အမိုရမ်နေရာတွင် အစားထိုးရန် နည်းပြ ၃ ဦးကို ယူနိုက်တက် လျာထားလာ

စက်တင်ဘာ ၂၉

ယူနိုက်တက်ဟာ ရူဘင်အမိုရမ်အား ထုတ်ပယ်လာပါက နည်းပြသစ်အဖြစ် ခန့်အပ်ရန် အိုလီဗာဂလပ်စ်နာ၊ ဖေဘီယန်ဟာဇီလာ၊ အန်ဒိုနီအိုင်ရာအိုလာတို့အား လျာထားလာပါတယ်။

အမိုရမ်ဟာ စနေနေ့တုန်းက ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ် ၆ ပွဲတွင် ၃ ပွဲတည်းသာ ရှုံးနိမ့်ထားပြီး ၃၃ ပွဲကိုင်တွယ်ရာတွင် ၁၇ ပွဲမြောက် ပရီးမီးယားလိဂ် ရှုံးပွဲ ကြုံတွေ့လာပါတယ်။

အမိုရမ်ဟာ ရလဒ်ဆိုးရွားနေပေမဲ့လည်း ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ ထောက်ခံအားပေးမှု ဆက်လက် ရရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ အမိုရမ်အား ထုတ်ပယ်လာပါက ခန့်အပ်ရန် နည်းပြ ၃ ဦးအား လျာထားလာပါတယ်။

ယူနိုက်တက်ဟာ အမိုရမ်နေရာတွင် အစားထိုးရန်အတွက် ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာ၊ ဘရိုက်တန်နည်းပြဖေဘီယန်ဟာဇီလာ၊ ဘုန်းမောက်နည်းပြအိုင်ရာအိုလာတို့အား လျာထားပါတယ်။

ဂလပ်စ်နာဟာ ခရစ္စတယ်ပဲလေ့စ်ကို ကလပ်သမိုင်းတွင် ပထမဆုံးဆုဖလားအဖြစ် အက်ဖ်အေဖလား ရယူပေးထားသူ ဖြစ်ပြီး ယခုရာသီတွင် ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

ဂလပ်စ်နာမှာ အမိုရမ်ကဲ့သို့ပင် ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုနေသူလည်း ဖြစ်ပါတယ်။ သူဟာ ယခင်ကလပ် ဖရန့်ဖတ်ကို ၂၀၂၂ ခုနှစ် ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ယခုရာသီအကုန်တွင် ပဲလေ့စ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရေး သဘောတူညီမှု ရရှိထားခြင်း မရှိပါဘူး။

အိုင်ရာအိုလာမှာ ၂၀၂၆ ခုနှစ်နွေရာသီတွင်လည်းကောင်း၊ ဟာဇီလာမှာလည်း ၂၀၂၇ ခုနှစ်တွင်လည်းကောင်း စာချုပ်သက်တမ်း ကုန်ဆုံးပါမယ်။

တဖက်တွင် ဘာစီလိုနာနည်းပြဟောင်းဇာဗီးမှာ ယူနိုက်တက်နည်းပြရာထူးအား ရယူရန် ဆန္ဒပြင်းပြနေပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလတွင် အဲရစ်တန်ဟက်အား ထုတ်ပယ်ကာ အမိုရမ်အား ခန့်အပ်ပြီးနောက် ပေါင် ၂၅၆.၈၂ သန်း အသုံးပြုကာ ကစားသမား ၆ ဦး ခေါ်ယူအားဖြည့်ထားပါတယ်။

ယူနိုက်တက်ဟာ ယခုအပတ်အကုန်တွင် ဆန်းဒါးလန်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပြီးလျှင် ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်များအပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် လီဗာပူးနှင့် ရင်ဆိုင်ရပါမယ်။

ယူနိုက်တက်ဟာ အန်ဖီးလ်တွင် နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းတွင် နိုင်ပွဲ ရရှိလာခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ လီဗာပူးနှင့်ပွဲရလဒ်အပေါ် မူတည်ပြီး အမိုရမ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image