စက်တင်ဘာလ ၆ရက်နေ့အထိ ဝင်ကြေးအခမဲ့ Singapore Night Festival (SNF) 2025 💡Bras Basah.Bugis BBBတဝိုက်က သမိုင်းဝင်အထင်ကရအဆောက်အဦတွေကို အသံနှင့် AR VR မီးအလှဆင်ထားပြီး တရုတ်အော်ပရာ၊ မလေးအက၊ အိန္ဒိယသီချင်းစတဲ့ ဖျော်ဖြေပွဲများအပြင် လမ်းအကြာကြီးလျှောက်ပြီး ဗိုက်ဆာရင် ကာဖီဆိုင်တွေနဲ့ night markets တွေလည်းရှိပါတယ် 🍢
💲 Sky Castle တစ်ခုပဲဝင်ကြေး SGD $5 ပေးရပြီး ကျန်တဲ့နေရာတွေက ဝင်ကြေးအခမဲ့ပါနော် *
🕰️ ဩဂုတ်လ ၂၂ မှ စက်တင်ဘာလ ၆ရက်နေ့အထိ (ည ၇နာရီ မှ ၁၂နာရီ)
🚌 ဘတ်စ်ကားမှတ်တိုင် National Museum (Stop 06011), Raffles Hotel (Stop 03211), Bras Basah Complex (Stop 03249)