တစ်ယောက်ထဲနေရတာကော- ၊ င်းပါတယ်
ဘာကော- ၊ င်းတာလဲဆိုတော့ ငို၊ ချင်စရာကော- ၊ င်းတာပေါ့ပြောရင်းနဲ့ ငို ချင် လာ ပြီ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကွာ့ဒ်အဖွဲ့ထိပ်သီးဆွေးနွေးပွဲ ဒေါ်နယ်ထရန့် တက်ရောက်မည်မဟုတ်ဟုဆို
အမေရိကန်သမ္မတဒေါ်နယ်ထရန့် သည် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့ ပါဝင်သည့် ကွာ့ဒ်နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးအတွက် ယခုနှစ်နှောင်းပိုင်းတွင် အိန္ဒိယသို့သွားရောက်ရန် အစီအစဉ်မရှိတော့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ နယူးယောက်တိုင်းမ်သတင်းဌာနက ဩဂုတ် ၃၁ ရက်တွင် ပြောသည်။
မေလတွင် အိန္ဒိယနှင့်ပါကစ္စတန်အကြား စစ်ရေးပဋိပက္ခတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ထရန့်နှင့် မိုဒီတို့အကြား တင်းမာမှုများမြင့်တက်ပြီးနောက်တွင် ကွာ့ဒ်အဖွဲ့အစည်းအဝေး ဒေါ်နယ်ထရန့် တက်ရောက်မည်မဟုတ်ကြောင်း သတင်းများ ထွက်ပေါ် လာခြင်းသည်။
ပဋိပက္ခကို ကြားဝင်ဖြေရှင်းခဲ့သည့်အတွက် အိန္ဒိယအနေဖြင့်၎င်းကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းသင့် ကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုခဲ့သည်။ သို့သော် မိုဒီကမူ အပစ်အခတ်ရပ်စဲရေးတွင် အမေရိကန်ပါဝင်ပတ်သက်မှုမရှိကြောင်း ဆိုသည်။
ရုရှားထံမှ ရေနံစိမ်းနှင့် ရေနံထွက်ကုန်များဝယ်ယူမှုကြောင့် အိန္ဒိယမှ တင်သွင်းသည့်သွင်းကုန်များအပေါ် ထရန့်အစိုးရက အခွန် ၅ဝ ရာခိုင်နှုန်းတိုးကောက်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုယိုယွင်းလာသည်။
မိုဒီသည် လက်ရှိတွင်တရုတ်သမ္မတရှီကျင်ပင်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ထိပ်သီးအစည်းအဝေးသို့တက်ရောက်နေပြီး ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်တရုတ်နိုင်ငံသို့ သွားရောက်ခြင်းလည်းဖြစ်သည်။
အင်န်အိတ်ချ်ကေ

image

မနက်စောစော မောင်လေးဆီမေတ္တာပို့

image

ချက်ဝန်ကြီးချုပ်ဟောင်း ဘာဘစ် မဲဆွယ်စည်းရုံးပွဲမှာ ချိုင်းထောက်နဲ့ အရိုက်ခံရ
ပရက်ဂ်၊ စက်တင်ဘာ-၂-၂၀၂၅
မျိုးဆက်(VOM)
ချက်အတိုက်အခံခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း အန်ဒရေး ဘာဘစ်ဟာ မဲဆွယ်စည်းရုံးပွဲတခုမှာ ခေါင်းကို ချိုင်းထောက်နဲ့ အချက်ပေါင်းများ အရိုက်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သူ့ကို ဆေးစစ်မှုခံယူဖို့ ဆေးရုံပို့ခံရပြီး ခဏအကြာမှာပဲ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးတယောက်ကိုလည်း ဆေးရုံမှာ ကုသမှုပေးခဲ့ပါတယ်။ ရိုက်နှက်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။
ဘာဘစ်ကို ဒီလိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သူ့ရဲ့ အေအင်န်အိုပါတီက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး သူ့ပါတီကတော့ လူမှုမီဒီယာပေါ်မှာ မုန်းတီးရေးလှုံ့ဆော်မှုတွေ လုပ်တဲ့အတွက် အစိုးရကို အပြစ်တင်ခဲ့ပါတယ် ။ ဒီဖြစ်စဉ်ဟာ မြို့တော် ပရက်ဂ်မြို့ကနေ ကီလိုမီတာ ၃၇၆ အကွာ အရှေ့ဘက်က ဒိုဘရာမြို့မှာ ကျင်းပတဲ့ ဟောပြောပွဲတခုမှာ ဖြစ်ပွားခဲ့တာပါ။
ပါတီခေါင်းဆောင်ရဲ့ ခေါင်းကို အကြိမ်ကြိမ် ရိုက်နှက်ခံရတယ်လို့ ဟောပြောပွဲမှာ ဘာဘစ်နဲ့အတူရှိနေခဲ့တဲ့ လွှတ်တော်အမတ် အလက်ရှ် ဂျူချယ်လ်ကာက ပြောပါတယ်။ သူ့ကို ကားနဲ့ ဆေးရုံပို့ခဲ့ပြီး CT ရိုက်ပြီးတဲ့နောက် ဆရာဝန်တွေက ဆေးရုံက ဆင်းခွင့်ပေးခဲ့ပါတယ်။
ချက်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ သံသယရှိသူကို ဟောပြောပွဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်မှုဖြစ်ပြီးချက်ချင်း ဖမ်းဆီးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စကို လိုအပ်ရင် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။
ဘာဘစ်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ချက်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
ဒီတိုက်ခိုက်မှုကို "လုပ်ပိုင်ခွင့် အာဏာရနေတဲ့ပါတီတွေက ဖြန့်ဝေနေတဲ့ အမုန်းတရား ကြောင့်လို့ ဘာဘစ်ရဲ့ လက်ထောက်ဖြစ်သူ အလီနာ ရှီလာရိုဗာက ဆိုပါတယ်။
ဝန်ကြီးချုပ် ပီတာ ဖီအာလာကတော့ ဘာဘစ်မြန်မြန်သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။ ချက်နိုင်ငံသားတွေဟာ အောက်တိုဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အထွေထွေရွေးကောက်ပွဲ မဲပေးရမှာဖြစ်ပါတယ်။
Ref:BBC

image

ငငါး ... သူငယ်ချင်းရေ မရည်ရွယ်ပါဘူးကွာ ..ဟီးဟီး 😁🤣

image
26 w - Translate

ကမ္ဘာကျော်ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်းတဲ့ The Angry Birds Movie ဖြစ်ပါတယ် ..Animation ပရိတ်သတ်တို့ မျှော်လင့်ခဲ့ရတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ..ဇာတ်လမ်းအရဆိုရင် Angry Bird တွေ ဖြစ်ပေါ်လာပုံကိုအစပျိုး မိတ်ဆက်ပေးထားပါတယ်ဂိမ်းထဲမှာ ဘာကြောင့် ဝက်တွေနဲ့ ရန်ဖြစ်ရလဲဆိုတဲ့အကြောင်းကို သိရမှာပါ ..
ဂိမ်းထဲက အတိုင်း ငှက်တစ်ကောင်စီရဲ့ စွမ်းရည်တစ်မျိုးစီကိုလည်းကောင်းကောင်းမွန်မွန် ကြည့်ရှူခံစားရပါမယ်..ဇာတ်လမ်းကြီးကြီးမားမားမရှိပေမယ့်တင်ဆက်ပြသပုံ မဆိုးတဲ့အတွက် ကြည့်ရှုမယ့် ပရိတ်သတ်တွေသဘောကျ စိတ်ကျေနပ်စေမှာပါ …ရုပ်ရှင်ကပေးတဲ့ message တွေကလည်းကောင်းမွန်တဲ့အတွက် ကြည့်ရကျိုးနပ်ပါလိမ့်မယ် ..အထူးသဖြင့် ဇာတ်ကောင်လေးတွေကို မိတ်ဆက်တဲ့နေရာမှာသဘောကျစရာလေးတွေပါဝင်ပြီး ချစ်စရာပုံစံလေးတွေလည်းအများကြီးတွေ့ရပါဦးမယ် ခင်ဗျ .. ပြောရရင် animation cartoon ချစ်သူတို့ အကြိုက်တွေ့စေမယ့်ရုပ်ရှင်ကားတစ်ကားဖြစ်ပါကြောင်း။အားပေးကြည့်ရှုခံစားကြပါဦး(ေဩာ် မေ့တော့မလို့ စာတန်းထိုးပြီးတဲ့အထိကြည့်ကြပါလို့ )(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Ye Kyaw Htet ပဲ ဖြစ်ပါတယ်)
Download Nulled Scripts and Plugins
Download Nulled Scripts and Plugins
The Angry Birds (2016)
The Angry Birds (2016)
The Angry Birds (2016)

image

"မြအဆင် အပင်မြင့်မှာလ
လှသခင် အသွင်တင့်ပါဘိ
အယဉ်ဆင့် ပန်းစကားဝါ..." တဲ့ရှင့် 🥰🥰🥰
ယဉ်တကိုယ်အလှနဲ့ ပင်ယံထက်မှာ အလှကြီးလှပြီး
ရနံမှာလည်း အလွန်မွှေးတဲ့ ရွှေပုပ္ပါးက ပန်းတို့မာလာ
စကားဝါပန်းလေးကို ထာဝစဉ်ပိုင်ဆိုင်ချင်သူတွေအတွက်
မင်မင့်တို့ဆီမှာ စကားဝါအပင်သစ်လေးတွေ ရောက်နေပါပြီရှင့်🤗
နူးညံ့လွန်းတဲ့အရောင်အဆင်းလေးနဲ့
မွှေးရနံ့တို့က သိပ်ကိုပနံတင့်လှတာမို့
ဘုရားမှာလှူလည်း ကုသိုလ်ရသလို
ဆံကေသာထက်မှာ ပန်ရင်လည်း
ယဉ်ယဉ်လေးနဲ့လှနေစေမယ့် ပန်းလေးပါရှင့်...
ချစ်မတို့ရေ...💐💐💐
#zar

image
26 w - Translate

Gmail အကောင့်ဖွင့်ထားသူတိုင်းကို Google အရေးပေါ်သတိပေးနေ
ကိုယ့်မှာ Gmail အကောင့်ရှိရင် password ပြောင်းဖို့ လိုနေပါပြီ။
ပြီးခဲ့တဲ့ ဇွန်လက Salesforce cloud ပလက်ဖောင်းမှာ ထားထားတဲ့ Google database တစ်ခု cyberattack ထိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုက ShinyHunters လို့ ခေါ်တဲ့ ဟက်ကာအဖွဲ့နဲ့ ဆက်စပ်နေတယ်လို့လည်း ပြောနေကြပါတယ်။
ဟက်ကာတွေက social engineering နည်းဗျူဟာနဲ့ IT ဝန်ထမ်းအယောင်ဆောင်ပြီး Google ဝန်ထမ်းတစ်ယောက်ကို Salesforce နဲ့ ချိတ်ဆက်နေတဲ့ malware app ထည့်ခွင့်ပြုဖို့ စည်းရုံးသွားတာပါ။ ဒီ app ကနေ ဆက်သွယ်ဖို့အချက်အလက် အသေးစိတ် ၊ လုပ်ငန်းနာမည်နဲ့ ဆက်စပ်တဲ့ notes တွေ ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စကားဝှက်တွေ ပါမသွားဘူးဆိုပေမယ့် Google ကုမ္ပဏီဘက်ကလိုမျိုး အယောင်ဆောင်ပြီး အချက်အလက် အလွဲသုံးစားလုပ်တာ ၊ အကောင့်တွေ ယူသွားတာတွေက ဆက်တိုက် ရှိလာပါတယ်။ လောလောဆယ် Gmail နဲ့ Cloud အကောင့်တွေ တိုက်ရိုက်ထိခိုက်တာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။
ဒါပေမယ့်လည်း သူ့ပလက်ဖောင်းတွေပေါ်ကနေ လက်လွှဲယူသွားတဲ့ အကောင့်တွေရဲ့ ၃၇% က phishing နဲ့ vishing(ဖုန်းဆက်ပြီး လိမ်ညာမှုမျိုး) ကနေ ပါသွားတယ်လို့ Google ရဲ့ သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။ လုံခြုံရေးကျွမ်းကျင်သူတွေကလည်း Gmail သုံးသူ သန်း ၂၅၀၀ ကျော်ကို ပစ်မှတ်ထားနိုင်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်လို့ Google သမိုင်းမှာ အကြီးမားဆုံး ဒေတာပေါက်ကြားမှုတစ်ခုလို့ ပြောကြပါတယ်။
Salesforce database ပေါ်က အချက်အလက်တွေ ပေါက်ကြားသွားတဲ့နောက် Google က Gmail user တွေ password သစ်ပြောင်းဖို့ ၊ Google Authenticator လိုမျိုး SMS နဲ့ မဟုတ်တဲ့ 2FA ဖွင့်ထားဖို့ ၊ Google Advanced Protection Program မှာ စာရင်းသွင်းထားဖို့ ၊ မရင်းနှီးတဲ့ email links တွေ မနှိပ်ဖို့ သတိပေးတိုက်တွန်းထားပါတယ်။

image

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၃၀ ကျပ်
ဝယ်ဈေး - ၄၂၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၆၅ ကျပ်
ဝယ်ဈေး - ၄၉၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၃ ကျပ်
ဝယ်ဈေး - ၁၀၀၃ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၀၆ ကျပ်
ဝယ်ဈေး - ၅၉၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၃ ကျပ်
ဝယ်ဈေး - ၂၈.၇၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၉.၁၈ ကျပ်
ဝယ်ဈေး - ၄၈.၂၁ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၈၆၀ ကျပ်
ဝယ်ဈေး - ၅၇၄၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၅ ကျပ်
ဝယ်ဈေး - ၂၇၈၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၅ ကျပ်
ဝယ်ဈေး - ၅၄၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၉ ကျပ်
ဝယ်ဈေး - ၁၁၅၆ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၄၉၁ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၃၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၇၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၇၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၆၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၆၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၂၆၀၀၀၀ ကျပ်
ဝယ်ဈေး ၇၂၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)