Breaking News >> Deal Done နောက်ဆုံးတော့ အန်တိုနီအတွက် ယူရို ၇၅ သန်းအရှုံးခံပြီး မာန်လျော့လိုက်ရတဲ့ မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ အန်တိုနီကို နည်းပြ တန်ဟက် ကိုင်တွယ်စဉ် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့မှာ ယူရို သန်း ၁၀၀ နီးပါးပေးကာ အိုင်းယက်စ်အသင်းမှ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ ဆရာဟောင်း တန်ဟက်ထွက်ခွာအပြီး အန်တိုနီဟာ ရီးရဲလ်ဘကတစ်အသင်းကို အငှားသွားရောက်ကစားခဲ့ရပါတယ်။
ယခုနွေရာသီအပြောင်းအရွှေ့မှာ နည်းပြသစ်အမော်ရင်ရဲ့ စီမံကိန်းမှာ မပါဝင်သလို မန်ယူနိုက်တက်မှာ ပြန်မကစားချင်တဲ့ အန်တိုနီကြောင့် ထုတ်ရောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ရီးရဲလ်ဘက်တစ်အသင်းက ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းက ဒီထက်ပိုအလိုရှိခဲ့ပြီး လက်မခံခဲ့ပဲ တင်းခံနေခဲ့ပြီး ဆော်ဒီမြေဘက်က ဝယ်ယူချင်တဲ့အသင်းအချို့နဲ့ ချိတ်ဆက်ပေမယ့် အန်တိုနီကတော့ ဘတ်တစ်အသင်းကိုသာ ပြောင်းရွှေ့လိုတယ်လို့ ပြောခဲ့ပြီး ငြင်းဆန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်က မန်ယူနိုက်တက်အနေဖြင့် သူတို့ကမ်းလှမ်းတဲ့ ယူရို ၂၅ သန်းဖြင့် အန်တိုနီကို ရောင်းချဖို့ လက်မခံရင် ကမ်းလှမ်းမှုကို ပြန်လည်ရုပ်သိမ်းတော့မယ်လို့ အန်တိုနီကို အပြီချုပ်ထားတဲ့ ဘက်တစ်အသင်းက အကြောင်းကြားခဲ့ပါတယ်။
အပြောင်းအရွှေ့ Dead Line day ဖြစ်တဲ့ ဒီနေ့အရောက်မှာ မန်ယူနိုက်တက်အသင်းက ရီးရဲလ်ဘက်တစ် ကမ်းလှမ်းတဲ့ ယူရို ၂၅ သန်းကို လက်ခံခဲ့ရပြီး ယခုတစ်ရာသီအငှားဖြင့် စတင်ပြောင်းရွှေ့ပြီး လာမည့်ရာသီမှာ ယူရို ၂၅ သန်း+ add onn ၃ သန်းဖြင့်အပြီးဝယ်ယူခွင့်+ ၅၀% Sell-on clause ဖြင့် အပြောင်းအရွှေ့က ဖြစ်မြောက်သွားခဲ့ပြီလို့ ဒေးဗစ် အွန်းစတိုင်းက အတည်ပြုသွားခဲ့ပါတယ်။
အကောင်းဘက်က တွေးကြည့်ရင်တော့ မန်ယူနိုက်တက်အနေဖြင့် တိုက်စစ်မှူး အန်တိုနီအတွက် တစ်ပတ်လုပ်ခလစာ ယူရို ၁ သိန်း ၇ သောင်းခန့် (တစ်နှစ် ယူရို ၆ သန်းကျော်) လျော့ချလိုက်နိုင်ပြီဖြစ်ပါတယ်။
#manchesterunitedtransfernews #antony #manchesterunited #realbetis

image