အသက်ပေးချစ်တယ်ဆိုတာ…
ချိနပြည်မှာတဲ့ ( China )အထပ်မြင့်တိုက်ခန်းမီးလောင်တော့
အမျိုးသားတယောက်သူ့မိန်းမကို
ဝရံတာကနေအောက်တန်းလန်းချပြီးကိုင်ထားတယ်။
မီးဟပ်မှာစိုးရိမ်လို့ အောက်မပြုတ်ကျအောင်လည်း
လက်နှစ်ဖက်စလုံးအသေဆုပ်ကိုင်ထားတယ်။
မီးသတ်သမားလာချိန် အမျိုးသားတကိုယ်လုံးက
မီးတွေလောင်အရေပြားတွေလှန်နေတာမြင်ရတယ်။
သူ့ခန္ဓာရဲ့ ၉၅ % မီးလောင်ခံခဲ့ရတာတဲ့။
ဆေးရုံရောက်ပြီး ၉ ရက်အတွင်းဆုံးသွားတယ်တဲ့😭
အမျိုးသမီးကဘာမှမဖြစ်ဘူး။
သူအရှင်လတ်လတ်မီးအလောင်ခံပြီး
သူ့မိန်းမကိုကယ်တင်ခဲ့တယ်။
ယောက်ကျားကောင်းတယောက်ရဲ့
သူ့မိန်းမအပေါ်အသက်စွန့်ပေးဆပ်တဲ့
ချစ်ခြင်းမေတ္တာလေးစားဂုဏ်ပြုရပါတယ်။
၂၀၂၂ ခုနှစ်ကအဖြစ်အပျက်တခုပါ။