1 y - Translate

ကျောက်စိမ်း ဝါရှာ လက်ပတ်
ထူးထူးခြားခြား ကာလာ ဒီဇိုင်းလေး 🥰

image
image
image

ဘာလွန်ဒေါဆုရှင် ဒမ်ဘီလီ အပါအဝင် ဆုပေးပွဲတွင် ဆုရရှိခဲ့သော အမျိုးသား နည်းပြနှင့် ကစားသမားများ

Credit Photo

#sbdsports

image
image
image
image
image
1 y - Translate

စက်တင်ဘာ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#democracynow

image

စက်တင်ဘာ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

စက်တင်ဘာ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

image

နောက်ဆုံး၆ပွဲဆက် စွမ်းဆောင်ရည်ကောင်းများ ပြသထားခဲ့သည့် ကိန်း

Credit Photo

#ဘောလုံးသတင်းစုံ

image

ဗိုလ်တထောင်တွင် (၄)နှစ်အရွယ်ကလေးငယ်အား သက်ငယ်မုဒိန်းမှုကျူးလွန်သူအမျိုးသားကို ဖမ်းမိဟုဆို

စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် (၄)နှစ်အရွယ်ကလေးငယ်အား သက်ငယ်မုဒိန်းမှုကျူးလွန်သူအမျိုးသားကို ဖမ်းဆီးရမိခဲ့သည်ဟုသိရကြောင်း ယင်းနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်း၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ကားပါကင်အနောက်တွင် အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်တွင် အဓမ္မကျူလွန်ခံထားရသည်ဟု ယူဆရသောလက္ခဏာများတွေ့ရှိခဲ့ပြီး ဝတ်ဆင်ထားသော ဂါဝန်အင်္ကျီနှင့် ခြေထောက်တွင်လည်း သွေးများတွေ့ရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကာ ထိုမှတစ်ဆင့် ဟယ်လ်ပင်ကလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူအား စုံစမ်းရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ယမန်နေ့(စက်တင်ဘာ ၂၁ရက်)၊ ည ၇နာရီအချိန်ခန့်တွင် သင်္ကန်း ကျွန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျူးလွန်သူကို သင်္ဃန်းကျွန်းမှာမိတာ။ အသက်ကဘယ်လောက်လဲတော့မသိရသေးဘူး။ သင်္ဃန်းကျွန်းကမဟုတ်ဘူးလို့တော့သိရတယ်။ ကလေးလေးကတော့ အခုထိဆေးရုံမှာပဲ။ သူ့အမေလည်းရှိနေပါတယ်”ဟု သိရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျူးလွန်သူအမျိုးသားကို ဗိုလ်တစ်ထောင်ရဲစခန်းသို့ဖမ်းဆီးပို့ဆောင်ထားပြီး ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

မြန်မာနိုင်ငံမှ ကျားဖြန့်လိမ်လည်မှုဂိုဏ်းများက နေ့စဉ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ပစ်မှတ်ထားရှာဖွေနေဟု မလေးရှား အခြေစိုက် MHO ဖွင့်ဟ

စက်တင်ဘာ ၂၂

မလေးရှားနိုင်ငံ အခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Malaysia International Humanitarian Organisation (MHO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက တရုတ်ကျားဖြန့် လိမ်လည်မှုဂိုဏ်းတွေဟာ သူတို့ရဲ့ “ဝန်ထမ်း” တွေကို နေ့စဉ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၆၄,၀၀၀) အထိ ဝင်ငွေရအောင် ဖိအားပေးနေပြီး အဲဒီပမာဏ မပြည့်ပါက ပြင်းထန်တဲ့ အပြစ်ဒဏ်တွေ ပေးနေတယ်လို့ ဆိုပါတယ်။

MHO ရဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ Daniel Khoo က မြန်မာကျားဖြန့်ဂိုဏ်းတွေတစ်ခုချင်းရဲ့ ပစ်မှတ်ဟာ အရင်က အမေရိကန်ဒေါ်လာ ၅,၀၀၀ သာ ရှိခဲ့ပြီး အခုအချိန်မှာတော့ တစ်ဂိုဏ်းချင်းဟာ နေ့စဉ်ဒေါ်လာ ၅၀၀၀၀ ရှာဖွေဖို့ကြိုးပမ်းနေပြီး Target (ပစ်မှတ်) က ဆယ်ဆတက်လာတယ်လို့ ပြောပါတယ်။

“ဒီလိုပမာဏမျိုး ရဖို့အတွက်ဆိုရင် နေ့စဉ် လူ ဒါဇင်နဲ့ချီပြီး လိမ်လည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ကို မလေးရှားလူမျိုးတွေက ပစ်မှတ်မပြည့်လို့ အပြစ်ပေးခံရကြောင်း၊ လျှပ်စစ်ရှော့ခ်တိုက်ခံရကြောင်း ဒါမှမဟုတ် ရိုက်နှက်ခံရကြောင်း ပုံမှန် ဖုန်းဆက်ပြီး ပြောပြကြပါတယ်။”လို့ Khoo က ပြောပါတယ်။

ဒါ့အပြင် “ဒီလို နှိပ်စက်မှုတွေက သားကောင်တွေကို ထွက်ပြေးဖို့ ဒါမှမဟုတ် သူတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းဖို့ မကြိုးစားရဲအောင် ကြောက်စိတ်သွင်းဖို့ လုပ်ဆောင်ပုံရပါတယ်” လို့ Daniel Khoo က ပြောကြားပြီး လက်ရှိမှာ မြန်မာနိုင်ငံရှိ လိမ်လည်မှုစင်တာတွေမှာ ရောက်ရှိနေတဲ့ မလေးရှားလူမျိုးပေါင်း ၃၀ လောက် ရှိနေပြီဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောပါတယ်။

အဲဒီသားကောင်တွေထဲက အနည်းဆုံး အမျိုးသမီး ၃ ဦးပါဝင်ပြီး သူတို့အားလုံးဟာ အသက် ၂၀ ကနေ ၄၀ အတွင်းဖြစ်ကြပါတယ်။ တစ်ဦးကတော့ မြန်မာနိုင်ငံမှာ ၂ နှစ်လောက်ကြာအောင် ရောက်ရှိနေတာဖြစ်ပြီးအဲဒီ မလေးရှားနိုင်ငံသားတွေဟာ ၎င်းတို့နိုင်ငံကို ပြန်ပို့ပေးဖို့ စောင့်ဆိုင်းနေကြတယ်လို့ သူက ဆိုပါတယ်။

Ref, The Strait Times

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

မိုးသည်းထန်နိုင်၍ တောင်ငူနှင့်တပ်ကုန်း ရေကြီးလာနိုင်

စက်တင်ဘာ ၂၂

စစ်တောင်းမြစ်အထက်ပိုင်းနှင့် အောက်ပိုင်းတို့မှာ နေရာကွက်၍ မိုးသည်းထန်နိုင်သည့် အခြေအနေများကြောင့် ရက်သတ္တပတ်အတွင်း မြစ်‌ရေ ပြန်လည်မြင့်တက်လာနိုင်ပြီး တပ်ကုန်းမြို့နယ်နှင့် တောင်ငူခရိုင်တို့တွင် ရေကြီး‌‌‌ ရေလျှံမှု ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်မှ သတိပေး ပြောကြားခဲ့သည်။

GloFAS (Global Flood Awareness System) မှ စက်တင်ဘာ ၂၁ ရက်၏ Update အချက်အလက်များအရ လာမည့် ရက်သတ္တပတ်အတွင်း မိုးရေချိန် မများနိုင်သော်လည်း နေ့စဥ် မိုးအသင့်အတင့်( ခန့်မှန်း ၂၄ နာရီ မိုးရေ ချိန် ၁ လက်မ ဝန်းကျင်ခန့်)နှင့် နေရာကွက်၍ မိုးသည်းထန်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်သည်ဟု ၎င်းက သူ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အခြေအနေများကြောင့် စစ်တောင်းမြစ်အထက်ပိုင်း တပ်ကုန်းအနီးမှ စစ်တောင်းမြစ်ရေသည် လည်း ကောင်း၊ စစ်တောင်းမြစ် အောက်ပိုင်း တောင်ငူခရိုင်အတွင်းမှ စစ်တောင်းမြစ်ရေသည် လည်းကောင်း ပြန်လည် မြင့်တက်လာနိုင်သည်။

ထို့ကြောင့် ၎င်းဒေသများ၌ အောက်တိုဘာ ၆ ရက်အထိ ရေကြီးနိုင်ခြင်း သတိပေးချက်(Flood Alert- Medium) အဆင့်ရှိနေကြောင်း တွေ့ရသည်။

အလားတူ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာလည်း မိုးရေချိန် မများသော်လည်း နေ့စဥ် မိုးအသင့်အတင့် ရွာနိုင်မည့် အခြေအနေများကြောင့် အင်းလေးနှင့် သံလွင်မြစ်ရေ ပြန်လည် မြင့်တက်လာနိုင်ပြီး အောက်တိုဘာ ၆ ရက်အထိ (Flood Alert Level EXTREME)အဆင့် ရှိနေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

imageimage