45 ပတ် - ဘာသာပြန်ပါ။

San Francisco is set to ban homeless people from living in RVs by adopting strict new parking limits the mayor says are necessary to keep sidewalks clear and prevent trash build-up.
The policy, up for final approval by San Francisco supervisors Tuesday, targets at least 400 recreational vehicles in the city of 800,000 people.
Critics of the plan say that it's cruel to force people to give up their only home in exchange for a shot at traditional housing when there is not nearly enough units for all the people who need help. https://abcnews.visitlink.me/tcD55G

image
45 ပတ် - ဘာသာပြန်ပါ။

A plane-sized asteroid is expected to pass Earth next week.
Here's why this encounter is more routine than remarkable, according to NASA experts.
https://abcnews.go.com/US/nasa....-plane-sized-asteroi

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဘီ-၅၂ ဗုံးကြဲလေယာဉ်ကို ခရီးသည်တင်လေယာဉ် အရေးပေါ်ရှောင်ရှားခဲ့ရ
အမေရိကန်ပြည်ထောင်စု အခြေစိုက်စကိုင်းဝက်စ် လေကြောင်း လိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် မြောက်ဒါကိုတာပြည်နယ်၌ အမေရိကန်လေတပ်မှ ဘီ-၅၂ဗုံးကြဲ လေယာဉ်တစ်စင်းနှင့် လေထဲဝင်တိုက်မည့်အရေးကိုရှောင်ရှားရန် အန္တရာယ်များသည့် တိမ်းရှောင်ပျံသန်းမှုတစ်ရပ်ပြုလုပ်ခဲ့ရကြောင်း ဇူလိုင် ၂၁ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အဆိုပါ ခရီးသည်တင်လေယာဉ်သည် မင်နီယာပိုလစ်မြို့မှ စတင် ပျံတက်ခဲ့ပြီး မိုင်းနော့မြို့အနီးသို့ချဉ်းကပ်လာစဉ် လက်ယာဘက်ခြမ်းမှ ပျံသန်းလာသော ဘီ-၅၂ ဗုံးကြဲ လေယာဉ်ကို ရှောင်ရှားရေးအတွက် အရေးပေါ်လမ်းကြောင်း ပြောင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၁၉ ရက်တွင်ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်လေတပ်က အသေးစိတ်သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ သို့ရာတွင်မိုင်းနော့မြို့၌ ဇူလိုင် ၁၉ ရက်တွင် ကျင်းပသော မြောက်ဒါကိုတာပြည်နယ်နေ့အခမ်းအနားတွင် ဘီ-၅၂ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တစ်စင်း သရုပ်ပြပျံသန်းခဲ့ကြောင်း အမေရိကန်လေတပ်က သတင်းထုတ်ပြန်ထားသည်။
အမေရိကန်လေကြောင်းလိုင်းမှ ခရီးသည်တင်ဂျက်လေယာဉ်တစ် စင်းနှင့် အမေရိကန်ကြည်းတပ်ရဟတ်ယာဉ်တစ်စင်းတို့ ဝါရှင်တန်မြို့တော် ဝေဟင်၌ဝင်တိုက်ခဲ့ပြီး ခြောက်လခန့်အကြာတွင် ဘီ-၅၂ ဗုံးကြဲလေယာဉ်ကို ခရီးသည်တင်လေယာဉ်ရှောင်ရှားရမှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။
အထက်ပါ ရဟတ်ယာဉ်နှင့် လေယာဉ်ဝင်တိုက်မှုသည် လူပေါင်း ၆၇ ဦး သေဆုံးခဲ့ရသည်။
အေပီ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်နိုင်ငံတွင် အပူလှိုင်း ဆက်လက်ပြင်းထန်
ဂျပန်နိုင်ငံတစ်ဝန်းတွင် ဇူလိုင် ၂၁ ရက်၌ အပူချိန်များ ဆက်လက်မြင့်တက်နေပြီး အချို့ဒေသများတွင် ၃၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယင်းနေ့ မွန်းလွဲပိုင်းတွင် အီဘာရာကီခရိုင်ရှိ ဒိုဂိုမြို့၌ ၃၈ ဒသမ ၇ ဒီဂရီစင်တီဂရိတ်၊ ဖူကူရှီးမားခရိုင်ရှိ ဒါတီမြို့၌ ၃၈ ဒသမ ၆ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့သည်။ ယာမဂါတခရိုင်ရှိ အချို့မြို့များတွင် ၃၇ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှစတင်၍ မှတ်တမ်းတင်ချိန်မှစ၍ အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဟော့ကိုင်းဒိုးမှ ကာဂိုရှီးမားအထိခရိုင်များစွာတွင် အပူဒဏ်ကြောင့် ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ထားသည်။ ပြည်သူများအနေဖြင့် လေအေးပေးစက်များကို သင့်တင့်စွာအသုံးပြုရန်၊ ရေနှင့်ဆားဓာတ်လုံလောက်စွာ ဖြည့်တင်းရန်နှင့် အပူဒဏ်မှကာကွယ်ရန် အပြင်တွင်လှုပ်ရှားသည့်အခါ မကြာခဏ အနားယူရန် အကြံပြုထားသည်။
တစ်ချိန်တည်းမှာပင် အပူချိန်မြင့်တက်မှုနှင့် လေအေးပုံစံတို့ကြောင့် အရှေ့ဂျပန်ရှိကုန်းတွင်းပိုင်းဒေသများတွင် လေထုအခြေအနေ အလွန်မတည်မငြိမ်ဖြစ်နေသည်။ တိုဟိုခုနှင့် ကန်တို-ကိုရှင်းဒေသများတွင် မိုးတိမ်များကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါဒေသရှိ မြေနိမ့်ဒေသတွင် နေထိုင်သူများအနေဖြင့် ရေကြီးမှု၊ မြေပြိုမှု၊ မြစ်ရေကြီးမှု၊ လေဆင်နှာမောင်းနှင့် မိုးသီးကြွေခြင်းတို့ကို သတိထားကြရန်လည်း တာဝန်ရှိသူများက သတိပေးထုတ်ပြန်ထားသည်။
အင်န်အိတ်ချ်ကေ

image
45 ပတ် - ဘာသာပြန်ပါ။

◼ ကျပ်ဘီလီယံ ၅၀ နီးပါးရှိ မူးယစ်ဆေးများဖမ်းမိရာမှ မူးယစ်တရားခံပြေး တစ်ဦးပါဖမ်းဆီးမိ
မလေးရှားနိုင်ငံသို့ သယ်ယူပို့ဆောင်ရန်စီစဉ်ထားသည့် ကျပ်ဘီလီယံ ၅၀ နီးပါးတန်ဖိုးရှိစိတ်ကြွရူးသွပ် ဆေးပြားများနှင့် အိုက်စ်ဆေးပြားများနှင့်ဆက်စပ်သူကိုးဦးကို ယခုလအတွင်းဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ ယခုဇူလိုင်လ ၁၂ ရက် ညခြောက်နာရီခွဲတွင် သတင်းအရဝင်ရောက်စစ်ဆေးရာမှ ကျပ်ဘီလီယံချီတန်ကြေးရှိမူးယစ်ဆေးများနှင့်ဆက်စပ်နေသူများကို ခြောက်ရက်အတွင်းဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါနေအိမ်မှ ကျပ် ၄၇ ဘီလီယံနီးပါးတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၈၇၅ ကီလို၊ ကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း၊ Toyota Dyna မော်တော်ယာဉ်တစ်စီး တို့နှင့်အတူ ဇော်ဇော်လွင်ဆိုသူအားဖမ်းဆီးမိခဲ့သည်ဟုသိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ အထက်ပါမူးယစ်ဆေးဝါးများအားလွှဲပြောင်းပေးခဲ့သည့် နေမျိုးကျော်ဆို သူကို ယင်းနေ့ညပိုင်းတွင် လှိုင်မြို့နယ် (၁၆)ရပ်ကွက်၊ ပါရမီလမ်း၌ ဆက်လက်ဖမ်းဆီးမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရသိရသည်။
ယင်းဆေးဝါးများကိုတာဝန်ခံသယ်ဆောင်သူဟု ရဲတပ်ဖွဲ့ကဖော်ပြထားသည့် ကြည်ဖြူ(ခ) ကျော်ဝင်းဌေးနှင့် ဇော်မင်းနိုင်တို့နှစ်ဦးကို ဝေါမြို့နယ်ညောင်ခါးရှည်ကျေးရွာအနီး၌ လည်းကောင်း၊ မူး ယစ်ဆေးများကို မလေးရှားရေပိုင်နက်သို့ပို့ဆောင်သူဟုဆိုထားသည့် စိုးလင်းပိုင်(ခ) လင်းလင်းကို ပြည်မြို့နဝဒေးတံတားတွင်လည်းကောင်း ဇူလိုင် ၁၅ ရက်တွင် ဆက်လက်ဖမ်းဆီးခဲ့သည်ဟုသိရသည်။
အလားတူ မူးယစ်ဆေးဝါးများကို ရန်ကုန်မြစ်ဝမှ မလေးရှားရေပိုင်နက်အထိ ပို့ဆောင်ရာတွင်အသုံးပြု မည့် စက်လှေပိုင်ရှင် ရဲထွန်း(ခ)ပဲ့နင်း(ခ) ဖိုးသာဂိ ဆိုသူကို ပုသိမ်ကြီးမြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် တွင် ဖမ်းဆီးခဲ့ပြီး ၎င်းသည် မူးယစ်အမှုဖြင့် အလိုရှိနေသည့် တရားခံပြေးတစ်ဦးလည်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ထို့ပြင် မူးယစ်ဆေးဝါးများကို ရန်ကုန်မြစ်ဝသို့ တာဝန်ခံသယ်ဆောင်ပေးမည့် သိန်းသန်းဌေး(ခ) ဇော် ဇော်အောင်(ခ)ငဌေး၊ ကျော်စွာမင်း(ခ)မင်းမင်း၊ မျိုးထွန်း(ခ)ကိုထွန်းတို့ကို ဇူလိုင် ၁၇ ရက်၊ ညနေပိုင်း တွင်မင်္ဂလာဒုံမြို့နယ်၌ ဆက်လက်ဖမ်းမိခဲ့ကြောင်းသိရသည်။
လက်ရှိဖမ်းမိထားသူများအပြင် အဆိုပါ မူးယစ်ဆေးဝါးများကို ပိုင်ဆိုင်သူ၊ နေအိမ်ငှားရမ်း၍ သိမ်းဆည်းပေးထားသူနှစ်ဦး၊ မလေးရှားရေပိုင်နက်အတွင်း အဓိက သယ်ယူရောင်းဝယ်သူနှစ်ဦး အပါအဝင် ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်နေသည်ဟုလည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။
အထက်ပါ မူးယစ်မှောင်ခိုအဖွဲ့သည် ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ မူးယစ်ဆေးဝါးများသယ်‌ဆောင် ရောင်းဝယ်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိထားသည်ဟုဆိုသည်။
ဖမ်းဆီးထားသူများ၊ ဆက်စပ်နေသူများ၏ မူးယစ်ဆေးရောင်းဝယ်ရာမှ ရရှိသောငွေကြေး၊ အကျိုး အမြတ်၊ ပိုင်ဆိုင်မှုများကိုငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ထပ်မံအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

image
45 ပတ် - ဘာသာပြန်ပါ။

ပင်စင်စားတွေကို စမတ်ကတ် UID နေ့ချင်းပြီးလုပ်ပေးမယ်
ဇူလိုင် ၂၃ ၊ ၂၀၂၅
GG (VOM)
စမတ်ကတ် UID မရှိသေးတဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားတွေကို ဒီနေ့ ဇူလိုင် ၂၃ ရက်မှစပြီး ပင်စင်လစာထုတ်ပေးတဲ့ကာလအတွင်း
မြန်မာစီးပွားရေးဘဏ်တွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းတွေကကွင်းဆင်းပြီး စမတ်ကတ် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေအနေနဲ့ UID နံပါတ်ရရှိရေးအတွက် မြို့နယ်ဦးစီးမှူးရုံးကို လာရောက်လျှောက်ထားဆောင်ရွက်မှု များပြား နေတဲ့ အတွက် လုပ်ငန်းအဆင်ပြေလွယ်ကူစေရေး အထူးအစီအစဉ်တရပ်အဖြစ် စီးပွားရေးဘဏ်မှာကွင်းဆင်းလုပ်ဆောင်ပေးတာဖြစ်ကြောင်း ၊ ဆောင်ရွက်တဲ့အခါ One-Stop Service နဲ့ နေ့ချင်းပြီး အဆင်ပြေစွာ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးဌာနသတင်းပြန်မှုအရသိရပါတယ်။
မြန်မာ့စီးပွားရေးဘဏ်မှာ စမတ်ကတ်ကို ကွင်းဆင်းဆောင်ရွက်ပေးမယ့်အပေါ် ပင်စင် အငြိမ်းစားဝန်ထမ်းတယောက်က " ဘဏ်မှာလာလုပ်ပေးတော့ အဆင်ပြေတာပေါ့။ပင်စင်လာထုတ်တဲ့သူအကုန်လုံးက အသက်အရွယ်ကြီးသူတွေချည်းပဲဆိုတော့ ဟိုပြေးဒီပြေးမသွားရတော့ဘူးပေါ့။မဟုတ်ရင် လဝက ကိုသွားနေရသေးတယ်။တကယ်တော့ကျွန်တော်ပင်စင်စားတွေက လိမ်ထုတ်စရာလည်းမရှိကြပါဘူး။အဆင်ပြေအောင်လုပ်ပေးစေချင်တယ်။" လို့ ပြောပါတယ်။
စမတ်ကတ်ကို မြန်မာ့စီးပွားရေးဘဏ်မှာ ကွင်းဆင်းဆောင်ရွက်ပေးသလို အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးအရ သွားလာဖို့ခက်ခဲသူတွေ၊ မသွားမလာနိုင်သူတွေကိုလည်း နေအိမ်အရောက် ကွင်းဆင်းလုပ်ဆောင်ပေးဖို့ အငြိမ်စားဝန်ထမ်းမိသားစုတွေက ဆန္ဒရှိနေကြပါတယ်။
" အိမ်ကအဖွားဆို လေဖြတ်နေတာ။လမ်းမလျှောက်နိုင်ဘူး။ပင်စင်လစာဆို ကျွန်တော်က ကိုယ်စားထုတ်ရတယ်။ထောက်ခံစာအပြည့်အစုံနဲ့ပေါ့လေ။ကျွန်တော့်အဖွားလို မကျန်းမာသူတွေ လမ်းမသွားနိုင်သူတွေအတွက်လည်းစီစဥ်ပေးစေချင်တာပါ။ဘာလို့ဆို စမတ်ကတ်ကလည်းမဖြစ်မနေလုပ်ရမယ့်အရာဖြစ်နေတယ်။အခုဆို ခြောက်လတခါ အဖွားအသက်ရှိကြောင်း video call ပြရပါတယ်။" လို့ ပင်စင်စားဝန်ထမ်းရဲ့မိသားစုဝင်ကပြောပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ကလက်ရှိ ဘဏ်ပေါင်း ၁၇၁ ဘဏ်မှာ UID နံပါတ်ရရှိပြီးသူ အငြိမ်းစားဝန်ထမ်းတွေဆီကနေ အချက်အလက်တွေရယူထည့်သွင်းနေသလို UID နံပါတ် မရရှိသေးသူတွေကိုလည်း ဆက်သွယ်ဆောင်ရွက်ပေးနေတယ်လို့ မြန်မာ့စီးပွားရေးဘဏ်က ဆိုထားပါတယ်။
UID နံပါတ်မရရှိသေးသူတွေကို ဆက်သွယ်ဆောင်ရွက်ရာမှာ အသက်အရွယ် ၊ကျန်းမာရေးအခြေအနေနဲ့ အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စအခက်အခဲကြောင့် UID နံပါတ်မရရှိသေးသူတွေကိုလည်း အငြိမ်းစားပင်စင်လစာကို ယခင်ထုတ်ယူနေကြအတိုင်း မြန်မာစီးပွားရေးဘဏ်တွေမှာ ထုတ်ပေးနေတယ်လို့ အသိပေးထားပါတယ်။
အကယ်လို့ UID နံပါတ်မရှိသေးသူများအနေနဲ့ ပင်စင်လစာထုတ်ယူဖို့အခက်အခဲရှိပါက သက်ဆိုင်ရာ ဘဏ်ခွဲမန်နေဂျာကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

image

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၇၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၉၀ ကျပ်
ဝယ်ဈေး - ၃၄၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၂၅၀ ကျပ်
ဝယ်ဈေး - ၅၁၄၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၈.၈၉ ကျပ်
ဝယ်ဈေး - ၁၃၆.၀၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၅၅ ကျပ်
ဝယ်ဈေး - ၁၀၃၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၃ ကျပ်
ဝယ်ဈေး - ၆၁၁ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၄၃ ကျပ်
ဝယ်ဈေး - ၂၉.၈၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၇၆ ကျပ်
ဝယ်ဈေး - ၅၀.၇၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၄ ကျပ်
ဝယ်ဈေး - ၃.၁၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၆၀၄၅ ကျပ်
ဝယ်ဈေး - ၅၉၂၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၃၀ ကျပ်
ဝယ်ဈေး - ၂၈၇၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၈၅ ကျပ်
ဝယ်ဈေး - ၃၂၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၇ ကျပ်
ဝယ်ဈေး - ၁၁၉၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

45 ပတ် - ဘာသာပြန်ပါ။ - Youtube

Mohinga made with (3) Kind of Fishes | Mohinga | Burmese Traditional Mohinga

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၄၂၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၀၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၉၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၈၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၅၃၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၉၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၈၁၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၇၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၄၁၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၇၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

45 ပတ် - ဘာသာပြန်ပါ။ - Youtube

Myanmar funny movies