19 ပတ် - ဘာသာပြန်ပါ။

ချောင်းနက်ရွာ

image
19 ပတ် - ဘာသာပြန်ပါ။

ချောင်းနက်ရွာ

image
19 ပတ် - ဘာသာပြန်ပါ။

ချောင်းနက်ရွာ

image
19 ပတ် - ဘာသာပြန်ပါ။

ချောင်းနက်ရွာ

imageimage
+8
19 ပတ် - ဘာသာပြန်ပါ။

BREAKING: At least nine people were injured when shots rang out at a restaurant in Glendale, Arizona, on Sunday night, according to police.

https://abcnews.go.com/US/9-in....jured-glendale-arizo

image
19 ပတ် - ဘာသာပြန်ပါ။

Israeli Prime Minister Benjamin Netanyahu's security cabinet approved an operational plan for the expansion of the war in Gaza in a meeting late Sunday, a senior political source confirmed to ABC News.
Read more: https://abcnews.visitlink.me/jsMDsF

image

စင်ကာပူရွေးကောက်ပွဲတွင် အာဏာရပါတီမှ ဆက်လက်အနိုင်ရ
*****************
(နိုင်ငံတကာ) မေ ၅
စင်ကာပူရွေးကောက်ပွဲတွင် အာဏာရပါတီ People’s Action Party (PAP)မှ ၁၄ ကြိမ်မြောက် ထပ်မံအနိုင်ရခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် စနေနေ့က ကျင်းပခဲ့သော အဆိုပါရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် People’s Action Party (PAP) ပါတီသည် ၁၉၆၅ ခုနှစ် စင်ကာပူနိုင်ငံ လွတ်လပ်ရေးမရမှီကပင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အုပ်ချုပ်ရေးအာဏာအား လက်ဝါးကြီးအုပ်ထားဆဲဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

People’s Action Party (PAP) ပါတီသည် ပါလီမန်အမတ်နေရာ ၉၇ နေရာတွင် ၈၇ နေရာအထိ အနိုင်ရရှိခဲ့ကြောင်းသိရသည်။

image
19 ပတ် - ဘာသာပြန်ပါ။

ငလျင်အလှူအတွက် ဝယ်လိုအားများလာသဖြင့် ပြည်တွင်းသုံး ပဲမျိုးစုံ ဈေးတက်လာ
ရန်ကုန်၊ မေ ၅
ငလျင်ဘေးသင့်ဒေသတွေထံ လှူဒါန်းဖို့အတွက် ဝယ်ယူမှုတွေ များပြားလာတာကြောင့် ပြည်တွင်းသုံး ပဲမျိုးစုံ ဈေးတက်လာပြီး အရောင်းအဝယ်သွက်နေကြောင်း ရတနာပုံကုန်သွယ်မှုဗဟိုဌာနကနေ သိရပါတယ်။
မန္တလေးကုန်စည်ဒိုင်မှာ ဧပြီလနောက်ဆုံးပတ်အတွင်း ပဲတီစိမ်း(အညာ) တစ်တန်ပေါက်ဈေး ၃,၄၈၃,၈၁၉ ကျပ်မှ မေလ ၂ ရက်နေ့မှာ တစ်တန်ကို ၃,၉၁၉,၂၉၆ ကျပ် ရှိလာပြီး တစ်ပတ်အတွင်း ၄၃၅,၄၇၇ ကျပ် ဈေးမြင့်လာပါတယ်။
မြေထောက်ပဲတစ်တန်ကလည်း မေလပထမပတ်မှာ ၃,၅၁၅,၅၇၂ ကျပ် ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ဈေး ၃,၂၈၈,၇၆၁ ကျပ်ထက် တစ်ပတ်အတွင်း ၅၆,၇၀၃ ကျပ်၊ ပြီးခဲ့တဲ့လထက် ၂၂၆,၈၁၁ ကျပ် တက်ရိပ်ပြခဲ့ပါတယ်။
ကုလားပဲအမျိုးအစားတွေဖြစ်တဲ့ ထိုင်ဝမ်၊ 929 ၊ V2 ၊ V7 တို့လည်း ငလျင်ဘေးသင့် ဒေသတွေထံ လှူဒါန်းဖို့အတွက် ဝယ်ယူမှုတွေ များပြားလာတာကြောင့် ဈေးတက်ပြီး အရောင်းအဝယ် သွက်နေပါတယ်။
ဧပြီ ၂ ရက်နေ့မှာ ကုလားပဲ(ထိုင်ဝမ်)တစ်တန်က ၂၄၈၂၂၂၁ ကျပ်ရှိခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်ထက် ၁၄၁၅၃၀ ကျပ်၊ ပြီးခဲ့တဲ့လထက် ၁၇၄၁၉၁ ကျပ် ဈေးမြင့်လာပြီး ကုလားပဲ (929) လည်း ၂,၅၅၈,၄၂၉ ကျပ်ဈေးရှိလာရာ တစ်လအတွင်း ၁၀၈,၈၆၉ ကျပ် တက်ရိပ်ပြလာပါတယ်။
ကုလားပဲ (V2) ကတော့ တစ်တန်ကို ၂,၆၇၈,၁၈၆ ကျပ်ရှိလာပြီး ပြီးခဲ့တဲ့တစ်ပတ်ထက် ၈၇၀၉၅ ကျပ်၊ ပြီးခဲ့တဲ့လထက် ၁၅၂၄၁၇ ကျပ်၊ ကုလားပဲ (V7) အမျိုးအစားက တစ်တန်ကို ၂,၈၈၅,၀၃၇ ကျပ် ရှိလာရာ ပြီးခဲ့တဲ့တစ်ပတ်ထက် ၇၆,၂၀၉ ကျပ်၊ ပြီးခဲ့တဲ့လထက် ၁၆၃,၃၀၄ ကျပ် ဈေးတက်လာပါတယ်။
ပို့ကုန်ပဲတွေဖြစ်တဲ့ ပဲစင်းငုံ(နီ)နဲ့ မတ်ပဲတို့က မန္တလေးကုန်စည်ဒိုင်မှာ အရောင်းအဝယ်အေးနေပြီး ဗမာ၊ ရှမ်း၊ CP စတဲ့ ပြောင်းဆံအမျိုးအစားတွေလည်း အရောင်းအဝယ်အေးကာ ဈေးအနည်းငယ်ကျနေကြောင်း သိရပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ပျော်ဘွယ်မြို့၌ အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့် ငလျင်လှုပ်ခတ်
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၌အင်အားရစ်ခ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိငလျင်လှုပ်ခတ်မှု ယနေ့ (မေ ၅ ရက်)နံနက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ငလျင်မှာ ယနေ့နံနက် ၆ နာရီ၊ ၃ မိနစ်၊ ၁၄ စက္ကန့်တွင် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာ အနက် ၁၆ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယခုမေလ ၂ ရက်တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့၏ အရှေ့တောင်ဘက် (၁၃) မိုင်ခန့် အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ နံနက် ၈ နာရီ ၊၂၂ မိနစ်၊ ၅၆ စက္ကန့်တွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၄ အဆင့်ရှိငလျင်နှင့် မန္တလေးမြို့၏ အနောက်မြောက်ဘက် (၈) မိုင်ခန့် အနက် ၇ ကီလိုမီတာ ကိုဗဟိုပြု၍ ညနေ ၆ နာရီ၊ ၁၄ မိနစ် ၊ ၃ စက္ကန့်တွင် အင်အားရစ်ခ်တာစကေး ၃ ဒသမ ၃ အဆင့် ရှိ ငလျင်များလှုပ်ခတ်ခဲ့သေးသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင် အပါအဝင် ယနေ့နံနက်ပိုင်းအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း (၁၆၂) ကြိမ် ရှိပြီဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image

#နိုင်ငံတကာသတင်း
◼ အမေရိကန်ဖြစ်စေ၊ အစ္စ‌ရေးကဖြစ်စေ တိုက်ခိုက်လာခဲ့ပါက ပြန်လည်တိုက်ခိုက်မည်ဟု အီရန် ပြောကြား
အမေရိကန်ဖြစ်စေ၊ အစ္စရေး ကဖြစ်စေ အီရန်အား တိုက်ခိုက်လာခဲ့ပါက တီဟီရန်ကလည်း ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်ကာကွယ်‌ရေးဝန်ကြီး အဇစ်နာဆာဇာဒေးက ယမန်နေ့တွင် ပြောကြားသည်။
တီဟီရန်က ကျောထောက်နောက်ခံပေးထားသော ဟူသီအုပ်စုမှ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်း အစ္စရေး၏ အဓိကလေဆိပ်ကြီးအနီး ကျရောက်ခဲ့ခြင်းအတွက် အီရန်အပေါ် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ကြုံးဝါးခဲ့ပြီးနောက် အီရန်ကာကွယ်ရေးဝန်ကြီး ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ ဒီ စစ်ပွဲကို အမေရိကန် ဒါမှမဟုတ် ဇီယွန်ဝါဒီအစိုးရ( အစ္စ‌ရေး ) က စတင်ခဲ့ရင် သူတို့ရဲ့အကျိုးစီးပွားတွေ ၊ အခြေစိုက်စခန်းတွေ နဲ့ တပ်ဖွဲ့တွေကို ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်အချိန်ဖြစ်ဖြစ် အီရန်က ပစ်မှတ်ထားသွားပါမယ်။” ဟု နာဆာဇာဒေးက အီရန်အစိုးရရုပ်သံအား ပြောကြားသည်။
အီရန်ကျောထောက်နောက်ခံပေးထားသော ယီမင်နိုင်ငံမှဟူသီအဖွဲ့ က ယမန်နေ့က အစ္စရေးသို့ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းသည် ဘင်ဂူရီယန်နိုင်ငံတကာ လေဆိပ်အနီးတွင်ကျရောက်ခဲ့ကာ ပါလက် စတိုင်း များ နှင့်သွေးစည်းညီညွတ်မှုပြရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
“ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေက အီရန်ကနေ အစပြုတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ဘင် ဂူရီ ယန်လေဆိပ်ကြီးအပေါ် ဟူသီတွေရဲ့ တိုက်ခိုက်မှုအတွက် သူတို့ရဲ့ ဆရာကြီးဖြစ်တဲ့ အီရန်ကို ကျွန်‌တော်တို့ကြိုက်တဲ့ အချိန် ၊ ကျွန်တော်တို့ ကြိုက်တဲ့နေရာမှာ တုံ့ပြန်သွားပါမယ်။” ဟု နေတန်ယာဟု က ဆိုရှယ်မီဒီယာ X ပေါ်တွင် ရေးသားခဲ့သည်။
အီရန်ကာကွယ်ရေးဝန်ကြီး ကမူ ဟူသီအဖွဲ့ က ၎င်းတို့၏ကိုယ်ပိုင် စိတ်ဆန္ဒအရ ပြုမူခြင်းဖြစ်ကြောင်း ပြောသည်။
အီရန်နှင့်ပူးပေါင်းထားသော ဟူသီအဖွဲ့သည် ပါလက်စတိုင်းဟားမားစ်တိုက်ခိုက်ရေး သမားများကို ထောက်ခံသည့်အနေဖြင့် အစ္စရေးအား ဒုံးကျည်များ ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အမေရိကန်က မတ်လ ၁၅ ရက် က စ၍ ယီမင်နိုင်ငံမှ ဟူသီအမာခံစခန်းများကို တိုက်ခိုက်ခဲ့ကာ ယင်းအုပ်စုကလုပ်ဆောင်သည့် တိုက်ခိုက်မှုမှန်သမျှအတွက် အီရန်အား တာဝန်ယူခိုင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြုံးဝါးထားသည်။
အီရန် က အိမ်နီးချင်းနိုင်ငံများအပေါ် ရန်လိုခြင်းမရှိကြောင်း သို့သော်လည်း တိုက်ခိုက်ခံခဲ့ရပါက ဒေသတွင်းမှ အမေရိကန်အခြေစိုက်စခန်းများအား ပစ်မှတ်အဖြစ် တီဟီရန်က သဘောထားသွားမည်ဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး က ပြောကြားသည်။
မိုင်ပေါင်း ၇၅၀ အထိ ပစ်ခတ်နိုင်သည့် လောင်စာခဲသုံး "Qassem Bassir" ပဲ့ထိန်းဒုံးကျည်အား အီရန်က ထုတ်ဖော်ပြသခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီး၏ ထုတ်ပြန်ချက် ထွက်လာခြင်းဖြစ်ကြောင်း အီရန်အစိုးရမီဒီယာက ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image