32 w - Translate - Youtube

ချမ်းချမ်း - ဗုဒ္ဓပူဇနိယ (Lyrics) 🙏

32 w - Translate - Youtube

နံနက်ခင်း မေတ္တာပို့ ဓမ္မတေး

32 w - Translate - Youtube

#နံနက်တိုင်းဖွင့် #ဂုဏ်တော်ကွန်ချာ #စီးပွားတက် #ကံပွင့်လာဘ်ပွင့်

32 w - Translate - Youtube

မနက်ခင်း မေတ္တာပို့ ဓမ္မတေး #မေတ္တာပို့သီချင်း

32 w - Translate - Youtube

မင်္ဂလသုတ်၊မေတ္တာသုတ်၊ရတနသုတ် ပရိတ်တော်

32 w - Translate - Youtube

မေတ္တသုတ် ၁၁ ခေါက် မင်းကွန်းဆရာတော်ဘုရားကြီး

32 w - Translate - Youtube

မဟာသမယသုတ် လူချစ်,နတ်ချစ် ဂါထာတော်

32 w - Translate - Youtube

ပဌာန်းဒေသနာတော်ကြီးနှင့် အရပ် (၁၀) မျက်နှာမေတ္တာပို့

32 w - Translate

ဒီဓာတ်ပုံကတော့ ကင်မရွန်းနိုင်ငံက Sanaga-Yong ချင်ပန်ဇီ ကယ်ဆယ်ရေးစခန်းမှာ ချင်ပန်ဇီတွေရဲ့ ဝမ်းနည်းဖွယ် စိတ်ခံစားမှု အခိုက်အတန့်တစ်ခုကိုရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်

နှစ်ပေါင်းများစွာ ကယ်ဆယ်ရေး ဂေဟာမှာ နေထိုင်ခဲ့တဲ့ အသက် ၄၀ အရွယ် ချင်ပန်ဇီမကြီး Dorothy ဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ် သူ့ကို ပြုစုစောင့်ရှောက်သူတွေက သူ့ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို တွန်းလှည်းနဲ့ အပြင်ကို သယ်ထုတ်သွားတဲ့အခါ တခြားချင်ပန်ဇီတွေဟာ တိတ်ဆိတ်ငြိမ်သက်စွာ လာရောက် စုဝေးပြီးကြည့်နေခဲ့ကြပါတယ်

ချင်ပန်ဇီတွေရဲ့ ငြိမ်သက်စွာ ဝမ်းနည်းပူဆွေးမှုကိုတွေ့မြင်ရပြီး တစ်ချို့ ချင်ပန်ဇီတွေဆိုရင် တစ်ယောက်ကိုတစ်ယောက် ပခုံးဖက်ထားတာကိုတောင် တွေ့ရပါတယ် ဒါဟာ သူတို့ကြားမှာရှိတဲ့ ဝမ်းနည်းပူဆွေးမှုနဲ့ စာနာမှုတွေဖြစ်ပြီး လူတွေလိုဘဲ မျှဝေခံစားတတ်ကြောင်းကို ဖော်ပြနေပါတယ်

#knowledge #ဗဟုသုတ #facts #whatthefacts

image

#နိုင်ငံတကာသတင်း
◼ ရုရှားအပေါ်တားဆီးပိတ်ဆို့မှုများ စဉ်းစားနေကြောင်း ထရန့်ပြော

ယူကရိန်းအတွက် ‌အမေရိကန် ကာကွယ်ရေးလက်နက်များပေးပို့ရေးအား ခွင့်ပြုပေးလိုက်ကြောင်း နှင့် ရုရှားအပေါ် တားဆီးပိတ်ဆို့မှုများ ထပ်မံချမှတ်ရေးကို စဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်း အဆုံးသတ်ပစ်မည်ဟု သမ္မတလောင်းဘဝက ကတိပြုခဲ့သော ထရန့်က ထိုကတိတည်အောင် မလုပ်ဆောင်နိုင်ခဲ့သကဲ့သို့ ငြိမ်းချမ်း‌ရေးဆောင်ကျဉ်းရန် ၎င်းတို့အစိုးရ၏ ကြိုးပမ်းမှုများမှာလည်း အရာမထင်ခဲ့ပေ။

အိမ်ဖြူတော်၌ အစိုးရဝန်ကြီးများနှင့် ပြုလုပ်သော အစည်းအဝေးတွင် ပူတင်အပေါ် ဒေါ်သထွက်စိတ်ပျက်မိကြောင်း သမ္မတထရန့်က ပြောကြားသည်။

“ ကျွန်တော်ပူတင်ကို မကျေနပ်ပါဘူး။ ကျွန်တော် အခု ဒါကိုပြောနိုင်ပါတယ်။” ဟု ထရန့်က ပြောကြားသည်။

ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ သေဆုံးနေကြောင်းလည်း ထရန့်က မှတ်ချက်ပြုသည်။

“ ကျွန်တော်တို့ ပူတင်ဆီ က ပေါက်ကရပြောတာတွေ အများကြီးရခဲ့ပါတယ်။ သူက တစ်ချိန်လုံး အလွန်အပြောကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ အဓိပ္ပါယ်မရှိဘူး။” ဟု ထရန့် က ပြောကြားသည်။

စစ်ပွဲနှင့်ပတ်သက်၍ ရုရှားအပေါ် ပိုမိုနက်ရှိုင်းသော တားဆီးပိတ်ဆို့မှုများ လုပ်ရန် အထက်လွှတ်တော်၌ ရောက် ရှိနေသော ဥပဒေကြမ်းတစ်ရပ်အား ထောက်ခံရေးကိုလည်း ၎င်းအနေဖြင့် အလေးအနက်စဉ်းစားနေကြောင်း လည်း ထရန့်က ပြောကြားသည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်မှ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် နှင့် ကွန်နက်တီကတ်ပြည်နယ်မှ ဒီမိုကရက်တစ်လွှတ်တော်အမတ် ရစ်ချက်ဘလူမင်သယ် တို့ ဦးဆောင်တင်ပြခဲ့သော ဥပဒေကြမ်းတွင် ရုရှား ရေနံ ၊ ဓာတ်ငွေ့၊ ယူရေနီယံ နှင့်အခြားပို့ကုန်များ ဝယ်ယူသောနိုင်ငံများအပေါ် အခွန် ၅၀၀ ရာခိုင်နှုန်း ချမှတ်၍ ဒဏ်ခတ်ရန်လည်း ဖော်ပြထားကြောင်း သိရသည်။

ယူကရိန်းသို့ အဓိကအားဖြင့် ကာကွယ်ရေး လက်နက်များ ပိုမိုပို့ဆောင်သွားမည် ဖြစ်ကြောင်း သမ္မတထရန့် က တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ယမန်နေ့က ယင်းအစီအစဉ်ကို ခွင့်ပြုချက်ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ယူကရိန်းကို ကာကွယ်ရေးလက်နက်တွေ ပိုပြီး ပို့သွားပါမယ်။ ဒါကို ကျွန်တော်ခွင့်ပြုလိုက်ပါပြီ။” ဟု ထရန့်က ပြောကြားသည်။

အရေးပါသော စစ်လက်နက်ပစ္စည်း ပေးပို့မှုများ ရရှိစေရေး အဓိကအားဖြင့် လေကြောင်း ကာကွယ်ရေးလက်နက်များရရှိရန် အမေရိကန်နှင့် အဆက် အ သွယ်များကို တိုးချဲ့လုပ်ဆောင်နေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ယမန်နေ့တွင် ပြောကြားသည်။

လပေါင်း ၄၀ ကြာမြင့်လာပြီဖြစ်သော စစ်ပွဲ အဆုံးသတ်ရေးဆီ ဦးလှည့်လာစေရန် ရုရှားနိုင်ငံအပေါ် ပိုမို ပြင်းထန်သော တားဆီးပိတ်ဆို့မှုများ ချမှတ်ရေးအတွက်လည်း ဇီလန်စကီးက ယူကရိန်း၏ အနောက်တိုင်းမဟာမိတ်များအား အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။

“ ပူတင်က သူ့ကိုတွန်းထုတ်လိုက်တယ်ဆိုတာကို သမ္မတထရန့် အသိအမှတ်ပြုသွားတာ ကျွန်တော်‌ ကျေနပ်ပါတယ်။” ဟု တက္ကဆက်ပြည်နယ်မှ အထက် လွှတ်တော်အမတ် ဂျွန်ကော်နင် က ပြောသည်။

“ပူတင်က ဂိမ်းကစားနေတယ်ဆိုတာကို ထရန့်က သေချာပေါက်သိသွားပါပြီ။” ဟု ဥပဒေကြမ်းအား ဦးဆောင်တင်ပြခဲ့သူ လင်ဆေးဂရေဟမ် က ပြောကြားပြီး မကြာမီမှာပင် အထက်လွှတ်တော်က ယင်းဥပဒနှင့် ပတ်သက်၌ စတင်လှုပ်ရှားတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း-ရဲမင်း
ကိုးကား-Reuters/Axios

image