Bro got angry

ဆေးဖက်ဝင် #ကြက်ဆူပင်
အရွက်အသုံးပြုပုံ
၁ ။ အရွက်ကို ခေါင်း ကိုက်ပျောက်ဆေး၊ အနာအုံဆေး အဖြစ် အသုံးပြုသည်။ ၂ ။ အရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင် ကျို၍ သောက်လျှင် လေသလိပ်အားကြီးခြင်းဝှေးစေ့ကြီးခြင်း ၊ ဆီးအိမ်၌ ထုံကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာ ၊ သည်းခြေနာတို့ကို ပျောက်စေ၏။
အစေ့အသုံးပြုပုံ
ပြင်ဆင်
၁ ။ ကင်းဆိပ်ဖြေဆေးအဖြစ် အစေ့ကို သွေး၍ လိမ်းပေးရ၏။ ၂ ။ လေချုပ်၊ အဖျား ၊ ချောင်းဆိုး၊ ဝမ်းဗိုက် ဖောရောင် ၊ ထိုးအောင့်ခြင်း ၊ ခါး ၊ ဆီးအိမ် ၊ ခေါင်းကိုက်ခဲခြင်း နှင့် ပန်းနာ ၊ နူနာ ၊ ဖျဉ်းဒူလာ ၊ အသည်း ရောဂါ၊ ဝမ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြု၏။
အစေ့ဆီအသုံးပြုပုံ
ပြင်ဆင်
၁ ။ အစေ့ဆီကိုပြုပြင်၍ ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် သုံးသည်။ ၂ ။ ကလေး လွယ်ကူစွာ ဖွားမြင်နိုင်ရန်အတွက် ကြက်ဆူဆီကို သုံး၏။ ၃ ။ ကြက်ဆူဆီကို ဆံပင်သန်ဆေးအဖြစ်လည်း သုံး၏။
မှတ်ချက်
ပြင်ဆင်
အစေ့မှ တိုက်ရိုက်ထုတ်၍ ရသော အဆီကို စားသုံးဆေးအဖြစ် တိုက်ရိုက် သုံးစွဲ၍မရပါ။ ၎င်းအဆီမှ အဆိပ်ဖြစ်စေတတ်သော ဓာတ်များ ကို ထုတ်ပြီးမှ သောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ကြက်ဆူစေ့ကို စားလျှင် သေနိုင်သည်။
Crd

image

imageimage

ရှက်တယ်ဆိုတာ မျက်နှာကရှက်တာ
မျက်နှာမမြင်ရဖို့ အရေးကြီးတယ်။

image
14 w - Translate

အရမ်းကြိုက်တဲ့ စာလေး ရှိတယ် ။

မင်းရဲ့ ပထမဆုံး စာမျက်နှာကို သူများရဲ့
စာမျက်နှာ ၂၀ နဲ့ မနှိင်းယှဉ်ပါနဲ့ ... တဲ့ ။

#မရမ်းသီးပုဇွန်ခြောက်ငပိချက်
+++++++++++++++++++++++++++++++

အိမ်မှာ ဒီနေ့ ရေခဲသေတ္တာရှင်းရင်းနဲ့ မရမ်းသီးစိမ်းလေးတွေထွက်လာတယ်။
ဒါနဲ့ပဲ ငပိချက်လေး ချက်ဖို့ စိတ်ကူးရပြီး ချက်ဖြစ်တယ်။
သူများတွေလဲ အလွယ်တကူ ချက်စားလို့ရအောင် ချက်နည်းလေး တင်ပေးလိုက်ပါတယ်နော်

- ကြက်သွန်နီ ၄လုံး

- မရမ်းသီးစိမ်း ၆လုံး

- ခရမ်းချဉ်သီး ၈လုံး

- ပုဇွန်ခြောက် ကိုယ်ထည့်ချင်သလောက်ထည့်ပါ အရမ်းတော့ မများစေနဲ့နော်

အထက်ပါ ဟင်းချက်စရာ အမယ်၄မျိုးကို တစ်မျိုးစီ သတ်သတ်ကြိတ်ထားပါတယ်။

- နံနံပင် ၁စည်း
(ရေဆေးပြီး လိုချင်တဲ့အနေ ပိုင်းဖြတ်ထားပါတယ်။)
-ငရုတ်သီးစိမ်း 5 တောင့်လောက်ရေဆေးပြီး ခြမ်းထားပါ (အစပ်ကြိုက်တက်ရင် ပိုထည့်ပါ)

ချက်မယ့် ဟင်းအိုးထဲကို ဆီသင့်ရုံထည့်ပြီး ဆီကျက်ရင် ကြက်သွန်နီထည့် ဆီသတ်ပါတယ်။ ပြီးရင် ပုဇွန်ခြောက်၊ မရမ်းသီးနဲ့ ခရမ်းချဉ်သီးတွေ အစဉ်အတိုင်းထည့်ပြီး မပြတ်မွှေပေးနေရပါတယ်။ ငရုတ်သီးအရောင်တင်မှုန့် ဟင်းခတ်ဇွန်း ၂ဇွန်းထည့်ပြီး ဆက်မွှေပါတယ်။ (ကြက်သွန်နီ ဆီသတ်တဲ့အချိန်မှာ ထည့်ရင် မွှန်မှာစိုးလို့ နောက်ဆုံးမှ ထည့်တာပါ။) အရသာအတွက် ကြက်သားမှုန့်နဲ့ ငံပြာရည်အနည်းငယ်၊ ငပ်စိမ်းစားလေး ကွမ်းသီးလုံးလောက်လေးရေဖျော်ထည့်ပေးပါ။

ဆီပြန်လာခါနီး အနံလေးမွှေးလာပြီဆိုရင် နံနံပင် ပိုင်းထားတာတွေရယ် ငရုတ်သီးစိမ်းလေးခြမ်းထားတာလေးတွေရယ် ထည့်၊ ရောမွှေပြီး ဆီပြန်လာရင် ရပါပြီ။

image

ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစားပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ

ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ

ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ

မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်

ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ

တန်ဖိုးထားစေချင် ။

image
14 w - Translate

စပါးရိတ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေကို
အခွေလိုက်ထည့်ထားတဲ့ လင်ပန်းကိုယ်စီရွက်ပြီး
မြွေလိုက်ရောင်းတဲ့ မိန်းကလေးတွေကို
မနက်ခင်းတိုင်း တွေ့ရတတ်တယ်။
ကျွန်တော်(စာရေးသူ)တို့ ဖဒိုမြို့က စျေးထဲမှာ
မြွေသည်တွေ အများကြီးရှိပါတယ်။
လင်းမြွေ ၊ ရေမြွေ ၊ မြွေပွေး အစုံပဲ..
မြွေပွေး ဆိုရင်တော့ စျေးကြီးတယ်။
တစ်ကောင်ကို တစ်သောင်းဝန်းကျင် ပေးရတယ်။
လင်းမြွေတို့ ရေမြွေတို့က ပိသာချိန်နဲ့ရောင်းတာမို့
စျေးသိပ်မကြီးဘူး..။
ဒါကြောင့် မြွေဖမ်းသမားတွေက
မြွေပွေးကို ဦးစားပေးလိုက်ရှာပြီး ဖမ်းကြတယ်။
တစ်ညကို နှစ်ကောင်ပဲရ..
နှစ်သောင်း နေ့တွက်စီပြီလေ..။
ကျွန်တော့် အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့
မြွေမုဆိုး ကရင်ဖထီးကြီးတစ်ယောက် ရှိတယ်။
တစ်နေကုန် အရက်လေးသောက်လိုက် အိပ်လိုက်နဲ့
ညကျမှ နှစ်ခွမှိန်းလေးကိုင် ၊ ဝါးပလိုင်းလေးလွယ် ၊
ဓားမတိုလေး ခါးကြားထိုးပြီး
ကွမ်းလေးတဖွီဖွီဝါးလို့ မြွေလိုက်ဖမ်းတော့တာပဲ။
သူ့ခြေထောက်တစ်ဖက်က နည်းနည်းဆာနေတော့
လမ်းလျှောက်ရင် မြန်မြန်မလျှောက်နိုင်ဘူး။
ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင်
အိမ်ရှေ့ကနေ တောစီးဖိနပ်သံ တဂွက်ဂွက်နဲ့
သူအိမ်ပြန်လာတဲ့အသံကို ကြားရတယ်။
ကရင်သီချင်းလေး ခပ်တိုးတိုး ဆိုလာပြီဆိုရင်တော့
ကျိန်းသေတယ်။
မြွေပွေး နှစ်ကောင်လောက် မိလာပြီ။
ခြေထောက်ဆာတာတာနဲ့ ဒီဖထီးက
အင်မတန်လျှင်မြန်တဲ့ မြွေဆိုတဲ့ သတ္တဝါကို
ဘယ်လိုဖမ်းလဲဆိုတာ ကျွန်တော်စိတ်ဝင်စားတယ်။
တစ်နေ့တော့ ကျွန်တော် အဲဒီအတီးအိမ်ကို သွားလည်ရင်း
သူ့ကို အင်တာဗျူးတာပေါ့..။
"ဖထီး....ဖထီးက ခြေထောက်လည်း မသန်ဘဲနဲ့
ဒီလောက်မြန်တဲ့ မြွေတွေကို ဘယ်လိုဖမ်းလဲဗျ..''
ကျွန်တော့်စကားကို ဖထီးက ပြုံးပြီး
ကွမ်းတစ်ယာထုတ်ဝါးလို့ ပြန်ဖြေပါတယ်။
"ငါက ခြေထောက်မသန်တော့
လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူးကွ..
ဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးရော..
ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ်..''
"အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ..''
"မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ..
လူကို ရန်မူမယ်ဆိုပြီး အသင့်အနေအထားနဲ့ ငြိမ်နေတာ..
သူက အဆိပ်ပြင်းတယ်လေ..
ဘယ်သူ့ကိုမှ ထီမထင်ဘူးကွ..
လာမထိနဲ့ သေသွားမယ်ဆိုတဲ့ မာန်ကအပြည့်..
အဆိပ်ပြင်းတဲ့ မြွေချင်းအတူတူ
ငန်းတော်ကျားက လူတွေ့ရင် ရှောင်သွားရော..
မြွေပွေးကတော့ သူ့ကိုထိရင် ဆတ်ခနဲလှမ်းပေါက်တာ..
အဲဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်သွားပြီး
ထိလုထိခင်ကျမှ မှိန်းနှစ်ခွနဲ့ ခေါင်းကိုအမြန်ထိုးချလိုက်ရင်
ဒီကောင့်ကို မိတာပဲ..ဟဲဟဲ..
မြွေထဲမှာ အဆိပ်ပြင်းပါတယ် ဆိုတဲ့မြွေပွေးက
ဖမ်းလို့အလွယ်ဆုံးကွ..
ဒီကောင်က သူ့ကိုယ်သူ မာန်တက်နေတော့
ငါ့မှိန်းကို ဂရုမစိုက်ဘူး..''
"အော်....''
ကျွန်တော့်ရင်ထဲ အတွေးတွေ တသီကြီးနဲ့
ဖထီးအိမ်က ပြန်လာခဲ့တယ်။
အဆိပ်မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့ကမှ
အန္တရာယ်က လွတ်နိုင်သေးတယ်..
ငါအဆိပ်ပြင်းတာပဲဆိုပြီး မာန်တက်နေတဲ့မြွေပွေးကတော့
မြွေမုဆိုးလက်မှာ သေတာပဲ..
အဆိပ်တည်းဟူသော မာန်မာနကို အားကိုးမိပြီး
သူတစ်ပါးကို အထင်သေးမိတဲ့ မြွေပွေးတွေဟာ
မြွေမုဆိုးအတွက် ဖမ်းရအလွယ်ဆုံး ဆိုပါလား...
ကျွန်တော် ဆက်ပြီး တွေးမိတယ်..
ကျွန်တော်တို့ လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း
လူမြွေပွေးတွေ အများအပြား..
"ဟင်း...ငါ့ကိုလာမထိနဲ့နော်..သေသွားမယ်...
ငါ့ကို ဘာမှတ်နေလဲ...
ငါလုပ်လိုက်ရ မင်းဘဝပျက်သွားမယ်..
ဟေ့ကောင် သားကြီး..ငါနဲ့တော့ မငြိစေနဲ့နော်..''
ဆိုတဲ့ အစွယ်တဖွေးဖွေး လူမြွေပွေးတွေကို တွေ့တိုင်း
ခြေထောက်တစ်ဖက်ဆာနေတဲ့
မြွေမုဆိုး ကရင်ဖထီးကြီးကို ပြေးမြင်ပြီး
ကျွန်တော် ပြုံးမိပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်ဆင်ခြင်တယ်။
စီးပွားရေးလေး အဆင်ပြေလာတိုင်း ၊
အောင်မြင်မှုတွေ ရလာတိုင်း ၊
နောက်ဆုံး...Facebook မှာ ဖော်လိုဝါလေး
တိုးလာတိုင်း ၊
ကိုယ့်ကိုယ် ချီးကျူးသံတွေ ညံလာတိုင်း
"ငါကွ..''ဆိုတဲ့ မာန်မာနတွေ
တရိပ်ရိပ်တက်လာ နေခဲ့ပါလား။
ကိုယ့်ခေါင်းပေါ်မှာ ဖထီးကြီးရဲ့ ခက်ရင်းနှစ်ခွမှိန်းကြီး
လာဝဲနေပြီ ဆိုတာမသိဘဲနဲ့
ယစ်မူးသာယာနေတဲ့ မာန်မာနအဆိပ်တွေ ၊
မာန်မာန အစွယ်တွေ...။
ဖထီးကြီးအိမ်ကနေ ပြန်လာပြီးနောက်ပိုင်း
ရင်ထဲမှာ အသိဥာဏ်တစ်ချို့ လင်းလက်လို့
သွားပါတော့တယ်။
မာန်တက်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့
ခြေထောက်မသန်တဲ့ ဖထီးကြီးရဲ့ ပုံရိပ်ကို မြင်ယောင်ပြီး
အသိ သတိ ဝင်လာတယ်။
မိတ်ဆွေတို့ ခေါင်းပေါ်မှာရော..
ဖထီးကြီးရဲ့ မှိန်းကြီး ရောက်နေပြီလား..
မော့ကြည့်ကြစေချင်ပါတယ်... ..

image
14 w - Translate

Virginia "Gina" Huynh, the woman known as "Victim 3" during the Sean "Diddy" Combs trial, said that Combs should be released from prison.
The letter from Huynh is included as an attachment in a response from Combs' legal team filed on Sunday.
Read more: https://abcnews.visitlink.me/9WmtrX

image