19 w - Translate

A grassroots advocacy organization launched a national boycott of McDonald's on Tuesday, protesting the fast-food giant's recent rollback of DEI initiatives and other corporate practices.
In its January announcement, McDonald's emphasized inclusion as one of its "core values" while announcing changes to its diversity programs, a move that came shortly after President Trump's executive orders dismantling federal DEI programs.
In a statement to ABC News, McDonald's Corporation defended its practices, saying the company's "commitment to inclusion remains steadfast."
Read more: https://abcnews.visitlink.me/Y-n8da

image
19 w - Translate - Youtube

" ဒီဘဝ ချမ်းသာရန်နှင့် စနစ်တကျ သုံးစွဲတတ်ရန်.."( ပါချုပ်ဆရာတော်ဘုရားကြီး )

19 w - Translate - Youtube

လူဆိုတာ ဘယ်ကနေ ဖြစ်လာကြလဲ သံသရာ အစ-အဆုံး အမေးအဖြေ - ပါချုပ်ဆရာတော်ကြီး

19 w - Translate

In the closely watched New York City Democratic mayoral primary, no candidate reached the 50% threshold needed to be declared the winner outright.
But after a strong showing by state Assemblymember Zohran Mamdani, former Gov. Andrew Cuomo said he is conceding the Democratic primary.
Read more: https://abcnews.visitlink.me/7p3oEC

image
19 w - Translate - Youtube

#ပစ္စေကဗုဒ္ဓဆိုတာဘာလဲ ပစ္စေကဗုဒ္ဓတွေကဘာကြောင့်တရားမဟောနိုင်ရတာလဲ - ပါချုပ်ဆရာတော် #တရားတော် #တရားတို

19 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရိုးမရိပ်သာ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ နေရာထပ်မံ မဲနှိုက်မည်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများကို ဇွန် ၂၀ ရက်တွင် မဲနှိုက်ရွေးချယ်ပြီး ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
ရိုးမရိပ်သာတန်ဖိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီကစိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော လျှောက်လွှာများကိုပယ်ဖျက်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသောလျှောက်လွှာ ၂၂၂၄၆ စောင်ကို အိမ်ရာရောင်းချရေးကော်မတီက ဇွန် ၂ဝ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ တိုက်ခန်းဝယ်ယူခွင့်ရရှိမည့်သူများကို မဲနှိုက်ရွေးချယ်ခဲ့ပြီး တိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအနေဖြင့် တိုက်ခန်းနေရာကို ကိုယ်တိုင်မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်မဲနှိုက်ခွင့်ရရှိသူများကို တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမကြီးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန် ၂၆ ရက်တွင် အငြိမ်းစားဝန်ထမ်းများအတွက် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအတွက် ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီနှင့် ဇွန် ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

image
19 w - Translate

#ပြည်တွင်းသတင်း
◼ ယနေ့အထိနောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၉၃ ကြိမ်ရှိ၊ ၄၅ ဦးပျောက်ဆုံး
ပြီးခဲ့သည့်မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင်အပါအဝင် ယနေ့(ဇွန် ၂၄ ရက်) အထိနောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၉၃ ကြိမ်ရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ယမန်နေ့(ဇွန်လ ၂၃ ရက်)အထိ ငလျင်ကြောင့်သေဆုံးသူ ၃၇၆၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၄၅ ဦးရှိကြောင်း နစက၏ထုတ်ပြန်ချက်အရသိရသည်။
အင်အားပြင်းငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြးနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆောက်အအုံများအတွင်းပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိအသက်ရှင်သူ ၆၅၃ ဦးရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၃၉ ဦး ရှာဖွေနိုင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရသိရသည်။
ယနေ့(ဇွန် ၂၄ ရက်) နံနက် ၁၁ နာရီ ၆ မိနစ် ၅၀ စက္ကန့်တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့၏ အရှေ့- အရှေ့မြောက်ဘက်ခြောက်မိုင်ခန့်၊ အနက် ၁၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာ စကေး ၃ ဒသမ ၁ အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image
19 w - Translate - Youtube

“သေခြင်းတရားဆိုတာ ကြောက်နေဖို့မဟုတ်ဘူး “

19 w - Translate - Youtube

"မိတ်ဆွေကောင်းအဖြစ် ပေါင်းသင်းအပ်တဲ့ပုဂ္ဂိုလ်၄ ယောက် "( ပါချုပ်ဆရာတော်ဘုရားကြီး )

#နိုင်ငံတကာသတင်း
◼ ဇီလန်စကီးအားအတွင်းလူများကကိဗ်မြို့နှင့်ပိုလန်လေဆိပ်တွင်လုပ်ကြံမည့်အစီအစဉ်အား ယူကရိန်းထုတ်ဖော်
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအား ပြီးခဲ့သည့်နှစ်တွင် လုပ်ကြံမည့် အစီအစဉ်နှစ်ခုနှင့်ပတ်သက်၍ ယူကရိန်းလုံခြုံ‌ရေးဌာန အကြီးအကဲ က ယမန်နေ့တွင်ထုတ်ဖော်ပြောကြားသည်။
ဇီလန်စကီးအား အကာအကွယ်ပေးရန် တာဝန်ပေးထားသော ယူကရိန်းဗိုလ် မှူးကြီးနှစ်ဦးက ရုရှား ထောက် လှမ်း‌‌ရေးဌာန FSB အတွက်အလုပ်လုပ်ခဲ့ကြောင်းနှင့် ဇီလန်စကီးအား လုပ်ကြံသတ်ဖြတ်ရန် ကြံ စည် နေခဲ့ ကြ ကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU )အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ‌ဗာဆီလ် မယ်လ်ယွတ် က သတင်းထောက်များအား ပြောကြားသည်။
ပိုလန်နိုင်ငံ ဂျက်ရှောလေဆိပ်မှ လုပ်ကြံ‌‌ရေးအစီအစဉ်များကိုလည်း မစ္စတာမယ်လ်ယွတ် က ပြောကြားခဲ့သည်။
“ ပြီးခဲ့တဲ့နှစ်မှာ ကျွန်‌တော်တို့ ကြီးမားတဲ့ စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ ထိန်းသိမ်းလိုက်တဲ့သူနှစ်ဦး အနက်မှ တစ်ဦးက ဒီနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်းကို အကာ အ ကွယ်‌ပေးရမယ့်ဌာနရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ သူနဲ့အတူ အခြား ဗိုလ်မှူးကြီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သူတို့ နှစ်ယောက်စလုံး က ရုရှားနိုင်ငံရဲ့ ထောက်လှမ်းရေးဌာန FSB အတွက် အလုပ်လုပ်ခဲ့ကြပါတယ်။” ဟု၎င်းကပြောသည်။
လုပ်ကြံမည့်သူတို့၏ အစီအစဉ်မှာ ကိဗ်မြို့ရှိ သမ္မတရုံးမှာပင် ဇီလန်စကီးအား သုတ်သင်ရှင်းလင်းမည့်သူကို ရှာဖွေ စုဆောင်းသွားရန်ဖြစ်ကြောင်း မယ်လ်ယွတ် က ပြောသည်။
ယင်းလုပ်ငန်းမှာမိမိတို့အတွက်အလွန်ရှုပ်ထွေးနက်နဲသော စစ်ဆင်ရေးဖြစ်ကာကျူး‌‌ကျော်မှုစဖြစ်ပြီး ကတည်း ကနှစ်နှစ်နီးပါး အချိန်ယူလုပ်ဆောင်ခဲ့ရကြောင်း နှင့် ၎င်းတို့အုပ်စုအတွင်းသို့ လူနှင့်ရော နည်း ပညာ ပိုင်းအရပါ ထိုးဖောက်ခဲ့ရကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU )အကြီးအကဲက ဆက်ပြောသည်။
၂၀၂၄ ခုနှစ် မေလတွင် သမ္မတရုံးလုံခြုံရေးဌာန အကြီးအကဲအား ဇီလန်စကီးက ထုတ်ပယ်ခဲ့ပြီး ၎င်းသည် အဆိုပါရာထူးတွင် ၂၀၁၉ ခုနှစ်ကတည်းက တာဝန်ယူထားသူဖြစ်သည်။
ပိုလန်လေဆိပ်၌ ဇီလန်စကီးအား လုပ်ကြံမည့်အစီအစဉ်အတွက် ပိုလန်စစ်ပြန်တစ်ဦးအား စုဆောင်း ခဲ့ကြ ပြီးဇီလန်စကီးအားချောင်းမြောင်းပစ်ခတ်ရန်နှင့်ဒရုန်းဖြင့်ပစ်ခတ်ရန်စသည့်နည်းလမ်းပေါင်းစုံကိုစဉ်းစား ခဲ့ ကြောင်း နှင့် ၎င်းအကြောင်းကို SBU နှင့် ပိုလန်ပြည်တွင်းလုံခြုံ‌ရေးဌာန တို့က ပူးပေါင်းဖော်ထုတ်ခဲ့ကြောင်း မယ်လ်ယွတ် က ဆက်လက်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-UPI

image