24 w - Translate

◾️ထိုင်း-မြန်မာနယ်စပ်ရှိ ချစ်ကြည်ရေးတံတားအမှတ် (၂) မြန်မာဘက်မှယာယီပိတ်ထားဟုဆို
ထိုင်း-မြန်မာနယ်စပ်ရှိ ချစ်ကြည်ရေးတံတားအမှတ် (၂) ကို ယနေ့(သြဂုတ် ၁၈ ရက်)နံနက်ပိုင်းတွင် မြန်မာဘက်မှယာယီပိတ်ထားကြောင်း မြဝတီမြို့ရှိဒေသခံများထံမှသိရသည်။
အဆိုပါတံတားပိတ်ထားခြင်းကြောင့် မြန်မာဘက်သို့ပို့ဆောင်မည်ကုန်ကား အစီးရေး ၅၀၀ ခန့် မဲဆောက်တွင်ပိတ်မိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
"အမှတ်(၂) တံတားယာယီပိတ်မယ်ဆိုတာဘယ်သူမှမသိကြဘူး။ ကြေညာထားတာလည်းမရှိဘူး။ ဒီမနက်မှ ရုတ်တရက်ပိတ်လိုက်တာ။ ဘာကြောင့်လဲဆိုတာတော့ဘယ်သူမှအတိကျမသိဘူး။ ကျွန်တော့်အထင် ကန့်သတ်ပစ္စည်းတွေကိုစစ်ဆေးနေတဲ့အတွက် တံတားကိုယာယီပိတ်လိုက်တာထင်တယ်" ဟု ၎င်းကပြောသည်။
ချစ်ကြည်ရေးတံတားအမှက်(၂) ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး စက်သုံးဆီများကို တနိုင်တပိုင်သယ်ယူရောင်းချခြင်းများကြောင့်လမ်းပိတ်ခြင်း၊ တရားမဝင်ကုန်တင်ဆောင်ခြင်းကြောင့် ကုန်ကားများကို မဲဆောက်ဘက်တွင်ဖမ်းဆီးထားခြင်း၊ တိုက်ပွဲများကြောင့်အာရှလမ်းပိတ်ထားခြင်းနှင့်ဆက်စပ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ခန့်မှန်းပြောဆိုမှုများထွက်ပေါ်နေသော်လည်း စံတော်ချိန်ဒစ်ဂျစ်တယ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း

image
24 w - Translate

◾️အားကောင်းသောလေဖိအားနည်းရပ်ဝန်း လာမည့် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၁၈ ရက်)နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း၊ မနက်ဖြန်(သြဂုတ် ၁၉ ရက်)တွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်း- အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
“တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းနှစ်ခု ကုန်းတွင်းဝင် ရောက်ပြီး နောက် ၄၈ နာရီအတွင်းသြဂုတ် ၂၀ ရက်အထိ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)တို့တွင်သာမိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင်မိုးအနည်းငယ်မှမိုးအသင့်အတင့်ရွာသွန်းနိုင်ပါမည်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ခန့်မှန်းထားသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်း၊ ရန်ကုန်မှတနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ယနေ့မွန်းတည့်မှနောက် ၂၄ နာရီအတွင်းလှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
#ပြည်တွင်းသတင်း

image
24 w - Translate

လူပျောက်မိသားစုတစ်စုကို ရှာဖွေရင်း အမှုကြီးတစ်မှုကို ဖော်ထုတ်မိသွားတဲ့အခါ

The Accountant 2
2025 ‧ Action/Thriller ‧ 2h 10m

2016 တုန်းက အောင်မြင်ခဲ့တဲ့ ဘန်အက်ဖလစ်ရဲ့ စာရင်းကိုင်ရုပ်ရှင် အဆက်ထွက်လာပါပြီ။ ဒါရိုက်တာကလည်း Gavin O’Connor ပါပဲ။
ဒီအပိုင်းမှာတော့ ခရစ်ရဲ့ ညီအဖြစ် Punisher နဲ့လူသိများတဲ့ မင်းသား Jon Bernthal ပါ ပါဝင်လာပါပြီ။
ထုံးစံအတိုင်း ဉာဏ်ကြီးရှင်လည်းဖြစ် ဖိုက်တာလည်းဖြစ်တဲ့ ခရစ်က လူတွေကို ကူညီဖို ကြိုးစားရင်း ရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်ရတာပါပဲ။
ဇာတ်လမ်းအကျဉ်း
ရေးကင်းဆိုတဲ့လူဟာ ပျောက်ဆုံးနေတဲ့ လက်တီနို သားအမိနှစ်ယောက်ကိုလိုက်ရှာရင်း အသခံလိုက်ရပါတယ်။
အဲဒီမှာ ဘဏ္ဍာရေးဌာန ဒုညွှန်ချုပ်ဖြစ်နေတဲ့ မယ်ဒီနာက စာရင်းကိုင်ကြီးကို အကူအညီတောင်းလာပါတယ်။
အဲဒီမှာ သားအမိနှစ်ယောက်လူပျောက်ရှာရုံနဲ့ ဘာလို ရာဇဝတ်ဂိုဏ်းတစ်ခုက အပြင်းအထန်လုပ်ကြံရသလဲဆိုတာ အဖြေရှာရင် ပိုကြီးတဲ့ အမှုကြီးကို အစဆွဲထုတ်မိပါတော့တယ်။
ခရစ်အကူအညီလိုလာတဲ့အတွက် လုပ်ကြံရေးသမားဖြစ်နေတဲ့ သူ့ ညီဘရက်စတန်ပါ လာကူညီရတဲ့အခါ ညီအစ်ကိုနှစ်ယောက် ပွဲကြမ်းရပါတော့တယ်။

🚨📺Channel Link အရင် Join ပြီးမှ ဇာတ်ကား  Link  ကိုနိပ်ပါ💯

☄️✏️Channel Link ကိုအရင် Join ထားပါဗျ👇👇

https://t.me/addlist/wZvYAaIr8Mk3MmU1

📺🔥ဇာတ်ကားကြည့်ရန် Link

https://t.me/Boomerangcomedy/84

image

ဂျပန်နိုင်ငံဟာ ၂၀၁၁ မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား 9.0 အဆင့်ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၂သောင်းနီးပါ သေဆုံးခဲ့ရပါတယ် ။
ငလျင်ဘေးအပြီး နောက်ဆက်တွဲအဖြစ် ဆူနာမီဘေးဒဏ်ကြောင့် ဂျပန်နိုင်ငံ ကမ်းရိုးတန်းတစ်
လျောက် အိုးအိမ် ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပြန်ပါတယ် ။
ဒီနောက်မှာတော့ ဂျပန်အစိုးရဟာ နောက်အနာဂတ်မှာ ဆူနာမီဘေးဒဏ်ခံရမူကနေ အတတ်နိုင်ဆုံး ကာကွယ်ဖို့ ပညာရှင်များနဲ့ဆွေးနွေးတိုင်ပင်ပြီး ဆူနာမီဘေးဒဏ်ခံ အခံရဆုံး ကမ်းရိုးတန်းဒေသတွေမှာ တံတိုင်းကြီး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
ဒီတံတိုင်းကြီးဟာ ၃၉၅ ကီလိုမီတာ (၂၄၅ မိုင် ) အထိအရှည်ရှိပြီး ၁၄.၇ မီတာ ( ၄၅ ပေ ) အထိ မြင့်မားသလို မြေအောက်၂၅ မီတာအနက်ရှိ ခိုင်မာသောအုတ်မြစ်များနှင့် အားဖြည့်ထားတည်ဆောက်ထားတာဖြစ်ပါတယ် ။
ဒီတံတိုင်းကြီးရဲ့ဟာ အားပြင်းအလွန်ပြင်းထန်တဲ့ လှိုင်းများကို ခံနိုင်ရည်ရှိစေဖို့ ဂျပန်အင်ဂျင်နီယာများက အထူးဒီဇိုင်းထုတ်တည်ဆောက်ခဲ့တာဖြစ်ပြီး တံတိုင်းကြီးနောက်မှာ “ကြီးမားသောသစ်တောတံတိုင်း” အဖြစ် ကမ်းရိုးတန်းတစ်လျောက် သစ်ပင် ၉ သန်းကျော်ကိုလဲ ထပ်မံစိုက်ပျိုးထားပါတယ် ။
ဒေါ်လာ ၁၂ ဘီလီယံအထိ အကုန်ချခံတည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းကြီးဟာ ခေတ်မှီ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ကို အချိုးကျပေါင်းစပ်ထားပြီး ဂျပန်နိုင်ငံရဲ့ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဆန်းသစ်တီထွင်မူကို မီးမောင်းထိုးပြနေပါတယ် ။

image
24 w - Translate

The Summer Hikaru Died Key Visual အသစ်

image
24 w - Translate

အသက် ၉ နှစ်ကွာပြီး မွေးလမစေ့ဘဲ ပိုးမွေးသလိုမွေးခဲ့ရတဲ့ ညီမလေးကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်
သရုပ်ဆောင် ကျော်ကျော်က သူ့ရဲ့ ညီမလေး အသက် ၃၁ နှစ်ပြည့်မွေးနေ့လေးကိုဆုတောင်းပေးခဲ့တာပါ။ ညီမလေးဟာ မွေးလမစေ့သေးလို့ စောမွေးခဲ့ရတာကြောင့် ပိုးမွေးသလို မွေးခဲ့ရတာဖြစ်ပါတယ်။ ကျော်ကျော်နဲ့တော့ အသက် ၉ နှစ်ကွာပြီး သူမကြုံတွေ့ခဲ့ရတဲ့ လောကဓံတွေကို စိတ်ဓာတ်ခိုင်မာစွာနဲ့ ကျော်ဖြတ်နိုင်ဖို့ကို ဆုတောင်းခွန်အားပေးခဲ့တာပါ။

image
24 w - Translate

Butterfly

image
24 w - Translate

Butterfly

image
24 w - Translate

Butterfly

image
24 w - Translate

Butterfly

image