ဝီစကီနှင့် အားဖြည့်အချိုရည် စွဲနေတယ်လို့ ပြောဆိုတဲ့ ဂျာနယ်လစ်ကို နေမာ တရားစွဲ
စက်တင်ဘာ ၂၈
နေမာဟာ ဝီစကီနှင့် အားဖြည့်အချိုရည်စွဲနေတဲ့အပြင် ညဉ့်နက်သန်းခေါင်ဂိမ်းကစားတယ်လို့ စွပ်စွဲ ပြောဆိုတဲ့ ဂျာနယ်လစ်ကို တရားစွဲဆိုလာပါတယ်။
အသက် ၃၃ နှစ်ရှိ ဘရာဇီးနှင့် ဆန်းတို့စ်စူပါစတားရဲ့ ကိုယ်စားလှယ်များဟာ ဂျာနယ်လစ် ရိုဒိုလ်ဖိုဂိုမက်စ်အား တရားစွဲဆိုလာတာလည်း ဖြစ်ပါတယ်။
ဂိုမက်စ်ဟာ Futeboteco အမည်ရှိ ချန်နယ်တွင် တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုတွင် "အားဖြည့်အချိုရည်ပါတဲ့ ဝီစကီ၊ ဆေးလိပ်၊ ရှီရှားစွဲနေတယ်။ မနက် ၄ နာရီ ၅ နာရီမှ အိပ်တယ်"ဆိုပြီး နေမာရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို တိုက်ခိုက် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဂိုမက်စ်က နေမာမှာ ယခုနှစ်တွင် ဘောလုံးပြန်ကစားလာမှာ မဟုတ်ကြောင်းနှင့် နေမာရဲ့ ညနေ အမူအကျင့်များက ကစားဖော်များကိုပါ ထိခိုက်စေလျက် ရှိကြောင်း ပြောကြားသွားပါသေးတယ်။
ဒါတင်မကသေးပါဘူး။ ဆန်းတို့စ်နည်းပြဂျူအန်ပါဘလိုဗိုဗိုဒါမှာ လေ့ကျင့်ခန်းအစီအစဉ်ကို နံနက်ပိုင်းသို့ အချိန်ပြောင်းလဲပြုလုပ်စေကာ နေမာရဲ့အမူအကျင့်ပြောင်းလဲစေရေး လုပ်ဆောင်ရန် စီစဉ်နေကြောင်း ဂိုမက်စ်က ဖွင့်ချသွားပါတယ်။
ဂိုမက်စ်ရဲ့ ပြောဆိုမှုကို အခြားဘရာဇီးမီဒီယာများက ထပ်မံ ရေးသားဖော်ပြရာမှ နေမာရဲ့ သတင်းမှာ ဟိုးလေးတကျော် ဖြစ်နေပါတယ်။
နေမာရဲ့ ကိုယ်စားလှယ်များဟာ ဂိုမက်စ်ရဲ့ ပြောဆိုမှုအား တုံ့ပြန်ချေပခြင်း မရှိပေမဲ့လည်း ယခုအခါမှာတော့ တရားစွဲဆိုမှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။
နေမာဟာ အသင်းဟောင်းဆန်းတို့စ်သို့ ပြန်လည်ပြောင်းရွှေ့လာချိန်တွင်လည်း ဒဏ်ရာပြဿနာများနှင့် နပန်းလုံးလာနေရပါတယ်။
သူဟာ နိုဝင်ဘာလ ၁၈ ရက်နေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာထပ်မံ ရရှိခဲ့ကာ နိုဝင်ဘာလအထိ အနားယူရဦးမှာ ဖြစ်ပါတယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ