ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
H_o-t_e-l T_r-a_n-s_y-l_v-a_n-i_a (2022)
IMDB (6.7/1
အညွှန်း* 🔽🔽🔽
ဒီတစ်ခေါက်တော့ ဒရက်ကူလာဟာ အနားယူပြီး သူ့ဟိုတယ်ကို သူ့သမီး မေးဗစ် နဲ့ သားမက် ဂျွန်နီကို လွှပေးခဲ့ချင်ပေမယ့် ဂျွန်နီရဲ့ ပေါက်ကရ စိတ်ကူးတွေကို ကြောက်တာကြောင့် ဟိုတယ်ကို မွန်းစတားမဟုတ်တဲ့ လူသားတွေ ဆက်ခံခွင့်မရှိဘူးဆိုပြီး လိမ်ပြောလိုက်ပါတယ်အဲဒါကြောင့် ဂျွန်နီဟာ ဗန်ဟဲဆင်းရဲ့အကူအညီနဲ့ မွန်းစတားအဖြစ်ပြောင်းလဲလိုက်ပေမယ့် တလွဲတွေဖြစ်ပြီး ဒရက်ကူလာနဲ့ မိတ်ဆွေတွေပါ မတော်တဆ လူသားတွေ ဖြစ်ကုန်ပါတယ်....ဒါကြောင့် အရင်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးနိုင်မယ့် အရာကိုရှာဖို လူသားဒရက်ကူလာနဲ့ မွန်းစတား ဂျွန်နီတိုတွေ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်ကြမလဲဆိုတာကိုတော့....
#credit
ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/Bhone2312/265
https://t.me/Bhone2312/265
KPop Demon Hunters (2025)
**
ကရီးယားရဲ့ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Lee Byung Hun, Ahn Hyo Seop တိုအပြင်
Arden Cho, May Hong, Ken Jeong, Daniel Dae Kim တိုလို အမေရိကန်သရုပ်ဆောင်တွေက
အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားကြပြီး TWICE လိုမျိုး World Star Kpop အဖွဲကပါ Ost မှာ
Featuring အနေနဲ့ သီဆိုပေးထားတဲ့ Music, Comedy Movie အမျိုးအစား ကားသစ်လေး
တင်ဆက်ပေးပါရစေ ..
ဇာတ်လမ်းအညွှန်း
*
နာမည်ကြီး Kpop Girl Group “Huntrix” ရဲ့ အဖွဲဝင် ၃ ယောက်ဖြစ်တဲ့ Rumi, Mira နဲ့
Zoey တိုဟာ သဘာဝလွန်ဖြစ်တည်မှုတွေဆီကနေ သူတိုရဲ့ ပရိသတ်တွေကို ကာကွယ်ဖိုအတွက်
မကောင်းဆိုးဝါးမုဆိုးတွေအဖြစ် လျှိဝှက်စွာ ဘဝနှစ်မျိုးကို နေထိုင်နေကြသူတွေပါ..
တစ်ဖက်မှာလည်း Huntrix အဖွဲရဲ့ ပြိုင်ဘက် Group .. The Saja Boys ရဲ့ အဖွဲဝင်တွေက
မကောင်းဆိုးဝါးတွေဖြစ်နေတဲ့အခါ ..
Rumi, Mira နဲ့ Zoey တို ၃ ယောက် မကောင်းဆိုးဝါးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ ..
အဲဒါအပြင် ဘယ်လိုလှည့်ကွက်တွေပါနေဦးမလဲဆိုတာကို သီချင်းတွေနဲ့ ရှယ်ကြမ်းထားတဲ့
ကားလေးမိုလို
➡️ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ ⬇️(အရင်နှိပ်ပါ) ⬇️
https://t.me/+nqhhs6tGKeRjZjA1
➡️ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️
https://t.me/c/2088510221/2442
Ponyo (2008)
ဇာတ်လမ်းအကျဉ်းလေးကတော့
သဘောၤသားတစ်ဦးရဲ့အသက်ငါးနှစ်သာရှိတဲ့ သားလေးဟာ သူ့အမေနဲ့အတူပင်လယ်နားက တောင်ကုန်းလေးမှာ နေထိုင်တယ်။
တစ်နေ့မှာ မမျှော်လင့်ပဲ ရွှေငါးလေးတစ်ကောင်ကို တွေ့ရှိခဲ့တယ်
အဲ့ရွှေငါးလေးဟာ ရိုးရိုးငါးလေးမဟုတ်ပဲငါးတစ်ပိုင်းလူတစ်ပိုင်း ဖြစ်နေတဲ့ ရွှေငါးလေးဖြစ်တယ်
ရွှေငါးလေးဟာ ဆိုဆုကီဆိုတဲ့ ကောင်လေးကိုသံယောဇဉ် တွယ်မိပြီး ဆိုဆုကီပေးထားတဲ့ပွန်းညို ဆိုတဲ့ နာမည်လေးနဲ့ လူသားတွေအနားမှာ နေခဲ့တယ်
လူသားတွေကို မုန်းတဲ့ ပွန်းညို အဖေကသူ့သမီးလေးကို ဆိုဆုကီ ရှိကနေ နည်းအမျိုးမျိုးနဲ့ ပြန်လည်လုယူခဲ့တယ်
ဒါပေမယ့် ပွန်းညိုက မှော်စွမ်းအားတွေရပြီးပြန်လွတ်သွားချိန်မှာ သူ့အစွမ်းတွေကြောင့် ဆိုဆုကီတိုမြိုတစ်မြိုလုံးရေနစ်မြုပ်ခဲ့တယ်
သူကတော့ လူသားတစ်ယောက်အဖြစ်ဆိုဆုကီရှိကိုပြန်လာခဲ့တယ် ပွန်းညိုရဲ့မှော်အစွမ်းတွေကြောင့် ကမ္ဘာကြီးပျက်လုနီးပါးဖြစ်နေချိန်မှာငါးနှစ်အရွယ်သာရှိတဲ့ ဖြုစင်တဲ့ သူတိုရဲ့ အချစ်စစ်နဲ့ကမ္ဘာကြီးကိုဘယ်လိုပြန်တည်ဆောက်သွားမလဲ
ပွန်းညိုဟာ လူသားတွေကိုမုန်းတဲ့ သူ့အဖေ နဲ့ပဲရေအောက်မှာ
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/127
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl
ပျောက်ဆုံးနေတဲ့အဒေါ်ကို ကူရှာပေးဖို ကြိုးစားကြရင်း နတ်ဘူရားတွေဆီ အကူညီတောင်းကြတဲ့အခါ
Antikalpa (2023)
IMDB: 6.3/10
Taiwan ကားတွေက အခုနောက်ပိုင်း တရုတ်ပြည်မကြီးက ကားတွေထက် ပိုကောင်းလာကြတယ်…သူတိုရဲ့ ဇာတ်လမ်း ဇာတ်အိမ်အထားအသိုတွေက Special Effect တွေအများကြီးသုံးထားတဲ့ တရုတ်ပေါကားတွေထက်တော့ အပုံကြီးသာတာအမှန်ပဲ
ဒီကားထဲမှာကတော့ အရင် ၂၀၂၁ တုန်းက ရှယ်ပေါက်ထားတဲ့ Limited Movieဖြစ်တဲ့ The Sadness ဆိုတဲ့ Zombie ကားထဲက မင်းသမီးချော Regina Leiကပဲ ထပ်မံပါ၀င်ထားပါတယ်
ဇာတ်လမ်းကတော့ Dai ဆိုတဲ့ကောင်လေးက ဂုဏ်သိက္ခာကြီးမားတဲ့ ရှေးရိုးစွဲဘုရားကျောင်း ဖွင့်လှစ်ထားတဲ့ မိသားစုမှ ဆင်းသက်လာတာပါ…သူ့မှာ ငယ်ငယ်တည်းက ချစ်ရတဲ့ Yu Fan ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်
အဲ့ကောင်မလေးရဲ့ ပျောက်ဆုံးနေတဲ့အဒေါ်ကို ကူရှာပေးဖို ကြိုးစားကြရင်း နတ်ဘုရားတွေဆီ အကူအညီတောင်းကြတဲ့အခါ…
📞📼ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ (အရင်နှိပ်ပါ) 👇
https://t.me/+xhBwtcKqPoU2MzI1
📼📞ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2167898929/181
အရိုးပြာကိုရုပ်ထုထဲ ထည့်တဲ့ ဓလေ့ရှိတဲ့ ကျွန်းတစ်ကျွန်း 🥹
Hoon Payon (2023)
ကျွန်းတစ်ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်ထုကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ်၊တစ်နေ့မှာ ထမ်ဟာ အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတိုမိဘဆုံးသွားကြောင်း သတင်းပြောဖို ထိုကျွန်းကိုရောက်လာခဲ့ပါတယ်၊သူရောက်လာတော့ အစ်ကိုဖြစ်တဲ့ ထီဟာကျောင်းထိုင်ဆရာတော်ကို သတ်တယ်လိုစွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ်။ ထမ်ဟာ အစ်ကိုအကြောင်းစုံစမ်းဖို အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို ခွင့်တောင်းလိုက်ပါတယ်။
ဒီကျွန်းမှာ ထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ၊ပထမညမှာတင် ထူးဆန်းတာတွေဖြစ်ခဲ့တယ်။ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ်။ ဂဝံရုပ်လုပ်နည်း မျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ၊သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်။
➡️ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ ⬇️(အရင်နှိပ်ပါ) ⬇️
https://t.me/+xhBwtcKqPoU2MzI1
➡️ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️
https://t.me/c/2167898929/187
တစ်ခါတလေမှာ ကျိန်စာလို ကိုယ်ထင်နေတဲ့အရာက ဘုရားပေးတဲ့ဆုလာဘ်တစ်ခု
ဖြစ်သွားနိုင်သလို ဆုလာဘ်လိုထင်နေတဲ့အရာတစ်ခုကလည်း ကိုယ့်ကို ကံဆိုး
မိုးမှောင်ကျစေတဲ့ ကျိန်စာတစ်ခု ဖြစ်သွားနိုင်ပါတယ်။
Curse of the Seven Seas (2024)
ကီပ်တိုတစ်ယောက် သားလေးအာဒီ ကျောက်ကပ်ခွဲစိတ်နိုင်ဖို အလုပ်ကြိုးစားပြီး
ရုန်းကန်ခဲ့ပေမဲ့ အာဒီက ခွဲစိတ်မှုအပြီးမှာ အရိပ်တွေမြင်နေတယ်ဆိုပြီး ငိုယိုနေတော့
ကီပ်တိုနဲ့မာနီတိုလည်း နောက်ထပ်အပူတစ်ခုတိုးပြီး ရတက်မအေးနိုင် ဖြစ်ရပြန်တာပေါ့။ဒီလိုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်လိမ္မာတဲ့ ရူစတန်ဆိုတဲ့လူကြီးရဲ့
အကူအညီနဲ့ အာဒီတစ်ယောက် အန္တရာယ်များတဲ့ခွဲစိတ်မှုအပြီးမှာ ထူးဆန်းစွာနဲ့
တတိယမျက်လုံးပွင့်သွားပြီး တစ်ပါးသူမမြင်နိုင်တဲ့ဝိညာဉ်တွေကို မြင်နေတာဖြစ်ကြောင်း
သိလိုက်ရပါတယ်။ ဒါပေမဲ့ အာဒီလေးအဆင်ပြေစေဖိုအတွက် ဒီတတိယမျက်လုံးရဲ့
အစွမ်းတွေကို ဖိနှိပ်ထားလိုက်ပြီး ရူစတန်ကတော့ အာဒီကို ဈေးထဲ မသွားခိုင်းဖို
မိဘတွေကို မှာခဲ့တာပေါ့။
နှစ်တွေအတော်ကြာပြီးချိန် အာဒီလည်း လူပျိုပေါက်အရွယ်ရောက်လို အာရစ်ဖ်ဆိုတဲ့
ညီတစ်ယောက်နဲ့ ရှီဖာဆိုတဲ့ညီမလေးတစ်ယောက်ရှိလာချိန်မှာတော့ သူအမြဲရှောင်နေတဲ့
အဖေ့ဆိုင်ရှိတဲ့ဈေးကို မဖြစ်မနေသွားရဖိုဖြစ်လာပြီး ကံဆိုးချင်တော့ အဖေနဲ့ဦးလေးရဲ့
အငြင်းပွားသံကို နားစွန်နားဖျားကြားလိုက်ရပါတယ်။အဓိကကတော့ ဈေးထဲက ကုန်စုံဆိုင်တွေထဲမှာ ကီပ်တိုရဲ့ဆိုင်ကပဲ ထူးထူးခြားခြား
အရမ်းအောင်မြင်ပြီး ရောင်းကောင်းနေတော့ မနာလိုရာကနေ အစပျိုးလာတဲ့
အငြင်းပွားမှုတွေ အာဃာတတွေဖြစ်လာတာပါ။ဒီလိုနဲ့ ဆိုင်ကို ထူးဆန်းတဲ့ ပါဆယ်တစ်ခုရောက်လာပြီးတဲ့နောက် မိသားစုမှာရော
လုပ်ငန်းမှာပါ ဆက်တိုက်ဆိုသလို ကံဆိုးမှုတွေ ဖြစ်လာချိန်မှာတော့….အာဒီက မိသားစုရဲ့သားကြီးအနေနဲ့ သူအရင်က ကျိန်စာတစ်ခုလိုသတ်မှတ်ခဲ့တဲ့
သူ့ရဲ့ တတိယမျက်လုံးအကူအညီနဲ့ မိသားစုရဲ့ပြဿနာကို ရှီဖာနဲ့အတူ ဘယ်လို
ရင်ဆိုင်မလဲဆိုတာ ရှုစားကြပါဦး .. ။
➡️ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ ⬇️(အရင်နှိပ်ပါ) ⬇️
https://t.me/+xhBwtcKqPoU2MzI1
➡️ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️
https://t.me/c/2167898929/198