19 w - Translate

Web spider 🕸️ tattoo designs

image
19 w - Translate

Web spider 🕸️ tattoo designs

image
19 w - Translate

Web spider 🕸️ tattoo designs

image
19 w - Translate

Web spider 🕸️ tattoo designs

image
19 w - Translate

Web spider 🕸️ tattoo designs

image
19 w - Translate

Web spider 🕸️ tattoo designs

imageimage
+5

ခြေတစ်လှမ်းသာတဲ့ မိတ္တူ
တရုတ်နိုင်ငံက ချပြလာတဲ့ Deepseek Ai ကြောင့် အမေရိက က ChatGPT နဲ့အတူ နိုင်ငံတကာက Ai ကုမ္ပဏီကြီးတွေ လှုပ်ခါသွားခဲ့တဲ့သတင်းကို စာဖတ်သူတို့ ကြားပြီးကြမှာပါ။ ဒီလိုမျိုး အရှေ့အနောက် အပြိုင်အဆိုင်နေရာလုကြတာတွေဟာ အခုခေတ်မှရှိတာမဟုတ်ပါဘူး။ ပထမဆုံး မီးသီးတီထွင်သူဟာ Thomas Edison လို့ သင်ထင်ပါသလား။ Fight Club ရုပ်ရှင်ထဲက "အားလုံးက မိတ္တူတွေရဲ့ မိတ္တူတွေပဲ" ဆိုတဲ့ ဒိုင်ယာလော့ကိုတောင် သွားသတိရမိပါတယ်။
The Social Network ရုပ်ရှင်မှာ အဓိကပြချင်တာက ကျွန်တော်တို့ ခင်ဗျားတို့ အခုသုံးနေတဲ့ Facebook ဘယ်လိုဖြစ်လာလဲဆိုတာထက် ဘယ်ကဖြစ်လာလဲဆိုတာကိုပါ။
Facebook ဟာ တကယ်တော့ ခြေတစ်လှမ်းသာတဲ့ မိတ္တူတစ်ခုပါပဲ။ Facebook ရဲ့ မူရင်းအိုင်ဒီယာဟာ Winklevoss အမွှာညီအစ်ကိုက စပါတယ်။ သူတို့ Harvard တက္ကသိုလ်မှာ တက်နေကြတုန်း Harvard က ကျောင်းသားတွေကြားမှာ ချိတ်ဆက်ပေးနိုင်မယ့် အွန်လိုင်းလူမှုကွန်ယက် (online social network) တစ်ခု ဖန်တီးဖို့ အကြံနဲ့ Mark ကို programmer နေရာအတွက် ကမ်းလှမ်းခဲ့တယ်။ Mark ကတော့ ရှင်းပါတယ်။ သူတို့ အိုင်ဒီယာကို ကူးယူ၊ မွန်းမံပြီး သူ့ဘာသာ 'တစ်ဦးတည်း' TheFacebook ကို ဖန်တီးခဲ့တယ်။ (ရုပ်ရှင်ထဲမှာတော့ Mark တစ်ယောက်တည်း TheFacebook ကို လုပ်ခဲ့တယ်လို့ ပြသခဲ့တာဆိုပေမဲ့ လက်တွေ့မှာက သူ့အခန်းဖော်တွေနဲ့အတူတူ လုပ်ခဲ့တာဖြစ်ပါတယ်။)
ဟုတ်ပြီ၊ ဆိုတော့ "Facebook က သူများအိုင်ဒီယာကို ကူးချထားတာ.. ဘာလို့ အခုထိ ရှိနေသေးတာလဲ" လို့ မေးနိုင်ပါတယ်။ အရှင်းဆုံးအဖြေကတော့ Mark က အားလုံးထက် ခြေတစ်လှမ်းသာခဲ့လို့ပါ။ သူ့ကို ကူးချတယ်ပြောပေမဲ့ Winklevoss တို့ အမွှာညီအစ်ကိုရဲ့ code ကို တစ်ကြောင်းတောင် ကူးမချခဲ့ပါဘူး။ ဦးနှောက်ကိုပဲ ဖောက်စားသွားတာ။ ဒီအချိန် အမွှာညီအစ်ကိုက ဘာလုပ်နေလဲ။ Mark က ရက်တွေရွှေ့နေတာကို ထိုင်ပဲစောင့်နေနိုင်ခဲ့တယ်။ TheFacebook ချပြအပြီး ၃ လအကြာ ၂၀၀၄၊ မေလမှာ HarvardConnection ဆိုတဲ့ website ကို Winklevoss ညီအစ်ကိုတို့ ချပြခဲ့ပေမဲ့လည်း နောက်ကျသွားခဲ့ပါပြီ။ ဒီအချိန်မှာ TheFacebook ဟာ တက္ကသိုလ်ပေါင်း ၄၀ ကနေ ၅၀ အထိ သီးသန့် website အဖြစ် ရောက်ရှိနေပြီဖြစ်ပြီးတော့ အသုံးပြုသူပေါင်း ၂ သိန်းနီးပါးရောက်နေပြီဖြစ်ပါတယ်။
ယနေ့ခေတ် ဈေးကွက်ထဲမှာလည်း ပြိုင်ဖက်လုပ်ငန်းကြီးတွေများပါတယ်။ Pepsi နဲ့ Coca-Cola၊ Grab နဲ့ Uber၊ Marvel နဲ့ DC အသီးသီးပေါ့။ ဒီနေရာမှာ "ငါ့ အိုင်ဒီယာ သူ ခိုးပါတယ်" ဆိုပြီး တစ်ဖက်ကိုအပြစ်တင်နေရင် နောက်ကျကျန်ခဲ့မှာပါ။ နောက်ဆုံး လုပ်ငန်းနှစ်ခုမှာ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတာ လုပ်ငန်းရဲ့ ဝန်ဆောင်မှု၊ အရည်အသွေး၊ ပုံရိပ်တွေကသာ စကားပြောသွားတာပါပဲ။ ဒါကို ကောင်းကောင်းသိတဲ့ Mark ဟာ Winklevoss အမွှာညီအစ်ကို သူ့ကိုတရားစွဲတာတောင် "ဒါဟာသူ့အတွက် ကြီးမားတဲ့စိုးရိမ်စရာမဟုတ်ဘူး" လို့ ဆိုပြီး သူ့ရဲ့ လုပ်ငန်း၊ Facebook ရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်ခဲ့တယ်။
ကျွန်တော်အခုလိုတွေ ချီးမွမ်းခန်းဖွင့်နေလို့ Mark Zuckerberg ကို အထင်မကြီးစေချင်ဘူး။ Mark တစ်ယောက် ဒီ The Social Network ရုပ်ရှင်ကိုမထုတ်လုပ်ဖို့ တားခဲ့တယ်။ ဟုတ်ပါတယ်။ သူ့အမှားတွေ လူထုကိုမသိစေချင်လို့ပါ။ Facemash နဲ့ TheFacebook ကို ဖန်တီးဖို့ တွန်းအားဖြစ်စေခဲ့တဲ့ Erica ဆိုတဲ့ Mark ရဲ့ ရည်းစားဟောင်းဟာ တကယ်မရှိပါဘူး။ သို့ပေမဲ့ Mark တစ်ယောက် အသည်းကွဲပြီး၊ ကောင်မလေးတွေကို အထင်ကြီးအောင်လုပ်ချင်စိတ်နဲ့ TheFacebook ကို စခဲ့တယ်ဆိုတာကတော့ အမှန်ပါပဲ။ ဒီ ပုံပြင်နဲ့ Mark လူငယ်တွေကို အားပေးစကားပြောမယ်ဆိုရင် သူ့ရဲ့ပုံရိပ်ကျပါတယ်။
ဒါကြောင့် ရုပ်ရှင်မထွက်ခင်ကစပြီး၊ ထွက်ပြီးသည့်တိုင်အောင် Mark အနေနဲ့ ကျေနပ်မှုမရှိပဲ၊ interview တွေမှာလည်း ဒါဟာ စိတ်ကူးယဥ် (fiction) သာဖြစ်တယ်လို့ ပြောပါတယ်။ နောက်ဆုံးတော့ Saturday Night Live မှာ Mark တစ်ယောက် သရုပ်ဆောင် Jesse Eisenberg နဲ့ ပွဲထွက်လာပေမဲ့ ပွဲပြီးတဲ့အခါ သူ သဘောကောင်းပေးခဲ့တာပါ လို့ ဆိုပါတယ်။
Mark Zuckerberg ရဲ့ ပုံစံဟာ ဦးနှောက်ကောင်းပြီး မနာလိုဝန်တိုစိတ်ရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူလိုအပ်တဲ့ သူငယ်ချင်း၊ အပေါင်းအသင်း၊ ချစ်သူတွေကို မရနိုင်တော့ သူလိုချင်တဲ့ ချမ်းသာအောင်မြင်ပြီး ကုမ္ပဏီတစ်ခုကို ဦးစီးနိုင်တဲ့ CEO ဘဝကိုရောက်လာခဲ့တယ်။ Mark ဟာ အတုယူဖို့ကောင်းသလို သင်ခန်းစာယူဖို့လည်းကောင်းပါတယ်။
Disclaimer: ဒီရုပ်ရှင်ဟာ လက်တွေ့ကိုအခြေခံထားတယ်ဆိုပေမဲ့လည်း ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ဖြစ်အောင် စိတ်ကူးယဥ်ဆန်တဲ့အခန်းတွေ ပါဝင်ပါတယ်။ ယခု ဆောင်းပါးထဲမှာလည်း စိတ်ကူးယဥ်ဆန်တဲ့အပိုင်းနဲ့ လက်တွေ့ကို ခွဲခြားပြီးရေးသားထားပါတယ်။ နောက်ပြီး ခေါင်းစဥ်အတိုင်း မူရင်းနဲ့ မိတ္တူကိုပဲ ဦးတည်ပြီးပြောချင်တာမလို့ Eduardo Saverin ရဲ့ ကဏ္ဍကိုလည်း လစ်လျှူရှုပြီး ရေးသားထားပါတယ်။

image
19 w - Translate

Minimal tattoo design

image
19 w - Translate

Minimal tattoo design

image
19 w - Translate

Minimal tattoo design

image