Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရေချိုးနည်း ……
ရေချိုးတဲ့အခါ ခြေထောက်ကို အရင် ရေလောင်းပါ
တဖြေးဖြေး ဒူး ပေါင်း ခါး လောင်းပြီးမှ
တကိုယ်လုံးရေချိုးပါ ။
ရေ အဆင့်ဆင့် လောင်းနေတုံး ပါးစပ်ထဲမှာ
ရေငုံထားတာက ကိုယ်ခန္ဓာကို ရေလောင်းလို့
ထွက်လာတဲ့ အပူခိုးတွေမျက်စိကို မရောက်အောင်
အကာအကွယ်ပြုတာပါ ။
ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုန်း
ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့ ။
ရေချိုးရင် ဖျားတာက အပူရှိလို့
အပူငုတ် အပူရှပ်ချင်တာပါ ။
အပူထဲမှလာပြီး ချက်ခြင်း ရေမချိုးပါနဲ့ ။
ထမင်းစားပြီး ရေမချိုးသင့်ပါ ။
ရေမချိုးခင် ရေ ဝ အောင် သောက်ပါ ။
ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး
ရေနွေးသောက်ပါ ။
ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ ………
ဆီးချိုရောဂါရှိသူ တစ်ယောက်က
နာရီဝက်ကြာ ရေချိုးတာ သွေးထဲက
သကြားဓာတ် ၁၃ % လျော့နည်းတယ်။
ရေနွေး ၃၂ . ၃၅ ဒီဂရီကို ချိုးရင် အရေပြားက
အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်
အတောက်တွေ ထွက်ကုန်မယ် ကြွက်သားနာတာ
အသက်သာမယ် အူတွေ ပို အလုပ် လုပ်နိုင်မယ်။
ရေချိုးတာကို ၁၈မိနစ် ၂၀မိနစ် သာကြာပါစေ
ရေနွေး ၁၂ . ၁၈ ဒီဂရီကို ချိုးရင် စိတ်ဖိအား
ကျစေမယ် သွေးကြောလေးတွေကို ကျဉ်းစေလို့
သကြားဓာတ် တက်စေမယ်။
အင်ပြင် ထ တာမျိုးကို Sodium Bicarbonate
( ဆော်ဒါ ) ပါတဲ့ ရေချိုးရင် သက်သာမယ်
ပိုးတချို့ကိုလည်း သေစေမယ် ။
ရေနွေးနဲ့ ချိုးတာက တုတ်ကွေး အအေးမိတာ
သက်သာစေမယ် နင်းခူနာ သက်သာစေမယ် ။
ရေအေးထဲမှာ ခြေထောက်ကို စိမ်းပေးရင်
ကောင်းအိပ်ပျော်စေတယ် ။
ခန္ဓာကိုယ်တွင် အသည်း အလုပ်လုပ်ချိန်
ည ၁၁နာရီ မှ ၃ နာရီထိ
ကျောက်ကပ် အလုပ် လုပ်ချိန် ညနေ ၅ နာရီ မှ
၇ နာရီ
ညရာသီအလိုက်ရေချိုးချိန် ……
နွေ မနက် ၉ နာရီ
မိုး မနက် ၁၀ နာရီ
ဆောင်း မနက် ၁၁ နာရီ
အရိုးပွ အရိုးပါး ဂေါက်ရောဂါ ရှိသူတွေ
နာကျဉ်ခြင်းသက်သာအောင် ရေနွေးထဲဆားခါး
ထည့်ဖျော် ချိုးခြင်းဖြင့် သက်သာစေပါသည် ။
Credit to original