မီချီဂန် ဘုရားကျောင်းကို သေနတ်သမားက ကားနဲ့ဝင်တိုက် ပစ်ခတ်၊ မီးရှို့လို့ လေးယောက်သေပြီး အများအပြား ဒဏ်ရာရ

ဝါရှင်တန်၊ စက်တင်ဘာ ၃၉

အမရိကန်နိုင်ငံ မစ်ရှီဂန်ရှိ ဘုရားကျောင်းတကျောင်းကို သေနတ်သမားတယောက်က ကားနဲ့ဝင်တိုက် သေနတ်နဲ့ပစ်ခတ်ကာ မီးရှို့ခဲ့တာကြောင် လူလေးယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒက်ထရွိုက်မြို့ အနောက်မြောက်ဘက် မိုင် ၆၀ အကွာ ဂရန်းဘလက်ခ်ရှိ ဘုရားကျောင်းကို တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ဘုရားကျောင်းအတွင်း လူရာနဲ့ချီပြီး ဝတ်ပြုဆုတောင်းနေပါတယ်။ သေနတ်သမားဖြစ်တဲ့ မစ်ရှီဂန်ပြည်နယ် ဘာတန်မြို့မှ အသက် ၄၀ အရွယ် သောမက်စ်ဂျက်ကော့ဆန်ဖို့ဒ်ဟာ ဘုရားကျောင်း ကားပါကင်မှာ ရဲတွေရဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ဒါဟာ တမင်ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုလို့ အာဏာပိုင်တွေက ပြောဆိုထားပေမယ့် အသေးစိတ် အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ မီးလောင်မှုကြောင့် အဆောက်အအုံ နေရာအများအပြား ပျက်စီးခဲ့ပြီး လူအချို့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

သေနတ်သမားဟာ ကားတစီးနဲ့ ဘုရားကျောင်းတံခါးကို ဝင်တိုက်ခဲ့ပြီး ဝတ်ပြုသူတွေကို ချေမှုန်းရေး ရိုင်ဖယ်သေနတ်နဲ့ ဘုရားကျောင်းအတွင်းကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကို ချက်ချင်းရောက်ရှိခဲ့ပြီး ပစ်ခတ်မှုအပြီး ရှစ်မိနစ်အကြာမှာ ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၃၀ မှာ သေနတ်သမားကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှု ဘယ်ကစတင်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး သေနတ်သမားကိ ရှို့ခဲ့တာလို့ ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ သေနတ်သမားရဲ့ ပိုင်ဆိုင်မှုတွေကို ရှာဖွေနေပြီး လက်ကိုင်ဖုန်းမှတ်တမ်းတွေကိုလည်း စစ်ဆေးကာ အကြောင်းရင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုအတွက် အက်ဖ်ဘီအိုင် အေဒဂျင့် ၁၀၀ ကိုဖြန့်ကြက်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Ref:BBC
Photo:AFP/ AP

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image