11 w - Translate

ကင်မရာနဲ့တင် တန်မယ့် vivo ရဲ့ premium ဖုန်း
ဒီနှစ်အတွက် အကောင်းဆုံး vivo ဖုန်းလို့ ပြောရမယ့် vivo X200 Ultra တရုတ်မှာ မိတ်ဆက်သွားပါတယ်။
ဒီဖုန်းက Android ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဆိုတဲ့ Snapdragon 8 Elite chipset နဲ့ ကင်မရာအတွက် Image Signal Processor (ISP) နှစ်ခု သုံးလာတာပါ။ vivo X စီးရီးရဲ့ အမြင့်ဆုံးဆိုတဲ့ Ultra brand တပ် ဖုန်းဖြစ်လို့ သူ့ထက်ကောင်းတဲ့ vivo ဖုန်းတော့ ရှိမှာ မဟုတ်ပါဘူး။
flagship specs တွေ ဖောဖောသီသီ သုံးထားတဲ့ vivo X200 Ultr‌a ရဲ့ အသက်က ကင်မရာလို့ ပြောနိုင်ပါတယ်။ ဓါတ်ပုံနဲ့ ဗွီဒီယို quality ကောင်းဖို့ RAW တွေ pre-process လုပ်တဲ့ VS1 နဲ့ color correction လို post-processing တွေ လုပ်မယ့် V3+ ဆိုပြီး ISP chips သစ်နှစ်မျိုးနဲ့ လာပါတယ်။
ကျောဘက်ကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်တပ် 50MP 1/1.28" Sony Sensor ၊ 1/1.4" နဲ့ 85mm နဲ့ ညီတဲ့ focal length သုံး 200MP Samsung ISOCELL HP9 sensor နဲ့ 50MP Sony LYT-818 ultrawide lens ကင်မရာသုံးလုံး ထည့်ထားပါတယ်။ selfie ကင်မရာလည်း 50MP နဲ့ပဲ လာတာပါ။
နောက်ကင်မရာအကုန်လုံး Dolby Vision ရတဲ့ 10-bit 4K video ကို 60fps နဲ့ ရိုက်ကူးနိုင်ပြီး slo-mo ရိုက်ချက်အတွက်ဆို 4K/120fps နဲ့ ရိုက်နိုင်ပါတယ်။ နောက်ဆုံးပေါ် iPhone တွေမှာ ပါတဲ့ Camear Control လိုမျိုး ကင်မရာ zoom ဆွဲနိုင် exposure ချိန်နိုင်မယ့် shutter ခလုတ်တစ်ခုလည်း ပါပါတယ်။
classic ကင်မရာဆန်ဆန် ဓါတ်ပုံ/ဗွီဒီယိုတွေကို creative ကျကျ ရိုက်ချင်သူတွေအတွက်လည်း Photographer Kit သပ်သပ် ထုတ်ထားတာ ရှိပါတယ်။ ဒီ kits မှာလည်း video record ခလုတ်သီးသန့် ပါပြီး ကင်မရာ function တွေကို customize လုပ်နိုင်မယ့် setting ခလုတ် နဲ့ အပိုဘက်ထရီ 2300 mAh လည်း ပါပါတယ်။

image
11 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမား ငါးသိန်းခန့်ကို စစ်ဆေး မြန်မာပါဝင်သည့် အလုပ်သမား ၂၅၀၀ ကျော် အရေးယူခံရ
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမား ၅ဝဝဝဝဝ ခန့်ကို စစ်ဆေးခဲ့ရာ အလုပ်သမားဥပဒေကို ချိုးဖောက်သူ မြန်မာအလုပ်သမား ၂၅၇၅ ဦးအား ဥပဒေအရအရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမားရေးရာဌာနမှ ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ဝ၂၅ ခုနှစ် ဧပြီ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်းရှိ နိုင်ငံခြားသားအလုပ်သမားများ ခန့်အပ်ထားသည့် စီးပွားရေးလုပ်ငန်း ၃၈၇၃၄ ခုကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် ၁၃၂၉ ခုသည် ဥပဒေချိုးဖောက်မှုအတွက်တရားစွဲဆိုခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းကာလအတွင်း နိုင်ငံခြားသားအလုပ်သမား ၅၂၃၇ဝ၆ ဦးကို စစ်ဆေးခဲ့ပြီးအများစုမှာ မြန်မာနိုင်ငံသား ၃၉၈၄၉၃ ဦး၊ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံသား ၇ဝ၃၇၁ ဦး၊ လာအိုနိုင်ငံသား ၃၂၉၈၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၅၂၂ ဦး၊ တရုတ်နိုင် ငံသား ၉၁၈၉ ဦးနှင့် အခြားနိုင်ငံများမှ ၁၂၁၄၈ ဦး တို့ ဖြစ်ကြကြောင်း သိရသည်။
စစ်ဆေးခံရသူများအနက် နိုင်ငံခြားသား ၂၅၇၅ ဦးသည် ဥပဒေအရ အရေးယူခံရပြီး ယင်းတို့အနက် ၈၈၃ ဦးသည် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များတွင် လုပ်ကိုင်ခြင်းအတွက် စွဲချက်တင်ခံရပြီး ၎င်းတို့တွင် မြန်မာနိုင်ငံသား ၄၈၁ ဦး၊ ကမ္ဘောဒီးယား ၁၃၉ ဦး၊ လာအို ၁ဝ၉ ဦး၊ အိန္ဒိယ ၂၄ ဦး၊ ဗီယက်နမ် ၅၄ ဦး၊ တရုတ် ၂၁ ဦးနှင့် အခြား နိုင်ငံများမှ ၅၅ ဦးတို့ ပါဝင်နေကြောင်း သိရသည်။
နိုင်ငံခြားသားများ အရေးယူခံရသော အမှု များမှာ ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင် များဖြစ်သည့် ကုန်ပစ္စည်းရောင်းချခြင်း၊ ဆံပင်ညှပ် ခြင်း၊ ယာဉ်မောင်းခြင်းနှင့် အနှိပ်ခန်း ဝန်ဆောင်မှုတို့ ပါဝင်ကြောင်း သိရသည်။

image
11 w - Translate

❝ ပါဆယ်ကော်ဖီထုပ်လေး ကိုင်ပြီး
အိမ်ထဲကို ဝင်လာတယ်
ပြီးတော့ တစ်ခန်းပြီးတစ်ခန်း
သူ့ဇနီးကို လိုက်ရှာ
အတော်ကြီး ကြာမှ သူရှာတွေ့တယ်
သူ့ရဲ့မေ့လျော့တတ်မှုကို
ဒီတော့ ဘုရားစင်ရှေ့သွား
ပါးစပ်က တစ်စုံတရာကို
နှုတ်တိုက်ရေရွတ်လို့
တပည့်တော် မေ့သွားတယ်
သူ မရှိတော့တာ
နှစ်ပေါင်းများစွာ ကြာပြီပဲ
သူ ကျန်းမာပါစေ တဲ့
အသက်ကြီးတော့
အဘဟာ တစ်ခုပြီး တစ်ခု
မေ့လျော့တတ်လာတယ်
သူ့ဇနီးအတွက်
ကော်ဖီပါဆယ်ကိုတော့ သတိရမြဲ
နေ့တိုင်းပဲလေ ။ ။
▪️သားဦး▪️
• ကိုယ်ရေးကိုယ်တာကြိတ်မှန်ပင် •

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တောင်ကိုရီးယားထုတ်တံဆိပ်ကပ်ပြီး အမေရိကန်သို့ တရုတ်ထုတ်ကုန်များတင်ပို့မှု အရှိန်မြှင့်နှိမ်နင်းမည်
အမေရိကန်၏ အခွန်ကောက်ခံမှုကို ရှောင်ရှားရန်အတွက် တရုတ်ကဲ့သို့ ပြည်ပနိုင်ငံများ၏ထုတ်ကုန်များတွင် တောင်ကိုရီးယားထုတ်ဟု တံဆိပ်ကပ်ဖုံးကွယ်မှုများကို အရှိန်မြှင့်နှိမ်နင်းမည်ဖြစ်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ဧပြီ ၂၂ ရက်တွင် ပြောသည်။
ထိုသို့ ပြည်ပကုန်ပစ္စည်းများကို တောင်ကိုရီးယားတွင် ထုတ်လုပ်သည်ဟု တံဆိပ်ကပ်ထားသောထုတ်ကုန်အများအပြားကို တွေ့ရှိပြီးနောက် အရေးယူမည့်အစီအစဉ်ကို တောင်ကိုရီးယား အကောက်ခွန်ဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း အမေရိကန်သို့တင်ပို့သည့် တရုတ်နိုင်ငံမှ မွေ့ရာများတွင် တောင်ကိုရီးယား ထုတ်ကုန်များကဲ့သို့ ပုံဖျက်တံဆိပ်ကပ်မှုတွင်ပါဝင်သည့် သံသယဖြစ်ဖွယ် လုပ်ငန်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။
ထို့ပြင် ဇန်နဝါရီလတွင် တရုတ်အမျိုးသားတစ်ဦးတင်သွင်းသည့်တရုတ်လုပ်ဘက်ထရီများတွင် တောင်ကိုရီးယား၌ တည်ထောင်ထားသည့် ကုမ္ပဏီတစ်ခု၏ ထုပ်ပိုးခြင်းနှင့်တံဆိပ်များကိုပြောင်းလဲကာ အမေရိကန်သို့တင်ပို့မှုတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။
ထုတ်လုပ်သည့်နိုင်ငံ၊ တံဆိပ်အတုများဖြင့် တောင်ကိုရီးယားမှ အမေရိကန်သို့ ကုန်ပစ္စည်းတင်သွင်းမှုများကို တွေ့ရှိခဲ့ပြီး ယင်းမှာ တရုတ်နိုင်ငံအပေါ် အမေရိကန်ကောက်ခံနေသည့် အခွန် ၁၄၅ ရာခိုင်နှုန်းကို ရှောင်ရှားရန်ရည်ရွယ်ကြောင်း အကောက်ခွန်အရာရှိများကိုကိုးကား၍ တောင်ကိုရီးယားသတင်းဌာနများက ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ

image
11 w - Translate

Alibaba ရဲ့ ကင်ဆာရှာတဲ့ AI tool အမေရိကန်ခွင့်ပြု
ပန်ကရိယကင်ဆာကို AI နဲ့ ရှာနိုင်တဲ့ Alibaba ရဲ့ နည်းပညာကို အမေရိကန်တွေဘက်က အရေးကြီးထုတ်ကုန်သတ်မှတ်ချက်ထဲ ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
FDA က လူ့အသက်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတွေ ကုသဆန်းစစ်ရေးမှာ ထိရောက်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေအတွက် Breakthrough Device Designation ဆိုတဲ့ အထူးပရိုဂရမ်တစ်ခု ရှိပါတယ်။ Alibaba ရဲ့ ကင်ဆာရှာတဲ့ AI tool ကိုလည်း ဒီ program ထဲမှာ ထည့်ပြီး FDA ဘက်က သုံးသပ်မှုနဲ့ ခွင့်ပြုမှုတွေ အမြန်လုပ်ဖို့ ပြင်နေပါတယ်။
တရုတ်နည်းပညာလုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba Group Holding အောက်မှာ Damo Academy ဆိုတဲ့ သုတေသနဌာနတစ်ခု ရှိပါတယ်။ Damo Panda ဆိုတဲ့ AI model က အဲ့ဒီဌာနက ထုတ်တာပါ။ Damo Panda ကို Alibaba စပြီး ချပြခဲ့တာ ၂၀၂၃ နိုဝင်ဘာကတည်းကလို့ ဆိုပါတယ်။
Damo Panda က ပန်ခရိယကင်ဆာကို ရှာနိုင်တဲ့ AI tool ဖြစ်ပြီး PANDA ဆိုတာ Pancreatic Cancer Detection with AI ရဲ့ အတိုကောက်ကို ပြောတာပါ။ ဒီ tool က ကင်ဆာလက္ခဏာမပြသေးတဲ့ လူနာတွေမှာ ကင်ဆာအကြိတ်ကနဦးအဆင့်မှာကတည်းက ရှာဖွေနိုင်စွမ်း ရှိတယ်လို့ Nature Medicine ဆေးသုတေသနဂျာနယ်စာတမ်းမှာ ဖော်ပြထားပါတယ်။

image
11 w - Translate

နောက်နှစ်ထဲမှာထွက်ရှိမယ့် THE GHOST IN THE SHELL New Anime

ပြုလုပ်မယ့် Studio ကတော့ Dan Da Dan ကိုပြုလုပ်တဲ့ Science Saru ပါ။

image
11 w - Translate

စိန့်အီတီရန်အသင်းဟာ မနေ့ညက ကွင်းထဲမှာ "ကျေးဇူးပါ မက်ဂွဲယား" ဆိုတဲ့ စာသားတွေနဲ့ ပြိုင်ဘက် လိုင်ယွန်အသင်းကို ရှယ်လေတိုက်ခဲ့ပြီး ပွဲကိုလည်း 2-1 နဲ့ အနိုင်ရခဲ့ပါတယ် 🇫🇷

image
11 w - Translate

စိန့်အီတီရန်အသင်းဟာ မနေ့ညက ကွင်းထဲမှာ "ကျေးဇူးပါ မက်ဂွဲယား" ဆိုတဲ့ စာသားတွေနဲ့ ပြိုင်ဘက် လိုင်ယွန်အသင်းကို ရှယ်လေတိုက်ခဲ့ပြီး ပွဲကိုလည်း 2-1 နဲ့ အနိုင်ရခဲ့ပါတယ် 🇫🇷

image
11 w - Translate

စိန့်အီတီရန်အသင်းဟာ မနေ့ညက ကွင်းထဲမှာ "ကျေးဇူးပါ မက်ဂွဲယား" ဆိုတဲ့ စာသားတွေနဲ့ ပြိုင်ဘက် လိုင်ယွန်အသင်းကို ရှယ်လေတိုက်ခဲ့ပြီး ပွဲကိုလည်း 2-1 နဲ့ အနိုင်ရခဲ့ပါတယ် 🇫🇷

imageimage
11 w - Translate

❛ ကိုယ့်အသက် ဆယ်နှစ်တုန်းက
ကိုယ်နဲ့လောကကို
ဆက်သွယ်ပေးတာ အမေပဲ
ကိုယ့်အသက်နှစ်ဆယ်ရောက်တော့
ပညာဖြစ်သွားတယ်။
အသက်သုံးဆယ်ရောက်တော့
စည်းစိမ်ချမ်းသာနဲ့အောင်မြင်မှု။
အခုအသက်လေးဆယ်မှာတော့
ယောက်ျားတစ်ယောက်ဖြစ်သွားပြီ။
အဲဒီယောက်ျားအတွက်ပဲ
ကိုယ်အသက်ရှင်နေခဲ့တာ
- - - - -
• ဂျူး •
▪️ ကျွန်မ၏သစ်ပင် ▪️