雨水天

image

雨水天

image

雨水天

image

雨水天

image

雨水天

imageimage
+8
26 w - Translate

Pope Leo XIV met Monday with one of the most prominent advocates for greater LGBTQ+ inclusion in the Catholic Church and encouraged his ministry, just days before a planned Holy Year pilgrimage of LGBTQ+ Catholics to the Vatican in a sign of continued welcome in this new pontificate.
https://abcnews.go.com/Interna....tional/wireStory/pop

image
26 w - Translate

Costco will now open its doors earlier than ever, but only for certain membership tiers. Here's which memberships are impacted.
https://www.goodmorningamerica.....com/living/story/ne

image
26 w - Translate

တစ်ချိန်က Tupperware ဟာ လူတိုင်းအသုံးပြုကြတဲ့ အိမ်သုံးပစ္စည်းနာမည်တစ်ခုဖြစ်ခဲ့ပြီး မိသားစုအဆက်ပေါင်းများစွာ လက်ဆင့်ကမ်းသုံးနိုင်လောက်အောင် တာရှည်ခံတဲ့ ထုတ်ကုန်တွေကြောင့် နာမည်ကျော်ခဲ့ပါတယ် သူတို့ရဲ့ လေလုံဘူးတွေဟာ အစားအသောက်တွေကို နှစ်ပေါင်းများစွာ လတ်ဆတ်နေအောင် ထိန်းသိမ်းပေးနိုင်ပြီး အရည်အသွေးပိုင်းမှာလည်း ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး
ဒါပေမဲ့ ကံဆိုးစွာဘဲ ဒီအားသာချက်ဟာ သူတို့ရဲ့ ကျဆုံးခန်းအတွက် အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ပစ္စည်းတွေဟာ အရမ်းတာရှည်ခံတာကြောင့် လူတွေဟာ အသစ်ပြန်ဝယ်ဖို့ မလိုအပ်တော့ပါဘူး
နောက်ပြီး ကုမ္ပဏီအများစုက သက်တမ်းတိုတဲ့ပစ္စည်းတွေထုတ်လုပ်ပြီး အမြတ်ရှာနေကြတဲ့ အချိန်မှာ Tupperware ကတော့ သူတို့ရဲ့ စီးပွားရေးပုံစံထက် ပိုပြီး သက်တမ်းရှည်တဲ့ ပစ္စည်းတွေကို ဖန်တီးနေမိခံ့ပါတယ် ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့ ဈေးသက်သာတဲ့ ပြိုင်ဘက်အမှတ်တံဆိပ်တွေရဲ့ ယှဉ်ပြိုင်မှုတွေ ပေါင်းစပ်လာတဲ့အခါမှာတော့ ဒီကုမ္ပဏီဟာ ရုန်းကန်လာရပါတော့တယ်
ဒီအချက်ဟာ ထူးဆန်းပြီး ဝမ်းနည်းစရာ စီးပွားရေးသင်ခန်းစာတစ်ခု ဖြစ်ပါတယ် တစ်ခါတလေ ကိုယ့်လုပ်ငန်းမှာ "အရမ်းကောင်းနေတာ" က ကိုယ့်ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာနိုင်တယ်ဆိုတဲ့ သင်ခန်းစာဘဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image
26 w - Translate

“ရေဘေးသင့်ဒေသများရှိ မွေးမြူရေးတိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံ”
နေပြည်တော်ကောင်စီနယ်မြေအတွင်းက သဘာဝဘေးရေကြီးရေလျှံမှုများကြောင့် ထိခိုက်နိုင်တဲ့ မွေးမြူရေး တိရစ္ဆာန်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် မြို့နယ်အလိုက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်း များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ဩဂုတ်လ ၂၉ ရက်မှာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က လိုက်လံကြည့်ရှုခဲ့ပါတယ်။ပျဉ်းမနားမြို့နယ် က ရေ‌ဘေးသင့်နေရာ က မွေးမြူရေးတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကိုကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် ထိခိုက် နိုင်တဲ့ မွေးမြူရေးတိရစ္ဆာန်များကို ရွှေ့ပြောင်းပေးမှုများကို ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်ထိ ပျဉ်းမနားမြို့နယ် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များက ကျေးရွာစုစုပေါင်း ၁၆ ရွာရှိ နွားကောင်ရေ ၉၆၆ ကောင်၊ ကျွဲကောင်ရေ ၇ ကောင်၊ မြင်းကောင်ရေ ၈ ကောင်၊ ဝက်ကောင်‌ရေ ၁၈၆ ကောင်နှင့် ဆိတ်ကောင် ၂၃ ကောင် ပြောင်းရွှေ့ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးမှုများလုပ်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

image
26 w - Translate

အမျိုးသမီးများအား တရုတ်နိုင်ငံသိုပိုဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်

(ပြည်တွင်း) စက်တင်ဘာ ၂
အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်နေ မ—–၊ ၁၉/ ၂၀၂၅ နှစ်ကို တစ်ရွာတည်းနေ မနိုင်(ခ)လေးလေးနိုင်က တရုတ်နိုင်ငံရှိ ဆံပင်တုနှင့် လက်သည်းတု စက်ရုံတို့တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင်ငွေကျပ် ၁၃ သိန်းခန့်ရမည်၊ ပို့ဆောင်ခအနေဖြင့် ငွေကျပ် သိန်း ၄၀ ပေးရမည်၊ လုပ်အားခရရှိမှသာ ပေးချေနိုင်သည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့နေ မိုးသူဇာ(ခ)မချိုထံပို့ဆောင်ပေးခဲ့သည်။

ယင်းနောက် မချိုက စက်ရုံတွင် အလုပ်လုပ်ကိုင်ရမည် မဟုတ်ဘဲ တရုတ်ယောကျ်ားယူရမည်၊ မယူပါကလမ်းစရိတ်များ ပြန်လျော်ရမည်ဟုပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ခရမ်းမြို့မရဲစခန်း (ပ) ၅/ ၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီးဩဂုတ် ၂၉ ရက်တွင် သန်လျင်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မနိုင်(ခ)လေးလေးနိုင် ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မိုးသူဇာ(ခ)မချို ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နေ မ—–၊ ၂၄/ ၂၀၂၅ နှစ်နှင့် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နေ မ—–၊ ၂၄/ ၂၀၂၅ နှစ်တို့ကို ရှမ်းပြည်နယ် မူဆယ်မြို့နေအေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu accမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါက ယွမ် ၁၀၀၀၀ ရမည်၊ အလုပ်လုပ်ကိုင်လိုပါက ၎င်း၏ အမြွှာညီမဖြစ်သူ အေးအိမွန်မှ တရုတ်သူဌေးများနှင့် တွေ့ဆုံပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း (ပ)၁၀/ ၂၀၂၅ နှင့် အမှတ်(၅)မြို့မရဲစခန်း(ပ)၃၀/၂၀၂၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံအေးမြတ်မွန်နှင့် အေးအိမွန်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။

အလားတူ ရှမ်းပြည်နယ် လားရှိုးမြို့နေ မ—–၊ ၃၉/ ၂၀၂၅ နှစ်ကို ရှမ်းပြည်နယ် မူဆယ်မြို့နေ အေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu acc မှ တစ်ဆင့် တရုတ်အငှားမိန်းမအလုပ်လုပ်ပါက တရုတ်နိုင်ငံသို့ တစ်နှစ်သွားရောက်နေထိုင်၍ တရုတ်အငှားမယား လုပ်ကိုင်ပါ က ယွမ် ၁၅၀၀၀ ရမည်၊ လုပ်ကိုင်လိုပါက မန္တလေးမြို့သို့ လာရောက်ရန် စည်းရုံးပြောဆိုပြီး မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ မန္တလေးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ပွဲစား ဒေါ်သန်းအေး (ခ)ပီရင်းနှင့်အတူ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်‌ အောင်မြေသာစံ မြို့နယ် အမှတ်(၅) မြို့မရဲစခန်း(ပ) ၂၉/ ၂၀၂၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ တရားခံ အေးမြတ်မွန်နှင့် ဒေါ်သန်းအေး(ခ)ပီရင်းတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

image