26 w - Translate

တစ်ခါတလေ အလှပြင်ရင်

image

image

လမ်းဘေးရောက်နေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်က သူ့အာဝုလေးကို သက်သောင့်သက်သာ အိပ်ပျော်နိုင်အောင် ပွေ့ဖက်ပေးထားတဲ့ မြင်ကွင်းက တိချစ်သူတွေအတွက် မျက်ရည်လည်စရာ မြင်ကွင်းပါပဲ။
ဒီလူကြီးက သူ့အာဝုလေးကို ခန္ဓာကိုယ်ပေါ်တင်၊ လက်နဲ့ ပွေ့ပိုက်ထားပြီး အေးအေးချမ်းချမ်း အိပ်ပျော်နိုင်အောင် ထားပေးထားတာပါ။ အရင်တုန်းက သူတို့မှာ ကိုယ်ပိုင်အိမ်ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ လမ်းဘေးကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။
မြို့လယ်ခေါင်မှာ ဆူညံသံတွေ၊ လူသံတွေက ညနက်သန်းခေါင်ဆိုလည်း မတိတ်ဆိတ်သွားပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီလူကြီးက သူ့အာဝုလေး ကောင်းကောင်းအိပ်ပျော်နိုင်အောင် အခုလို လုပ်ပေးခဲ့တာပါ။
ပကာသနတွေ မပါတဲ့ ချစ်ခြင်းမေတ္တာကလည်း ဒီကမ္ဘာကြီးပေါ်မှာ ရှိသေးပါလားဆိုတာကို သတိရစေနိုင်တဲ့ မြင်ကွင်းလည်း ဖြစ်ခဲ့ပါတယ်။

image

သင်္ဘောသီးပွင့်ဟာ လူတော်တော်များများ မရင်းနှီးကြပေမဲ့ တကယ်တော့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ရိုးရာဆေးဖက်ဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ 🌿✨
​သင်္ဘောသီးပွင့်ရဲ့ အကျိုးကျေးဇူးများ.......
* ​သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတယ် - သကြား
ဓာတ် စုပ်ယူမှုကို နှေးကွေးစေတဲ့ အရာတွေ ပါဝင်လို့ပါ။
* ​နှလုံးနဲ့ သွေးကြောတွေကို အားကောင်းစေတယ် -
သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးလို့ပါ။
* ​လေပွတာနဲ့ လေထတာကို သက်သာစေတယ်။
* ​ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တယ် - အိုမင်းရင့်ရော်
တာကို နှေးကွေးစေပြီး နာတာရှည်ရောဂါတွေကို ကာကွယ်
ပေးနိုင်ပါတယ်။
* ​အမျှင်ဓာတ် ပါဝင်လို့ အူလှုပ်ရှားမှုကို အထောက်အကူပြု
ပါတယ်။
​စားသုံးနည်းများ.......
* ​ရေနွေးဖြင့်ဖျောပြီး သို့မဟုတ် ပြုတ်ပြီး -
သင်္ဘောသီးပွင့်ကို ပြုတ်ပြီး ငပိရည်နဲ့ တို့စားနိုင်ပါတယ်။
* ​ခရုဆီဖြင့်ကြော်ခြင်း - ကြက်သွန်ဖြူနဲ့ အတူ ကြော်စားရင်
အရသာ ပိုကောင်းပါတယ်။
* ​ဟင်းချိုချက်ခြင်း - တခြားဟင်းသီးဟင်းရွက်တွေနဲ့ ရော
ချက်ရင် ခါးသက်တဲ့ အရသာကို လျော့နည်းစေပါတယ်။
* ​ကြက်ဥနဲ့တို့ပြီး ကြော်ခြင်း - ခါးတဲ့အရသာကို လျော့စေလို့
စားရလွယ်ကူပါတယ်။
​သိကောင်းစရာ......
​ခါးတဲ့အရသာကို မကြိုက်ဘူးဆိုရင် ဆားရည် ဒါမှမဟုတ် ဆန်ဆေးရေထဲမှာ အရင်ပြုတ်ပါ။ ဒါဆိုရင် စားရတာ ပိုလွယ်ကူသွားပါလိမ့်မယ်။
​သင်္ဘောသီးပွင့်ဟာ ကျန်းမာရေးကို ဂရုစိုက်ပြီး သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်ကို လျှော့ချလိုသူတွေနဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်လိုသူတွေအတွက် သင့်တော်ပါတယ်။ 🌸

image

ဂျပန်စာလုပ်ချင်သော်လည်း ချော်နားကိုစွဲလမ်းနေသောအခါ🥹

image
26 w - Translate

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တုန်းက ဂျပန်နိုင်ငံ၊ တိုဟိုကု (Tohoku) မှာ ပြင်းအား ၉.၁ ရှိတဲ့ ငလျင်နဲ့ ဆူနာမီလှိုင်းကြီးတွေ ရိုက်ခတ်ခဲ့ပါတယ် ဒီသဘာဝဘေးအန္တရာယ်ကြောင့် Fukushima Daiichi နျူကလီးယားဓာတ်အားပေးစက်ရုံက ဓာတ်ပေါင်းဖို ၃ ခုဟာ လောင်စာချောင်းတွေ အရည်ပျော်ကျတဲ့ အထိ အကြီးအကျယ် ပျက်စီးခဲ့ရပြီး ဓာတ်ရောင်ခြည်တွေ ယိုစိမ့်ထွက်လာခဲ့ပါတယ် ဒီလို အခြေအနေမျိုးမှာ ဓာတ်ရောင်ခြည်နဲ့ ထိတွေ့မှု အန္တရာယ်ကို လျှော့ချဖို့အတွက် Skilled Veterans Corps (အငြိမ်းစား ပညာရှင်အဖွဲ့)ကို ဖွဲ့စည်းခဲ့ပါတယ်
ထူးခြားတာက အဲ့ဒီအဖွဲ့ကို Toshiyuki Tanaka ဆိုတဲ့ အသက် ၇၀ အရွယ် အငြိမ်းစား အင်ဂျင်နီယာတစ်ဦးက စတင်ဦးဆောင်ခဲ့တာပါ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ အန္တရာယ်များတဲ့နေရာမှာ ငယ်ရွယ်တဲ့ ဝန်ထမ်းတွေအစား အသက်ကြီးတဲ့ အငြိမ်းစား ပညာရှင်တွေက နေရာယူပြီး လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ဘဲဖြစ်ပါတယ်
အဖွဲ့ဝင်အားလုံးဟာ အသက် ၆၀ ကျော်နေပြီဖြစ်တဲ့အတွက် သူတို့ဟာ ဓာတ်ရောင်ခြည် ထိတွေ့မှုကြောင့် ကင်ဆာဖြစ်နိုင်ခြေလို ရေရှည်ကျန်းမာရေးအန္တရာယ်တွေအတွက် ငယ်ရွယ်တဲ့သူတွေလောက် စိုးရိမ်စရာ မလိုဘူးလို့ ယူဆခဲ့ကြပါတယ် Skilled Veterans Corps အဖွဲဟာ စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး နျူကလီးယားစက်ရုံတွေမှာ လုပ်ကိုင်ဖူးတဲ့ အင်ဂျင်နီယာတွေ၊ နည်းပညာရှင်တွေနဲ့ တခြားပညာရှင် အယောက် ၂၀၀ ကျော် ပါဝင်ခဲ့ပါတယ်
ဒီအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာတစ်ဝန်းက လေးစားမှုနဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ် သက်ကြီးရွယ်အိုတွေရဲ့ လူငယ်တွေအတွက်ကိုယ်ကျိုးစွန့် အနစ်နာခံမှုဟာ လူသားချင်း စာနာထောက်ထားမှုနဲ့ တာဝန်ယူမှုစိတ်ဓာတ်ကို ပြသခဲ့ပြီး ကမ္ဘာ့အလယ်မှာ ဂျပန်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေခဲ့ပါတယ်

image

ကိုရီးယားကြက်ကြော်
**********************
Homemade Korea Chicken Fried လေးကို
ပြောပြပေးချင်ပါတယ်။ ဆိုင်တွေနဲ့ အရသာလုံးဝထပ်တူကျချင်မှ ကျမယ်ဆိုပေမယ့် စာရေးသူကိုယ်တိုင်လုပ်စားကြည့်တဲ့အခါ တကယ်အရသာရှိပြီး လွယ်ကူမြန်ဆန်တာကြောင့် တစ်ခါလောက်တော့ လုပ်စားကြည့်ဖို့ recommend ပေးချင်ပါတယ်။
ကဲ ဒါဆို လုပ်နည်းလေး ကြည့်လိုက်ရအောင်နော်
ပါဝင်ပစ္စည်းများ
(ကြက်သားကြော်ရန်)
ကြက်သား - (၁၅) ကျပ်သား
ကြက်ဥ - (၁) လုံး
ပြောင်းကော်မှုန့် (သို့) အာလူးကော်မှုန့် - (၂) ဇွန်း
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ကြက်သွန်ဖြူ - အနည်းငယ်
(အချဉ်ပြုလုပ်ရန်)
ပဲငံပြာရည်အကြည် - (၂) ဇွန်း
ပဲငံပြာရည်အနောက် - ဇွန်းတစ်ဝက်
ခရမ်းချဉ်သီးဆော့စ် (tomato ketchup) (၁) ဇွန်း
ငရုတ်သီးဖတ်ဆော့စ်အချို (Sweet Chili sauce) - (၁) ဇွန်း
ငရုတ်သီးအကြမ်းမှုန့် - ဇွန်းတစ်ဝက် (အစပ်ကြိုက်ရင်ပိုထည့်ပါ)
ပြုလုပ်နည်း
ကြက်ကြော်ဖို့ ကြက်သားကို အတုံးခပ်သေးသေးအနေတော်လေးတွေ တုံးပြီး ပါဝင်ပစ္စည်းတွေအကုန်လုံးကို ရောနယ်လိုက်ပါ။ ဆီပူပူမှာ အရောင်ရဲတဲ့အထိ ဆီမြုပ်အောင် ကြော်လိုက်ပြီး ဆယ်ထားပါ။ နည်းနည်းအအေးခံထားပြီး အတွင်းထဲထိ သေချာကျက်ဖို့ နောက်ထပ် (၃) မိနစ်လောက်ထပ်ကြော်ရမယ်နော်။ ဆော့စ်စပ်ဖို့ကတော့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆော့စ်စပ်ဖို့ ပါဝင်ပစ္စည်းအားလုံးကို ထည့်ကာ ဆော့စ်အနေအထားပုံစံ ပျစ်ပျစ်လေးရောက်တဲ့အထိ မွှေပေးပါ။ ပြီးရင်တော့ ကြော်ပြီးသားကြက်ကြော်ထည့်မွှေပြီး ဒယ်အိုးထဲက ချကာ စားသုံးနိုင်ပါပြီ။ ကြိုက်တတ်ရင်တော့ နှမ်းနဲ့ ကြက်သွန်မြိတ်လေးတွေ အပေါ်ကနေ ဖြူးလို့ရပါသေးတယ်။ ကြက်ကြော်မထည့်ခင် ဆော့စ်အရသာကိုတော့ အရင်မြည်းပြီး ဆား၊အချို လိုသလိုအနည်းငယ်ထည့်ထပ်လို့ရပါတယ်။ ဒီအချိုးအစားလေးက နှစ်ယောက်/သုံးယောက်စာ ပဲဖြစ်လို့ လူများရင်များသလို အချိုးအစားအလိုက် ပိုထည့်သွားရုံပါပဲ။ လွယ်လည်းလွယ်သလို ချိုချိုစပ်စပ်နဲ့ အရသာလည်းအရမ်းရှိပါတယ်နော်
Credit original
ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါ။
# ကိုရီးယားကြက်ကြော်လုပ်နည်း
#ကြက်သားကြော်နည်း

image
26 w - Translate

Turquesa.

image
26 w - Translate

"ငါ ပြည့်စုံတဲ့တစ်နေ့မှ" ဆိုတဲ့ အတွေး မထားပါနဲ့
ကိုယ်တကယ် ပြည့်စုံတဲ့တစ်နေ့ကျ
ကိုယ့်အနားမှာ ဘယ်သူမှ ဘာမှ မရှိတော့တာလည်းဖြစ်နိုင်ပါတယ်
ငွေရှာတာက ရှာပါ
ပျော်ရွှင်မှုကိုလည်း ရှာပါ
ကိုယ့်အနားက လူတွေကိုလည်း ပစ်မထားပါနဲ့
ဘယ်အရာမှ အခွင့်အရေးနှစ်ခါ ပြန်မရပါဘူး....။

image
26 w - Translate

ကျွန်မအဖေပြောတတ်တဲ့.. လက်သုံး စကားတစ်ခွန်း ရှိပါတယ်..ဖီလင်လာတယ်..ဖီလင်မလာဘူး.. စသည်ဖြင့်သူပြောတတ်တယ်..
ဒီစာအုပ်ကလေး..လက်ထဲရောက်လာတော့ တစ်ရက်နှစ်ရက်အတွင်းမှာပဲ..အပြီးဖတ်ဖြစ်လိုက်ပါတယ်..ဖီလင်လာတယ်ပဲ ဆိုကြပါစို့..
ဒီစာအုပ်ထဲကအဖြစ်အပျက်တွေ..အတော်များများဟာ ကျွန်မငယ်ငယ်ကတည်းက..ကြားခဲ့ဖူးတဲ့ အကြောင်းအရာတွေနဲ့ အတော်တူပါတယ်.. စာအုပ်ထဲကဝတ္ထုတိုလေးတွေ အတော်များများမှာ သင်္ဘောသားတွေရဲ့ ဘဝတွေ ထင်ဟပ် နေတာကိုတွေ့ရတယ်..
ကျွန်မအဖေက ရာထူးအနိမ့်စား သင်္ဘောသားတစ်ဦးပါပဲ ..သင်္ဘော လိုက်ပြီးကျွန်မတို့ကို ပံ့ပိုးပေးခဲ့တဲ့အတွက် သူ့ကျေးဇူးတွေ..အများကြီးရှိပါတယ် ..သနားစရာကောင်းတာက သူ့ဘဝအချိန်အတော်များများဟာ..ရေထဲမှာ ကုန်ဆုံးခဲ့ရပေမဲ့.. သူကရေကို ..သံရောစဉ်မရှိဘူး.. ရေတွေကိုအမြဲမြင်နေရတာ တစ်ကယ်ကိုကျွတ်တာပဲလို့သူပြောတယ်..
အဖေပြန်ရောက်လာရင် ပျော်ရွှင်တက်ကြွပြီး သူ့စိတ်ကလေးတွေ ငြိမ်သက် လုံခြုံ
ခြင်းရှိနေတာ... တစ်ခေါက်တော့ပြီးပြန်ပြီလို့...စိတ်ချနေတာ.. ပါလာတဲ့လက်ဆောင်ကလေးတွေထုတ်ပြရင်း.. ရောက်ခဲ့တဲ့နေရာကအကြောင်းတွေ.. ဝေဝေဆာဆာပြောပြရင်း သူ့ကိုယ်သူဂုဏ်ယူနေတာ..
ကျွန်မသိတယ်..ကျွန်မတို့လည်းပျော်ကြတယ်
..ဒါပေမဲ့ကျွန်မသိတတ်လာတဲ့အချိန်ကျတော့ အဖေ..သင်္ဘောကပြန်လာတိုင်း..သူ့လက်ချောင်းကလေးတွေ..လက်သည်းလေးတွေမှာဆီချေးလေးတွေ..မပြောင်တာကို သတိထားမိတယ်...အဖေ့ကိုမေးခွန်းမထုတ် မိပေမဲ့ အဖြေကိုသိနေခဲ့ပြီး..စိတ်မကောင်းဖြစ်ခဲ့ရတယ်..အဖေ ပင်ပန်းခဲ့ရတာကိုသိတယ်..
ဒီစာအုပ်ကလေးကိုဖတ်ရတော့ အဲဒီခံစားချက်တွေဟာ..ရင်ထဲကို..ဒိုင်းဒိုင်းဒိုင်းဒိုင်းနဲ့ ဝင်လာတယ်.. ကျွန်မအဖေလို..သင်္ဘောပေါ်က လူတွေရဲ့အကြောင်းကို ဖတ်ရတော့ မျက်ရည်ကျမိတယ်.. ဒီအကြောင်းတွေဆက်ပြီးမသိချင်ပေမဲ့ကျွန်မက ဇွတ်နှစ်ပြီးဖတ်နေခဲ့မိတယ်..
စက်ချုပ်တို့..သူကြီးတို့.. ကုန်းပတ်တိုက်ရတာတွေ.. ရိုက်ကြေးဆိုတဲ့အကြောင်းတွေ.. ဖဦးထုပ်တွေ..ရွှေတွေ..ကကြီးကောင်တွေ ကိုရီးယားချဉ်ဖတ်တွေ.. အဖေနောက်ဆုံး လိုက်ခဲ့တဲ့သင်္ဘောပေါ် မှာ.. အကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ကိုရီးယားတွေ.. ဒီအကြောင်းတွေ ဖတ်ရတာ ကျွန်မအဖေနဲ့ ပြန်တွေ့ပြီးသူပြောတာလေးတွေ နားထောင်လိုက်ရသလို လွမ်းသွားခဲ့ရတယ်..
တစ်ခေတ်တစ်ခါက သတို့သမီးတွေရဲ့အိမ်မက်က သတို့သားဟာသင်္ဘောသား/ သင်္ဘောအရာရှိ ဖြစ်ရမယ်.. တိုယိုတာကိုရိုလာကား/ ဆန်နီပစ်ကပ်ကား ဝယ်လာနိုင်ရမယ်.. အင်းယားလိပ်မှာမင်္ဂလာဆောင်နိုင်ရမယ်.. ဒါဆိုရင်ဘဝ.. တစ်ခုရဲ့အစဟာ..ပြည့်စုံပြီလို့ လူတွေက အမြင်နဲ့အားကျကြလေ့ရှိတယ်..
တကယ်တော့အသက်နဲ့ရင်းပြီး ရေထဲမှာ အလုပ်လုပ်ရတဲ့ ဘဝတွေပါပဲ ..သူတို့မှာ မိသားစုကို ပြန်မသိစေချင်တဲ့ အကြောင်းတွေအများကြီးရှိတယ် .. ပါလာသမျှကုန်ခါနီးပြီဆိုရင် သင်္ဘောကပြန်ခေါ်ဖို့ကိုမျှော်ရပြီ ..
ခေါ်ပြီဆိုရင်လည်း တစ်ခါတလေ..သုံးရက်လောက်အတွင်းမှာပဲ..အကုန်လုံး ပစ္စည်း
တွေ သိမ်းကြုံးထည့်ရင်း..
မျက်နှာလေးငယ်ငယ်နဲ့ အဖေက ပြန်ထွက်သွားရလေ့ရှိတယ်..
ကျွန်မအဖေက ငါးဖမ်းသင်္ဘောလည်း..လိုက်ဖူးတော့ ငါးတွေများကြီးပါလာတဲ့ထဲကနေ ..ငါးကြီးကြီးတစ်ကောင်ကို ယူပြီးပြန်လွှတ်ပေးလိုက်တယ်.. ဒါကမေမေ့အတွက် ..ငါးသေးသေးလေးတစ်ကောင်ကိုယူပြီးပြန်လွှတ်ပေးလိုက်တယ်.. ဒါက မွန်မွန့် အတွက်.. သူတို့မိသားစုတွေလည်းပြန်ဆုံကြပါစေ လို့...ဆုတောင်းတယ်တဲ့.. ပြောခဲ့တာကို မှတ်မိသေးတယ် ..
ခုပြန်စဉ်းစားကြည့်တော့ အဖေဟာ ..သူတတ်နိုင်သလောက်ကုသိုလ်လေးတွေ လုပ်ခဲ့သေးတာပဲလို့..သနားစိတ်ဖြစ်လာရပြန်ပါတယ် ..
စာအုပ်ထဲက ဝတ္ထုတိုလေးတွေ အကြောင်းကိုတော့ စိတ်ဝင်စားသူများကိုယ်တိုင်ဖတ်ကြည့်မှပဲ..ခံစားနားလည်နိုင်ပါလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် သင်္ဘောသားတွေရဲ့နောက်ကွယ်က ဘဝတွေ..ခံစားမှုတွေကို ရေးပေးခဲ့တဲ့ ဆရာ့ကိုကျေးဇူးတင်ပါတယ်..
ကျွန်မတို့လို..သက်ဆိုင်တဲ့မိသားစု အသိုင်းအဝိုင်းက လူတွေအတွက်
ဒီအကြောင်းတွေကို သိသင့်တယ်လို့ ယူဆပါတယ်..ကျွန်မအတွက်
ကတော့..ခံစားချက်တွေတိုက်ဆိုင်ပြီး တကယ်ကိုဖီလင်လာခဲ့တယ်စာအုပ်ပါပဲ..
ကျွန်မနာမည်ကိုထိုးပြီး တခုတ်တရလက်ဆောင်ပို့ပေးတဲ့..စာရေးဆရာဆိုတာ ဆယ်ယောက်တောင်မရှိသေးပါဘူး.. ကျွန်မကိုလည်း စာရေးသူတစ်ယောက်အဖြစ်အသိအမှတ်ပြုပြီး ဒီစာအုပ်ကလေးကိုပို့ပေးတဲ့အတွက်..ကျေးဇူးတင်စွာနဲ့..တန်ဖိုးထား ဖတ်မိပါတယ်..
#ငဒိန်း
#လှိုင်းပေါ်ကလူ
#မွန်ဟော်စီ
#bookreview
#booksiveread

image