အခုနှစ်ကုန်မှာ လက်ထပ်မယ့်အစီအစဉ်အကြောင်း ထုတ်ပြောလာခဲ့တဲ့ Mai Davika တို့စုံတွဲ
ထိုင်းထိပ်တန်းမင်းသမီးချော Mai Davika ဟာ မကြာသေးခင်ကမှ သူ့ရဲ့ရုပ်ရှင်ကားသစ် "A Useful Ghost" ရဲ့ Premiere ပွဲကို သူ့ရဲ့ခင်ပွန်းလောင်းမင်းသားချော Ter Chantavit နဲ့ တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ သူတို့စုံတွဲက သူတို့ရဲ့လက်ထပ်ပွဲအကြောင်း အင်တာဗျူးဖြေကြားခဲ့ပါတယ်။
လက်ထပ်ပွဲကို အခုနှစ်ကုန်မှာ ကျင်းပမှာဖြစ်တယ်။ ဒါပေမဲ့ ရက်အတိအကျကိုတော့ လူတိုင်းကို ခန့်မှန်းစေချင်တယ်လို့ Mai Davika က ပြောပါတယ်။ သူ စိတ်လှုပ်ရှားနေတယ်။ လက်ထပ်ပွဲအကြောင်း ပြောပြဖို့ တုံ့ဆိုင်းနေတာမဟုတ်ပေမဲ့ ဘယ်အရာမဆို အဆင်ပြေပြေဖြစ်မဖြစ် မသိနိုင်တဲ့အတွက် အပြောင်းအလဲတွေဖြစ်မှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
အခုနိုဝင်ဘာလောက်ဆို အရာအားလုံးအဆင်သင့်ဖြစ်ပြီလား မေးတော့ Mai က သူတို့ သေချာပေါက်အဆင်သင့်ဖြစ်ပါပြီ။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲမှုတွေရှိမရှိဆိုတာတော့ မသေချာဘူးလို့ ပြောပါတယ်။
သတို့သားလောင်း Ter ကလည်း ရင်ခုန်စိတ်လှုပ်ရှားနေတယ်။ ဘဝတစ်ခုကို အတူတူထူထောင်ဖို့ သူ စောင့်နေခဲ့ရတဲ့ အရာဖြစ်တယ်လို့ မကြာခင်သတို့သားဖြစ်မှာနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောပြခဲ့တာပါ။
မင်္ဂလာဝတ်စုံကို ဝတ်ကြည့်ပြီးသွားပြီ။ ဘာအမှတ်တံဆိပ်လဲဆိုတာ လူတိုင်းကို မြင်စေချင်တယ်။ Ter ကဆိုရင် မင်္ဂလာဝတ်စုံနဲ့ သူ့ကို မြင်တော့ လှလွန်းလို့ ကျယ်လောင်စွာအော်တယ်လို့ Mai က ပြောခဲ့ပါတယ်။ Ter ကလည်း မင်္ဂလာဝတ်စုံနဲ့ Mai ကို စိတ်ကူးကြည့်မိလိုက်ရင် သူ အရမ်းပျော်ရွှင်ရတယ်။ ပျော်လွန်းလို့ မအော်ပဲမနေနိုင်ဘူး။ Mai က ဝတ်စုံတိုင်းနဲ့ အရမ်းလှနေပေမဲ့ မင်္ဂလာဝတ်စုံဝတ်ကြည့်တဲ့နေ့က အရမ်းဆွဲဆောင်မှုရှိနေတယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲနေ့ကျရင် ရိုးရိုးရှင်းရှင်းပါပဲ။ ဝတ်စုံ ၂ စုံပဲ ဝတ်မှာပါလို့ Mai က ဖြေကြားသွားခဲ့ပါတယ်။
Mai Davika နဲ့ Ter Chantavit တို့က ချစ်သူသက်တမ်း ၇ နှစ်အကြာ ဇွန်လ ၁၁ ရက်နေ့က စေ့စပ်ခဲ့တာဖြစ်ပါတယ်။
