32 ပတ် - ဘာသာပြန်ပါ။

‎ကြယ်တွေကို ရေတွက်တုန်းက
‎ဒီဇင်ဘာ ခြောက်ရက် အတွေးထဲ
‎နှင်းမြူတွေ ၀ိုင်းကြီးပတ်ပတ် ။

‎ပထမတစ်ခါ အသည်းကွဲတယ်
‎ဒုတိယတစ်ခါ အသည်းကွဲတယ်
‎နောက်ထပ် တတိယ စတုတ္ထ ။

‎ဘယ်နှစ်ကြိမ်လည်း ဘယ်နှစ်ခါမြောက်လည်း အတွေးထဲက လိပ်ပြာလေး လက်ဖ၀ါးထဲ ‎အုပ်မိုးထားချင်တယ် ။



32 ပတ် - ဘာသာပြန်ပါ။

လောကကြီးထဲမှာ
ခေါင်းစဥ်နဲ့စာကိုယ်မကိုက်ညီတဲ့
သမိုင်းကြောင်းတွေအများကြီးရှိတယ်
အထူးသဖြင့် ကျုပ်ရေးတဲ့သမိုင်းကြောင်းတွေ....။

32 ပတ် - ဘာသာပြန်ပါ။

မေ့ပစ်ဖို့ ကြိုးစားရင်း
တကယ်
မေ့သွားရင်ဘယ်လို လုပ်မလဲ လို့ တွေးမိတယ်  ။

အမှတ်တရတွေကို မမှတ်မိတော့ရင်
ထိုင်ဖူးတဲ့နေရာဟောင်းတွေကို မေ့သွားရင်
မင်းကြိုက်တတ်တဲ့အရာတွေ သတိမရတော့ရင်
မင်းအပြုံးတွေကို အလွတ်မရတော့ရင်
မင်းခြေသံတွေကို နားမစွင့်တတ်တော့ရင်
မင်းပါးချိုင့်လေးကို မလွမ်းတတ်တော့ရင်
မင်းကြင်နာမှုတွေကို မလိုအပ်တော့ရင်

ကြောက်စရာပဲ
တကယ် ကြောက်စရာပါပဲ ။

32 ပတ် - ဘာသာပြန်ပါ။ - Youtube

Funny Dogs watching TV compilation 🤣🤣 #funnydogvideo #funnyvideo

32 ပတ် - ဘာသာပြန်ပါ။

ဒေဝီရေ...
ကိုယ်ကျန်းမာပါစေ...
စိတ်ချမ်းသာပါစေကွယ်...
ကျွန်တော်ဆုတောင်းပေးနေပါတယ်...
ထာဝရထပ်ပိုတဲ့ အချိန်တိုင်းမှာ...
ဒေဝီ့ကို ကျွန်တော် ချစ်နေပါမယ်...
ဒေဝီကို ကျွန်တော် ဂရုစိုက်နေပါ့မယ်...

32 ပတ် - ဘာသာပြန်ပါ။

တိုက်ဆိုင်မှုတွေရှိလာတိုင်း
အတိတ်ကမပိုင်ဆိုင်ရတဲ့
တစ်စုံတစ်ယောက်ကို သတိရတယ်

ပြန်လိုချင်လားလို့မေးရင်
ဟင့်အင်းလို့ဖြေမိမယ်ထင်တယ်

ဘာလို့ဆို အခုကိုင်ထားတဲ့
လက်ကလေးက ပိုနွေးတယ်
ပိုအေးချမ်းတယ်လေ

ချစ်ခဲ့ဘူးလားလို့မေးရင်
အင်း...ချစ်ခဲ့ပါတယ်
မနေ့ကအထိပေါ့။

32 ပတ် - ဘာသာပြန်ပါ။

ဘဝမှာ အဆင်ပြေတဲ့ရက်လည်းရှိမယ်
အဆင်မပြေတဲ့ ရက်တွေလည်းရှိမယ်
ဒီလိုပါပဲ နောက်ထက်လည်း
အများကြီးကြုံတွေ့ရအုံးမှာမို့
ရင်ဆိုင်ဖို့အတွက် အားတင်းထားပါ။

image
32 ပတ် - ဘာသာပြန်ပါ။

ကိုယ်ဘယ်လောက်အထိ ရှင်သန်နိုင်လဲ
မသေချာတော့တဲ့ ခေတ်ကြီးထဲမှာ
ရှင်သန်နေဆဲအချိန်တွေဟာ သိပ်တန်ဖိုးကြီးနေတယ်။

ဒီလိုတန်ဖိုးကြီးလွန်းတဲ့ အချိန်တွေကို
မတည်ရှိသင့်တဲ့နေရာတွေမှာ မကုန်သင့်ပါဘူး။
မပတ်သက်သင့်တဲ့လူတွေနဲ့ မကုန်သင့်ပါဘူး။

နေရာတစ်ခုပဲဖြစ်ဖြစ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ်၊
သူတို့ဟာ ကိုယ့်အပေါ်
ချစ်ခြင်းမေတ္တာတွေ မပေးနိုင်ဘူး …
ပျော်ရွှင်အေးချမ်းမှုတွေ မပေးနိုင်ဘူး …
Positive Energy တွေ မပေးနိုင်ဘူး … ဆိုရင်
အဲ့ဒီနေရာကနေ ထွက်ခွါလာရပါမယ်။
အဲ့ဒီလူကို စွန့်ခွါလာရပါမယ်။

လွယ်မှာတော့ မဟုတ်ပါဘူး။
အသားကျနေတဲ့ နေရာတစ်ခု ဆိုရင်
တွယ်တာနေမိတဲ့ လူတစ်ယောက် ဆိုရင်
ပိုတောင် မလွယ်ကူပါဘူး။

ဒါပေမယ့်လည်း စစ်ဆေးကြည့်ပါ။
ကိုယ်ဟာ အချစ်ခံရရဲ့လား ?
ပျော်ရွှင်နေရဲ့လား ?
အေးချမ်းနေရဲ့လား ?
အောင်မြင်နေရဲ့လား ?

တစ်ခုမှ မဖြစ်နေဘူးဆိုရင်တော့
နှလုံးသားကို ခဏတာ အနာကျင်ခံပြီး
ဦးနှောက်ရဲ့ အသိဉာဏ်နဲ့အတူ
အဲ့ဒီနေရာကနေ အပြီးတိုင် ထွက်ခွါလာရပါမယ်။
အဲ့ဒီလူကို အပြီးတိုင် စွန့်ခွါလာရပါမယ်။
အချိန်တွေ ထပ်မကုန်ပါစေနဲ့။

ကျွန်တော်တို့ဟာ အများကြီးပိုလို့ ထိုက်တန်ပါတယ်။
ပိုပြီး အချစ်ခံရဖို့ ထိုက်တန်ပါတယ်။
ပိုပြီး ပျော်ရွှင်အေးချမ်းဖို့ ထိုက်တန်ပါတယ်။
ပိုပြီး အောင်မြင်ဖို့ ထိုက်တန်ပါတယ်။
ဒါကြောင့် ရှင်သန်နေတဲ့ အချိန်ခဏမှာ
ပိုကောင်းတဲ့နေရာနဲ့ ပိုကောင်းတဲ့လူတွေဆီ
ကူးပြောင်းရမှာ ဖြစ်ပါတယ်။

အချိန်တွေ အများကြီး မရှိဘူးနော်။
မကောင်းတဲ့နေရာတစ်ခုကို ဖက်တွယ်မနေပါနဲ့။
မကောင်းတဲ့သူတစ်ယောက်ကို ဖက်တွယ်မနေပါနဲ့။

ကိုယ်သည်သာ ကိုယ့်ဘဝရဲ့ Idol ဖြစ်ပါတယ်။
ကိုယ်ဟာ အများကြီး ပိုထိုက်တန်တယ်ဆိုတာ သတိရရင်း
ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ စတင်ကြိုးစားကြည့်ပါ။
ကိုယ့်ကိုယ်ကို ချစ်တတ်သွားပြီဆိုရင်
မကောင်းတဲ့နေရာနဲ့ လူတွေကို သိဖို့ ပိုလွယ်ကူလာပြီး
စွန့်လွှတ်ဖို့ဟာလည်း ပိုလွယ်ကူလာပါလိမ့်မယ်

image
32 ပတ် - ဘာသာပြန်ပါ။ - Youtube

Kuchh 🤣janvaron🤣🤣 ke नए-🤣नए 🤣kanon mein 😆samne 😀Aaye Hain 🤣

32 ပတ် - ဘာသာပြန်ပါ။

တချို့‌လူတွေကို ကိုယ်ချင်းစာတရားအကြောင်း
သွားမပြောနဲ့ သူတို့လက်ခံမှာမဟုတ်ဘူး

ဘာ့ကြောင့်လဲဆိုရင် ကြီးပြင်းလာခဲ့ရတဲ့
အခြေအနေနဲ့အတွေ့အကြုံတွေက
တယောက်နဲ့တယောက်မတူကြဘူး

အဲ့ဒါကြောင့် ကိုယ်ချင်းစာစိတ်လဲမတူကြဘူး
တချို့လူတွေကကြ ကိုယ်တိုင်ကြုံမှ
ကိုယ်ချင်းစာလာတတ်ကြတာ

image