်းတို့ကနေ ပြည့်သိပ်များပြားလှသော ဘုရားတွေ၊ ကျောင်းတွေနှင့် စစ်ကိုင်းတောင်မြင်ကွင်းကျယ်ကြီးကို ရှုကြည့်နိုင်သည်။ တွေ့ရသမျှ ဘုရားတွေ၊ ကျောင်းတွေ၏ နာမည်တွေကို အကုန်အစင်မဟုတ်ဘဲ သိသလောက် စာရင်းချကြည့်လျှင်ပင် အတော်ရှည်လျားသွားနိုင်ပါသည်။
ရှင်ပင်နံကိုင်းဘုရားမှ ကားလမ်းအတိုင်းဆင်းလာလျှင် လမ်းတစ်ဝက်လောက်၌ ညာဘက်(အနောက်ဘက်)သို့ ကွေ့ဝင်သည့် လမ်းရှိသည်။ ဤလမ်းထဲဝင်သွားလျှင် တောင်တက်စောင်းတန်းနှင့် ကန့်လန့်ဖြတ် လာဆုံသည်။ လမ်းအတိုင်း အနောက်ဘက်မှတစ်ဆင့် မြောက်ဘက်သို့ ကွေ့ဝိုက်လိုက်သွားပါက ပြာပုံတောင်ပေါ်ရှိ ရွှေတိဂုံပုံတူစေတီဆီ ရောက်သွားသည်။ ဤရွှေတိဂုံပုံတူစေတီကို ဇမ္ဗူ့မင်္ဂလာဆရာတော်ကြီးကပင် တည်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ကျိုက်လတ်ချောင်က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ရွှေတိဂုံပုံတူစေတီအနီးကနေ ရှင်ပင်နံကိုင်းဘုရားဘက် ပြန်ကြည့်လျှင် ရှင်ပင်နံကိုင်းဘုရားနှင့်တကွ ကြေးသွန်းရုပ်ပွားတော်ကြီး၊ မဟာမြတ်မုနိဘုရား၊ စေတီငယ်များ၊ သစ်ရိပ်ဝါးရိပ်များဖြင့် စိမ်းစိုသာယာသော လွမ်းမောဖွယ် နံကိုင်းတောင်ကြီးကို တွေ့မြင်ရလေသည်။
ရှင်ပင်နံကိုင်းဘုရားသည် စစ်ကိုင်း ဝါတွင်းဘုရားစဉ်၌ ခုနစ်ဆူမြောက်ဘုရားဖြစ်ပြီး ဝါခေါင်လကွယ်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူကာ ဘုရားပွဲပြုလုပ်ကြသည်။ ဘုရားပွဲ၌ ဇာတ်ပွဲထည့်လေ့ရှိပြီး စစ်ကိုင်းမြို့ပေါ်၌ စည်စည်ကားကားရှိလှသော ဘုရားပွဲဖြစ်လေသည်။
ဇမ္ဗူ့မင်္ဂလာဆရာတော်ကြီးသည် ရှင်ပင်နံကိုင်းဘုရားကို နှစ်ရှည်လများ ထိန်းသိမ်းစောင့်ရှောက်ကာ ပြုပြင်မွမ်းမံခဲ့သလို ရှင်ပင်နံကိုင်းရင်ပြင်တော်နှင့် ပတ်ဝန်းကျင်တွင် ဘုရားစေတီများ တည်ထားခဲ့သည်သာမက သက်တော်ရာကျော်ဆရာတော်ကြီးလည်း ဖြစ်ခြင်းကြောင့် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအနည်းငယ်ကို ရေးသားဖော်ပြရပါဦးမည်။
သက်တော်ရှည်ဇမ္ဗူ့မင်္ဂလာဆရာတော်ကြီး ဘဒ္ဒန္တဇနိန္ဒကို ဦးထွန်းသာ-ဒေါ်ဖွားရှိန်တို့က တန့်ဆည် မြို့နယ် အောင်ချမ်းသာရွာ၌ ၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၈ ရက်တွင် ဖွားမြင်သည်။ မွေးချင်းခြောက်ယောက်အနက် ပဉ္စမမြောက်ဖြစ်သည်။
လေးနှစ်သားအရွယ်တွင် တန့်ဆည်မြို့နယ် နဘက်ကြီးဥမင်ကျောင်းဆရာတော်၏ အစိုးရမြန်မာမူလတန်းကျောင်းတွင် ခြောက်တန်းအောင်သည်အထိ ပညာသင်ခဲ့သည်။ အသက် ၁၂ နှစ်တွင် ဥမင်ကျောင်းဆရာတော် ဦးဝိစာရကို ဥပဇ္စျယ်ပြု၍ ရှင်ဇနိန္ဒဘွဲ့မည်ဖြင့် ရှင်သာမဏေပြုသည်။ ၁၂၉၈ ခုနှစ် တပေါင်းလဆန်း ၈ ရက်နေ့တွင် ဥမင်ကျောင်းဆရာတော်ဦးအာစာရကို ဥပဇ္စျယ်ပြု၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ငယ်စဉ်က ဥမင်ကျောင်းဆရာတော်များဖြစ်သော ဦးဝိစာရနှင့် ဦးအာစာရတို့ထံတွင် လောကုတ္တရာအခြေခံများ သင်ယူပြီး စစ်ကိုင်းမြို့ မိဂဒါဝုန်ဆရာတော်၊ မန္တလေးမြို့ ခင်မကန်၊ မိုးကောင်း၊ ဂွေးချို၊ ချမ်းသာကြီး၊ စရေနှင့် တောင်သမန်တိုက်တို့တွင် ပိဋကတ်ကျမ်းစာများ ဆက်လက်သင်ယူခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်ချိန်တွင် စစ်ကိုင်း ဇမ္ဗူ့မင်္ဂလာချောင်သို့ရောက်ရှိပြီး ဂျပန်ကျောင်း၌ ကျောင်းထွက်လက်မှတ်ရသည်အထိ တက်ရောက်သည်။ ထို့နောက် မန္တလေးမှ ဆရာဦးညွန့်တင်၏ အေဝမ်းမက်ထရစ်ကျောင်းတွင် ကိုးတန်းကျောင်းထွက်လက်မှတ်ရသည်အထိ ပညာသင်ခဲ့လေသည်။
ဇမ္ဗူ့မင်္ဂလာချောင်၌ ဒုတိယတိုက်အုပ်ဆရာတော်အဖြစ် ဆောင်ရွက်ရင်း စာသင်သားများအား စာဝါပို့ချရသည်။ ဇမ္ဗူ့မင်္ဂလာချောင်ဆရာတော် ဦးကေတက ပျံလွန်တော်မူသည်တွင် စာသင်သားများကို အုပ်ချုပ်ကာ ကျောင်းတိုက်ကို ဦးစီးဦးဆောင်ပြုခဲ့ရသည်။
ဆရာတော်ကြီးသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် ပါရာဇိကဏ်ဘာဏက၊ စစ်ကိုင်းတိုင်း ရွှေကျင်သံဃနာယက သြဝါဒါစရိယ၊ သီတဂူရေအလှူတော်ဥက္ကဋ္ဌတာဝန်များ ဆောင်ရွက်ခဲ့သည်။ ၁၃၇၄ ခုနှစ်မှစ၍ စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံ ဝိနည်းစာပြန်ဌာနဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရာ တစ်ဘဝချုပ်ငြိမ်းသည့်အချိန်အထိဖြစ်သည်။
သမိုင်းဝင်ရှင်ပင်နံကိုင်းစေတီတော်ကြီးနှင့် စေတီရံ ၁၂ ဆူအပြင် ဇမ္ဗူ့မင်္ဂလာကျောင်းတိုက် ပတ်ဝန်းကျင်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးနေသော သက်တော်ရ၊ သက်တော်ရှည်၊ ဆုတောင်းပြည့်၊ ဆုတောင်းရ၊ မြတ်စောညီနောင်နှင့် ချမ်းသာရဘုရားတို့ကို ပြုပြင်ခဲ့သည်။ နံကိုင်းတောင်ပေါ်တွင် ကြေးသွန်းရုပ်ပွားတော်ကြီး၊ မဟာမုနိပုံတူရုပ်ပွားတော်နှင့် ဂန္ဓကုဋိတိုက်၊ ပြာပုံတောင်ပေါ်တွင် ရွှေတိဂုံပုံတူစေတီတို့ကို တည်ထားခဲ့သည်။
ထို့ပြင် ရှင်ပင်နံကိုင်းဘုရား၌ အောင်မြေစေတီ၊ အဘယစေတီနှင့် လာဘမုနိစေတီ ၈ ဆူတို့ကို တည် ထားခဲ့သည်။ နံကိုင်းတောင်တက်ကားလမ်းလည်း ဖောက်လုပ်ခဲ့သည်။ ရှင်ပင်နံကိုင်းသို့ လာရောက်ကြသော ဘုရားဖူးများ မပင်မပန်း ချမ်းသာစွာတက်ရောက် ဖူးမြော်နိုင်ရေးအတွက် ဓာတ်လှေကားတပ်ဆင်လှူဒါန်းရန် ဆန္ဒရှိခဲ့သော်လည်း မဆောင်ရွက်ဖြစ်ခဲ့ပေ။
အပိုင်း(၆) ဆက်ရန်။

image