#ပုစွန်၅၀၀ဖိုး
(ပုစွန်က ရက်ကျန်တွေမဟုတ်ဘူး..
အရှင်တွေအိမ်ကြမှသေကုန်တာ..)
မျှစ်၁၀၀ဖိုး..
(သူ့ဘာသာလက်ဆနဲ့ထည့်ပေးလိုက်တာ)
ချဥိပေါင်၁၀၀ဖိုး
(၄စည်း)ရောချက်လိုက်တာ..
ဆွမ်းအုပ်နဲ့အပြည့်ပဲ..
မိသားစုများတဲ့သူတွေနဲ့ကိုက်တယ်..စားပါလေ့
ချက်နည်းကတော့..
ခါတိုင်းလိုပဲ..
ချဉ်ပေါင်းကိုရေစစ်ပြီးအိုးထဲထည့်ချေ..
ချဉ်ပေါင်ကြေသွားရင်ခပ်ထား..
ခရမ်းချဉ်သီး..ကြက်သွန်နီကို.ဆား အချိုမှုန့်..ငါးပိ..ငရုတ်သီးအတောင့်ကြော်ကိုကြက်သွန်ဖြူနဲ့ရောထောင်းပြီးဆီမွှေသပ်..
ခရမ်းချဉ်သီးကြေရင်..ပုစွန်ဆိတ်လေးရောမွှေ..
ဆီထွက်လာရင်..ချဉ်ပေါင်နဲ့မျှစ်နဲ့ထည့်မွှေ..
ပြီးရင်ငံပြာရည်လေးနည်းနည်းထည့်..ဆီပြန်ထွက်လာရင်..ကချင်ငရုတ်သီးစိမ်းလေးခြွေထည့်ပြီးစားလို့ရပါပြီရှင်..
မနက်စာ..ထမင်းပူပူလေးနဲ့မြှပ်စားစား...
နေ့လည်စာ ပဲဟင်းရေကျဲလေးချက်ပြီး ရောစားစား....
ညစာ..ကြက်ဥကြော်လေနဲ့တွဲစားစား..
ရှယ်ပဲ
🙂

image

ဒီလို #ဘဲဥငါးခြောက်အာလူးချဉ်ဟင်း ကြိုက်တဲ့သူများရှိကြလားနော် 😋


ချက်နည်း
---------------

နှစ်သက်ရာ ငါးခြောက်ကို လို သလို
အတုံးလေးတွေ တုံးထားပီး
အငံ ပေါ့အောင် ရေအရင်စိမ်
ပီးရင် အရသာမှုန့် နဲ့ ဆနွင်း နယ်ထားရပါမယ်

ချက်မယ့် ဘဲဥ ကြက်ဥကို ဆားထည့်ပြုတ်
ပီး အခွံ နွာထားပါ, အနည်းငယ်
ပတ်ပတ်လည် မွန်းထားပါနော်( တခြမ်း ခြမ်းပီးချက်လည်း ရပါတယ် နော်)

အနေတော် အာလူးကို ၄စိတ် စိတ်ပီး
အရသာနယ် ထားရပါမယ်

ကြက်သွန် ဖြူ - နီ - ဂျင်းလက် တစ်ဆစ်စစ်
ရော ထောင်း ထားရပါမယ်

မရမ်းသီး နဲ့ မကျည်းသီးမှည့်ကို
ရေနွေး နဲ့ စိမ်ထားရပါမယ်
ရုံး ပတီသီး ကိုလည်း ရေစိမ်ပီးမှ
လို အပ်တဲ့ ဆိုဒ် ဖြတ်ထားပါနော်
(မကျည်းသီးပဲ ထည့်ရင် ဟင်းက
သိပ်မချဉ်လို့ မရမ်းသီး ထည့်တာပါရှင်)

# အရင်ဆုံး ဆီထည့်ပီး ဆူလာရင်
ငါးခြောက်ကို မမာ မပျော့ အနေတော်လေး
ကြော်ပါမယ် , ပီးရင် သပ်သပ် ဆီစစ်
ဆယ်ထားပီး ကျန်နေတဲ့ အိုးထဲက ဆီနဲ့
ကြက်သွန်ဖြူ နီ ဂျင်း ထောင်းထားတာကို
ဆီသတ်ပါမယ် , ငရုပ်သီး အရောင်မှုန့် ထည့်ပါမယ် , မဆလာ နည်းနည်းလေး ထည့်ပါမယ်(ငါးခြောက်နံ့
ပျောက်အောင်ထည့်တာပါ) , အကုန် မွှေး လာရင်တော့
အာလူး နယ်ထားတာ ထည့်ပါမယ်
အစိမ်း နံ့ ပျောက်အောင် ခဏ ထားပီး
ခုန ငါးခြောက် ကြော်ထားတာ ပြန်
ထည့်ပါမယ် , ပီးရင် ရေအနည်းငယ် ထည့်ပါမယ်

# ရေဆူလာပီး အာလူး နူးပီဆိုရင်
အချဉ် ဖျော်ထားတာကို ထည့်ပါမယ်
(အာလူးမနူးခင် အချဉ်ထည့်ရင်
အာလူး မာတတ်ပါတယ်နော်)
ပီးရင် ပြုတ်ထားတဲ့ ဥ တွေကို ထည့်ပါမယ်
အပေါ့အငန် မြည်းပီး အချိုလိုရင်
အချိုမှုန့် အငန်လိုရင် ငံပြာရည် ထည့်ပါမယ်နော် တခါတလေ ငါးခြောက်က ငန် တတ်လို့ပါနော်

ထပ်ဆူလာပီဆိုရင် ရုံပတီသီး များကို ထည့်ပါမယ် ခဏ ထားပီး မဆလာ ကြိုက်ရင် မဆလာ ထပ် ထည့်ပါရှင်
နံံနံပင် ကြိုက်ရင်လည်း ထည့်လို့ရပါတယ်နော်

အားလုံး အဆင်ပြေကြပါစေနော် 😍

image
15 w - Translate - Youtube

Mr Bean's AMAZING New Perfume

ပြောင်းဖူးဆီပြန်

ပြောင်းဖူးကိုပြုတ်စား ကင်စား ကြော်စားရတာငြီးငွေ့လာလို့
ဆီပြန်ဟင်းလေးချက်လိုက်ပါတယ်ရှင့်

ကြက်သွန်ဖြူနီငရုတ်နီတွေကိုညက်အောင်ထောင်းပြီး
ဆီသတ် အပိုင်းပိုင်းဖြတ်ထားတဲ့ပြောင်းဖူးကိုထည့်
ရေ ဆား သကြားနည်းနည်းထည့်ပြီး ပြောင်းဖူးကိုချက်ပါ

image

ထိုင်းStyleပြောင်းဖူးထောင်းနည်း
****************************

ပြောင်းဖူးကိုပြုတ်ပြီး လှီးယူထားပေးပါ။ ကြက်သွန်ဖြူ ငရုတ်သီး ထန်းလျက် ပုဇွန်ခြောက်တွေကို ထောင်း ထားပါ။ ငံပြာရည် နဲ့ အချိုမှုန့်ထည့်ပါ။ ခရမ်းချဉ်သီး ပဲသီး ကိုလှီးပြီးထည့်ပါ။ နောက်ဆုံး ပြောင်းဖူးကိုထည့်လိုက်ပါ။ မြေပဲလှော်နှင့်ပုဇွန်ခြောက်အကောင်လိုက်ထည့်ပါ။ သံပရာသီး ညှစ်ပါ။ ဒါဆို ထိုင်းstyleပြောင်းဖူးထောင်းလေးရပါပြီ။

image
15 w - Translate - Youtube

ဖိုးကာ - တိုးတိုးလေးပြောပါ (Lyrics)

15 w - Translate - Youtube

ဥခွံ (ရုပ်ရှင်ဇာတ်ကားကြီး) ရွှေမှုံရတီ နေဒွေး စိုးမြတ်သူဇာ ချောရတနာ -

15 w - Translate - Youtube

Try not to laugh impossible

ရုပ်ရှင်ကားတွေထဲက မင်းသားကြီး The Rock ရဲ့ခန္ဓာကိုယ်ဟာ အစစ်အမှန်ရောဟုတ်ရဲ့လား

အသားကင်နဲ့ တွဲစားတဲ့ဆော့စ် လုပ်နည်း (Jaew ဆော့စ်)
ထိုင်း Somtam ဆိုင်ရဲ့ လျှို့ဝှက်ချက်နည်း အရမ်းအရသာရှိပြီး စပ်တယ် ‼️

ပါဝင်ပစ္စည်းများ.......

* သံပရာရည် (သို့) မန်ကျည်းမှည့်ရည် - ၆ ဇွန်း
* ငါးငံပြာရည် - ၅ ဇွန်း
* သကြား - ၂ ဇွန်း
* ငရုတ်သီးမှုန့် - ၂ ဇွန်း
* ဆန်လှော်မှုန့် - ၂ ဇွန်း
* ကြက်သွန်နီ - ၂ လုံး
* ကုလား နံနံပင် - ၂ ရွက်
* ကြက်သွန်မြိတ် - ၃ ပင်
(မကြိုက်ရင် (သို့) မရှိရင် မထည့်လည်းရပါတယ်)
* ရေနွေး - ၂ ဇွန်း
* အရသာမှုန့် - လိုသလောက်ထည့်ပါ။

image