21 w - Translate

❝ သူများကိုသိပ်ပြီးမသနားနဲ့ ❞
သူများကိုသိပ်ပြီးမသနားနဲ့ နောက်ဆုံးသနားစရာအကောင်းဆုံးသူက ကိုယ်ဖြစ်နေတတ်တယ်။
ဘဝမှာ အပင်ပန်းဆုံး အလုပ်က
မျှော်လင့်ချက်နဲ့ အသက်ရှင်ရတာ
အပင်ပန်းဆုံးပဲ ။
မျှော်လင့်ချက်တွေ ကိုယ်ထင်သလို
ဖြစ်မလာတဲ့အခါ
- ဆက်သွယ်နေတာလည်း ဖြတ်ရမယ်
- ဖက်တွယ်နေတာလည်း ရပ်ရမယ်
-အတွေးလွန်တာတွေလည်းလျော့ရ
မယ်
-အားနာတတ်တဲ့စိတ်ကိုလည်းလျော့
ရမယ်
ဒါမှပဲ အေးအေးချမ်းချမ်းနဲ့ဘဝကို
ရှေ့ဆက်ရှင်သန်းနိုင်မှာပဲဖြစ်ပါတယ်
ဒီလိုမှမဟုတ်ရင် သူများစိတ်နဲ့အသက်ရှင်သန်နေရတာနဲ့အတူတူပါပဲ။
သူတို့အတွက် သူတို့အတွက်နဲ့ ကိုယ့်အတွက်ကိုယ်တောင် မေ့နေရတဲ့အခိုက်အတန့် အချိန်တွေရှိတယ်။
သူတို့အဆင်ပြေပါစေဆိုပြီး ကိုယ်အဆင်မပြေတာတွေကို မေ့ပြီး ကိုယ့်ကိုကိုယ်နှစ်သိမ့်ဖို့မေ့နေတတ်တယ်။
တခါတလေ လမ်းပျောက်သလိုနဲ့ စိတ်ထဲဝမ်းနည်းသလို၊အထီးကျန်ဆန်သလိုလိုနဲ့ ဘယ်သူ့ကိုပြောပြလို့ ပြောပြရမှန်းမသိအောင် မွမ်းကြပ်ဖူးလိမ့်မယ်။
ဟုတ်တယ်ဒါတွေ အားလုံးက သူများအတွက်၊သူတို့အတွက်ဆိုပြီး ကိုယ့်အတွက်ကိုယ်မေ့နေတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေပါပဲ။
ဒါကြောင့်ဘဝမှာ ကိုယ်မရှိရင် မဖြစ်ဘူးလို့မတွေးနဲ့ ကိုယ့်ကို အားကိုလွန်းပြီး သူတို့ကိုယ်တိုင် မရပ်တည်နိူင်တဲ့အခါ သိတတ်လွန်းတဲ့ကိုယ်က ဝန်ပိုပိတယ် ။
မိသားစုတစ်ခုမှာဖြစ်ဖြစ်၊လုပ်ငန်းခွင်၊လူမှုအဖွဲ့အစည်းစတဲ့ အားလုံးမှာ အ လိုက်သိတတ်လွန်းသူ၊တာဝန်သိတတ်လွန်းသူက ပိုပင်ပန်းရတယ်ဒါပေမဲ့ ပင်ပန်းခံထားရလောက်ပြန်ရတဲ့ အရာအားလုံးက မထိုက်တန်ဘူးဆိုပြီး စိတ်အပင်ပန်းမခံနဲ့။
လောကမှာ ကျွန်တော်၊ကျွန်မ ဘယ်လောက်ထိတော်ပါတယ်၊တတ်ပါတယ်၊ကောင်းပါတယ်ပြောပြော ဂဏာန်းလိုလူတွေ ရှိနေသရွေ့တော့ ကိုယ့်ရဲ့လုပ်ရပ်တိုင်းက အသိအမှတ်ပြုခံရဖို့မပြောနဲ့ အောက်ဆုံးထိဆွဲချမခံရရင်တောင်ကံကောင်းပါတယ်။
ဒါကြောင့်ဘာကိုပဲ လုပ်လုပ် မျှော်လင့်ချက်မထားနဲ့ ကိုယ်တတ်နိူင်သလောက်လုပ်ပေးခဲ့တဲ့အပေါ်ကျေနပ်ပါ။ကိုယ့်ကိုကိုယ်ချစ်ပါ ကိုယ်မရှိလည်း အရာအားလုံးက သူ့ဟာသူလည်ပတ်နေအုံး မှာပါ ။
ကိုယ့်ကိုကိုယ်ပဲ အားကိုးပါ အနားမှာဘယ်သူကမှ အမြဲတမ်းရှိမယ်လို့မသေချာ တဲ့အတွက် ဘယ်သူမှမရှိလည်းတစ်ယောက်တည်းရှင်သန်နိူင်အောင်ကြိုးစားပါ။
#crd

image

image

me...သူ့ မွေးနေ့မို့ လာခေါ်တာတဲ့အမေ
mother... မသွာ: ရဘူး
နင်က မွေးနေ့ပဲသွာ: သွာ: ၊မင်္ဂလာဆော- ၊ င်ပဲသွာ: သွာ: ၊ မုန့်စာ: ဖို့ ပဲသွာ: သွာ:
ပြ" န်လာရင် မူ: လာတာ

image

သူငယ်ချင်းနဲ့တူတူလမ်းလျှောက်ရင်း 🐶 ကို တွေ. သော အခါ :

image
21 w - Translate

အယ်လီယိုဟာ မိဘနှစ်ပါး သေဆုံးသွားလို့ အဒေါ် ဖြစ်သူနဲ့အတူ နေထိုင်ရတဲ့ ဂျစ်ကန်ကန် ကလေးဆိုးလေးတစ်ယောက်ပါ။
တစ်ယောက်တည်း အိမ်မှာထားခဲ့လို့ မဖြစ်သေးတဲ့ အရွယ်ဖြစ်တာကြောင့် သူ့ရဲ့အဒေါ်ဟာ အယ်လီယို့ကို သူအလုပ်လုပ်တဲ့ အာကာသပတ်လမ်းစိစစ်ရေးဌာနကို အမြဲခေါ်သွားပါတယ်။ဒီလိုနဲ့ အယ်လီယိုဟာ အာကာသဆိုင်ရာတွေကို စွဲလမ်းလာခဲ့တယ်။ အထူးသဖြင့် အာကာသထဲမှာ ဂြိုဟ်သားတွေ ရှိလားဆိုတဲ့အချက်ပေါ့။တစ်နေ့တော့ ဌာနမှာ အာကာသထဲကနေ အချက်ပြမှုတစ်ခု ရလာခဲ့တယ်လို့ ဝန်ထမ်းတစ်ယောက်က ဆိုလာတယ်။ဒါပေမဲ့လည်း ဂြိုဟ်သားရူးတစ်ယောက်ရဲ့ မဲပြာပုဆိုးတွေကို ဘယ်သူမှ မယုံကြတော့ဘူး။ဒါကို တိတ်တိတ်လေး ခိုးကြည့်နေတဲ့ အယ်လီယိုက မြင်သွားပြီး ဘယ်သူမှ မရှိတဲ့အချိန်မှာ တစ်ဖက်ကို အကြောင်းပြန်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။တကယ်ပဲ အာကာသထဲကနေ ဂြိုဟ်သားတွေက ဆက်သွယ်နေတာလားဆိုတာ စူးစမ်းလိုက်ကြပါဦး။

image

#ဒိန်ချဉ်ကိုယ်တိုင်ပြုလုပ်နည်း
ဒိန်ချဉ်သောက်သုံးခြင်းက ကျန်းမာရေးအတွက် အထူးသင့်တော်ကြောင်းကို အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ ဒိန်ချဉ်ကို အိမ်မှာပဲ မိမိကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်ပစ္စည်းများ- နွားနို့ (၁) လီတာ- မြေအိုး ပြုလုပ်နည်း (အဆင့် - ၁)မြေအိုးသန့်သန့်တစ်လုံးကို ရေပြောင်အောင်ဆေး၍ အခြောက်ခံပါ။ အိုးထဲသို့ ကျိုထားပြီးသားနွားနို့ ထမင်းစားဇွန်း (၂-၃) ဇွန်းခန့်ထည့်ပြီး အဖုံးအုပ်ကာ နေရောင်အောက်တွင် နေ့တပိုင်းခန့်ထားပေးပါ။အိုးတွင်းမှ နို့များ ခဲလာပြီး ဒိန်ချဉ်နံ့ထွက်လာပါက ဒိန်ချဉ်ပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ (ဆိုင်ကဝယ်လာတဲ့ ဒိန်ချဉ်ကိုလည်းအသုံးပြုနိုင်ပါသည်)
ပြုလုပ်နည်း (အဆင့် - ၂)ဒိန်ချဉ်ပြုလုပ်မည့် နွားနို့ကို အိုးသန့်သန့်တွင်ထည့်၍ ၁၀ မိနစ်ခန့် ဆူပွက်အောင် ကျိုပေးပါ။ဆူပွက်နေသောနို့ကို အနွေးဓါတ်ရှိရုံအနေအထားထိ အအေးခံထားပါ။
အအေးခံပြီးပါက အဆင့် (၁) တွင် ပြုလုပ်ထားသော ဒိန်ချဉ် (၂-၃) ဇွန်းကို မြေအိုးထဲသို့ထည့်ပါ။ အခဲများကြေအောင် ခြေပေးပါ။ပြီးနောက် အိုးထဲသို့ အအေးခံထားသော နွားနို့လောင်းထည့်ပါ။ အနည်းငယ် သမအောင်မွေပေးပြီးပါက အဖုံးကို ပိတ်စပါးပါးဖြင့် ပိတ်ထားပေးပါ။
**သတိပြုရန်မှာ အိုးကို နေရာရွှေ့ခြင်း၊ လှုပ်ခြင်း ပြုလုပ်မိပါက နို့ကွဲတတ်သဖြင့် မပြုလုပ်မိရန်ဖြစ်သည်။ပုံမှန်ပူနွေးသော အခန်းတွင် ၆ နာရီခန့်ထားပါက ဒိန်ချဉ်ကို စတင်စားသုံးနိုင်ပြီဖြစ်ပါသည်။ ပြုလုပ်ထားသော ဒိန်ချဉ်များကို ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်ပါသည်။

image
21 w - Translate

ခွင့်မလွတ်နိုင်တော့လို့...
စွန့်လွတ်လိုက်တာပါ

အရမ်းချောတော့ကင်မရာကမဖမ်းနိုင်တော့ဘူးဝါးကုန်တာ

image

သဘာဝတရားကြီးနဲ့ အနီးကပ် ထိတွေ့ခွင့်ပေးထားတဲ့ Hotel ​လေး 😍
Plastic & Chemical Free Zone လေးအဖြစ်သတ်မှတ်ထားတာရဲ အခန်းထဲမှာ ရေသန့်ဗူးအစား Recycle ရေထည့်တဲ့ ဖန်ပုလင်းလေးတွေထည့်​​ပေးထားတဲ့ Hotel 😱
အခြားနေရာတခုမှာ လာရောက်အနားယူတယ်လို့ မထင်မှတ်ရ​​အောင် မိမိနေခဲ့ဖူးတဲ့ တောင်တန်းလေးထဲက သဘာဝဆန်ဆန် ဖော်ရွေပျူငှာနွေးထွေးစွာကြိုလင့်နေတဲ့ Hotel 😊
သဘာဝကပေးတဲ့ တန်ဘိုးတွေထဲမှာ ခဏစီးမျောသွား​စေဖို့ Daily Activities တွေ tree planting နဲ့ စက်ဘီးစီးခြင်းတွေ လုပ်ဆောင်လိုရတဲ့ Hotel 😎
သဘာဝတရားဆိုတာ လူသားတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အရာတခုဖြစ်တယ် ဆိုတာကို အထင်းအရှား​တွေ့ရမည့် Hote 🤗
The Hotel Kalaw Hill Lodge
နန့်သဲ ၁၁ရပ်ကွက် ကလောမြို့။
☎️ 09421125632

image

သဘာဝတရားကြီးနဲ့ အနီးကပ် ထိတွေ့ခွင့်ပေးထားတဲ့ Hotel ​လေး 😍
Plastic & Chemical Free Zone လေးအဖြစ်သတ်မှတ်ထားတာရဲ အခန်းထဲမှာ ရေသန့်ဗူးအစား Recycle ရေထည့်တဲ့ ဖန်ပုလင်းလေးတွေထည့်​​ပေးထားတဲ့ Hotel 😱
အခြားနေရာတခုမှာ လာရောက်အနားယူတယ်လို့ မထင်မှတ်ရ​​အောင် မိမိနေခဲ့ဖူးတဲ့ တောင်တန်းလေးထဲက သဘာဝဆန်ဆန် ဖော်ရွေပျူငှာနွေးထွေးစွာကြိုလင့်နေတဲ့ Hotel 😊
သဘာဝကပေးတဲ့ တန်ဘိုးတွေထဲမှာ ခဏစီးမျောသွား​စေဖို့ Daily Activities တွေ tree planting နဲ့ စက်ဘီးစီးခြင်းတွေ လုပ်ဆောင်လိုရတဲ့ Hotel 😎
သဘာဝတရားဆိုတာ လူသားတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အရာတခုဖြစ်တယ် ဆိုတာကို အထင်းအရှား​တွေ့ရမည့် Hote 🤗
The Hotel Kalaw Hill Lodge
နန့်သဲ ၁၁ရပ်ကွက် ကလောမြို့။
☎️ 09421125632

image